← Chapters

ပေထင်းမိသားစု

Vol. 33 Ch. 650

ပေထင်းမိသားစု

Vol. 33 Ch. 650

ပေထင်းဟွမ်သည် ကြည့်လိုက်သည်။ ထိုလူများသည် ပေထင်းမိသားစုမှ ကောင်းကင်အဆင့်ကျွမ်းကျင်သူများဖြစ်ကြသည်။ တစ်ခါတရံတွင် နန်းတော် ဆီသို့ မိုးပေါ်မှပျံသွားနိုင်သူများဖြစ်သည်။ ဒီလူတွေက ပျံမသွားဘဲနဲ့ ဘာလို့ ရထားလုံးတွေနောက်မှာ စောင့်နေကြတာလဲ။

တစ်စုံတစ်ရာကို အာရုံခံမိသည့်အလား လူတန်း၏ရှေ့တွင်ရှိနေသော ပေထင်းချင်းသည် ရုတ်တရက် နောက်သို့လှည့်ကြည့်လေသည်။ သူသည် ချက်ချင်းပင် ပေထင်းဟွမ်ကို မြင်လိုက်ရသည်။ သူ့မျက်နှာမှကြွက်သားများ တွန့်သွားပြီး သူ့အကြည့်သည် အနည်းငယ်တုန်ယင်သွားသည်။ သူသည် ရှေ့သို့ ခြေနှစ်လှမ်းတိုးပြီး ပေထင်းဟွမ်နှင့် ပေထင်းကျင်တို့မောင်နှမနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။ သူ မေးသည့်အရာကို မည်သူမှမသိကြပေ “ဘာလို့ အခုမှ လာတာလဲ”

ပေထင်းဟွမ်သည် မျက်နှာအမူအရာမရှိပေ။ သူမ၏အကြည့်သည် ပေထင်းမိသားစုမှ ပေထင်းချင်းကို တုံ့ဆိုင်းမှုမရှိအကဲခတ်နေသည်။ သူမသည် ဦးလေး သို့မဟုတ် အဒေါ်ကိုလည်း မမြင်မိပေ။ သူတို့သည် သူမ မမှတ်မိသည့် လူများပင်ဖြစ်သည်။ ထိုတိုက်ရိုက်ဆက်ဆံသူလူငယ်များသည် သူမအဒေါ်နှင့် အတူ ဝိညာဉ်ခွဲတောင်ကြားသို့ လိုက်လာသည့်လူများမဟုတ်ကြပေ။ သူမသည် သူတို့ကိုမသိသောကြောင့် သူတို့ကိုနှုတ်ဆက်ရန်အခက်တွေ့နေခဲ့သည်။

“မင်းက ဘယ်သူလဲ.. မင်းက ပေထင်းမိသားစုနဲ့လိုက်ပြီး နန်းတော်ထဲ ဝင်မယ်လို့တော့ မပြောနဲ့နော်” အတွင်းခြံဝင်းထဲမှ အကြီးအကဲများထဲတွင် ပေထင်းချင်းထက် ပို၍အသက်ကြီးပုံရသည့် အကြီးအကဲသည် ပေထင်းဟွမ်၏ သရုပ်မှန်ကိုသိသော်ငြား မေးခွန်းထုတ်လေသည်။

ထိုကောင်လေးသည် ပေထင်းမိသားစုထဲမှ အကြီးအကဲများကို မမှတ်မိ သည့် မိသားစုခေါင်းဆောင်မှ မြောက်ပိုင်းမြို့သို့ နှင်ထုတ်ခံထားရသည့် အမှိုက် ဖြစ်သည့်အလျောက် ပေထင်းကျန့်သည် လေးစားမှုထားနေရန်မလိုတော့ပေ။

ပေထင်းဟွမ်သည် လက်ပိုက်ကာရပ်နေသည်။ သူမ၏ အနက်ရောင် ဝတ်ရုံတွင် ငွေရောင်ချည်များသည် လမ်းမီးတိုင်အောက်တွင် စိတ်ကိုလှည့်စား နေသည့်အလား တောက်ပနေသည်။ ခရမ်းရောင်ဖဲပြားနှင့် ရောနှောနေသော သူမ၏ အနက်ရောင်ဆံနွယ်ရှည်များသည် ညလေအဝေ့တွင် လွင့်နေသည်။ သူမ၏မျက်နှာတွင် ငွေရောင်မျက်နှာဖုံးတစ်ခုရှိကာ သူမ၏ မည်းနက်သော မျက်လုံးများကိုသာ ထုတ်ဖော်ပြထားသည်။ ၎င်းတို့သည် အေးစက်ပြီး စူးရှကာ ပေထင်းကျန့်နှင့်မျက်နှာချင်းဆိုင်တွင် အကြောက်အလန့်မရှိရပ်နေသည်။ “ကျွန်တော်က ဘယ်သူဘယ်ဝါဆိုတာ ခင်ဗျားနဲ့ဘာဆိုင်လဲ.. လိုက်ဝင်တော့ရော ဘာလုပ်ချင်လဲ.. ခင်ဗျားက ကျွန်တော့် ချီသွားရတာမှ မဟုတ်တာ”

ကျွတ်

ပင့်သက်ရှိုက်သံများစွာထွက်လာကာ အားလုံးသည် ပေထင်းဟွမ်အား ထူးဆန်းသောမျက်နှာထားများဖြင့် ကြည့်ကြလေသည်။ သူတို့၏ ရင်များသည် အကြမ်းပတမ်းခုန်လာကြသည်။ အားလုံးသည် သူမ၏သရုပ်မှန်ကို ကောင်းစွာ သိကြသည်။ သူတို့၏ သခင်လေး ၉ သည် ထောင်လွှားသည်ဟု သူတို့ကြားဖူး သည်မှာကြာပြီဖြစ်သည်။ သူမသည် ဂုဏ်သတင်းထက်ပင် ပို၍ဆိုးနေလိမ့်မည် ဟုထင်မထားပေ။

သူမက သူတို့ကို ကြောက်ပြီးသေစေချင်တာလား။ ဤကလေးသည် အတွင်းခြံဝင်းရှိ အကြီးအကဲကို တွေ့သည်နှင့် ဆန့်ကျင်ရဲသည်။ ပေထင်း မိသားစုတွင် သခင်ဟောင်း၏ကျန်းမာရေး ချို့ယွင်းလာသည့်အချိန်မှစပြီး အတွင်းခြံဝင်းမှ အကြီးအကဲများ တာဝန်ယူခဲ့သည်ကို မည်သူမသိသနည်း။ သခင်ဟောင်းနှင့်ယှဉ်လျှင် အတွင်းခြံဝင်းရှိအကြီးအကဲများသည် ပို၍ တင်းကြပ်သည်။

ဤကလေးသည် မိသားစုမှ နှင်ထုတ်ထားသည့် အမှိုက်တစ်စသာဖြစ်၏။ မိသားစု၏ဆင့်ခေါ်မှုမရှိဘဲ သူမ၏တစ်ဘဝလုံးတွင် မြို့တော်သို့ ပေါ်လာခွင့်မရှိ ပေ။ သူမသည် မိသားစုမှဆင့်မခေါ်ဘဲ ကိုယ့်ဘာသာပြန်လာသည်မှာ သည်းခံ နိုင်သည်ထက် ကျော်လွန်နေပြီဖြစ်သည်။ သူမ ဘာလိုချင်တာလ။ အတွင်းခြံဝင်းအကြီးကဲသည် မုတ်ဆိတ်များ တုန်ယင်လာသည်အထိ ဒေါသ ထွက်လာသည်။ ဤကောင်လေးသည် လော့ပေမြို့တွင် လူများစွာသတ်ခဲ့ကာ သူ၏ မြေးတူနှစ်ယောက်သည် သူမ၏လက်ထဲမှ မလွတ်မြောက်ခဲ့ပေ။ သူမသည် မြို့တော်သို့ ပြန်လာရဲသေးသည်။ သူမသည် သေလမ်းကိုလာရှာခြင်း ဖြစ်သည်။

“မင်း.. မင်း ဝရမ်းပြေး” ဒေါသထွက်ထွက်နှင့် အတွင်းခြံဝင်းအကြီးအကဲ သည် စကားပင်ဖြောင့်အောင်မပြောနိုင်တော့ပေ။ သူသည် ပေထင်းဟွမ်အား ဝရမ်းပြေးဟုခေါ်ခဲ့သည်။

ပေထင်းဟွမ်သည် အံ့ဩသွား၏။ သူမသည် မျက်ခုံးများကိုပင့်ကာ ပေထင်းကျန့်အား သိမ်းငှက်မျက်လုံးများနှင့်ကြည့်ကာ အန္တရာယ်ပြုမည့် အမူအရာကိုထုတ်ပြလေသည် “ဝရမ်းပြေးဟုတ်လား.. ကျွန်တော်က ခင်ဗျား ညီမကို စော်ကားခဲ့လို့လား၊ ခင်ဗျားအမေကို ခိုးခဲ့လို့လား.. ကျွန်တော့်ကို သစ္စာ ဖောက်လို့ ခေါ်ဖို့ဘာလုပ်ပိုင်ခွင့်ရှိလဲ”

“အဟွတ် အဟွတ်...”

“အဟွတ် အဟွတ်...”

ငိုရမည်လား ရယ်ရမည်လားမသိတော့သဖြင့် ပေထင်းကျင်နှင့် ရှန်းယန်ပို အပါအဝင် တခြားသူများသည် တံတွေးများပင် သီးသွားကြသည်။ အစ်ကိုဖြစ် သူသည် ညီမဖြစ်သူမှာ ဤမျှကြမ်းတမ်းလိမ့်မည်ဟုထင်မထားပေ။ ရှန်းယန်ပို မှာလည်း ခေါင်းဆောင်ကို အမျှကြမ်းတမ်းမည်ဟု မျှော်လင့်မထားပေ...

All Chapters