ပေထင်းမိသားစုမှာ မျက်နှာရောရှိသေးရဲ့လား
Vol. 33 Ch. 651
သူ နေလာသည်မှာကြာပြီဖြစ်သော်လည်း ယခုလိုအနိုင်ကျင့်မခံရဖူးပေ။ ထို့အပြင် သူမသည် သူ၏မြေးဖြစ်သည်။ အတွင်းခြံဝင်းအကြီးအကဲ၏မျက်နှာ သည် ဝက်အသည်းအရောင်ကဲ့သို့ ပြောင်းသွားကာ အသက်ပင်မရှူနိုင်တော့ဘဲ မေ့လဲမတတ်ဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် ဘေးတွင် မှောင်မိုက်သော မျက်နှာထားဖြင့် ဘာစကားတစ်ခွန်းမှဝင်မပြောသည့် ပေထင်းချင်းသည် ပြော လာလေသည် “ဟုတ်ပြီ စကားမများကြနဲ့တော့... လူကြားထဲမှာ မျက်နှာပျက် မှာမကြောက်ဘူးလား မြန်မြန်သွားကြမယ်”
“ဟင်း”
အားလုံးသည် မြေကြီးနှင့်ခြေထောက်ခွာပြီး လေပေါ်တက်တော့မည် အပြုတွင် အေးစက်သောနှာမှုတ်သံတစ်ခုထွက်လာသည်။ အားလုံးသည် ထိုနှာမှုတ်သူကို တစ်ချိန်တည်းကြည့်လိုက်ကြသည်။ ပေထင်းဟွမ်မှလွဲပြီး မည်သူဖြစ်နိုင်ဦးမည်နည်း။ သူမသည် အေးစက်ဆဲဖြစ်ကာ သူမ၏ မည်းနက် သောမျက်လုံးများသည် လှောင်ပြောင်မှုများနှင့်ပြည့်နေသည်။ သူမသည် ပေထင်းချင်းအား မျက်လုံးထောင့်မှကြည့်ပြီး အထိတ်တလန့်ဖြင့်ပြောလေ သည် “ပေထင်းမိသားစုမှာ မျက်နှာရောရှိသေးလို့လား.. ဘယ်မှာလဲ.. ဘာလို့ မမြင်ရတာလဲ”
“ဟား”
အားလုံး၏ ပင့်သက်ရှိုက်သံသည် ပို၍ကျယ်လောင်လာသည်။ အားလုံး သည် ရင်ဘတ်ကိုလက်ဖြင့်ဆုပ်ကိုင်ကာ နောက်ဆုတ်ကြသည်။
သူတို့သည် သခင်လေး ၉ နှင့်ဝေးဝေးတွင်နေချင်သည်။ သခင်လေး ၉ သည် ရဲစွမ်းသတ္တိရှိလှသည်။ သူမသည် အတွင်းခြံဝင်းအကြီးအကဲကို စော်ကား ရုံတင်မကဘဲ တိုက်ကြီးတစ်ခုလုံးရှေ့တွင် သခင်ကြီး၏မျက်နှာကို ရိုက်ရဲသည်။
သည်.. သူတို့ယနေ့ထွက်လာသည်မှာ မမှန်တော့ပေ။ လေလံပွဲစတော့ မည်ဖြစ်သော်လည်း ကမ္ဘာမြေကြီးနှင့် မားစ်ဂြိုဟ်တို့ တိုက်မိသည့်အခြေအနေ မျိုးဖြစ်ပျက်နေပြီဖြစ်သည်။ သူတို့တွေ လမ်းပေါ်မှာ တိုက်ခိုက်ကြတော့မှာ လား။
အတွင်းခြံဝင်းအကြီးအကဲသည် ဒေါသထွက်လွန်းသဖြင့် ရယ်မောလေ သည်။ သူသည် ပေထင်းဟွမ်အား လက်ညှိုးထိုးကာ ပေထင်းချင်းအား ပြော လေသည် “အစ်ကို ၂ ဒါက မင်းရဲ့ လိမ္မာတဲ့မြေးပဲ.. ဘာလို့လဲ.. အခု သူ့ကို ကာကွယ်ချင်တုန်းလား”
သူ့ကို ကာကွယ်တယ်ဟုတ်လား။ ပေထင်းဟွမ်သည် တအံ့တဩနှင့် နှာခေါင်းပွတ်ကာ အတွင်းခြံဝင်း၏အကြီးအကဲကို အရူးတစ်ယောက်ကဲ့သို့ စိုက်ကြည့်လေသည်။ သူမ၏ အစ်ကိုကြီးနှင့်အဒေါ်မှလွဲပြီး ပေထင်းမိသားစု တွင် သူမကိုကာကွယ်ပေးသည့် လူရှိသေးသည်လား။ ဒီအဘိုးကြီးကများ ကန်း နေတာလား။ သူမရဲ့အဘိုးက သူမကိုကာကွယ်နေတယ်လို့ ဘယ်လိုလုပ် မြင်နေတာလဲ။
ပေထင်းချင်းသည် ပေထင်းဟွမ်အား စိုက်ကြည့်လေသည် “လေလံပွဲသွား ရင် မင်းအစ်ကိုနောက်လိုက်သွား ပြဿနာမရှာနဲ့”
ထိုသို့ပြောပြီးနောက် ပေထင်းချင်းသည် မြေကြီးကို ခြေဖျားထောက်ကာ နန်းတော်ဆီသို့ ပျံသွားလေသည်။
ပေထင်းဟွမ်သည် မျက်မှောင်ကြုတ်ကာ နှာခေါင်းကိုပွတ်လေသည်။ ဒီအဘိုးကြီးက ဘာအဓိပ္ပာယ်လဲ။ သူမကို ငေါက်လည်းမငေါက်ဘူး ရိုက်လည်း မရိုက်ဘူး။
ပေထင်းချင်းသည် ပေထင်းဟွမ်ဘက် လိုက်သည်မှာ ထင်ရှားလွန်းသည်။ ပေထင်းဟွမ်သည် ရိုးရိုင်းပြပြပြောဆိုပြီး တိုက်ကြီးတစ်ခုလုံးရှေ့တွင် ပေထင်းမိသာစု၏မျက်နှာကို စော်ကားခဲ့သေးသည်။ သို့သော် ပေထင်းချင်း သည် သူမကို စိုက်ကြည့်ရုံသာကြည့်ခဲ့သည်။ တခြားလူသာဆိုလျှင် သူတို့သည် ပေထင်းချင်း၏ သတ်ခြင်းကိုခံရပြီး အပြစ်ပေးခံရမည်ဖြစ်သည်။ ထို့အပြင် မိသားစု၏ဂုဏ်သည် တခြားအရာများထက် အရေးကြီးသည်။
သို့သော် ပေထင်းဟွမ်သာ ထိုအကြောင်းကိုသိလျှင် သေချာပေါက် နှာရှုတ်မည်ဖြစ်သည်။ ပေထင်းမိသားစုက သူမကို သေစေချင်တာလား။ ထိုကိစ္စသည် သူတို့တွင် အစွမ်းအစရှိမရှိပေါ်တွင် မူတည်သည်။ သခင်ဟောင်း ၏ အစွမ်းအစပေါ်တွင်သာ မှီခိုပြီး သူမ၏အသက်ကိုယူရန် အလွန်ခက်ခဲမည်။
အတွင်းခြံဝင်း၏အကြီးအကဲ ပေထင်းကျန့်သည် ထိုအရာကို တောင့်ခံနိုင် မည်လား မသေချာပေ။ သခင်ဟောင်းပေထင်းချင်းထွက်သွားပြီးနောက် သူ လည်းခြေထောက်တော့ကာ ထွက်သွားရတော့သည်။
သည်တစ်ခေါက်လာသူများသည် ကောင်းကင်အဆင့်ကျွမ်းကျင်သူများ ဖြစ်ကြသည်။
အကြီးနှစ်ယောက်ထွက်သွားပြီးနောက် လူငယ်ဆက်ခံသူများသည် ပေထင်းဟွမ်အား အပြုံးသဲ့သဲ့ဖြင့်ကြည့်ကာ အေးစက်စွာပြောလေသည် “ညီလေး ၉ မင်းက မင်းစားချင်သလောက်စားလို့ရတယ် ဒါပေမဲ့ ပြောချင်တိုင်း ပြောလို့မရဘူး.. မင်းက မိသားစုကို ဘာမှလုပ်ပေးရသေးတာမဟုတ်ဘူး.. နောက်ဆိုရင် မိသားစုမှာ ပြဿနာမရှာဖို့မျှော်လင့်ပါတယ်”
ပေထင်းဟွမ်သည် အရင်က ပညာအပေးမခံရဖူးပေ။ သူမသည် မျက်မှောင်ကြုတ်ကာ သူမအစ်ကိုကြီးထက်ကြီးသည့် ထိုလူ့ကိုစိုက်ကြည့်လိုက် သည်။ သူသည် ၃၀ အစောပိုင်းအရွယ်ရှိကာ ပေထင်းမိသားစု၏ တိုက်ရိုက် ဆက်ခံသူဝတ်စုံကိုဝတ်ဆင်ထားသည်။ သူ၏ ထူထဲသောမျက်ခုံးများအကြား တွင် ရက်စက်သည့်အရိပ်အယောင်ရှိနေသည်။ သူမသည် ထိုလူကို လုံးဝမသိ ပေ။ သူမသည် ဒေါသဖြင့်ရယ်မောကာ ပြောလိုက်သည် “ညီလေး ၉ ဟုတ်လား အကြောင်းမရှိဘဲ လာပြီးအမျိုးမစပ်ပါနဲ့.. ကျွန်တော်က ပေထင်းမိသားစုဝင် မဟုတ်ဘူးလို့ပြောပြီးပြီ.. ခင်ဗျားတို့ကန်းနေကြတာလား.. ပြီးတော့ ကျွန်တော့် ကို ညီလေး ၉ လို့ခေါ်တာနဲ့ပဲ ကျွန်တော့်ကို ပညာပေးလို့ရပြီလို့ထင်နေတာ လား.. ကျွန်တော့်အစ်ကိုကြီး ဒီမှာရှိတယ် ကျွန်တော့်ကို သင်ပေးဖို့မလိုဘူး.. ခင်ဗျားစားချင်သလောက်စားလို့ရတယ် ပြောချင်တိုင်းပြောလို့မရဘူး.. ပြဿနာမရှာမိဖို့ သတိထားပါ”