← Chapters

သန့်စင်တဲ့အပျိုပဲ ညအရှင်သခင်နဲ့ယှဉ်လို့ရတာလား

Vol. 33 Ch. 655

သန့်စင်တဲ့အပျိုပဲ ညအရှင်သခင်နဲ့ယှဉ်လို့ရတာလား

Vol. 33 Ch. 655

ပေထင်းဟွမ်သည် ပေထင်းမိသားစုမှ နှင်ထုတ်ခံထားရသည့် အဆင်းသာ ရှိပြီး အချင်းမရှိသူဖြစ်သည်။ သူမသည် ၁၄ နှစ်သာရှိသေးကာ ဤတိုက်ကြီး ပေါ်တွင် ခွန်အားကိုမွေးမြူနေသူဖြစ်သည်။ ထိပ်တန်းအဖွဲ့အစည်းများသည် သူမအပေါ်တွင် အာရုံစိုက်ထားကြသည်။ သူမသာ ပေထင်းမိသားစုသို့ မပြန် သရွေ့ ထိုအဖွဲ့အစည်းများသည် သူမကို လက်လွှတ်ခံမည်မဟုတ်ပေ။

ကံကောင်းစွာပင် ပေထင်းဟွမ်သည် မြို့တော်သို့ရောက်ကတည်းကပင် ပေထင်းမိသားစု၏ တံခါးခုံပင်မကျော်ခဲ့ပေ။

မျက်လုံးများအားလုံးသည် ပေထင်းဟွမ်အပေါ်တွင် ကျရောက်နေသည်။ အားလုံးသည် သူမ၏တုံ့ပြန်မှုကို စောင့်နေကြသည်။

ညအရှင်ဆိုသည့်နာမည်သည် ဤတိုက်ကြီးပေါ်တွင် ကလေးများကို ငိုသွားစေလောက်သည့် နာမည်ဖြစ်သည်။ သူ၏အရည်အချင်းသည် ဤတိုက် ကြီးပေါ်တွင် နှစ်ပေါင်းတစ်သောင်းကြာသည်အထိ ပြိုင်ဘက်ကင်းခဲ့သည်။

ပေထင်းဟွမ်ရဲ့အဖြေက 'ဟုတ်တယ်' လား 'မဟုတ်ဘူး' လား။

စီရင်ချက်ဗိမာန်၏ သန့်စင်သောအပျိုပီသသည်။ သူမသည် အသေးစိတ် ပြီး သူမ ချလိုက်သည့်ထောင်ချောက်များသည် ဓားများ၊လှံများထက်ပင် ပို၍ ရက်စက်သည်။ ထို့အပြင် သူတော်စင်မ၏ ခွန်အားသည် ပင်မတိုက်ကြီးတွင် အားကောင်းသောအမျိုးသားများကြောင့် တန်ဖိုးတက်ခဲ့သည်။

လေးစားသောအကြည့်များစွာသည် သူတော်စင်မဆီရောက်ရာ သူမ၏ နဂိုမောက်မာသောအပြုံးကို ပိုတောက်ပစေသည်။ ဟင်း.. ကောင်စုတ် မင်းက စီရင်ချက်ဗိမာန်ကလူတွေကို လှောင်ပြောင်ရဲသေးတယ်။ အချိန်ရောက်ရင် မင်း ဘယ်လိုသေမလဲဆိုတာကိုတောင် သိလိုက်မှမဟုတ်ဘူး။

ညအရှင်သခင်က ဘယ်သူမို့လို့လဲ။ သူက တိမ်တိုက်တွေကြားက နေပဲ။ ညအရှင်သခင်သည် ပေထင်းဟွမ်အား အလွန်တန်ဖိုးထားသည်ဟု ယဲ့ဟွာ ကြားဖူးသည်။ သူမသည် အနည်းငယ် ဝမ်းနည်းနေတုန်းပင်။ ဤတိုက်ကြီးပေါ် တွင် ညအရှင်သခင်ကဲ့သို့ အရည်အချင်းရှိသူရှိလျှင် ထိုလသည် ယဲ့ဟွာသာဖြစ် ရမည်။

သူမသည် အသက် ၂၇ နှစ်တွင် ကောင်းကင်အဆင့်သို့ တက်ခဲ့သည်။ ၁၀ နှစ်အတွင်းတွင် သူမသည် အဆင့်မြင့်ကြယ်ဓားဝိညာဉ်သခင်ဖြစ်ခဲ့သည်။ မကြာခင်တွင် ဝိညာဉ်သခင်ကြီးဖြစ်ရန် အခွင့်အရေးရလာတော့မည်။ ဤအခိုက်အတန့်တွင် သူမ၏မျက်နှာသည် ခေတ္တမျှ အေးခဲနေကာ မယှဉ်နိုင် လောက်အောင်ပင် လှပနေသည်။

ညအရှင်သခင်သည် မိသားစုမှနှင်ထုတ်ခံထားရသည့်ဤအမှိုက်ကို အလွန်တန်ဖိုးထားနေလိမ့််မည်ဟု သူမ မယုံပေ။ သူသည် မည်သူ့ကိုမှ မည်သည့်အရာကိုမှ ဂရုမစိုက်တတ်သည့် အေးစက်ပြီးထောင်လွှားသူဖြစ်၏။ အဲလိုလူက သူ့ကို အရေးတယူရှိတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

အဲလူက ဘယ်လိုလုပ် ပေထင်းဟွမ်လို အမှိုက်ဖြစ်နိုင်မှာလဲ။ ယဲ့ဟွာသည် မယုံနိုင်ပေ။

သူမ အသက် ၃၀ အရွယ်က မှော်သားရဲတောတွင်လေ့ကျင့်ခဲ့ပြီး တောဝက်ထီးများ၏ ဝိုင်းခြင်းခံခဲ့ရသည်ကို မှတ်မိသေးသည်။ ခရမ်းရောင် အလင်းတစ်ချက်လက်သွားပြီး လက်တစ်ချက်ဝေ့လိုက်သည်နှင့် တောဝက်ရိုင်း များသည် ပြာဖြစ်သွားခဲ့ကြသည်။ ၁၀ နှစ်ကျော်ကြာပြီးသည်ထိ ထိုအဖြစ်အပျက်သည် သူမ၏စိတ်ထဲတွင် ရှိနေဆဲဖြစ်သည်။

သူသည် သူမ၏အသက်ကို ကယ်ခဲ့သည်။ သူမအပေါ်တွင် ခံစားချက် မရှိပါက သူသည် ဘာကြောင့် တိုက်ခိုက်မည်နည်း။

အစောပိုင်းက သူသည် ပေထင်းဟွမ်အား 'ညီလေး ၉' ဟုခေါ်ခဲ့သော် လည်း ဤခုအခါ တိုက်ကြီးတစ်ခုလုံးရှေ့တွင် ပေထင်းယိသည် လျှောက်လာပြီး သူတော်စင်မ၏ဘေးတွင်ရပ်လိုက်သည်။ သူ မျက်မှောင်ကြုတ်ပြီး ပြောလေ သည် “သခင်ကြီးပေထင်းဟွမ် ခုနက ဘယ်သူ့ကိုလှောင်လိုက်တာလဲဆိုတာ သိလား.. သူက စီရင်ချက်ဗိမာန်ရဲ့ အကြီးအကဲ ၂ ပဲ”

ပေထင်းဟွမ်သည် ငယ်ပြီးဘာမှမသိသောကြောင့် ယန်ချင်းကို မည်သူ မည်ဝါဖြစ်သည်ကို မသိနေခြင်းဟု ပေထင်းယိထင်ထားသည်။ သူ ထိုသို့ပြော နေချိန်တွင် သူကိုယ်သူ စီရင်ချက်ဗိမာန်အဖွဲ့ဆီသို့ ခန္ဓာကိုယ်တိုးသွားပြီး ပေထင်းဟွမ်အား ရိုင်းပြသည့်အတွက် သတိပေးနေသည်။

ထိုအခြင်းအရာကိုမြင်သောအခါ ပေထင်းကျန့်သည် အသာခေါင်းညိတ် ကာ ပေထင်းယိ၏အပြုအမူများကို ထောက်ခံကြောင်းပြသနေသည်။

ထိုမြင်ကွင်းသည် ပေထင်းချင်း၏ မျက်လုံးထဲမှ ပြေးမလွတ်ပေ။ သူ၏ မျက်နှာအမူအရာသည် အနည်းငယ်ပြောင်းလဲသွားသည်။

စီရင်ချက်ဗိမာန်သည် ပေထင်းမိသားစုကို ရန်စလာသည်က တစ်ကဏ္ဍ ပင်။ သို့သော် ပေထင်းမိသားစု၏တိုက်ရိုက်ဆက်ခံသူ မြေးအဘိုးတို့အတွက် လွန်ကဲသောကိစ္စတစ်ရပ်ပင်။ သူတို့သည် သူ့ကို အရေးတယူမရှိခြင်းပင်။

ဤအခိုက်အတန့်တွင် မူလကဆူညံနေသော နန်းတော်ဝင်ပေါက်သည် တိတ်ဆိတ်သွား၏။ ညလေတစ်ခုသာ ဖြတ်တိုက်သွားသည်။ ၎င်းသည် လူအုပ်ထဲတွင် ညင်သာစွာဝှေ့ပြီး အဝေးသို့တိုက်ခတ်သွားသည်။

ဤအခိုက်အတန့်တွင် အားလုံး၏ နှလုံးသည် လည်ချောင်းထိဆို့တက် လာသည်။ ဆိုးရွားသောလေထုသည် အလွန်အမင်း မသက်မသာဖြစ်လှသည်…

All Chapters