သူတော်စင်မယဲ့ချင် အဲဒါကဘာလဲ
Vol. 33 Ch. 659
ပေထင်းချင်းသည် ဖော်မပြနိုင်လောက်အောင် အံ့ဩသွားသည်။ သူသည် ပြန်ပင်မပြောနိုင်ပေ။
ရှီမန်ဆုန်းနှင့်တခြားသူများသည် လူအများရှေ့တွင် သူ့အား ဆန့်ကျင်ခဲ့ သည်။ ထိုအစား များသောအားဖြင့် တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေ ဖြစ်ခဲ့ကြသည့် မျိုးနွယ်ကြီးလေးခု၏ တိုက်ရိုက်ဆက်ခံသူများကို သူ ကြည့်နေ ခဲ့ရသည်။ သူတို့သည် စုဝေးကာ အချိန်ကြာပြီး ပြန်ဆုံရသည့်စကားများကို ပြောဆိုနေကြသည်။ သူတို့သည် ညီအစ်ကိုအရင်းများသဖွယ် ပြုမူနေကြသည်။ သူ့နှလုံးများ ခုန်ပေါက်လာသည်မှာ ရင်ဘတ်မှ ထွက်ကျလာမတတ်ပင်။
ပေထင်းကျန့်သည် မစင်စားမိသကဲ့သို့ မျက်နှာထားမှာ အကျည်းတန် သွားသည်။ ထိုအကြည့်သာ လူသတ်နိုင်လျှင် ပေထင်းဟွမ်အား အကြိမ်ပေါင်း များစွာ ဖြတ်တောက်ပစ်နိုင်သည်။ သူသည် ပေထင်းဟွမ်တို့ဝိုင်းထဲဝင်ကာ အနည်းဆုံးသတင်းထောက်လှမ်းရန် ပေထင်းယိအား တစ်ချက်ကြည့်လိုက် သည်။
ပေထင်းယိသည် ယဲ့ဟွာအား အာရုံစိုက်ထားသည်။ သူသည် တွန့်ဆုတ် တွန့်ဆုတ်နှင့် ခြေထောက်ရွှေ့သွားကာ ပေထင်းဟွမ်နှင့်တခြားသူများဆီသို့ ဦးတည်လေသည်။
“ရှောင်ကျို့.. အစ်ကိုကြီးက မင်းကိုဒေါသထွက်နေတယ်.. ကောင်စုတ် လေး မြို့တော်ကိုပြန်လာတာကို ငါ့ကိုတွေ့ဖို့တောင်မလာဘူး.. ငါကဖြင့် မင်းကို နေရာတိုင်းမှာလိုက်ရှာနေလည်း ရှာမတွေ့ဘူး” တုန်ဖန်းကျောက်သည် ဒေါသထွက်နေပုံရသော်လည်း သူ့အသံမှာ ချစ်ခင်သည့်အရိပ်အယောင်များ ပါဝင်နေသည်။
“အစ်ကိုတုန်ဖုန်း ခေါင်းဆောင်က မင်းကိုလာမရှာချင်တာမဟုတ်ဘူး.. သူက အလုပ်များနေတာ.. မြို့တော်ကိုရောက်တာနဲ့ လေ့ကျင့်ဖို့ အန္တရာယ် နေရာကိုဿွားခဲ့ရတာ.. ထွက်လာတော့လည်း ကျင့်ကြံတာနဲ့အလုပ်များနေ တာ၊ မနက်ဖြန်ကကျောင်းပြိုင်ပွဲနေ့ဆိုတာကိုသိလား.. ခေါင်းဆောင်ကို ခွန်အားမတိုးစေချင်ဘူးလား” နန်ကုန်းချန်ရှီးသည် စိတ်ရှည်ရှည်နှင့် ရှင်းပြလေ သည်။
“ရပါတယ်” တုန်ဖန်းကျောက်သည် ခေါင်းကုတ်လေသည် “ငါက ဒီအတိုင်းပဲပြောလိုက်တာပါ ရှောင်ကျို့အလုပ်များတာသိပါတယ်”
“အစ်ကိုရှီမန်က မင်းအတွက် ပင်လယ်ပြာနက်ရှိုင်းကို ပြင်ဆင်ထားတယ်၊ မင်းကိုစောင့်နေတယ်နော်” ရှီမန်ဆုန်းသည် ပေထင်းဟွမ်အား ချစ်ခင်သည့် အကြည့်ဖြင့်ကြည့်နေတုန်းပင် “မင်းမှာအချိန်မရှိရင်လည်း အခုမင်းကိုပေး လိုက်မယ်”
ပေထင်းဟွမ်သည် လျင်မြန်စွာပင် လက်မြှောက်ကာ သူ့ကိုတားလိုက်ရ သည် “မလုပ်နဲ့ မလုပ်နဲ့ မင်းတို့နဲ့အမြဲဆုံချင်နေတာ.. ဒီနေ့ကအကောင်းဆုံးနေ့ ပဲ.. လေလံပွဲပြီးရင် နေရာတစ်ခုရှာပြီးသောက်ကြတာတော့ ငါလည်း မင်းတို့ အတွက် လက်ဆောင်ရှိတယ်”
“ဟုတ်ပြီလေ” ရှီမန်ဆုန်းသည် ပေထင်းကျင်၏နေရာကို ဝင်လုတော့ မတတ်ပင်။ သူသည် ပေထင်းဟွမ်၏ ပခုံးပေါ်လက်တင်ကာ နန်းတော်ရှိရာ ဘက်သို့ ကည့်လေသည် “နောက်တောင်ကျနေပြီ အတူဝင်ကြတာပေါ့”
ပေထင်းကျင်သည် အံ့ဩနေဩ။ ဒီကောင်လေးက မျက်တောင်တစ်ချက် မခတ်ဘဲ မျိုးနွယ်ကြီးလေးခုက တိုက်ရိုက်ဆက်ခံသူတွေအကုန်လုံးကို ဘယ်လိုလုပ် ဆွဲဖမ်းလိုက်တာလဲ။ ပေထင်းဟွမ်သည် သူ့လက်ကိုလာဆွဲရာ ပေထင်းကျင်သည် ငေးငိုင်ရင်းနှင့် နန်းတော်သို့ သူမနောက်မှပါသွားလေသည်။
“နေဦး”
တော်ဝင်အစောင့်ဝတ်စုံဝတ်ထားသည့် စစ်သည်သည် လက်ထဲမှ လှံတံ ကိုမြှောက်ကာ ပေထင်းဟွမ်အားတားလေသည်။ သူ့ခြေထောက်များတုန်ယင် ပြီး သွားများရိုက်နေသည်။ တော်ဝင်အစောင့်နှစ်ယောက်သည် ပေထင်းဟွမ် အား ကြည့်ရဲသည့်သတ္တိပင်မရှိပေ။ သူတို့သည် စကားပင်ထစ်နေကြသည် “ဒါ.. ဒါက သူတော်စင်မယဲ့ချင်ရဲ့ အမိန့်ပဲ.. သခင်ပေထင်းဟွမ် မင်း.. မင်းကို ဝင်ခွင့်မပြုဘူး”
“ဟား” အစောင့်၏စကားများကိုကြားပြီးနောက် နန်ကုန်းချန်ရှီးသည် မျက်နှာပင်မပေးဘဲ ရယ်မောလေသည်။ ရယ်မောပြီးနောက် စိတ်မကောင်းဖြစ် ကာ စိတ်ထဲမှသက်ပြင်းချလိုက်သည်။ ဟူး... ခေါင်းဆောင်ဘေးမှာ အချိန်ကြာ မြင့်စွာနေလာပြီးနောက် ခေါင်းဆောင်၏မကြောက်မရွံ့ ကိုယ်ရည်ကိုယ်သွေး ကြောင့် သူမအား သက်ရောက်မှုရှိလာမည်မှာတော့ သေချာသည်။
မျိုးနွယ်လေးခုအကြီးအကဲများသည် သူတို့၏တိုက်ရိုက်မျိုးဆက်များနှင့် အုပ်စုဖွဲ့ပြီးနောက် မူလက တစ်ယောက်နှင့်တစ်ယောက် သဘောမကျသည့် လူများပင် သိမ်မွေ့သောအကြည့်များဖြင့် နှုတ်ဆက်ကြသည်။ နန်ကုန်းချန်းပင် ချွင်းချက်မရှိပေ။ ပေထင်းချင်း၏အကြည့်နှင့်ဆုံပြီးနောက် အစောင့်များသည် မျိုးနွယ်ကြီးလေးခု၏ လူများကို ပိတ်ပင်လိုက်သည်ကို မြင်လိုက်ရသည်။
“သူတော်စင်မယဲ့ချင်လား အဲဒါကဘာကြီးလဲ ဘာလို့ ငါ မကြားဖူးတာပါ လိမ့်”
သူတို့နီးကပ်လာသည်နှင့် အသံသည် ထောင်လွှားနေသည်မှာ ရှင်းလင်း နေသည်။ မျိုးနွယ်ကြီးလေးခုအကြီးအကဲများ၏ ခြေထောက်များသည် အားနည်းယိုင်နဲ့ကာ မြေကြီးပေါ်သို့ ကျလုမတတ်ဖြစ်သွားသည်။ ထိုစကားကို ပြောလိုက်သူမှာ သူတို့၏တိုက်ရိုက်ဆက်ခံသူဖြစ်မည်ကို သူတို့ စိုးရိမ်ကြောက်ရွံ့သွားနေသည်...