ဟွမ်အာက ငါ့ကိုဘယ်လိုအပြစ်ပေးချင်လဲ
Vol. 33 Ch. 644
အမှောင်ထဲတွင် သူတို့လေးယောက်သည် တစ်ညီတညွှတ်တည်းပင် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိရာ တစ်ယောက်စီ၏မျက်လုံးထဲမှ ကြောက်လန့်မှုနှင့် သနားမှုများကိုမြင်လိုက်ရသည်။ ထိုအရာသည် သူတို့သခင် မှ ဇနီးဖြစ်သူကို လိုက်ရာတွင် အခက်အခဲတွေ့နေပုံဖြစ်သည်။ နှစ်ပေါင်း တစ် သောင်းကြာအောင်စောင့်ပြီးနောက် ၁၄ နှစ်အရွယ် ဧကရီမွေးဖွားလာရုံတင် သာမကဘဲ သူမသည် ယောက်ျားလေးတစ်ယောက်လို နေထိုင်နေရသည်။ သူမကို ရှာရသည်မှာ သူ့အတွက်မလွယ်ကူခဲ့ပေ။ သို့သော် အနားရောက်မှပင် မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသည်။
သနားစရာ ယန်ယဲ့ပင်။ သူသည် လက်မောင်းကိုသာအရိုက်ခံလိုက်ရ သော်လည်း အစောင့်လေးယောက်သည် မျက်နှာအရိုက်ခံလိုက်ရသည်ဟု ထင်ခဲ့ကြသည်။ သူသည် အပြစ်တင်စရာပင်မရှိတော့ပေ။
ယန်ယဲ့သည် ကျွတ်သပ်ကာ နှုတ်ခမ်းများကို ကွေးတွန့်လိုက်သည်။ သူ၏ ကလူသောအသွင်အပြင်သည် ပေထင်းဟွမ်၏မျက်နှာပေါ် ကျရောက်လာ သည်။ သူမသည် စိတ်ထဲမှ ကျိန်ဆဲမိသည်။ သူမသည် အိပ်ရာပေါ်သို့ စိတ်ဆိုးမာန်ဆိုးဖြင့်ထိုင်ချကာ သူမ၏ရင်ဘတ်သည် နိမ့်ချည်မြင့်ချည်ဖြစ်နေ သည်။ သူမသည် ကောင်းကင်အဆင့်ဖြစ်သဖြင့် ၁၄ နှစ်အရွယ်မိန်းကလေး၏ ပုံရိပ်မှာ သူမအရွယ်တခြားမိန်းကလေး များထက် ပိုဖွံ့ဖြိုးသည်။ သူမ၏ လှပ သောခန္ဓာကိုယ်သည် ကောက်ကြောင်းများပေါ်နေပြီဖြစ်သည်။
သူမသည် မည်သို့ခံစားလိုက်ရသည်ကို မရှင်းပြတတ်သော်လည်း ပေထင်းဟွမ်သည် ထင်ထားသလောက် ဒေါသမထွက်မိပေ။ တကယ်တော့ ဤကမ္ဘာပေါ်တွင် အလှပဆုံး နှုတ်ခမ်းများကို နမ်းရန်အခွင့်အရေးရလိုက်သည် ဟုပင် သူမ တွေးသည်မဟုတ်ပါလား။ သူမသည် အနည်းငယ် ဂုဏ်ယူမိ၏။
“ဟွမ်အာ၊ တစ်ခုခုများ.. မသက်မသာခံစားလိုက်ရတာလား” ယန်ယဲ့ သည် အသက်ပြင်းပြင်းရှူကာ အိပ်ရာပေါ်ထိုင်လိုက်ည်။ ပေထင်းဟွမ်သည် သူ့ကို ထပ်ကန်မည်ကို ကြောက်၍ဖြစ်မည်.. သူသည် ပေထင်းဟွမ်၏လက်ကို ဂရုတစိုက်ကိုင်ကာ သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ပေးချင်နေသည်။
“အင်း” ပေထင်းဟွမ်သည် သူ့ကို မျက်လုံးလှိမ့်ပြလေသည်။ သူ့တစ်ကိုယ် လုံးကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်ကိုကြည့်ပြီး သူမသည် စနောက်ချင် လာသည် “သွေးတွေပြောင်းပြန်စီးပြီးတော့ သွေးကြောတွေ.. အကြောတွေက..”
တကယ်တော့ သူမ၏အကြောများတွင် မသက်မသာမဖြစ်ပေ။
သူမ စကားမဆုံးခင်မှာပင် ယန်ယဲ့၏လက်သည် တောင့်တင်းသွားလေ သည်။ သူ့မျက်နှာသည် ဖြူဖျော့သွားကာ ခရမ်းရောင်မျက်လုံးများတွင် မီးတောက်နှစ်ခုတောက်လောင်သွားသလိုပင်။ ပေထင်းဟွမ်သည် ထိတ်လန့် သွားကာ ဆက်မပြောရဲတော့ပေ။ အစောက သူမ ယန်ယဲ့ကိုအနမ်းခြွေခဲ့သည် နှင့် ကွာခြားသည်။ ယန်ယဲ့ သူမကို ရေချိုးရန် ချီသွားသည်နှင့် ကွဲပြားသည်။ သူမသည် ထိုသို့မခံစားရပေ။ ထိုအစား သူမသည် ဒေါသထွက်ကာ ထိုလူ့ကို ထပ်ကန်မိချင်သည်။
သူမသည် သူ့ကြောင့် အသက်ရှူကျပ်လုနီးပါးဖြစ်ခဲ့သည်။ ထိုအစား သူမ သည် သွေးပြောင်းပြန်စီးသလိုမခံစားရတော့ပေ။
သူမသည် တစ်စုံတစ်ခုကို အနံ့ခံလိုက်ရသလို ခံစားမိသော်လည်း ထိုလူ ယန်ယဲ့သည် ဘာမှမပြောခဲ့ပေ။ သူ ဘာမှမပြောသော်လည်း သူမသည် သူ့ကို ယုံကြည်နေတုန်းပင်။
ပြောရလျှင် သူတို့အတူရှိသည်မှာ အကြိမ်ရေမများသေးသော်လည်း တစ်ယောက်နှင့်တစ်ယောက် ကောင်းစွာသိနေကြသလိုပင်။ သူမ ဤကမ္ဘာသို့ ရောက်ချိန်တွင် ယန်ယဲ့သည် သူမကိုပထမဆုံးကာကွယ်ပေးပြီး သူတို့၏ ကိုယ်ရည်ကိုယ်သွေးမှာလည်း တူညီနေ၍ကြောင့်ဖြစ်မည်။ သူသည် ဖော်မပြ နိုင်လောက်အောင် အားကောင်းပြီး သူမသည် ပြောမပြတတ်လောက်အောင် ခေါင်းမာသည်။ သူတို့နှစ်ယောက်တွင် သူတို့အလေးစားဆုံးကိုယ်ရည် ကိုယ်သွေးရှိကြသည်။ သူသည် သူမကို လုံးဝသစ္စာမဖောက်ဘဲ အကောင်းဆုံး ဆက်ဆံပေးမည်ဟု သူမ၏ အလိုလိုသိစိတ်မှပြောနေသည်။
“ထားလိုက်ပါတော့ ကျွန်မအဆင်ပြေတယ် ဘာမှမဖြစ်ဘူး.. ရှင်က ဘာမှ မပြောမှတော့ ထပ်မမေးတော့ပါဘူး” ပေထင်းဟွမ်သည် အနည်းငယ်စိတ်ညစ် မိတုန်းပင် “တစ်နေ့မှ ကျွန်မဘာသာသိအောင်လုပ်မယ် ဟင်း.. ယန်ယဲ့ အဲအချိန်ထိ စောင့်နေလိုက် ရှင့်ဘာသာရှင်နောင်တရလိမ့်မယ်”
သူမသည် ခံစားချက်မကောင်းသည်ကို သူ မြင်နေရသည်။ သူမနှုတ်ခမ်း ဒဏ်ရာပေါ်မှ သွေးနံ့သည် သူ ကိုက်ခြင်းကြောင့်ဖြစ်ပေါ်လာသည်ကို ယန်ယဲ့ ပြောနိုင်သည်။ ယန်ယဲ့ လက်ဆန့်ပြီး သူ၏လက်ချောင်းများကို ဒဏ်ရာဘေးကို ညင်သာစွာသုတ်ပေးလိုက်သည်။ သူသည် နောင်တရနေပြီဖြစ်သည်။ သို့သော် အန္တရာယ်ကျသည့်အခိုက်အတန့်တွင် သူ့ခွန်အားကို မထိန်းနိုင်ဘဲ သူမကို ထိခိုက်အောင်လုပ်မိသည့်အတွက် နောင်တရမိသည်။
“ငါဘာကိုနောင်တရရမှာလဲ.. ငါ့ကိုဘယ်လိုအပြစ်ပေးမှာလဲ” ယန်ယဲ့ သည်ပြုံးပြီပြောလေသည်။
သူ့မျက်လုံးများသည် အလွန်လှပသည်။ မြစ်များနှင့်တောင်များသည် သူ့ မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေပုံပေါက်ပြီး လူများသည် သူ့ကို မည်မျှပင် ကြည့်စေကာမူ မမုန်းနိုင်လောက်အောင်ဖြစ်စေသည်။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် ဖမ်းစားခြင်းခံလိုက်ရသည်...