Chapters

သခင်အိုပေထင်း လေးစားပါတယ်

Vol. 33 Ch. 657

သခင်အိုပေထင်း လေးစားပါတယ်

Vol. 33 Ch. 657

အားလုံးထင်ထားသလိုပင် ပေထင်းချင်း၏ မျက်နှာအိုကြီးသည် နီရဲလာ သည်။ သူ၏မျက်လုံးထောင့်မှနေ၍ ပေထင်းဟွမ်၏မျက်နှာကို ကြည့်လေ သည်။ ထိုကောင်လေးသည် မျက်နှာဖုံးဝတ်ထားရာ ပေထင်းဟွမ်၏မျက်နှာ အမူအရာနှင့် လက်ရှိခံစားချက်ကို သူ မမြင်ရပေ။ “ဒါက မိသားစုကိစ္စပဲ.. စီရင်ချက်ဗိမာန်က ဝင်ပါရမယ့်ကိစ္စမဟုတ်ဘူး.. ဟင်း သူ့ကို မိသားစုက နှင်ထုတ်ရင်တောင် သူက ကျုပ်မြေးမဟုတ်ပါဘူးလို့ ဘယ်သူပြောရဲလဲ.. သူက ပေထင်းမိသားစုဝင်မဟုတ်ပါဘူးလို့ ဘယ်သူပြောရဲလဲ”

မှန်သည်။ ဤကမ္ဘာတွင် သွေးသားဆိုသည်ကို သတ်မှတ်ပေး၍မရပေ။ အထူးသဖြင့် တိုက်ရိုက်သွေးသားကိုပင်ဖြစ်သည်။

ပေထင်းဟွမ်သည် မှင်တက်သွားသည်။ တခြားသူများကို ခြိမ်းခြောက် သည်မှာ အမြဲတမ်း သူမသာဖြစ်ခဲ့သည်။ တစ်နေ့တွင် လူတစ်ယောက်ကြောင့် ထိတ်လန့်နေရမည်ဟု ထင်မထားပေ။ သူမသည် ပါးစပ်ကိုပင် မပိတ်နိုင်တော့ ပေ။

ဤကမ္ဘာတွင် အရှက်မဲ့ဆုံးလူမှာ မည်သူနည်းဟု ပေထင်းဟွမ်ကိုမေးလာ လျှင် သူမကိုယ်သူမ တွေးမိမည်မဟုတ်ဘဲ ကျိန်းသေပေါက် 'ပေထင်းချင်း အဲဒီ အဘိုးကြီး' ဟု ပြောမည်ဖြစ်သည်။

အမှန်တကယ်ပင် ဤကမ္ဘာတွင် အရှက်မဲ့ဆုံးလူဆိုသည်မှာမရှိပေ။ သူတို့ ထက်ပို၍ အရှက်မဲ့သည့်လူမျိုး အမြဲတမ်းရှိစမြဲပင်။

လွန်ခဲ့သည့် ၁၀ နှစ်က ပေထင်းချင်းသည် သူမကို မြို့တော်မှနှင်ထုတ်ကာ လော့ပေမြို့ဟုခေါ်သည့် ခေါင်ပါးသည့်အရပ်သို့ ပို့ခဲ့သည်။

လွန်ခဲ့သည့်နှစ်တစ်ဝက်က လူအများရှေ့တွင် သူမသည် ပေထင်း မိသားစုဝင်မဟုတ်ကြောင်းကို ပေထင်းဟွမ်ကြေညာခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် အဘိုးကြီးပေထင်းချင်းသည် မည်သို့ ပြောလိုက်သနည်း။ သူမသည် နှင်ထုတ်ခံရသည့်တိုင်အောင် သူ၏ မြေးဖြစ် သည်ဟု ပြောနေသည်။ သူမသည် အမြဲတမ်းအရှက်မဲ့သူဖြစ်ခဲ့သည်။ သို့သော် ဤမျှအရှက်မဲ့သူကိုတော့ မမြင်ဖူးပေ။

ပေထင်းဟွမ်သည် ဒေါသထွက်လွန်းသဖြင့် ရယ်မောလေသည်။ ဤအခိုက်အတန့်တွင် သူမသည် ရန်သူရှိနေခြင်းကို မဂရုမစိုက်တော့ပေ။ သူမ၏ မည်းနက်သောအကြည့်သည် ပေထင်းချင်းပေါ်သို့ကျရောက်ကာ အပြုံးသဲ့သဲ့ဖြင့်ပြောလေသည် “သခင်ကြီးပေထင်းချင်း ကျွန်တော်က ပေထင်း မိသားစုဝင်မဟုတ်တော့ဘူးလို့ ပြောပြီးပါပြီ.. အဲဒီ ပေထင်းသယ့်နဲ့ ပေထင်းကျွင်းတို့က ကျွန်တော့်စကားကို ပြန်မပြောကြဘူးလား”

ပေထင်းကျွင်းသည် တရားဝင်မိသားစုဝင်ဖြစ်ရန် အရည်အချင်းမပြည့်မှီ ပေ။ သူသည် ပေထင်းမိသားစု၏ ဥပဒေအရာရှိသာဖြစ်သောကြောင့် ပေထင်း မိသားစု၏အရေးကိစ္စများတွင် ဝင်ပါရန်အရည်အချင်းမရှိပေ။ သို့သော် ပေထင်းကျန့်၏မျက်နှာထား ပြောင်းသွားကာ ပေထင်းဟွမ်အား မှုန်သုန်စွာ ကြည့်လေသည်။

ထိုကလေး၏စကားများသည် ထောင်လွှားသည်။

“ငါသိပါတယ်” ပေထင်းချင်းသည် ပေထင်းဟွမ်အား စိုက်ကြည့်ပြီး အလွန်လေးနက်သောအသံဖြင့်ပြောလေသည် “ငါ မင်းကိုလော့ပေမြို့ကို နှင်ထုတ်တော့လည်းဘာဖြစ်လဲ.. မင်းခန္ဓာကိုယ်ထဲမှာ သွေးစီးနေသရွေ့ မင်းက အသက်ရှင်နေသေးသရွေ့ ငါ့မြေးပဲ.. မင်းက ငါ့ကိုမင်းအဘိုးအဖြစ် အသိအမှတ် မပြုချင်လည်းဘာဖြစ်လဲ.. မင်းက အသက်ရှင်ရင် ပေထင်းမိသားစုဝင်ဖြစ်ပြီး သေရင်လည်း ပေထင်းမိသားစုရဲ့သရဲပဲဖြစ်ရမယ်”

သေလိုက်လေ.. ပေထင်းဟွမ်သည် ဆွံ့အသွားသည်။ သူမ၏ မည်းနက် သောမျက်လုံးများ အရောင်လက်လာသည်။ သူမပြောချင်သည်မှာ “ကျွန်မက မိန်းကလေးပဲ တစ်နေ့ကျွန်မလက်ထပ်မှာပဲ.. ကျွန်မလက်ထပ်ရင်ရော ပေထင်းမိသားစုရဲ့ သရဲဖြစ်နေရဦးမှာလား”

သို့သော် တိုက်ကြီးရှိ အင်အားစုများအားလုံး၏ လိုက်ခြင်းကိုခံရမည့် အကျိုးဆက်ကို လက်မခံနိုင်သဖြင့် ထိုစကားကိုပြော၍မဖြစ်ပေ။

ပေထင်းဟွမ်၏ နှုတ်ခမ်းထောင့်မှာ တွန့်ချိုးသွးသည်။ သူမသည် ဘာမှ မပြောနိုင်တော့ပေ။ ဤအဘိုးကြီးသည် အရှက်မဲ့လွန်းကာ သူ့လိုလူမျိုးကို တစ်ခါမှမတွေ့ဖူးပေ။ သူမရဲ့ခန္ဓာကိုယ်ထဲက သွေးတွေ ပြောင်းပြန်စီးလို့ရလား။ သူမသာ ပြောင်းလိုက်လျှင်တောင် သူမ၏ခန္ဓာကိုယ်ထဲတွင် ပေထင်းမိသားစု၏ မျိုးရိုးဗီဇရှိနေတုန်းပင်ဖြစ်သည်။

အသက်ပြင်းပြင်းရှူပြီးနောက် ပေထင်းဟွမ်သည် ဒေါသထွက်လွန်း သဖြင့် ပထမဆုံးအကြိမ်အနေနှင့် အသက်ပင်ကောင်းကောင်းမရှူနိုင်ပေ။ အရင်ဘဝတွင် သူမကြောင့် ဒေါသထွက်ခဲ့သူများ၏စိတ်ကို ယခုအခါမှပင် နားလည်သွားတော့သည် “ဟုတ်ပြီ ခင်ဗျားက တော်လွန်းပါတယ် သခင်အိုပေထင်း ကျွန်တော်လေးစားပါတယ်”

ပေထင်းဟွမ်သည် ဤတိုက်ကြီး၏ အားအကောင်းဆုံးလူ ညအရှင်သခင် ကိုပင် ထိုစကားကိုမပြောဖူးသော်လည်း ပေထင်းမိသားစု၏ခေါင်းဆောင် ဟောင်းကိုပြောခဲ့သည်...