← Chapters

ညအရှင်၏ရထားလုံး

Vol. 33 Ch. 649

ညအရှင်၏ရထားလုံး

Vol. 33 Ch. 649

ပေထင်းကျင်သည် ရထားလုံးကို စိတ်ဆိုးမာန်ဆိုးဖြင့်ကြည့်လေသည်။ သူလှည့်ကာ ပေထင်းဟွမ်အား အနောက်တွင် ကာထားလိုက်သည်။ သူသည် ညအရှင်ကို အနည်းငယ် မကျေမနပ်ဖြစ်နေတုန်းပင်။ သူ ပေထင်းဟွမ်နှင့် ပြန်ဆုံသည့်အချိန်က နောက်တစ်နေ့တွင် သူမကိုသွားရှာခဲ့သော်လည်း သူ့ကို ညအရှင်အိမ်တော်၏ အစောင့်များသည် အပြင်တွင်တားထားခဲ့သည်။

ဒီလူက ဒီနေ့လည်းရှောင်ကျို့ကို လာလုတာလား။

မထင်မှတ်စွာပင် ရထားလုံးသည် မရပ်ပေ။ ထိုအစား ရှေ့ဆက်သွားလေ သည်။ ဘီးလုံးသံသည် တဖြည်းဖြည်းနှင့် နန်းတော်ရှိရာဘက်သို့ ဆက်လှိမ့် သွားလေသည်။

ယန်ယဲ့သည် ပေထင်းဟွမ်အတွက် လာခြင်းမဟုတ်ဟု ပေထင်းကျင် မယုံပေ။ ညအရှင်အိမ်တော်သည် နန်းတော်ဘေးတွင်တည်ရှိရာ သူ တည့်တည့် သွားနိုင်သည်။ ဘာကြောင့်များ ရှန်းယန်မြို့ကို ကွေ့ပတ်သွားနေသနည်း။ ထိုလူသည် ချင့်ချိန်နိုင်စွမ်းရှိပုံပင်။ အနည်းဆုံးတော့ သည်တစ်ကြိမ်တွင် သူသည် ရှောင်ကျို့အား လုမယူခဲ့ပေ။

“အ.. အဲဒါ အစ်ကို ၃ ရဲ့ရထားလုံးပဲ” ရှန်းယန်ပိုသည် နားမလည်နိုင်ဖြစ် နေသည် “ဘာလို့ ဒီကိုလာတာလဲ”

ပေထင်းဟွမ်သည် တိတ်တိတ်လေး အံ့အားသင့်ကာ အနည်းငယ် သိချင် စိတ်ဖြစ်မိသည်။ အစ်ကိုကြီးနဲ့ ယန်ယဲ့ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ။ သူမသည် မျက်တောင်မခတ်သော ပေထင်းကျင်၏လက်ကို ဆုပ်ကိုင်လိုက်သည်။ “အစ်ကိုကြီး သွားရအောင်.. နောက်ကျရင် နေရာကောင်းကောင်းလေး ရှာမတွေ့ဘဲနေမယ်.. အဲကျမှ ပြဿနာတက်မယ်”

“အင်း ဟုတ်တယ်” ပေထင်းကျင်သည် ပြုံးကာ ပေထင်းဟွမ်၏ ဦးခေါင်း ကိုပွတ်သပ်လေသည်။ “ရှောင်ကျို့.. ငါနဲ့လိုက်ခဲ့.. ဒီအဆင့်မှာ လေလံပွဲကိုဝင်ဖို့ ခက်တတ်တယ်.. မိသားစုနောက်လိုက်ပြီး အရင်ဝင်ရအောင်”

ပေထင်းမိသားစုနောက်ကနေ လိုက်ဝင်ရမှာလား။ ပေထင်းဟွမ်အတွက် ပြဿနာမရှိပေ။ မည်သို့ပင်ဖြစ်စေကာမူ သူမ၏အစ်ကိုကြီးဖြစ်သူနောက်လိုက် လျှင် ဝင်နိုင်မည်ဖြစ်သည်။ လက်ရှိတွင် သူမဘေး၌ ရှန်းယန်ပိုတစ်ယောက်သာ ရှိသည်။ ဟွမ်ယဲ့နှင့် မုချင်းလင်တို့သည် ဆိုင်သို့ထွက်သွားသည်။ ရန်ရှောင်ကျဲ နှင့် ချင်ရှဲလင်တို့သည် သူတို့မိသားစုနောက်လိုက်ကာ ဤအခမ်းအနားသို့ သွား ကြသည်။ ပြီးနောက် ရှန်းယန်ပိုသည် အစကတည်ကပင် မင်းသားတစ်ပါးဖြစ် သည်။ နန်းတော်သို့ဝင်ရန် သူ့အတွက်လွယ်ကူသည်။

သူတို့သုံးယောက်သည် မျိုးနွယ်လေးခုမြို့ဆီသို့ ချက်ချင်းပင် ဦးတည် လိုက်ကြတော့သည်။

နောက်ဆုံးနေရောင်ကို မိုးကုတ်စက်ဝိုင်းမှ ဝါးမျိုလိုက်ပြီဖြစ်သည်။ နေဝင်ဆည်းဆာသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိလာသော ဤမြို့ကို လွှမ်းခြုံလိုက်ပြီဖြစ်၏။ လေသည် အေးစက်မှုအနည်းငယ်ကို သယ်ဆောင်လာကာ မြို့ထဲတွင်ပြည့်နေသည့်အပူကို နှင်ထုတ်ရာ နန်းတော်သို့ သွားနေသည့်လူများကို အနည်းငယ်ပို၍လန်းဆန်းသွားစေသည်။

လွန်ခဲ့သည့် ၁၀ ရက်အစောပိုင်းက ဤမြို့သည် ပုံမှန်ထက်ပို၍ ဆူဆူညံညံရှိခဲ့သည်။ ဤခမ်းနားသောမြို့တွင် တိုက်ကြီးတစ်ခုလုံးပေါ်မှလူများ အားလုံးနှင့်ပြည့်နေသည်။ ဤအခိုက်အတန့်တွင် ကျယ်ဝန်းသောလမ်းပေါ်တွင် အထက်တန်းစားများစီးလာသည့် ရထားလုံးတန်းသည် နန်းတော်ဆီသို့ ဦးတည်နေကြသည်။

ရာယာအင်ပါယာမှ နှစ်စဉ်ကျင်းပသည့်အခမ်းအနားကြီးသည် တိုက်ကြီး တစ်ခုလုံးတွင် အမြင့်ဆုံးလေလံပွဲကြီးဖြစ်သည်။ ကုန်သည်မိသားစုမှကျင်းပ သည့် နှစ်စဉ်ဌာနချုပ်လေလံပွဲကြီးပင် ရာယာအင်ပါယာမှကျင်းပသည့် ဤ နန်းတော်လေလံပွဲကိုမယှဉ်နိုင်ပေ။ နှစ်စဉ်နှစ်တိုင်း ထိုနေ့တွင် တိုက်ကြီးပေါ်မှ အားကောင်းသောအင်အားစုများအားလုံးနီးပါးသည် ဤလေလံပွဲတွင်ပါဝင်ရန် များပြားသောပိုက်ဆံပမာဏနှင့်အတူ လူလွှတ်ကြသည်။ တခြားတိုင်းပြည်မှ တော်ဝင်မိသားစုများပင် လက်လွှတ်မခံကြပေ။

လေလံပွဲကို ထူးခြားသည့်အဆင့်အဖြစ် မြှင့်တင်နိုင်ခြင်းမှာ လေလံပွဲတွင် ရောင်းချသည့် ပစ္စည်းများကြောင့်ဖြစ်သည်။ နတ်ဘုံရတနာများသည် လေလံပွဲ တိုင်းတွင် ပေါ်လနိုင်သည်။ ဤသည်မှာ အင်အားကြီးအုပ်စုများ ခံနိုင်ရည်မရှိ သော သွေးဆောင်မှုဖြစ်သည်။

နန်းတော်ကို အင်ပါယာမြို့တော်၏ ပင်မဝင်ရိုးပေါ်တွင်တည်ဆောက် ထားသည်။ အဘက်ဘက်မှလာသော ရထားလုံးများသည် အဓိကလမ်းမကြီးကို ဝင်ပြီးမှ မြို့အတွင်းပိုင်းကိုဝင်နိုင်သည်။ ခဏအတွင်းမှာပင် လမ်းများသည် ရထားလုံးများဖြင့်ပြည့်ကာ ပိတ်သွားလေသည်။ သူတို့သည် လမ်းပေါ်တွင်ရပ် ပြီး မျက်စိရှေ့မှ အနီရောင်နှင့်ရွှေရောင်ခြယ်ထားသော နန်းတော်ဝင်ပေါက်၊ ခမ်းနားသော မြို့မျှော်စင်နှင့် ရှေးဟောင်းနန်းတော်ကို ကြည့်ရုံသာတတ်နိုင် တော့သည်။

ပေထင်းကျင်သည် လမ်းပေါ်ရှိယာဉ်ကြောတွင် အတန်ကြာအောင် ရှာဖွေ ပြီးမှ ပေထင်းမိသားစုကိုရှာတွေ့ခဲ့သည်။ ပေထင်းမိသားစုဝင်များသည် ရထားလုံးနှင့်မဟုတ်ပေ။ အဖွဲ့ထဲတွင် လူဆယ်ယောက်ကျော်ပါကာ အားလုံး မှာ အတွင်းခြံဝင်းမှ အကြီးအကဲများနှင့် မိသားစု၏ တိုက်ရိုက်ဆက်ခံသူများဖြစ် ကြသည်။ သူတို့သည် သခင်ကြီးပေထင်းချင်၏နောက်မှလိုက်ပြီး လမ်းပေါ်တွင် ရပ်ကာ ရထားလုံးတန်းရှည်ကြီးနောက်တွင်ရပ်နေကြသည်...

All Chapters