Chapters

အဲဒီချွန်ထက်တဲ့လက်နက်

Vol. 33 Ch. 643

အဲဒီချွန်ထက်တဲ့လက်နက်

Vol. 33 Ch. 643

ဟင်း.. သူ ဒီကမ္ဘာပေါ်က ယောက်ျားတွေအကုန်လုံးကို သတ်လိုက်ရင် ရော ဘာဖြစ်လဲ။ သူမ အသတ်ခံရတာမှမဟုတ်တာ။ ပေထင်းဟွမ်က ဘာကိုများကြောက်နေရမှာလဲ။

သို့သော် ပေထင်းဟွမ်သည် သူမမျက်စိရှေ့မှ ယန်ယဲ့ကို မမြင်ဖူးပေ။

၎င်းသည် သူ၏ မူလသဘာဝပင်ဖြစ်နိုင်သည်။

သို့သော် ဤအခိုက်အတန့်တွင် ပေထင်းဟွမ်သည် သူမကိုလုပ်ကြံခဲ့သူကို သိလျှင် ထိုလူကိုအလွတ်မပေးနိုင်ဟု တွေးနေသည်။ ယန်ယဲ့သည် သူမ၏ မေးစေ့ကိုကိုင်ထားသော်လည်း အားမထည့်ပေ။ ပေထင်းဟွမ်သည် ခေတ္တမျှ ရုန်းကန်ကာ သူ့လက်အောက်မှ သူမကိုယ်သူမ ဖယ်ရှားလိုက်သည် “ကျွန်မက မပြတ်သားတဲ့ယောက်ျားတွေကို အမုန်းဆုံးပဲ.. ရှင်ဘာမှမပြောချင်လည်း ရတယ်လေ.. ဒါပေမဲ့ ဒီဘဝမှာ ဘယ်တော့မှထုတ်မပြောတာ အကောင်းဆုံးပဲ.. ရှင့်မှသတ္တိရှိရင် အသံထွက်ပြီးမပြောနဲ့.. ပြောမယ်ဆို ရှင်ကယောက်ျားမဟုတ် တော့ဘူး”

ပေထင်းဟွမ်သည် ယန်ယဲ့အား အိပ်ရာပေါ်မှ ကန်လိုက်သည်။ ယန်ယဲ့၏ သဘောဝသည် သူချစ်သောမိန်းကလေး၏ ကန်ခြင်းကိုခံမည်မဟုတ်ပေ။

သို့သော် ဤအိပ်ရာသည် သူ၏အိပ်ရာဖြစ်သည်။ သူပိုင်ဆိုင်ခြင်းသာမက ဘဲ သူ၏သဘောထားသည်လည်း အလွန်ဆိုးသည်။ သူသည် အနည်းငယ် နစ်နာသလိုခံစားရသည်။

အထူးသဖြင့် ဤကောင်မလေးသည် သူ့အား 'ယောက်ျားမဟုတ်' ဟု ပြောရဲနေသည်။ ကမ္ဘာပေါ်ရှိ မည်သည့်ယောက်ျားကမှ ယောက်ျားမဟုတ်ဟု အပြောခံနိုင်မည်မဟုတ်ပေ။ လင်မယားအကြားမှ ရန်ပွဲပင်လျှင် ထိုစကားမျိုး ကို လက်လွတ်စပယ်မပြောသင့်ပေ။

ဤကောင်မလေးသည် အလွန်.. အလွန်.. ဤအခိုက်အတန့်တွင် ယန်ယဲ့သည် နှစ်ပေါင်းတစ်သောင်းကြာအောင် ဖိနှိပ်ခဲ့သော နာကြည်းချက်များ ထွက်ပေါ်လာသည်။

သူ့နှုတ်ခမ်းနှင့်သွားအကြားတွင် သွေးများပျံ့သွားသည်။ အချိန်မည်မျှ ကြာသွားသည်မသိပေ.. ယန်ယဲ့သည် သွေးနံ့ကြောင့် ရုတ်တရက် သတိပြန်ဝင် လာသည်။ သူသည် ပေထင်းဟွမ်ပေါ်မှ ထခုန်ကာ အိပ်ရာအစွန်းတွင်ရပ်ကာ သူမအား ကြောက်လန့်တကြားကြည့်နေသည်။

ပေထင်းဟွမ်သည် နောက်ဆုံးတွင် သက်ပြင်းကြီးချမိသည်။ သူမသည် ရုတ်တရက်ထိုင်ကာ နှုတ်ခမ်းများကို သုတ်လိုက်သည်။ သူမ၏ အရေပြားကို ယန်ယဲ့ကိုက်လိုက်ရာ သွေးများထွက်လာခဲ့သည်။ သူမသည် ဒေါသထွက်လွန်း သဖြင့် လက်မြှောက်ကာ ယန်ယဲ့၏လက်မောင်းကို ရိုက်လိုက်သည်။ သူမသည် သူ့ကို လက်ကိုသာမရိုက်ချင်ပေ။ သို့သော် သူမသည် အိပ်ရာပေါ်တွင်ထိုင်ပြီး ယန်ယဲ့သည် အိပ်ရာဘေးတွင်ရပ်နေသည်။ သူမသည် သူ့လက်ကိုသာ မှီလေ သည်။

ဖြန်း..

ဖြုန်းခနဲအသံနှင့်အတူ ခြံဝင်းကိုစောင့်နေသောအစောင့်လေးယောက် သည် သူတို့မျက်နှာများကို အရိုက်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားလေသည်။