သူများကိုတော်တော်အနိုင်ကျင့်တာပဲ
Vol. 33 Ch. 658
ပေထင်းဟွမ်နောက်တွင် လိုက်လာသော ရှန်းယန်ပိုသည် ခေါင်းဆောင် ဖြစ်သူအတွက် စိတ်မကောင်းဖြစ်မိသည်။ သူ၏ခေါင်းဆောင်သည် မည်မျှ အားကောင်းလိုက်သနည်း။ တစ်နေ့ တခြားသူလက်ထဲထည့်လိုက်ရမည်။ ထို အခိုက်တွင် ရှန်းယန်ပိုသည် ပေထင်းဟွမ်အား ပို၍လေးစားသည့်အကြည့်ဖြင့် ကြည့်လေသည်။
ဟာသပဲ.. သံမဏိသွေးကြေးစားအဖွဲ့ခေါင်းဆောင်အား စကားများဖြင့် ဆွဲဆောင်နိုင်သူသည် နတ်ဘုံအဆင့်မဟုတ်လျှင်တောင် နတ်ဘုရားတစ်ပါး ထက်ပင် သာလွန်သည်။
“ဟင်း” ပေထင်းချင်းသည် သူမအားကြည့်လေသည် “မင်းက ငါနဲ့ပြိုင်ဖို့ အတွေ့အကြုံနည်းလွန်းသေးတယ်.. ငါက မင်းအဖေနဲ့ မင်းတို့ညီအစ်ကိုနှစ် ယောက်ကို ပျိုးထောင်လာတာ.. မင်းကို ပျိုးထောင်တဲ့အတွက် ဒီလိုမျိုး ပြန်ကျေးဇူးဆပ်မယ်လို့ထင်မထားဘူး.. မင်း ငါ့ကို ငြင်းချင်တိုင်းငြင်းလို့ရမယ် ထင်လား”
“ဟားဟားဟား”
ထင်းရှူးတောထဲမှ အူလှိုက်သည်းလှိုက်ရယ်မောသံထွက်လာသည်။ ထိုအသံသည် အထူးသဖြင့် ရင်းနှီးလှသည်။ ပေထင်းဟွမ်သည် အသည်းနာ လောက်အောင် ဒေါသထွက်နေခဲ့သည်။ ထိုအသံအားကြားပြီးနောက် စိတ်ထဲ တွင် ရင်းနှီးသည့်ခံစားချက်ရရာ သူမ၏ စိတ်ကိုသက်သာသွားစေသည်။
ရယ်သံနောက်တွင် ရှီမန်ဆုန်းနှင့် တခြားသူများလျှောက်လာသည်ကို ပေထင်းဟွမ်မြင်လိုက်ရသည်။
ရှီမန်ဆုန်းသည် နှင်းဖြူရောင်ဝတ်ရုံနှင့် သစ်သားခုံဖိနပ်ကို ဝတ်ဆင်ထား သည်။ သူသည် ယုံကြည်ချက်ရှိပုံရကာ ပေထင်းဟွမ်အားကြည့်သည့်အကြည့် မှာ အလွန်နူးညံ့လှသည်။ ပေထင်းဟွမ် ဒေါသထွက်ပြီး မျက်နှာမှာ စိမ်းနေသည် ကိုမြင်သောအခါ သူရှေ့သို့တိုးလာပြီး ပေထင်းဟွမ်၏ဆံနွယ်များကို လက်ဖြင့် သပ်ပေးလေသည်။ သူ၏ မျက်လုံးများသည် ပေထင်းချင်း၏မျက်လုံးများနှင့် သွားဆုံလေသည် “သခင်ဟောင်း အဲလိုဆိုတောင် ရှောင်ကျို့က ကြောင်တို့ ခွေးတို့မှမဟုတ်တာ.. သူက ပိုင်ဆိုင်ရမယ့်ပစ္စည်းမဟုတ်ဘူး.. သူ့ကို ဒီလိုမျိုး ပစ်လိုက် ယူလိုက်လုပ်လို့ရလို့လား”
သူတို့ ပေထင်းဟွမ်နှင့်တွေ့ခဲ့သည်မှာ အချိန်ကြာပြီဖြစ်သည်။ တုန်ဖန်းကျောက်နှင့် တုန်ဖန်းအောင်တို့သည် သူမအခြေအနေကို မေးနေပြီဖြစ် ၏။ ပေထင်းချင်းသည် ပေထင်းဟွမ်အား ဒေါသထွက်အောင် အနိုင်ကျင့်နေ သည်ကို သူတို့ မျက်မြင်တွေ့ခဲ့ရသည်။ တုန်ဖန်းကျောက်သည် ပေထင်းဟွမ်၏ ပခုံးကိုပုတ်လေသည် “ညီလေး မျိုးဆက်တိုင်းက သူတို့ရဲ့မျိုးဆက်ကို ဂရုစိုက် ကြတယ်.. ပေထင်းမိသားစုရဲ့ ခေါင်းဆောင်အိုကြီးရဲ့ အကျိုးအကြောင်းမသင့် တဲ့စကားတွေကို နားမထောင်နဲ့.. လွန်လွန်းနေပြီ”
နန်ကုန်းချန်ရှီးသည် နန်ကုန်းမိသားစုနှင့်အတူလာခြင်းဖြစ်သည်။ သူမ အနောက်တွင် အမျိုးသားငယ်လေးယောက် လိုက်လာသည်။ သူတို့သည် ပေထင်းဟွမ်အားမြင်သောအခါ စိတ်အားထက်သန်သောအကြည့်များဖြင့် ကြည့်ကြသည်။ သူတို့သည် သူတို့၏မိဘများကို တွေ့ရသည်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေပုံပေါက်သည် “အာ.. သခင်လေး ၉ ကြည့်လိုက် သခင်လေး ၉ ပဲ.. ငါတို့တွေ သခင်လေး ၉ ကိုတွေ့ရပြီ”
ထိုလေးယောက်သည် ဝိညာဉ်ခွဲတောင်တန်းသို့ နန်ကုန်းရှို့နှင့်အတူလိုက် ပါခဲ့ပြီး နောက်ဆုံးအချိန်တွင် ဘက်ပြောင်းခဲ့၍ ပေထင်းဟွမ်မှ သက်ညှာပေးခဲ့ သည့် လူငယ်များဖြစ်ကြသည်။ သူတို့သည် ပေထင်းဟွမ်၏ အမျိုးမျိုးသော စွမ်းဆောင်မှုများနှင့် သူမ၏ မွန်မြတ်သောသားရဲတပ်ကြီးကို မျက်မြင်ကိုယ် တွေ့ မြင်ခဲ့ရသည်။ သူတို့သည် ပေထင်းဟွမ်အား အရိုးထဲမှ လေးစားကြသည်။
ဘာတွေဖြစ်နေတာလဲ။ မိသားစုကြီးလေးခုက အမြဲတမ်း ကတောက်ကဆဖြစ်ခဲ့တာမလား။
မိသားစုကြီးလေးခုက တိုက်ရိုက်ဆက်ခံသူတွေက အမြဲတမ်းထောင်လွှား ပြီးမောက်မာတာမဟုတ်ဘူးလား။ ဒီလူတွေက နှင်ထုတ်ခံထားရတဲ့ ပေထင်းမိသားစုရဲ့ သခင်လေး ၉ ကို ဝိုင်းပြီး ဘာလို့အဲလောက်တောင် ချစ်နေ ကြတာလဲ။ ဒါဘာအဓိပ္ပာယ်လဲ။
ထိုမြင်ကွင်းအားကြည့်ပြီး စီရင်ချက်ဗိမာန်မှလူများ၏ မျက်နှာထားပင် လျှင် အကျည်းတန်သွားလသေည်။ သူတို့အားလုံးသည် တိုက်ကြီးမှ အင်အား ကြီး အဖွဲ့အစည်းများဖြစ်ကြရာ တခြားအင်အားစုများ ပေါင်းစည်းသွားသည်ကို မည်သူကမှမမြင်လိုကြပေ။
ဝိညာဉ်သခင်မိသားစုကြီးလေးခုသည် တိုက်ကြီးတွင် ဒုတိယအဆင့် အဖွဲ့အစည်းဖြစ်နေပြီး စီရင်ချက်ဗိမာန်နှင့် နတ်မိစ္ဆာခန်းမကို မယှဉ်နိုင်ရသည့် အကြောင်းအရင်းမှာ သူတို့မစည်းလုံး၍ဖြစ်သည်။ သူတို့သာပေါင်းစည်းလိုက်ပါ က သူတို့၏ခွန်အားသည် ယန်မြို့အောက်ရှိ မည်သည့်အဖွဲ့အစည်းကိုမဆို တိုက်ရိုက်ချေမှုန်းနိုင်မည်ဖြစ်သည်။
ထိုလူငယ်ကို အရှင်ထား၍မဖြစ်ပေ။
စီရင်ချက်ဗိမာန်၏ အကြီးအကဲ ၂ ယန်ချင်းသည် ကြယ်တာရာလခြမ်း လွင်ပြင်မှ လာရသည့်အကြောင်းအရင်းကိုပင် မေ့လုနီးပါးပင်။ သူသည် မြို့တော်ကိုလာရသည်မှာ သူ၏တာဝန်ဖြစ်သည့် လေလံပွဲကြေင့်ဖြစ်သည်။ သူ၏ အဓိကတာဝန်မှာ ပေယဲ့ကို ခြေရာခံပြီး သန့်စင်သောသားတော်ဂူဟောက် အတွက် လက်စားချေရန်ဖြစ်သည်။ ပေထင်းဟွမ်ကို မိသားစုကြီးလေးခု၏ တိုက်ရိုက်ဆက်ခံသူများ ဝန်းရံနေသည်ကိုကြည့်ပြီး ယန်ချင်းသည် စိတ်မငြိမ် နိုင်တော့ပေ...