တခြားတစ်ယောက်ရှာချင်လား
Vol. 33 Ch. 641
ဘယ်လိုလုပ် နှာခေါင်းသွေးလျှံသွားတာလဲ။ ပေထင်းဟွမ်သည် နားမလည်နိုင်ပေ။ သူမသည် ကျင့်ကြံသူဖြစ်သည်။ ကိုးရောင်နိဗ္ဗာန်မီးနှင့် ပေါင်းစပ်ပြီးနောက် သူမ၏ခန္ဓာကိုယ်သည် ပြန်မွေးဖွားလာပြီးဖြစ်သည်။ သာမန်ခန္ဓာကိုယ်မျိုး မဟုတ်တော့ပေ။ နှာခေါင်းသွေးလျှံသည့် လက္ခဏာမျိုး မရှိသင့်ပေ။
ပေထင်းဟွမ်သည် စဉ်းစားရင်းနှင့် သူမ၏ခန္ဓာကိုယ်ကို ပွတ်နေသည်။ သူမ၏အမြင်တွင် နှာခေါင်းသွေးလျှံသည်မှာ သူမဖြစ်သဖြင့် အရှက်ရမိသည်။ တစ်ဖက်တွင် ယန်ယဲ့သည် သူမကို ရယ်မောြခင်းမရှိသဖြင့် ကြောက်လန့်မိ သည်။
သာမန်အခြေအနေများအောက်တွင် ၎င်းသည် ထိုသို့မဖြစ်သင့်ပေ။
သူသည် သူမကို အလွန်စိတ်ပူပေးနေပုံပေါက်သည်။ သူသည် သူမကို ပြန်ရပြီးနောက် ချစ်မြတ်နိုးခဲ့သည်။
ဤနေရာတွင် နောက်ခံဇာတ်လမ်းများစွာရှိသည်။ ကံကောင်းစွာပင် သူမ သည် ရှုပ်ထွေးတတ်သည့်လူမျိုးမဟုတ်ပေ။ သူမ၏ အရင်ဘဝသည် လက်ရှိ ဘဝကို နှောင့်ယှက်သည့်ကိစ္စမျိုး စိတ်မရှည်သလိုမခံစားရပေ။ သူမ၏ပိုင်ဆိုင် မှုသည် အမြဲတမ်း သူမအပိုင်ဖြစ်နေမည်။ သူမအပိုင်မဟုတ်လျှင် မခံစားနိုင်ပေ။ သူမ ပေထင်းဟွမ် မခံစားနိုင်သည်မှာ မည်သည့်အရာဖြစ်မည်နည်း။
သူမသည် ဤကမ္ဘာ၏ ယန္တရားပင်ဖြစ်လာနိုင်သည်။
သူမ နှာခေါင်းသွေးလျှံတုန်းက ဘာတွေတွေးနေခဲ့တာလဲ။ ပေထင်းဟွမ် ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ သူမသည် ယန်ယဲ့အား အသားယူပြီး နှုတ်ခမ်းကို နမ်းလိုက်သကဲ့သို့ သူမတွင်မရှိသင့်သည့် တစ်စုံတစ်ရာကို တွေးလိုက်သည့်ပုံပင်။ တစ်ချိန်တည်းမှာပင် သူမ၏ တစ်ကိုယ် လုံးမှသွေးများ ပြောင်းပြန်စီးသွားသကဲ့သို့ မသက်မသာခံစားလိုက်ရသည်။
သေစမ်း ဘယ်သူလဲ။ သူမခန္ဓကိုယ်မျာ ကျိန်စာများရှိနေတာလား။ မဖြစ် သေးပေ။ သူမ ဖော်ထုတ်ရမည်။ နောက်ပိုင်း ချောမောသည့် ယောက်ျားသား များအနားမကပ်ဘဲ အချစ်မခံရပါက အသက်ရသည်မှာ တစ်ဝက်ပျော်စရာ မကောင်းတော့ပေ။
သူမ၏အရင်ဘဝတွင် သူမသည် ရည်းစားမထားခဲ့ဖူးပေ။ သူမသည် ဤဘဝ၌ပင် ပူဆွေးမနေချင်ပေ။
ပေထင်းဟွမ်သည် ကြီးမားသောရေချိုးကန်ထဲမှထွက်လာပြီး အင်္ကျီများ ဝတ်ကာ ထွက်လာလိုက်သည်။ သူမသည် လှုပ်လှုပ်ရှားရှားအသံများကြောင့် ရောက်လာသော ယန်ယဲ့နှင့် တိုက်မိလေသည်။ ပေထင်းဟွမ်သည် ယန်ယဲ၏ အင်္ကျီကို ဆုပ်ကိုင်လေသည် “ယဲ့ ရှင်သိပြီးသားမလား ကျွန်မ ဘာလို့နှာခေါင်း သွေးလျှံလဲဆိုတာ သိတဘ်မလား”
ယန်ယဲ့သည် ခေတ္တမျှ မှင်တက်သွားလေသည်။ သူမ ထက်မြက်သည်ကို သူသိသော်လည်း ဤမျှလောက် ဉာဏ်ကောင်းလိမ့်မည်ဟု ထင်မထားပေ။ ယန်ယဲ့သည် အသက်ပြင်းပြင်းရှူကာ သူမ၏လက်ကို ဆုပ်ကိုင်လေသည် “ဟွမ်အာ မင်းဆံပင်လည်း မခြောက်သေးဘူး.. အပြင်မှာ လေပြင်းတယ် ငါ ပြတင်းပေါက်ပိတ်လိုက်မယ်”
ယန်ယဲ့သည် ပေထင်းဟွမ်၏လက်ကို ဆွဲပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားလေသည်။ သူသည် အနောက်မှ ပေထင်းဟွမ် ပြောလိုက်သော စကားကိုကြားလိုက်ရသည် “ထားလိုက်ပါတော့ ကျွန်မနဲ့ ပြဿနာတွေကို ကူပြီးရှင်းနိုင်မယ့် ယောက်ျားပဲရှာတော့မယ် ဒါမှမဟုတ်...”
ပေထင်းဟွမ် ရှေ့သို့မတိုးခင်နိုင်မှာပင် လေပွေတစ်ခုဖြတ်သွားလေသည်။ နောက်စက္ကန့်ပိုင်းအတွင်းမှာပင် သူမသည် ယန်ယဲ့၏ရင်ခွင်ထဲသို့ကျရောက် သွားသည်။ သူမ ကြည့်လိုက်ရာ စိတ်ဆိုးမာန်ဆိုးဖြစ်နေသော သူ၏ခရမ်း ရောင်မျက်လုံးများကိုမြင်သောအခါ ပေထင်းဟွမ်သည် ရင်ခုန်မြန်လာသည်။ ရောက်လာချေပြီ။ ထိုခံစားချက်သည် ရောက်လာပြန်သည်။
ပေထင်းဟွမ်သည် မသိစိတ်မှ လက်မြှောက်ကာ နှာခေါင်းကို အလိုလို အုပ်မိကာ ယန်ယဲ့ကို မကြည့်ရဲတော့ပေ။ သူမသည် ယန်ယဲ့၏မျက်လုံးထဲမှ ဒေါသကိုမမြင်ပေ။ သူသည် ပေထင်းဟွမ်အား ပြတင်းပေါက်ဘေးရှိ ခုံတန်းရှည် ပေါ်တင်လိုက်သည် “ထိုင်နေ မလှုပ်နဲ့ ငါပြန်လာမယ်”
ပြတင်းပေါက်ပိတ်ပြီးနောက် သူသည် ပုဝါတစ်ခုယူလာပြီး ပေထင်းဟွမ် ၏ ဆံပင်ကိုအုပ်ပေးလေသည်။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်သည် တဖြည်းဖြည်း စီးဆင်းသွားပြီး သူမ၏ဆံနွယ်နက်များကို အခြောက်ခံပေးလေသည်။ အနက် ရောင်ဝတ်ရုံအောက်တွင် သူမ၏ ပုံရိပ်သည် နူးညံ့နေသည်။ သူမသည် ငယ်ရွယ် သော်လည်း အရွယ်ရောက်သည့်ပုံရိပ်အနေအထားသို့ ရောက်နေပြီဖြစ်သည်။
ရေချိုးခန်းထဲမှထွက်လာပြီးနောက် ယန်ယဲ့ကဲ့သို့ အမျိုးသားနှင့်အတူရှိရ သည်ကို အနည်းငယ်နေရခက်မိသည်။ သူမသည် လက်ပတ်နှင့် အနေအထား ကို ဖုံးကွယ်ရုံသာဖြစ်သည်။ ဤအခိုက်အတန့် ယန်ယဲ့ရှေ့တွင် သူမသည် နူးညံ့ သောမိန်းကလေးဖြစ်သည်။
ဖြူစွတ်ချောမွတ်သော ယန်ယဲ့၏လက်ချောင်းများသည် သူမ၏ဆံနွယ် ရှည်များကို ပွတ်သပ်ပေးနေသည်။ သူသည် သူမ၏ဆံပင်များကို သပ်သပ်ရပ်ရပ် ဖြီးပေနေသည်။ သူ့အသံသည် သူမအနောက်မှထွက်ပေါ်လာ သည် “အဲဒါက မင်းနဲ့ဘာမှမဆိုင်ပါဘူး ငါတို့နှစ်ယောက်ကြားကပြဿနာပဲ.. ငါတို့.. မင်းက... ဒွါရခုနစ်ပေါက်က သွေးထွက်ပြီးသေလိမ့်မယ်”
ထိုသို့ပြောပြီးနောက် ယန်ယဲ့သည် နာကျင်စွာဖြင့် မျက်လုံးများကိုမှိတ် လိုက်သည်...