← Chapters

မင်းက ပေထင်းဟွမ်လား

Vol. 33 Ch. 654

မင်းက ပေထင်းဟွမ်လား

Vol. 33 Ch. 654

ပေထင်းဟွမ်၏မျက်လုံးများသည် စူးရှရာ ထိုမိန်းကလေး၏လက်ထဲမှ လက်နက်ကို ချက်ချင်းမြင်လိုက်လေသည်။ သူမသည် အထူးသဖြင့် သူတို့ကို တရင်းတနှီးရှိလှသည်။ သူတို့သည် ထိုနေ့က ထန်းယန်၏လက်ထဲမှ စီရင်ချက် လှံတံနှင့်တူညီသည်။ ထန်းယန်၏ စီရင်ချက်လှံတံသည် သူမ၏ လေဟာနယ် တွင်ရှိနေသည်ကိုသာ အာရုံမခံမိလျှင် ထိုသူတော်စင်မသည် မူလလှံတံကို ကိုင်ထားသည်ဟု အတွေးမှားတော့မည်ဖြစ်သည်။

စီရင်ချက်ဗိမာန်သည် ပင်မတိုက်ကြီးတွင် တန်ဖိုးရှိယုံကြည်မှုများကို စုပုံရရှိထားသည်။ သဘာဝကျကျပင် ကမ္ဘာကြီးရှေ့သို့ပေါ်ထွက်ရန် လွန်ကဲ့ သည့် နည်းလမ်းများကို အသုံးပြုပုံရသည်။ သူတို့သည် လေလံပွဲကိုတက်ရုံသာ တက်သော်လည်း အားကောင်းသောလူများကို စေလွှတ်ခဲ့သည်။ သူတို့သည် အားကောင်းရုံသာမကဘဲ သူတော်စင်မ၏ အလှတရားသည် နန်းတော်ရှေ့မှ လူများအားလုံးနီးပါး၏ အာရုံကို ဆွဲဆောင်မိလျက်သားဖြစ်သည်။ အထူးသဖြင့် ထိုအမျိုးသားများသည် သူတော်စင်မယဲ့ဟွာကို နတ်ဘုရားတစ်ပါးအလား လေးစားသမှုဖြင့် ကြည့်ကြလေသည်။ သူမသည် အဝေးတွင်မြင်နေရပြီး ကစား ၍မရသည့် မိုးပေါ်မှ လမင်းစန္ဒာကဲ့သို့ပင်။

ဤကဲ့သို့ လူအများစောင့်ကြည့်နေကြသည့် လူရှေ့သူရှေ့တွင် ပေထင်းယိသည် အလွန်အမင်းကျေနပ်နေပုံရသည်။ သူသည် ယဲ့ဟွာကိုမြင်ချိန် တွင် ခေတ္တမျှရပ်ကာ လျင်မြန်စွာလျှောက်သွားလေသည်။ သူသည် ယဲ့ဟွာ၏ လက်ကို အမြတ်တနိုးဆုပ်ကိုင်ကာ လှိုက်လှိုက်လှဲလှဲပြုံးကာမေးလေသည် “ဟွာအာ မင်းလာမယ်ဆိုတာ ဘာလို့ကိုယ့်ကို အကြောင်းမကြားတာလဲ”

ယဲ့ဟွာ၏အကြည့်သည် ပေထင်းဟွမ်မိသားစုဝင်များကို ဖြတ်ပြေးကြည့် လေသည်။ ပေထင်းညီအစ်ကိုများအပေါ်တွင် အကြည့်ခေတ္တမျှရပ်သွား ပြီးနောက် သူမ၏လက်ကိုဆွဲထုတ်ကာ ပြုံးပြီးပြန်ဖြေလေသည် “အစ်ကိုပေထင်း ကျွန်မက မနေ့ကမှရောက်တာပါ”

နတ်ဘုရားကဲ့သို့ ဖြူစင်သောမိန်းကလေးတစ်ယောက်ကို ကဲ့ရဲ့မည်ကို အားလုံးကြောက်ကြသည်။ ဤအခိုက်အတန့်တွင် သူမသည် ပေထင်းမိသားစု ၏ တိုက်ရိုက်ဆက်ခံသူနှင့် အနီးကပ်ရှိပြီး အသားချင်းထိတွေ့ကြသည်ကိုမြင် သောအခါ အားလုံးသည် ပေထင်းယိအား အားကျစွာဖြင့်ကြည့်ကြလေသည်။

ပေထင်းယိသည် ဤကဲ့သို့အခြေအနေအောက်တွင် အမုန်းခံရလျှင် တောင် စိတ်ထင့်စရာမရှိပေ။ ဓားသွားကဲ့သို့ သူ့ကို ကြည့်လေလေ သူ့မျက်လုံး ထဲမှ ဘဝင်ခိုက်သောအကြည့်ကို ဖုံးကွယ်၍မရလေလေဖြစ်သည်။

ပေထင်းဟွမ်၏မျက်လုံးများ အရောင်လက်သွားသည်။ သူမသည် ရှေ့တွင်လျှောက်နေသော ပေထင်းကျန့် မုတ်ဆိတ်ကိုသပ်နေသည်ကို မြင်လိုက်ရသည်။ သူသည် ခေါင်းစောင်းငဲ့ကာ ပေထင်းချင်းအား တစ်စုံတစ်ရာ ပြောနေသည်။ ပေထင်းချင်းသည် သူ့အား ဘာမှပြန်မပြောဘဲ အဓိပ္ပာယ်ပါပါ ကြည့်လေသည်။

သူတို့နှစ်ယောက်သည် တဒင်္ဂမျှအကြည့်ချင်းဖလှယ်ကာ စီရင်ချက်ဗိမာန် မှလူများဆီသို့ လျှောက်သွားလေသည်။ ပေထင်းကျန့်သည် သူတော်စင်မဘေး ရှိ အကြီးအကဲကို ဦးစွာနှုတ်ဆက်လေသည် “သခင်ကြီးယန်ချင်း မတွေ့တာ ကြာပြီပဲ”

“သခင်ဟောင်း အကြီးအကဲ ၁နဲ့ လေးစားရတဲ့ပေထင်းမိသားစုဝင်တို့ တွေ့ရတာဝမ်းသာပါတယ်” ယန်ချင်းသည် မေးစေ့ကိုမြင့်မြင့်မော့ထားကာ ပေထင်းမိသားစုမှလူများကို မောက်မာသောအကြည့်ဖြင့် ကြည့်လေသည်။ သူမ၏ အကြည့်များ ပေထင်းဟွမ်ဆီသို့ ကျရောက်သွားသောအခါ သူမ၏ မျက်လုံးများသည် လင်းလက်သွားပြီးနောက် မှောင်မိုက်သွားလေသည်။

ပေထင်းဟွမ်သည် အကြောင်းအရင်းမရှိ မသက်မသာခံစားရလေသည်။ သူမသည်လည်း ခေါင်းကိုမော့ထားကာ လက်ပိုက်ထားလိုက်သည်။ သူမသည် ဂရုမစိုက်၊ တည်ငြိမ်ပြီးအေးစက်သည့်အကြည့်ဖြင့် ပြန်ကြည့်လေသည်။

ပေထင်းချင်း၏မျက်လုံးများသည် အနည်းငယ်ကျဉ်းမြောင်းသွားပြီး မျက်အိမ်များသည် အေးစက်စွာ ဖျစ်ညှစ်လိုက်သည်။ “သခင်ကြီးယန်ချင်းက စိတ်ပိုင်းဖြတ်ပြီးထားပြီနဲ့တူတယ်.. လူတွေဒီလောက်အများကြီးခေါ်လာတာ.. ဒီတစ်ခါ ရတနာမရရင် လုယူမယ်ဆိုတဲ့သဘောပဲ”

“ကျွတ်”

အားလုံး မှင်တက်သွားကြသည်။ လူတစ်ယောက်သာ သူတို့ကို မျက်နှာ သာမပေးဘဲ နှာရှုတ်လေသည်။ အားလုံးသည် ပေထင်းဟွမ်အား တအံ့တဩ ကြည့်ကြသည်။ ဒီတစ်ခါ မိသားစုနှစ်ခုကို မလေးမစားလုပ်ရဲတာ ဘယ်သူလ။

နဂို၏ အားလုံး၏လေးစားမှုနှင့် ချီးမွမ်းမှုကိုခံရသည့် အကြီးအကဲယန်ချင်းသည် ပေချင်းချင်းနှင့် ပေထင်းဟွမ်တို့၏ လှောင်ပြောင် ခြင်းကိုခံလိုက်ရသည်။ သူမ၏မျက်နှာသည် နီရဲသွားကာ ဒေါသထွက်လွန်း သဖြင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ နန်းတော်ရှေ့ရှိ ကွင်းပြင်တွင် အုတ်အုတ်ကျွတ်ကျွတ်အသံများထွက်လာကြသည်။

ပေထင်းယိနှင့် ရယ်ရယ်မောမောစကားပြောနေသော ယဲ့ဟွာသည် ယခု အခါ အေးစက်သောမျက်နှာထားဖြစ်သွားလေသည်။ သူမသည် သူ့ကိုပစ်ထား ပြီးပေထင်းဟွမ်ဆီသို့ လျှောက်လာလေသည်။ သူမ၏အကြည့်များသည် အေးစက်နေကာ သူမ၏နှုတ်ခမ်းရဲရဲများ အနည်းငယ်ပွင့်ဟလာသည် “မင်းက ပေထင်းဟွမ်လား.. မင်းက အရမ်းအရည်အချင်းရှိတယ်လို့ ငါကြားဖူးတယ်.. ပင်မတိုက်ကြီးရဲ့ပြိုင်ဘက်ကင်းပါရမီရှင် ညအရှင်ခသင်တောင်မှ မင်းကို မယှဉ်နိုင်ဘူးဆို”

All Chapters