← Chapters

ယန်ယဲ့ ရှင်က တကယ့်လူဆိုးပဲ

Vol. 33 Ch. 642

ယန်ယဲ့ ရှင်က တကယ့်လူဆိုးပဲ

Vol. 33 Ch. 642

ထိုစကားများသည် မိုးကြိုးပစ်လိုက်သလိုပင်။

ပေထင်းဟွမ်သည် ညောင်စောင်းပေါ်မှ ချက်ချင်းထလိုက်သည်။ သူမ မယုံနိုင်ပေ။ ဘာတွေဖြစ်နေတာလဲ။ သူမနဲ့ သူ့အကြားမှာလား။ သူမက တခြား လူနဲ့အတူရှိရင်ရော။ ဒီလိုကိစ္စမျိုးဖြစ်လာဦးမှာလား။ သူမကို ဘယ်သူက ဘာလုပ်လိုက်တာလဲ။

“ဘယ်သူလုပ်တာလဲ.. ရှင်သိတယ်မလား.. ဘယ်သူလဲ” ပေထင်းဟွမ်သည် စိတ်ထဲမှ ယန်ယဲ့ ၁၈ မြောက်ထိဘိုးဘေးများကို ကျိန်ဆဲမိ သည်။ သူမသည် ဒေါသထွက်လွန်းသဖြင့် ယန်ယဲ့၏ရင်ဘတ်ကို ဆုပ်ကိုင်ကာ ခက်ထန်စွာမေးလေသည်။

သူမသည် ယောက်ျားတစ်ယောက်ကို မလိုအပ်သလို ဤကမ္ဘာတွင် ကလေးမွေးရန်လည်းမလိုအပ်ပေ။ သို့သော် သူမအား မည်သူ့ကိုမှ ထိခွင့်ပြု မည်မဟုတ်ပေ။

ယန်ယဲ့၏နှုတ်ခမ်းများ စေ့စေ့ပိတ်နေပြီး သူသည် သေလျှင်တောင် မပြောမည့် ပုံစံဖြစ်နေသည်ကိကြည့်ပြီး ပေထင်းဟွမ်သည် ဒေါသထွက်နေ သော်လည်း သူမကောင်းစားရန်အတွက် လုပ်ခြင်းဖြစ်သည်ကိုသိသည်။ သူမသည် လက်သီးမြှောက်ကာ မျက်စိရှေ့မှ အလွန်ချောမောသောမျက်နှာကို စိုက်ကြည့်နေသည်။ သူ၏ ဇာမဏီကဲ့သို့မျက်လုံးများသည် ထောင့်မှကွေးတက် သွားသည်။ လေးလံသောခရမ်းရောင်များသည် မျက်လုံးထောင့်မှ နားထင်ထိ ထ်ဟပ်နေသည်ကို ခပ်ဝါးဝါးမြင်နေရသည်။ သူသည် မိတ်ကပ်လိမ်းမထား သော်လည်း ထိုခရမ်းရောင်သည် အရင့်မှအနုဖြစ်ပြောင်းနိုင်ရာ သူ့ကို ပို၍ ဆွဲဆောင်မှုရှိစေသည်။

ပေထင်းဟွမ် စဉ်းစားနေသည်။ သူ့ကို ဘယ်နေရာရိုက်ရမလဲ။ သူ့ မျက်လုံးတွေကိုလား။ မဟုတ်သေးဘူး သူ့မျက်လုံးတွေက ခရမ်းရောင်သမ်းပြီး အရောင်စုံတယ်။ သူမသည် သူ့ကိုမရိုက်ရက်ပေ။ သူ့နှာခေါင်းတွေကိုလား။ ထိုနှာခေါင်းသည် ၂ လပိုင်း ဆောင်းတွင်းနေအောက်တွင်ပွင့်သည့် တောင်ဝှေး သီးနှင့်တူသည်။ ၎င်းသည် ဖော်မပြနိုင်လောက်အောင် လှပသည်။ ထိုနှာခေါင်း သာ ကျိုးသွားလျှင် သူ၏အလှပျက်စီးသွားနိုင်သည်ဟု ပေထင်းဟွမ် ခံစားရ၏။

သူမ၏အကြည့်သည် ယန်ယဲ့၏နှုတ်ခမ်းများအပေါ်ကျရောက်သွား သောအခါ ပေထင်းဟွမ်သည် အရင်ကစားခဲ့ဖူးသည့် အရသာရှိသော အစားအသောက်များကို ရုတ်တရက် သတိရသွာသည်။ သူမသည် အလိုလိုပင် ကလူသည့်အပြုအမူဖြင့် နှုတ်ခမ်းကို သပ်မိလေသည်။ သူမ၏ ပန်းရောင်သမ်း သောလျှာသည် နှုတ်ခမ်းများကို သပ်လိုက်ရာ ယန်ယဲ့သည် လည်ချောင်း ခြောက်လာသည်။

“ယန်ယဲ့ ရှင်က တကယ်ငတုံးပဲ” ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူ ကာ လွှတ်ပေးလိုက်သည်။ သူမသည် ညောင်စောင်းပေါ်တွင်ရပ်ပြီး ယန်ယဲ့အား ငုံ့ကြည့်လေသည်။ သို့သော် သူ့ကို မကြည့်ပေ။ သူမ မေးရုံသာမေးလေသည် “နောက်တစ်မျိုးပြောရရင် ကျွန်မက တခြားယောက်ျားနဲ့အတူရှိရင် ဒွါရခုနစ် ပေါက်ကနေ သွေးထွက်ပြီးမသေဘူးမလား”

ပေထင်းဟွမ် ထိုသို့ပြောသည်နှင့် အမှောင်ထဲတွင်ပုန်းနေသော အစောင့် လေးယောက်သည် ချွေးအေးများပြန်လာကာ ထွက်သွားကြလေသည်။ ဤသည် ဗုံးမြေပြင်ဖြစ်သည်။ သူတို့ထပ်မနေရဲတော့ပေ။

အားလုံးသည် စိတ်ထဲမှ အော်မိကြသည်။ ပေထင်းဟွမ်သည် မိမိုက်လွန်း သည်။ သခင့်ရှေ့မှာ ဘယ်လိုလုပ် အဲလိုမေးခွန်းမေးရဲရတာလဲ။ သခင်က သူမကို တခြားယောက်ျားနဲ့အတူရှိခွင့်ပေးမှာတဲ့လား။ အဲဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူမသာ တခြားယောက်ျားနဲ့ပျံလာတာကို မြင်ရင် သူမ ပြာဖြစ် သွားအောင်လုပ်မှာပဲမလား။

ထင်ထားသည့်အတိုင်းပင် ယန်ယဲ့၏မျက်နှာထားသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူ့မျက်လုံးများသည် စူးရှကာ ဖိအားခပ်ဖျော့ဖျော့ သယ်ဆောင်ထားသည်။ သို့သော် ထိုဖိအားကိုသုံးပြီး ပေထင်းဟွမ်အား ချောင်မပိတ်ရက်ပေ။ ပေထင်းဟွမ်သည် သူအံကြိတ်သံကိုကြားလိုက်ရသဖြင့် နှာခေါင်းရှုတ်လေသည် “ဟင်း ဘာမှမပြောတော့ဘူးလား.. ဟင်း ရှင့်ဆီကနေ အဖြေစောင့်နေမယ်ထင်လား တခြားသူကိုသွားရှာလိုက်မယ်”

ထိုသို့ပြောပြီးနောက် ပေထင်းဟွမ်သည် ညောင်စောင်းမှ ခုန်ဆင်းလိုက် သည်။ သူမ၏ခြေထောက်များ မြေပေါ်သို့မကျခင် ယန်ယဲ့သည် သူမကို ချီပြီး ကန့်လန့်ကာများကို လိပ်ကာ သူမအား အိပ်ရာပေါ်သို့ပစ်တင်လိုက်သည်။ သူသည် ပေထင်းဟွမ်အား လက်တစ်ဖက်ဖြင့်ဖက်ထားပြီး နောက်တစ်ဖက်ဖြင့် သူမ၏မေးစေ့ကိုကိုင်ထားသည်။ သူ၏မျက်လုံးများထဲတွင် အနက်ရောင် မီးတောက်များ ကခုန်နေသည်။ သူ၏အသံသည် ငရဲကိုးဘုံအေးစက်သောနွေဦး ကဲ့သို့ဖြစ်နေသည်။ “အဲလိုမျိုး စဉ်းတောင်မစဉ်းစားနဲ့.. မင်း တခြားယောက်ျား နဲ့ အနီးကပ်နေရဲရင်.. ငါ.. ငါ ဒီကမ္ဘာပေါ်က ယောက်ျားတွေအကုန်လုံးကို သတ်ပစ်မှာ”

ပိုင်ဆိုင်လိုစိတ်ကို ယန်ယဲ့၏ နှလုံးသားအတွင်းပိုင်းထဲတွင် အမြဲတစေ ဖိနှိပ်ခဲ့သည်။ ဤအခိုက်အတန့်တွင် နှစ်ပေါင်းတစ်သောင်း အကျဉ်းချထား သော ဒေါသကြီးသည့်သားရဲတစ်ကောင်ကဲ့သို့ဖြစ်နေသည်။ လှောင်အိမ်ဖွင့် လိုက်သည်နှင့် ၎င်းသည် ပြေးထွက်လာသည်။ လုံးဝပင် မထိန်းချုပ်နိုင်လောက် အောင်ဖြစ်သည်....

All Chapters