← Chapters

ရှောင်ကျို့ကို နန်းတော်ဆီခေါ်သွားဖို့လာတာ

Vol. 33 Ch. 648

ရှောင်ကျို့ကို နန်းတော်ဆီခေါ်သွားဖို့လာတာ

Vol. 33 Ch. 648

“ရှောင်ကျို့”

တံခါးအပြင်တွင်စောင့်နေသော ပေထင်းကျင်းအတွက် ညီမဖြစ်သူကို တွေ့ရန်မလွယ်လှပေ။ သူတို့တွေ့သည်နှင့် မပွေ့ဖက်ခင်တွင် ညီမဖြစ်သူသည် မြေကြီးနှင့်မိတ်ဆက်နေသည်။ သူသည် ပျာယာခတ်သွားရ၏။ မြို့တော်တွင် ပွဲကြီးရှိသဖြင့် ကျောင်းသည် အစောင့်များတင်းကြပ်လျက်ရှိသည်။ သို့သော် သူသည် တံခါးတွင်ရှိနေသော ကောင်းကင်အဆင့်နှစ်ယောက်ကို လျစ်လျူရှု ကာ ကျောင်းထဲသို့ ပြေးဝင်လာခဲ့သည်။

ပေထင်းဟွမ်သည် အနည်းငယ်လဲကျသွားရုံသာဖြစ်သော်လည်း ပေထင်းကျင်း၏ ရင်ခွင်ထဲရောက်သွား၏။ ကလေးတစ်ယောက်လိုပင် သူမ သည် သူ့ရင်ခွင်ထဲတွင် ပွေ့ချီခံလိုက်ရသည်။ အမြဲတမ်းအေးစက်ပြီး မောက်မာ သည့် ပေထင်းကျင်းသည် ပေထင်းဟွမ်ရှေ့တွင် အမြဲတမ်း အစ်ကိုကောင်း တစ် ယောက်ဖြစ်ခဲ့သည်။ သူ့မျက်လုံးများသည် နူးညံ့နေကာ ပေထင်းဟွမ်၏ နဖူးကို အနမ်းခြွေပြီး ချစ်စနိုးနှင့်ငေါက်ငမ်းလေသည် “လမ်းလျှောက်ရင်း ဘာလို့ လဲကျ ရတာလဲ.. နေမကောင်းဘူးလား”

သူမ၏ မှော်သားရဲသည် သူ၏ပထမဆုံးအကြိမ်ကို သူမကိုပေးမည်ဟု ဆိုသဖြင့် ထိတ်လန့်သွားခြင်းကြောင့် လဲကျသွားသည်ဟု အစ်ကိုဖြစ်သူကို ပြောရမည်နည်း။ ၎င်းသည် ဖော်မပြနိုင်လောက်အောင် နစ်နာခြင်းပင်။ ၎င်း သည် သူမကို ပူပန်စေသည်။

ကံကောင်းစွာပင် ထိုအခိုက်အတန့်တွင် လေဟာနယ်ထဲ၌ အဂူးသည် ပေထင်းဟွမ် လဲကျသွားရသည့်အတွက် လက်တုံ့ပြန်ပြီးသားဖြစ်သည်။ အဂူး သည် မြေပေါ်တွင် ထိတ်လန့်တကြားနှင့် ပျော်ရွှင်စွာ ထိုင်နေသည့် ကင်းကောင်ကို အထင်သေးစွာကြည့်ပြီး နှာရှုတ်လေသည် “ဟင်း ကံကောင်းလို့ အဲလူက မင်းပြောတာမကြားလို့.. မဟုတ်ရင် မင်းဝိညာဉ်တော့ ပျောက်သွား တော့မှာပဲ.. နောက်ဆိုရင် အဲလိုမျိုးတွေမပြောတာ အကောင်းဆုံပဲ.. စာချုပ် သားရဲအနေနဲ့ မရှုပ်ထွေးစေနဲ့”

ဟာသပဲ.. အဲလူက ဘယ်သူမို့လို့လဲ။ သူသည် သခင်ဖြစ်သူ၏ရှေ့တွင် သာမန်လူဟုထင်ရသော်လည်း တစ်ချိန်က ပတ္တမြားကမ္ဘာတွင် မွှေခဲ့သူသာဖြစ် သည်။ သူသည် ဤတိုက်ကြီးကို လက်ချောင်းတစ်ချောင်းနှင့်တင် ဖျက်ဆီးနိုင် သည်။ ကင်းကောင်သေချင်နေပြီလားမသိပေ။

ပေထင်းဟွမ်၏သားရဲသာ သူမကို ပြစ်မှားနေသည်ကို ထိုသခင်သိလျှင် သူမကို ပြစ်မှားသည့် နတ်ဘုရား သို့မဟုတ် နတ်မိစ္ဆာထက်ပင် ပိုဆိုးသွားနိုင်သည်။ ထိုလူ မည်မျှဒေါသထွက်မည်ကို အဂူး တွေး၍ပင်မရပေ။ သူ ကင်းကောင်ကို ဘယ်လိုလုပ် ဒေါသမထွက်ဘဲနေမလဲ။

တုံးအတဲ့သူတွေက အကြောက်အလန့်မဲ့တယ်ဆိုတာ ဒီကောင့်ကို ပြော တာပဲမလား။

ကင်းကောင်သည် ခေတ္တမျှ မှင်တက်နေကာ အဂူးပြောသည့်စကားများ ကို နားမလည်နေပေ။ အဂူးသည် သူနားမလည်သည်ကိုလည်း ဂရုမစိုက်ပေ။ အတန်ကြာအောင် လျှောက်ပြီးနောက် ထိုအရူး သူ့ဘာသာ ရေရွတ်သံကို ကြား လိုက်ရသည် “သူက အဲဒီအဘိုးကြီးကို ကြောက်နေတာများလား”

သူသည် မင်ကိုပြောခြင်းဖြစ်သည်။

ပေထင်းဟွမ်သည် လေဟာနယ်ထဲမှ ထိုငတုံးကို ဂရုစိုက်မနေတော့ပေ။ သူမသည် ပေထင်းကျင်ရောက်လာသည့်အတွက် အတိုင်းမသိဝမ်းသာနေ၏။ ပြီးခဲ့သည့်ရက်များတွင် သူ သူမကိုလာရှာမည်ကိုစောင့်နေခဲ့ကာ ပေထင်းကျင် သည် မြို့တော်မှပျောက်နေပုံပင်။ ထိုအကြောင်းအားတွေးပြီးနောက် သူမသည် စိတ်ပူလွန်းသဖြင့် ဒေါသူပုန်ထတော့မတတ်ပင်။ သူမသည် ကလေးမလေး ကဲ့သို့ နှုတ်ခမ်းဆူကာ စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလေသည် “အစ်ကိုကြီး ဘာလို့ အခုမှလာတာလဲ.. ပြီးခဲ့တဲ့ရက်တွေတုန်းက ဘယ်ရောက်နေတာလဲ”

ပေထင်းကျင်သည် ပေထင်းဟွမ် လဲကျစဉ်က ရင်များနာကျင်ခဲ့သည်။ သူသည် ပေထင်းဟွမ်၏ နဖူးကိုထပ်မံအနမ်းပေးကာ ကျောင်းထဲရှိ ဖြတ်သွား ဖြတ်လာများ၏ ထူးဆန်းသောအကြည့်များကို လျစ်လျူရှုထားလေသည်။ သူ သည် ညင်သာစွာပင်ပြောလေသည် “မင်းကို လာရှာတယ်လေ ဒါပေမဲ့ ညအရှင် ဆီက အဂ္ဂိရတ်ပညာသင်နေတာမလား.. မင်းကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ လာမရှာတာ နောက်တော့ လော့ပေမြို့မှာ ကိစ္စတစ်ခုဖြစ်လို့ အဲဒီကို ကိုယ်တိုင် သွားလိုက်တာ”

“အဲလူ ပေထင်းသယ့်ပဲမလား” ခေတ္တမျှစဉ်းစားပြီးနောက် လော့ပေမြို့ တွင် ပေထင်းသယ့်မှလွဲပြီး တခြားအရာသည် ပေထင်းကျင်၏ စိတ်ထဲတွင် ပြဿနာဖြစ်နိုင်သည့်အရာမရှိတော့ပေ။ သူမသည် ပေထင်းကျင်၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ သူ့လက်ကိုဆုပ်ကိုင်လေသည် “အစ်ကိုကြီး နောက်ကျရင် ကျွန်တော်ပေးစရာရှိတယ်.. ကျွန်တော့်ကို နန်းတော်ကိုခေါ်သွားဖို့လာကြိုတာ လား”

“ဟုတ်တယ် နန်းတော်ကို သွားဖို့လာကြိုတာ..” ပေထင်းကျင် စကား မဆုံးခင်မှာပင် ကျောင်းတံခါးအပြင်တွင် ဘီးလုံးသံများထွက်လာသည်။ ထိုအသံကို မှတ်မိသဖြင့် ပေထင်းကျင်သည် ရုတ်တရက် ခေါင်းလှည့်ပြီး ကြည့် လေသည်။ ထိုရထားလုံးကို တရင်းတနှီးရှိလှသည်။ ၎င်းသည် တောင်ပံနှစ်ခုနှင့် ဦးချိုပါမြင်းဆွဲသည့် ရထားလုံးဖြစ်သည်။ ရထားလုံးရှေ့တွင် ထူးဆန်းသည့် သွေးလရှိသည်။ ညအရှင်အိမ်တော်မှမဟုတ်လျှင် မည်သူ၏ရထားလုံးဖြစ်နိုင်ဦး မည်နည်း။

All Chapters