အင်ပါယာရဲ့ဧကရာဇ်တောင်မှ
Vol. 33 Ch. 652
ဟာသပဲ။ သူမ ပေထင်းဟွမ်က သူများ ပညာပေးတာခံမယ့်သူပဲ။ သူမသည် သူမချစ်ရသူ၏ စကားဆိုလျှင် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ နားထောင်ပေးသည်။ သူကဲ့သို့သူစိမ်းအတွက်ကတော့ သွေးသားတော်စပ်လျှင် လည်း အရေးမရှိလှပေ။ သူမ ခံစားချက်မကောင်းချိန်တွင် မီးထဲဆီမလောင်း လျှင် အကောင်းဆုံးဖြစ်မည်။
“ပေထင်းယိ ပြောလို့ပြီးပြီလား.. ပြောလို့ပြီးရင်လည်း သွားလိုက်တော့” ပေထင်းကျင်သည် ဒေါသထွက်နေသည်။ သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး လက်သီးကိုဝေ့ပြလေသည် “ဒီမှာဘာလို့စကားတွေများနေတာလဲ.. ဘာလို့ မိန်းမ မလုပ်တာလဲ”
ပေထင်းဟွမ်သည် ထိုနာမည်ကိုတော့ သိထားသည်။ သူသည် အတွင်း ခြံဝင်း ပထမအကြီးအကဲ၏ မြေးဖြစ်သည်။ ထို့ကြောင့်ပင် သူမအား အရေးမပါ သည့်စကားများ လာပြောခြင်းဖြစ်သည်။ ထို့အပြင် သူမသည် သူ၏အဘိုးအရင်းဆီမှ အနိုင်ကျင့်ခံခဲ့ရသည်။
သူသည် ဘေးရှိ ဝိုင်းကြည့်နေကြသော လူများကို ကြည့်လိုက်သည်။
အများစုသည် ဤတိုက်ကြီးရှိ ဂုဏ်ရှိသောအထက်တန်းစားများဖြစ်ကြ သည်။ ပေထင်းယိ၏ မျက်နှာသည် ဖြူဖျော့လာသည်။ ဟင်း ဒီနှစ်ယောက်က သူတို့မိသားစုကို ဘယ်လိုအရှက်ခွဲရမလဲဆိုတာကိုပဲသိတယ်။ သူတို့က မျက်နှာ ပျက်အောင်လုပ်ရင်တောင် သူတော့လုပ်လို့မရဘူး။
အေးစက်စွာ နှာမှုတ်ပြီးနောက် ပေထင်းယိသည် ကောင်းကင်ပေါ်သို့ ပျံကာ ပေထင်းချင်းနှင့် ပေထင်းကျန့်တို့နောက်လိုက်ကာ နန်းတော်ဆီသို့ သွားလေသည်။
“ရှောင်ကျို့ သွားရအောင်” ပေထင်းကျင်သည် ရှန်းယန်ပိုနှင့် ပေထင်းဟွမ်အား ဘယ်တစ်ဖက် ညာတစ်ဖက် ဆုပ်ကိုင်ကာ နန်းတော်ဆီသို့ ပျံလေသည်။
ရွှေရောင်၊ အနီရောင်၊ အဖြူရောင်တို့ပေါင်းစပ်ထားသော မြင့်မားပြီး ခမ်းနားသည့် နန်းတော်သည် အမျိုးမျိုးသောရောင်စုံမီးရောင်များ၏ အလင်းရောင်အောက်တွင် ပြိုးပြိုးပြက်ပြက်လက်နေသည်။ နန်းတော် ဝင်ပေါက်တွင် ဧကရာဇ်၏ ဂုဏ်သရေရှိအစောင့်များကို ကြပ်ကြပ်မတ်မတ် ထားရှိထားသည်။ အရေးကြီးပုဂ္ဂိုလ်များလာသည့်အချိန်တိုင်းတွင် သူတို့သည် ဂီတပွဲတော်နားထောင်ရန်အတွက် ကြိုဆိုပို့ဆောင်ကြသည်။ အင်ပါယာ၏ ဧကရာဇ်သည် ဝန်ကြီးနှင့် အချစ်ဆုံးကိုယ်လုပ်တော်များကို ဦးဆောင်ကာ အထူးလျှောက်လမ်းတံခါးတွင်ရပ်နေသည်။ သူသည် တောင်ပံနှစ်ခုဦးချိုပါ မြင်း ဆွဲလာသည့်ရထားလုံး အကြောက်အလန့်မရှိဖြတ်သွားသည်ကို မီးတောက်နေ သည့်မျက်လုံးများဖြင့် ကြည့်နေသည်။ လမ်းပေါ်တွင်လှိမ့်လာသည့် ဘီးလုံးသံ သည် ထောင်လွှားသံပေါက်နေသည်။
တောင်ပံနှစ်ခုဦးချိုမြင်းသည် ဘေးနှစ်ဖက်တွင်စောင့်ဆိုင်းနေသော အရာရှိများနှင့် ဝန်ကြီးများကို မထီမဲ့မြင်ကြည့်သွားလေသည်။ မွန်မြတ်သော သားရဲသည် ခေါင်းကိုမြင့်မြင့်မြှောက်ထားကာ ခွာနှင့်မြေကြီးကိုဆောင့်ပြီး အသံပြုလုပ်လေသည်။
ရထားလုံးကိုဆွဲသည့်မြင်းပင်လျှင် မွန်မြတ်သောသားရဲဖြစ်သည်။
တိုက်ကြီးပေါ်ရှိ မျိုးရိုးမြင့်အထက်တန်းစားများသည် ထိုရထားလုံးကို မြင်သောအခါ အားလုံးခေါင်းငုံ့ကြသည်။ သူတို့၏မျက်လုံးများထဲတွင် အကြောက်တရားများဖြစ်ပေါ်လာသည်။ သူတို့သည် ရာယာအင်ပါယာ၏ နန်းတော်အတွင်းမှာသာမဟုတ်လျှင် မိသားစုကြီး၏ခေါင်းဆောင်နှင့် အဖွဲ့အစည်းကြီး၏ ခေါင်းဆောင်များပါ ထိုလူ၏ဂုဏ်သရေအောက်တွင် ဒူးထောက်ဦးညွှတ်ရမည်ဖြစ်သည်။
“အရှင်မင်းကြီး အခု တိုက်ကြီးပေါ်က အင်အားစုအကုန်လုံး ရောက်ပါပြီ.. ညအရှင်သခင်က အရှင့်ရဲ့ဂုဏ်ကိုတည်ဆောက်ပေးဖို့ အချိန်ကျပါပြီ.. ဒါပေမဲ့ ကြည့်လိုက်ပါ ညအရှင်က အရှင့်ရှေ့မှာဖြတ်သွားပြီး ရထားလုံးပေါ်ကနေ တောင် မဆင်းဘူး.. စဉ်းစားကြည့်လိုက်ပါ.. တခြားအင်ပါယာသုံးခုက လူတွေ ဒါကိုမြင်ရင် ရာယာအင်ပါယာရဲ့တော်ဝင်မိသားစုကို ဘယ်လိုတွေးသွားကြမလဲ” ရာယာအင်ပါယာ၏ ဧကရာဇ်နောက်မှ ကိုယ်လုပ်တော်သည် ညအရှင်သခင်၏ ရထားလုံး နန်းတော်ထဲသို့မောင်းနှင်သွားသည်ကို အလိုမကျသည့်မျက်လုံးများ ဖြင့်ကြည့်နေသည်။ သူမသည် မျက်မှောင်ကြုတ်ကာ ဧကရာဇ်၏ဘက်သို့ ကိုယ်ကိုင်းကာ တိုးညင်းသောအသံဖြင့်ပြောလေသည်။
ဧကရာဇ်သည် တဖြည်းဖြည်းလှည့်ကာ ထိုကိုယ်လုပ်တော်အား ထူးဆန်း သောအကြည့်ဖြင့် အတန်ကြာအောင် စိုက်ကြည့်လေသည်။ သူ့မျက်လုံးများ အရောင်လက်လာသည် “ကျို့အာနဲ့ သေနာပတိတို့ကြောင့် မင်းသား ၃ ကို ရန်ငြိုးထားချင်တယ်ဆိုလည်း ငါ မင်းကိုမတားဘူး.. ဒါပေမဲ့ ရာယာအင်ပါယာ ကမင်းအတွက် လက်စားချေပေးစေချင်တယ်ဆိုရင်တော့ ငါ့ဘိုးဘေးတွေ တည်ထောင်ထားခဲ့တဲ့ အင်ပါယာကို ငါ့လက်ထဲမှာ အပြိုပျက်မခံနိုင်ဘူး.. စီရင်ချက်ဗိမာန်က အကြီးအကဲကြီးကို လွှတ်လိုက်တယ်လို့ကြားတယ်.. မင်း လုပ်ချင်တာကို အကြီးအကဲကြီးနဲ့ ဆွေးနွေးသင့်တယ်”
ထိုကိုယ်လုပ်တော်သည် ရှန်းယန်ကျို့၏မိခင်ဖြစ်ပြီး ဧကရာဇ်၏ အချစ်ခံ ရဆုံးကိုယ်လုပ်တော် ယဲ့ချင်ဖြစ်သည်။ သူမသည်လည်း စီရင်ချက်ဗိမာန်၏ သူတော်စင်မဟောင်းဖြစ်သည်။ သူမသည် ဧကရာဇ်၏စကားများကို ကြားပြီး နောက် ဒေါသထွက်ကာ ရင်ဘတ်မှာ ပင်လယ်လှိုင်းလုံးကဲ့သို့ တက်ချည်နိမ့်ချည်ဖြစ်နေသည်။ သူမ ကောင်းကင်တွင်ပျံလာသော လူ နှစ်စုကို မြင်သောအခါ သူမ၏နှုတ်ခမ်းများပေါ်တွင် အေးစက်သောအပြုံးများနေရာယူ သွားကြတော့သည်.