ကျွန်မအသက်ကိုမငဲ့ဘဲ အဓမ္မကျင့်ချင်တယ်လို့တော့ မပြောနဲ့နော်
Vol. 33 Ch. 645
“အားယား ယန်ယဲ့ ကောင်းကင်တွေက အရမ်းအားကောင်းတယ်လို့ မထင်ဘူးလား” ပေထင်းဟွမ်သည် ယန်ယဲ့၏လက်ကောက်ဝတ်ကို ဆုပ်ကိုင် ကာ သူ၏ကျောက်စိမ်းနှင့်တူသောလက်ချောင်းများကို ခေတ္တမျှစိုက်ကြည့်နေ လေသည်။ သူမသည် ရိသဲ့သဲ့ပြုံးပြီးပြောလိုက်သည် “ရှင် ကျွန်မကို တခြား ရည်ရွယ်ချက်ရှိလို့ ကျွန်မနဲ့နီးစပ်ချင်တယ်ဆိုတာ သိတယ်.. ဒါပေမဲ့ ကျွန်မက လည်း အဲလိုလုပ်ခွင့်မပေးနိုင်ဘူး ဟီးဟီး ယန်ယဲ့ပြောပါဦး.. ကောင်းကင်က ရှင့်ကို ဒီလိုအပြစ်ပေးအောင် ဘာတွေလုပ်ခဲ့တာလဲ.. ကြည့်လေ ရှင် ကျွန်မ အနားကိုကပ်လေလေ ကျွန်မသွေးတွေပြောင်းပြန်စီးပြီး ဒွါရခုနစ်ပေါက်ကနေ သွေးထွက်မလိုဖြစ်တာ”
ယန်ယဲ့၏ နဂိုအေးအေးလူလူရှိသော မျက်နှာထားသည် ထပ်မံလေးနက် သွားသည်။ သူ၏မျက်နှာသည် အလွန်ဖြူဖျော့ကာ သူ့မျက်လုံးများထဲတွင် မုန်တိုင်းထန်သွားလေသည်။ ထိုအရာကိုကြည့်ပြီး ပေထင်းဟွမ်သည် အကြောက်အလန့်မရှိ ပြုံးလိုက်သည် “ယန်ယဲ့ ရှင်က ကျွန်မအသက်ကိုမငဲ့ဘဲ အဓမ္မကျင့်ချင်တယ်လို့တော့ မပြောလိုက်နဲ့နော်” သူမသည် အလွန်ကြောက်ရွံ့ သည့်ပုံစံနှင့် နောက်သို့ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်သည် “ဒီလိုမလုပ်ပါနဲ့ ပြီးတော့ ကျွန်မက ၁၄ နှစ်ပဲရှိသေးတာ.. အသက်မပြည့်သေးဘူး”
ပေထင်းဟွမ်သည် အမှန်တကယ်ပင် အကြောက်အလန့်ကင်းသည်။ သူမ သည် အလေးအနက်ကြည့်နေသည်။ သို့သော် ယန်ယဲ့၏လက်ကောက်ဝတ်ကို မလွှတ်ပေ။ သူမ၏လက်ချောင်းများသည် သူ၏လက်ကောက်ဝတ်ကို ညင်သာ စွာပွတ်သပ်နေသည်။
ယန်ယဲ့သည် သူ့လက်ကိုပြန်ဆွဲပြီး မတ်တတ်ရပ်ကာ ပေထင်းဟွမ်အား စိုက်ကြည့်လေသည်။ သူမ အတွေးကို သူဘယ်လိုလုပ် မပြောဘဲနေနိုင်မှာလဲ။ သူသည် ခံစားချက်များရောထွေးနေသည်။ သူသည် ရှေ့ကိုင်းကာ သူမအား ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ သူ့မျက်နှာသည် နူးညံ့စွာ သူမ၏မျက်နှာကို ပွတ်သပ်သော်လည်း သူ့အသံသည် မနူးညံ့တော့ပေ။ ထိုအစား တိုးညင်းပြီး ဆွဲဆောင်မှုရှိသည်။ “ဟွမ်အာ မကြောက်နဲ့.. မင်းကို.. ဒွါရခုနစ်ပေါက်ကနေ သွေးထွက်ခွင့်မပြုဘူး.. နောက်သုံးလပဲစောင့်ပေး.. မကြာခင် မင်းကို လွတ်လပ် ခွင့်ပေးမယ်၊ ဒီလိုမျိုးထပ်မခံစားစေရဘူး”
သူ ပေထင်းဟွမ်အား ချုပ်ပြီး နမ်းခဲ့သည့်အပြုအမူနှင့်မတူညီစွာပင် ယန်ယဲ့သည် စိတ်အားငယ်နေသလိုပင်။ ပေထင်းဟွမ်အား ပွေ့ဖက်ထားသော သူ့လက်သည် ဂရုမစိုက်လိုက်လျှင် ကွဲကြေသွားမည့်အရုပ်ကလေးအား အထူးသဖြင့် ဂရုတစိုက်ရှိလှသည်။ “ငါ့ကိုယုံပါ မင်းကို ကြာကြာမစောင့်ခိုင်း ဘူး.. မကြာခင် ဒီလိုမျိုးထပ်ပြီးမခံစားစေရဘူး”
သူ ပြောသည့်အရာမျးကို ပေထင်းဟွမ်နားမလည်ပေ။ သို့သော် နောက်ကွယ်တွင် ဇာတ်လမ်းတစ်ပုဒ်ရှိရမည်ဟု သူမ ယုံကြည်သည်။ လွန်ခဲ့ သည့်စက္ကန့်ပိုင်းက သူမသည် ယန်ယဲ့ဆီမှ လျှို့ဝှက်ချက်ကိုဖော်ထုတ်ရန် ဦးနှောက်အကုန်သုံးခဲ့သည်။ သူဒေါသထွက်လျှင် စကားထွက်လာမလားဟု အတွေးနှင့် စကားများနှင့်ရန်စခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် ယန်ယဲ့၏စကားများကိုကြားသောအခါ ပေထင်းဟွမ်သည် အနည်းငယ်ကြောက်ရွံ့သလိုခံစားလိုက်ရသည်။ သူမသည် သူ့ကိုရှုံးတော့မည်ဟု ခံစားနေရသည်။
သူက သူမအတွက်ဘာလဲ။ သူက မိသားစုမဟုတ်သလို သူငယ်ချင်းလည်း မဟုတ်ပေ။ သို့သော် သူမသည် မသိလိုက်ခင်မှာပင် သူ့ကိုမှီခိုလျက်သားဖြစ်နေ သည်။ ဤတိုက်ကြီးတွင် သူမသည် အညှာတာကင်းပြီး နှလုံးသားမဲ့သည်။ သူမသည် မြေကြီးနှင့်ခြေထောက် မထိလောက်အောင်ပင် မောက်မာပြီး အာဏာရှင်ဆန်သည်။ သူမတွင် လျှို့ဝှက်ဆန်းကြယ်သော ယုံကြည်ချက်ရှိ သည့်အချက်ကိုပါ ထည့်ပေါင်းလျှင် သူမ မည်မျှပင် ပြဿနာရှာစေကာမူ ကောင်းကင်ကို ထိုးစိုက်ရလျှင်တောင် ဤလူသည် ဘာမှမပြောဘဲ သူမဘက် တွင်ရပ်တည်ပေးမည့်ပုံပင်။
သူမသည် ညအရှင်အိမ်တော်မှဖြစ်ပြီး ယန်းမြို့မှလူများသည် သူမကို သတိရှိနေသည့်အရာများကို စဉ်းစားလိုက်တိုင်းတွင် သူမ၏စိတ်ထဲတွင် အလွန် ကျေနပ်မိသည်။
မိန်းကလေးတစ်ယောက်သည် မည်မျှပင်အားကောင်းစေကာမူ သန်မာသောယောက်ျားတစ်ယောက်၏ အဆိပ်ခတ်ခြင်းမှ ရှောင်လွှဲ၍မရပေ။ ထို့အပြင် ဤလူ့တွင် ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်နိုင်သည့် စွမ်းအားရှိ၏။
“သူ့ကို ဘာကထိခိုက်အောင်လုပ်နိုင်ဦးမှာလဲ” ပေထင်းဟွမ်သည် အိပ်ရာ ပေါ်တွင်လဲနေသည်။ ယန်ယဲ့ထွက်သွားပြီဖြစ်သော်လည်း သူမ အတွေးများ မရပ်နိုင်ပေ “ကမ္ဘာကြီးကိုအုပ်စိုးနိုင်တာလား။ အဲလုဆိုရင် ကမ္ဘာကြီးစည်းမျဉ်း ရှိတယ်ဆိုရင် ငါတို့ဖျက်ဆီးလို့ရတာပဲ”
“ရှင်က ကျွန်မကို အဲလောက်ကာကွယ်နေတာကို ကျွန်မက ဘာလို့ ရှင့်ကို ကာကွယ်လို့မရရမှာလဲ” ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူကာ မျက်နှာကို စောင်ဖြင့်အုပ်လိုက်သည်။ “အဲဒါဘယ်သူပဲဖြစ်ဖြစ် ကမ္ဘာကြီးရဲ့ စည်းမျဉ်းဆိုရင်တောင် ရှင့်ကိုထိခိုက်ခွင့်မပေးနိုင်ဘူး.. ကျွန်မ အသက်ရှင်နေ သရွေ့ မိဘတွေအတွက်အစားလက်စားချေပြီး ရှင့်ခန္ဓာကိုယ်ထဲက နာကျင်မှုကနေ ကယ်ပေးမယ်”
အချိန်မည်မျှကြာသွားသည်မသိ ပေထင်းဟွမ်သည် အိပ်မောကျသွားကာ ပြန်နိုးလာသည်။ မိုးလင်းနေပြီဖြစ်ကာ ပြတင်းပေါက်အပြင်ဘက်တွင် အရုဏ်တက်အလင်း ခပ်ဖျော့ဖျော့ရှိနေသည်။ ပြတင်းပေါက်ဘေးရှိ ညောင်စောင်းပေါ်တွင် ပုံရိပ်တစ်ခုရှိနေသည်။
ကန့်လန့်ကာသည် ထူထဲလှသော်လည်း ပေထင်းဟွမ် မမှားနိုင်ပေ။ ထိုလူသည် ယန်ယဲ့ဖြစ်သည်...