← Chapters

ငါ့ရဲ့ပထမဆုံးအကြိမ်ကို ကမ်းလှမ်းပါတယ် သခင်

Vol. 33 Ch. 647

ငါ့ရဲ့ပထမဆုံးအကြိမ်ကို ကမ်းလှမ်းပါတယ် သခင်

Vol. 33 Ch. 647

“ဟုတ်ပြီ” ပေထင်းဟွမ်၏အတွေးများကို ယန်ယဲ့ကြားနေရသည်လား မသိပေ။ သို့သော် သူသည် သူမအတွက် စိတ်မကောင်းစွာဖြင့် သဘောတူလိုက် သည်။ သူ မည်မျှပင်သန်မာစေကာမူ သူမ၏နေရာကို ခြေလှမ်းတစ်ဝက်ပင် ဝင်မည်မဟုတ်ပေ။ သူ လုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ သူမ၏ ခြေရာ အတိုင်းလိုက်ပြီး သူမကိုကာကွယ်ပေးရန်ဖြစ်ည်။ သူမ လဲမကျစေရန် သူ အကောင်းဆုံးကြိုးစားမည်ဖြစ်သည်။

နောက်ရက်များတွင် ပေထင်းဟွမ်ပြောသလိုပင် သူမသည် ကောင်းကင် ခြံဝင်းရှိတိုက်ခိုက်ရေးအခန်းတွင် နေ့တိုင်း ကျင့်ကြံသည်။ နေ့လယ်ခင်းတွင် ကျောင်းအုပ်နန်လင်းအိမ်သို့သွားကာ ညွှန်ကြားချက်များ လက်ခံသည်။ ညဘက်တွင် သူမသည် အက်စ်ဧရိယာအဆောင်ကိုပြန်ကာ အဂူးနှင့် ကင်းကောင်တို့ကို ခေါ်ထုတ်ပြီး သူမကိုစောင့်ကြပ်စေသည်။

ထို့နောက် သူမသည် လက်ပတ်အတွင်းဝင်ကာ ဆေးသန့်စင်သည်။

ပေထင်းဟွမ်သည် အနည်းငယ် မောင်းတင်ထားသည်။ သူမသည် ဆေးသန့်စင်ရာတွင် အရှိန်မလျှော့ပေ။ စိတ်ပြင်ဆင်ပြီးနောက် အားထုတ်မှု တစ်ဝက်နှင့် အရာအားလုံးလုပ်သည်။ လတစ်ဝက်ကြာပြီးနောက် သူမ၏ အကြောထဲမှ ကြယ်ဝိညာဉ်သခင်နှင့် ဝိညာဉ်သခင်ကြီးကြားရှိ အတားအဆီးသည် အနည်းငယ် လျော့လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရာယာအင်ပါယာ၏ နန်းတော်လေလံပွဲ အချိန်ရောက်လာသည်။ ဤအချိန်အတွင်းတွင် ပေထင်းဟွမ်နှင့်သားရဲတို့ နှစ်ဦးနှစ်ဖက် တိုးတက်လာခဲ့သည်။ ပေထင်းဟွမသည် ဝိညာဉ်သခင်ကြီး နယ်နိမိတ်ကိုထိကာ သူမနောက်သို့လိုက်သည့် နွယ်ပင်လေး၊ ရှောင်ကျောက်၊ လင်းမို၊ အလင်းစီးကြောင်းတို့သည် ကောင်းကင်အသီးကိုစားကာ အိပ်မောကျ နေခဲ့သည်။ သူတို့နိုးလာချိန်တွင် နတ်သားရဲအဆင့်သို့ တက်မည်မှာ သံသယ ဝင်ဖွယ်ရာမရှိပေ။ သူတို့ရလာမည့်ကြယ်အဆင့်မှာတော့ ထိုသားရဲများ၏ ကံ အပေါ်တွင်မူတည်သွားသည်။

လျှပ်စီးနှင့် မိုးကြိုးသွားတို့သည် တိုက်ခိုက်ရေးအခန်းထဲတွင် လေ့ကျင့် ပြီးနောက် ကောင်းကင်အသီးတစ်လုံးစီစားပြီး အိပ်မောကျနေကြသည်။ သူတို့ နိုးလာသောအခါ သူတို့သည် သံသယဝင်ဖွယ်ရာမရှိဘဲ အထွတ်အမြတ်သားရဲ ဖြစ်လာခဲ့သည်။

ပေထင်းဟွမ်သည် သူတို့အထွတ်အမြတ်သားရဲဖြစ်ပြီးနောက် ထိုနှစ် ကောင်၏ ပုံရိပ်ကို မျှော်လင့်နေဆဲဖြစ်သည်။ သူတို့ အသွင်ပြေင်းပြီးနောက် သာမန်လူသားမျာထက် ပို၍ချောမောပြီး နတ်မိစ္ဆာဆန်သည်။ သူတို့၏ ဆံပင် နှင့် မျက်အိမ်တို့သည် သူတို့၏မူလအရောင်ကို ထိန်းသိမ်းထားနိုင်သည်။ လူတစ်ဦး၏ဆံပင်နှင့် မျက်လုံးများကို ခွဲခြားကြည့်လျှင် သူတို့သည် လူသား လား အထွတ်အမြတ်သားရဲလားဆိုသည်မှာ ထင်ရှားလွန်းသည်။

ကင်းကောင်သည် အလွန် စိတ်မအေးသည့်ပုံပေါက်သည်။ အဂူးသည် ဘေးမှ သက်သက်သာသာပင် “ဘာတွေစိုးရိမ်နေတာလဲ.. နတ်သားရဲနဲ့ အထွတ်အမြတ်သားရဲကြားက ကွာခြားချက်က လူသားအဆင့်ရဲ့ကောင်းကင်နဲ့ မြေကြီးကွာခြားချက်ကို မကျော်နိုင်သလိုပဲ.. အထွတ်အမြတ်သားရဲဖြစ်ဖို့က လွယ်တာမဟုတ်ဘူး.. အထွတ်အမြတ်သားရဲဖြစ်ရင်တောင် အခြေခံဥပဒေအရ ပဲမဟုတ်ဘူးလား.. ဘာတွေကြောက်နေတာလဲ”

တခြားအချိန်သာဆိုလျှင် ကင်းကောင်သည် အထွတ်အမြတ်သားရဲ သွေးသားရှိသည့် အဂူးကို ဆန့်ကျင်ရဲမည်မဟုတ်ပေ။ သူသည် အလွန်အမင်း ဒေါသထွက်နေသည်မှာ သိသာလွန်းသည် “အခြေခံဥပဒေလို့ပြောရတာတော့ လွယ်တယ်.. ဒါပေမဲ့ အထွတ်အမြတ်သားရဲဖြစ်ဖို့ ကြိုစားရင်းနဲ့ နတ်သားရဲတွေ ဘယ်လောက်တောင် သေခဲ့ရလဲ.. ဒါပေမဲ့ ကောင်းကင်အသီးကြောင့်.. ကောင်းကင်အသီးကြောင့်ပဲ ငါ သခင့်ရဲ့အဆင့်တက်မှုကို ခံနိုင်ရည်ရှိခဲ့တာ မလား.. သူမသာ ဝိညာဉ်သခင်ဘုံကိုတက်သွားရင် ငါသေပြီ”

ပေထင်းဟွမ်သည် ခေါင်းခါလိုက်သည်။ သို့သော် ကင်းကောင်သည် နတ်သားရဲသွေးသားဖြစ်သည်ကို သူမ မှတ်မိသည်။ သူသာ အထွတ်အမြတ် သားရဲအဖြစ် အဆင့်တက်သွားလျှင် အခြေခံဘေးဒုက္ခကို ရင်ဆိုင်ရမည်ဖြစ် သည်။ အားကောင်းသော ရွှေရောင်ရှေးမျောက်ဝံအတွက်ဖြစ်လာမည့် ဘေးဒုက္ခသည် ရှင်သန်ရန်မလွယ်လှပေ။ ပေထင်းဟွမ်သည် သူ့ကို နှစ်သိမ့်ပေး လိုက်သည် “ကင်းကောင် စိတ်မပူပါနဲ့ ငါ မင်းကို အသေမခံဘူး.. အခက်အခဲ တစ်ခုခုရှိလာရင် ငါတို့အတူရင်ဆိုင်ကြမယ်”

ကင်းကောင်သည် ချက်ချင်းပင် ရင်ထဲထိသွားသဖြင့် မျက်ရည်များ ကျလုမတတ်ပင်။ သူသည် လေဟာနယ်ထဲမှ မြက်ခင်ပြင်တွင်ထိုင်ကာ မျက်ရည်များသုတ်ရင်းနှင့် ပြောလေသည် “သခင် မင်းက အရမ်းကြင်နာလွန်း တယ်.. မင်းက လုံးဝကို သခင်ကောင်းပဲ.. ငါ အထွတ်အမြတ်သားရဲဖြစ်ပြီး တခြားမျိုးစိတ်နဲ့ မိတ်လိုက်ရမယ်ဆိုရင် ငါက မင်းအတွက် ပထမဆုံးအကြိမ် ဖြစ်ပေးမယ်”

နေရောင်သည် သွေးကဲ့သို့ နီရဲနေပြီဖြစ်သည်။ နန်းတော်လေလံစတော့ မည်ဖြစ်ရာ မြို့တော်တစ်ခုလုံးသည် ဆူညံလျက်ရှိသည်။

ပေထင်းဟွမ်သည် နှစ်စဉ်ပွဲကိုတက်ရန် ရှန်းယန်ပိုတို့နှင့်အတူ ကျောင်းမှထွက်လာလေသည်။ သူမသည် ကင်းကောင်၏စကားများကို ကြား သောအခါ အားလုံး၏မျက်စိရှေ့၌ပင် ခြေထောက်များခွေယိုင်ကာ လဲကျလေ သည်...

All Chapters