မင်းမေးခွန်းက စိတ်ဝင်စားစရာကောင်းတာပဲ
Vol. 33 Ch. 656
“ဟား ဟား” ရယ်မောသံသည် နန်းတော်ဝင်ပေါက်ရှေ့တွင် အထိန်းအချုပ်မရှိပေါထွက်လာသည်။ ပေထင်းဟွမ်သည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူမ၏ ဝတ်ရုံရှည်နှင့် ရှည်လျားသော ဆံပင် များသည် ညလေတွင် လွင့်ပါနေသည်။ သူမ၏မျက်နှာမှ ငွေရောင်မျက်နှာဖုံး သည် အေးစက်သောအလင်းထွက်ပေါ်နေရာ ကြည့်သူများအဖို့ မျက်လုံးများပင် မဖွင့်နိုင်တော့ပေ။ သူမ၏အေးစက်ပြီး ဆိတ်ငြိမ်သောမျက်လုံးများသည် ပေထင်းမိသားစု၏ မြေးဆီသို့ ဖြတ်ပြေးသွားကာ ငေါ့ပြီးပြောလေသည် “အရှင်မ မင်းရဲ့မေးခွန်းက စိတ်ဝင်စားစရာကောင်းတာပဲ.. အရင်တုန်းက ကျွန်တော်ငယ်လို့ ညအရှင်သခင်ရဲ့ ဂုဏ်သရေကိုမမြင်မိဘူး.. အရှင်မလည်း သူနဲ့ ဂုဏ်သရေချင်းပြိုင်တဲ့အချိန်မှာ နှစ်တွေကိုမမေ့လိုက်သင့်ပါဘူး.. ဘာလို့ ကျွန်တော့်ကို အကဲမဖြတ်တာလဲ.. ကျွန်တော့်အရည်အချင်းက ဘယ်လိုလုပ် ညအရှင်ကို ယှဉ်နိုင်မှာလဲ”
ပေထင်းဟွမ်၏ အပြုံးသည် မောက်မာလွန်းရာ သူမ၏ပြိုင်ဘက်ကိုပင် အရိုးထဲထိ မုန်းသွားလောက်သည်။
ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသည့် ယဲ့ဟွာ၏ အေးခဲနေသောမျက်နှာ ပေါ်မှ အေးစက်သောအပြုံးသည် ဤအခိုက်အတန့်တွင် ဖုတ်ကောင်ကဲ့သို့ ဖြစ် နေသည်။ သူမ၏ရင်ထဲမှ မီးတောက်များကို ညလေက ဝင်မွှေသွားလေသည်။ ဤအခိုက်အတန့်တွင် သူမ၏ နှင်းဖြူရောင်မျက်နှာသည် ဝက်အသည်းကဲ့သို့ ရဲသွားသည်။ သူမသည် ငွေရောင်သွားများကို ကြိတ်လိုက်သည်။
သူမသည် ငယ်သေးကာ ညအရှင်သခင်၏ ဂုဏ်သရေမြင့်လာည်ကို မမြင် ရသေးပေ။ ယဲ့ဟွာသည် ညအရှင်နှင့် ဂုဏ်သရေချင်းပြိုင်နေသည်ဟု သူမ ပြောလိုက်သေးသည်။ အဓိပ္ပာယ်မှာရှင်းလင်းလွန်းသည်။ သူမသည် ယဲ့ဟွာထက် ငယ်သည်။
၎င်းသာ အမှန်တရားဖြစ်လျှင် ပေထင်းဟွမ်သည် အကျဉ်းတန်သည်ဟု မပြောလိုက်သော်ငြား အသက်ကြီးသည်ဟု ပြောခြင်းကိုခံနိုင်ရည်ရှိသည့် မိန်းကလေးဟူ၍မရှိပေ။
“ဟင်း မသိတတ်လိုက်တဲ့ကလေး.. မင်းက အရမ်းထောင်လွှားရင် မြန်မြန်သေတတ်တယ်” အကြီးအကဲယန်ချင်းသည် အော်လေသည်။
ပေထင်းကျင်သည် သူ့ကို ထိုးတော့မည်ပြုသည်။ သူ့ရှေ့မှာ ဘယ်လိုလုပ် သူ့ညီလေးကို အနိုင်ကျင့်ရဲရတာလဲ။ သူသည် လက်ရှိတွင် ဝိညာဉ်သခင်ကြီး မဟုတ်သော်လည်း ဤအဘိုးကြီးကို သင်ခန်းစာပေးရမည်။
ပေထင်းဟွမ်သည် သူ၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်ကာ အစ်ကိုဖြစ် သူကို ရှေ့တိုးခွင့်မပေးပေ။ သူမသည် မောက်မာသော်လည်း မတုံးအပေ။ တိုက်ကြီးတွင် နှစ်ပေါင်းတစ်သောင်းကြာအောင် အုပ်စိုးခဲ့သော စီရင်ချက် ဗိမာန်ကဲ့သို့ အင်အားစုကို သူမ ကောင်းစွာသိသည်။ သူတို့၏လက်ထဲမှ ဝှက်ဖဲ သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ မလိုအပ်လျှင် သူမသည် တစ်ဖက်လူနှင့် ထိပ်တိုက်မတွေ့လိုပေ။
ယခုအချိန် လူကြားထဲတွင် သူမ၏ 'ပေယဲ့' ဆိုသည့်သရုပ်မှန်ကို ကြေညာ ရန်အချိန်မကျသေးပေ။
“ကျုပ်မြေးက ငယ်ပြီးမသိတတ်ဘူးလို့ပြောတာ သခင်ကြီးယန်ချင်း တစ်ယောက်တည်းမဟုတ်ပါဘူး” ပေထင်းချင်းသည် နက်ပြီးကြမ်းတမ်းသော အသံနှင့် တံခါးပေါက်မှထွက်လာသည်။ “သူက ဒီနေ့တစ်ရက်တည်း မောက်မာ တာမဟုတ်ပါဘူး.. အခု သူကောင်းကောင်းအသက်ရှင်နေတော့ သူ့မောက်မာမှု ကြောင့် မသေနိုင်ဘူးဆိုတာ၇ျင်းနေတာပဲ.. စောစောသေတဲ့သူတွေက အရည်အချင်းမမှီတာပေါ့.. ဥပမာဆိုရရင် ခင်ဗျားတို့ခန်းမရဲ့ ဆက်ခံသူနှစ်ယောက်လိုပေါ့”
ပေထင်းဟွမ်သည် ပေထင်းချင်းကို သဘောမကျလှသော်လည်း ထိုလူ့ကို အနိုင်ယူလိုက်သည်ကိုကြားသောအခါ စိတ်ထဲမှ အကြိမ်ပေါင်းရာချီ ချီးကျူးမိ သည်။ အရေးအကြီးဆုံးမှာ သူ့စကားများသည် သူမကို သဘောကျစေသည်။
ဤအခိုက်အတန့် နန်းတော်ဝင်ပေါ်တွင် ညအရှင်သခင်သည် နန်းတော် သို့ ဆိုက်ရောက်ကြောင်း သတင်းကြားလိုက်ရသည်။ မဟုတ်လျှင် ယန်ချင်း သည် လူကြီးကိုလေးစားရန် ပေထင်းဟွမ်အား နန်းတော်ဝင်ပေါက်တွင် ချက်ချင်း သင်ခန်းစာပေးချင်နေသည်။
ညအရှင်အိမ်တော်သည် ပေထင်းဟွမ်အား ကာကွယ်ပေးသည်ဟု လွှမ်းမိုးနိုင်သည့် သဘောထားနှင့် တိုက်ကြီးတွင် အကြိမ်ကြိမ်အခါခါ ကြေညာ ခဲ့သော်လည်း ဤလူငယ်သည် အဖွဲ့အစည်းတစ်ခုကို ဆန့်ကျင်လိမ့်မည်ဟု မည်သူမှမယုံကြည်ကြပေ။ အနည်းဆုံးတော့ သူတို့သည် ပေထင်းဟွမ်၏ အသက်ကိုမယူကြပေ။ ထိုသို့ဆိုလျှင် ညအရှင်အိမ်တော်သည် စီရင်ချက်ဗိမာန် နှင့် ရန်သူဖြစ်လာမည်ဟု ဆိုလိုသည်မဟုတ်ပါလား။
“ဘယ်လိုပဲဖြစ်ဖြစ် သခင်ကြီးပေထင်းဟွမ် မင်းကို မိသားစုက လွန်ခဲ့တဲ့ ၁၀ နှစ်က နှင်ထုတ်ထားတယ်လို့ ငါ သိထားတယ်.. ဘာလို့လဲ အဲတုန်းက အမှိုက်ကကြီးထွားလာတာပဲ.. သခင်ပေထင်းချင်းက အခုမှစကားကို ပြန်ရုတ် သိမ်းမလို့လား” သူတို့ကျရှုံးသည်နှင့် ယန်ချင်းသည် အခမ်းအနားသို့မတက်နိုင် ဘဲ ပေထင်းမိသားစုအား ဖော်ထုတ်တော့သည်...