← Chapters

ရန်သူကို လမ်းကျဉ်းမှာတွေ့ရတတ်တယ်၊ စီရင်ချက် ဗိမာန်

Vol. 33 Ch. 653

ရန်သူကို လမ်းကျဉ်းမှာတွေ့ရတတ်တယ်၊ စီရင်ချက် ဗိမာန်

Vol. 33 Ch. 653

သူတို့ နန်းတော်ဝင်ပေါက်သို့ရောက်သောအခါ မိုးပေါ်မှ နန်းတော်ထဲသို့ တိုက်ရိုက်ဆင်းသက်ရန် မဖြစ်နိုင်ပေ။ ထိုအရာသည် တော်ဝင်မိသားစုအား မလေးစားရာရောက်သည်။

ပေထင်းချင်းနှင့်တခြားသူများသည် မိုးပေါ်မှဆင်းသက်ပြီးနောက် တံခါး ဆီသို့လျှောက်သွားလိုက်ကြသည်။

ပေထင်းဟွမ်၏အကြည့်သည် အရှေ့တွင်ရှိနေသော ပုံရိပ်နှစ်ခုဆီသို့ ရောက်သွားသည်။ သူတို့သည် ပေထင်းချင်းနှင့် ပေထင်းကျန့်တို့ဖြစ်ကြသည်။ သူတို့နှစ်ယောက်လုံးသည် အသက် ၅၀၊ ၆၀ ခန့်ရှိပြီဖြစ်သည်။

ပေထင်းကျန့်သည် ပို၍အသက်ကြီးပုံပေါက်သည်။ ပေထင်းဟွမ်၏ အလိုလိုသိစိတ်အရ သူတို့နှစ်ယောက်သည် တစ်မအေတည်းမှ မွေးဖွားလာ သည့် ညီအစ်ကိုအရင်းများဖြစ်ကြသည်။ သူတို့သည် အပြင်ကမ္ဘာမှပြောနေ သကဲ့သို့ ဖော်ရွေပုံမပေါက်ပေ။

ပေထင်းဟွမ်၏မျက်လုံးထဲမှရှုပ်ထွေးမှုများကို ကြည့်ပြီး သူမဘေးတွင် လျှောက်နေသော ပေထင်းကျင်သည် တိုးညင်းစွာပြောလာလေသည် “သခင်နဲ့ အကြီးအကဲ ၁ တို့က လွန်ခဲ့တဲ့နှစ်တွေမှာ ခဏခဏစကားများခဲ့ကြတယ်.. အစက အဘိုးကသခင်နေရာကို ဦးလေးကို ပေးချင်တာ. .ဒါပေမဲ့ အကြီးအကဲ အဖွဲ့အစည်းက သဘောမတူကြဘူး”

ပေထင်းချင်းသည် ဝိညာဉ်သခင်ကြီးဘုံသို့ဝင်နေပြီဖြစ်ကာ အသက် ၁၀၀ မပြည့်သေးပေ။ သူသည် နေထိုင်ရန် နှစ်များစွာကျန်သေးသည်။ သူသာ မိသားစုခေါင်းဆောင်နေရာကို ယခုအချိန် ဦးလေးကို လွှဲပေးလိုက်လျှင် မည်သို့ ဖြစ်မည်နည်း။ ပေထင်းဟွမ်သည် အာဏာရှိသူများ၏ အတွေးများကို နားလည် နိုင်သည်။ လူအများသည် အာဏာကိုဆုပ်ကိုင်မိသည်နှင့် လက်လွှတ်နိုင်သူ အနည်းငယ်သာရှိသည်။ ပေထင်းဟွမ် ပြောလိုက်သည် “အကြီးအကဲ အဖွဲ့အစည်းကဘာလို့ သဘောမတူတာလဲ”

ပေထင်းကျင်သည် တိုးညင်းစွာပြန်ပြောလေသည် “အကြီးအကဲ အဖွဲ့အစည်းက ဆွေးနွေးတာတစ်ခုရှိဖူးတယ်.. ငါ ဖြတ်သွားတုန်းက အကြီးအကဲကြီးအော်ပြောတာ ကြားလိုက်တာ သူပြောတာက 'လန်အာရှိတဲ့ အချိန် လန်အာကို နေရာပေးတာ ငါ မကန့်ကွက်ဘူး.. ဒါပေမဲ့ လန်အာမရှိတဲ့ အချိန်မှာ ဘာလို့ ရွေ့အာကို ပေးတာလဲ.. အဲတုန်းက ငါ မင်းကို မိသားစု ခေါင်းဆောင်နေရာပေးခဲ့တယ်.. အခု မင်းရဲ့သားအကြီးဆုံးမရှိမှတော့ ဘာလို့ ငါနဲ့ရွယ်တူကို မပေးတာလဲ' လို့ပြောနေတာ”

ပေထင်းဟွမ်၏ မျက်လုံးများ တဖျတ်ဖျတ်လက်သွားသည်။ ပေထင်းလန် သည် သူမ၏ဖခင်ဖြစ်ကာ ပေထင်းချင်း၏ အကြီးဆုံးသားဖြစ်သည်။ သူမ၏ အဖေသာရှိလျှင် သူ၏ပြိုင်ဘက်ကင်းသည့် အရည်အချင်းနှင့် သားအကြီးဆုံး ဆိုသည့်ရာထူးတို့သည် မိသားစုအား ဆက်ခံပိုင်ခွင့်ရှိသည်။ ယခုအခါ သူမ၏ အဖေမှာပျောက်ဆုံးနေသဖြင့် ပေထင်းချင်းသည် မိသားစုခေါင်းဆောင်နေရာ ကို ညီဖြစ်သူအားပေးချင်သည်မှာ နားလည်ပေးနိုင်စရာရှိသည်။ မိသားစုကြီး လေးခု၏ ခေါင်းဆောင်နေရာသည် ပေါ့ပေါ့တန်တန်မဟုတ်ပေ။ အကြီးအကဲ ၁ ပြောသကဲ့သို့ အလုခံလိုက်ရလျှင် မည်သို့ဖြစ်မည်နည်း။

ကိစ္စများသည် နောက်ထပ်ရှိနေဦးမည်ဟု သူမ၏ အလိုလိုသိစိတ်မှ ပြော နေသည်။ ပေထင်းကျင်၏အသံကိုကြားပြီးနောက် သူမ ပြောလိုက်သည် “နှစ် တွေအများကြီးမှာ မင်း မိသားစုထဲမှာမရှိတာ ကံကောင်းတယ်.. အကြီးအကဲ ၁ က မိသားစုခေါင်းဆောင်နေရာအတွက် ဦးလေးနဲ့ပြိုင်ချင်နေတာ.. အဲကောင် ပေထင်းယိကလည်း လက်ရှိ စီရင်ချက်ဗိမာန်ရဲ့ သူတော်စင်မနဲ့ ဆက်ဆံရေး တစ်ခုရှိနေတယ်.. သူတို့နှစ်ယောက်က ဆက်ဆံရေးကောင်းကြတယ်.. အခု ကြည့်ရတာ သူတို့က လက်ထပ်ဖို့စီစဉ်နေကြတဲ့ပုံပဲ”

“စီရင်ချက်ဗိမာန်ကလူတွေလည်း ရောက်ကြပြီလား” ပေထင်းဟွမ်သည် ဘာမှမရှိသော မေးစေ့ကိုပွတ်လိုက်သည်။ သူမသည် ဆက်ခံသူနှစ်ယောက်လုံး ကို သတ်ခဲ့သည်။ ယခုအခါ ထိုသူတော်စင်မလာသောအခါ သူမသည် စဉ်းတီတုံးပေါ်မှ ငါးဖြစ်နေပြီလားမသိပေ။ ပေထင်းဟွမ်သည် လှည့်ပတ်ကြည့် ရာ စုံတွဲတစ်တွဲလျှောက်လာသည်ကို မြင်သောအခါ မျက်လုံးများ အရောင်လက်သွားလေသည် “ပြောရင်းနဲ့ အသက်ရှည်တော့မယ်”

မည်သူက နတ်ဆိုးလဲ။ ပေထင်းကျင်မသိတော့ပေ။ တစ်ချိန်တည်းမှာပင် မြင်းအုပ်သည် သူတို့ဆီသို့ တဖြည်းဖြည်းချည်းကပ်လာကြသည်။

နန်းတော်ဝင်ပေါက်တွင် လူအများအပြားရှိနေသည်။ သူတို့သည် သွားချည်လာချည်နှင့်၊ အထူးသဖြင့် ရထားလုံးပေါ်တွင်ထိုင်နေသူများနှင့် လမ်းလျှောက်သူအများအပြားရှိနေကြသည်။ သူတို့ထဲမှ တစ်ဖွဲ့တစ်ဖွဲ့သည် သူတော်စင်အင်္ကျီ နှင်းဖြူရောင်ကို ဝတ်ဆင်ထားသည်။ အားလုံး၏မျက်လုံးများ သည် အေးစက်ကာ သန့်စင်ပုံပေါက်သည်။ သူတို့သည် စီရင်ချက်ဗိမာန်မှ မဟုတ်လျှင် မည်သူဖြစ်မည်နည်း။

အဖွဲ့ထဲတွင် လူအယောက် ၂၀ ကျော်ရှိကာ အားလုံးသည် ကောင်းကင် အဆင့်အထက်များဖြစ်သည်။ အရှေ့မှမိန်းမငယ်လေးသည် ငွေရောင်ဆံပင် ရှည်ကို ရွှေရောင်ဖဲပြားဖြင့် စုချည်ထားသည်။ လေတိုက်လာသောအခါ အလင်းအောက်တွင် ရွှေနှင့် ငွေရောင်များလက်လာရာ အားလုံးကို အံ့အားသင့် စေသည်။ မိန်းမငယ်လေးသည် ချိုမြပုံပေါက်သည်။ သူမ၏ အေးစက်သော မျက်လုံးများကြောင့်သာမဟုတ်လျှင် ပေထင်းဟွမ်သည် ထိုမိန်းကလေးကို သဘောကျမိမည်ဖြစ်သည်...

All Chapters