အဲဒါတွေက ခေတ်ကုန်ပြီ
Vol. 33 Ch. 660
ထိုထောင်လွှားသောမေးခွန်းကို ကြားချိန်တွင် မျိုးနွယ်ကြီးလေးခု၏ အကြီးအကဲများ ရောက်လာကြသည် “သူတော်စင်မယဲ့ချင်က ဘယ်သူလဲ ဟုတ်လား.. ဒါက လူကို သက်သက်ကြီးစော်ကားတာပဲ.. သူမက ဂိုဏ်းတွေကို ဒီအတိုင်း ကြိမ်းမောင်းတာမဟုတ်ဘူး... သူမက စီရင်ချက်ဗိမာန်ရဲ့ အရင် သူတော်စင်မပဲ.. သူမကို ရာယာအင်ပါယာရဲ့ ဧကရာဇ်က ကိုယ်လုပ်တော် အဖြစ်တော်ကောက်ပြီးကတည်းက သူတော်စင်မရာထူးကို စီရင်ချက်ဗိမာန်ရဲ့ လက်ရှိသူတော်စင်မ ယဲ့ဟွာကို လက်လွှဲပေးခဲ့တာပဲ”
“ဘယ်ကောင်က ဒီလောက်မောက်မာနေတာလဲ” နန်ကုန်းချန်းသည် မကျိန်ဆဲရဲဘဲမနေနိုင်ပေ။ သူသည် သူ့ရှေ့တွင် လွှမ်းမိုးနိုင်သောအနက်ရောင် ပုံရိပ်နှင့် လက်ပိုက်နေသောလူငယ်ကိုမြင်သောအခါ သက်ပြင်းကြီးချပြီး ပေထင်းချင်းအား ဝင့်ကြွားသောအပြုံးနှင့်ပြောလေသည် “သခင်ဟောင်း ပေထင်း ကြည့်ရတာ ခင်ဗျားရဲ့ဆက်ခံသူက လျှာဆိပ်ရှိတယ်ထင်တယ်.. ကျုပ်က ပေထင်းကျင်ကိုမြင်ရင် ပါးစပ်ပဲပိတ်နေခဲ့တာ.. အဲဒါကို နည်းနည်း နှမြောနေခဲ့တာ.. အခု ခင်ဗျားမြေးက သူ့သခင်ကိုတောင် ဖိနှိပ်နိုင်သွားလို့ တော်ပါသေးတယ်”
ပေထင်းချင်းသည် နန်ကုန်းချန်းအား ကြည့်ပြီး ဒေါသတကြီးပြောလေ သည် “မမြင်ချင်ယောင်ဆောင်မနေပါနဲ့.. ခင်ဗျားမြေးမနဲ့မြေးက ကျုပ်ရဲ့ နှလုံးသားမဲ့တဲ့မြေးနဲ့အတူရှိနေတာ.. ကျုပ်မြေးအနိုင်ကျင့်ခံရရင် သူတို့တွေ ထိုင်ကြည့်နေမယ်လို့မထင်လိုက်နဲ့”
ဒီအဘိုးကြီးကတော့... တခြားသောအကြီးအကဲများသည် ဒေါသထွက် လွန်းသဖြင့် ပေထင်းချင်းအား ကန်ပစ်ချင်နေကြသည်။ သို့သော် ထိုအဘိုးကြီး ပြောသည်မှာမှန်သည်။
အမှန်တကယ်ပင် ပေထင်းချင်း စကားမဆုံးခင်မှာပင် နန်ကုန်းချန်ရှီး သည် ပြုံးပြီး ပေထင်းဟွမ်၏အင်္ကျီလက်အား ဆွဲလေသည် “ခေါင်းဆောင် မသိတဲ့လူရဲ့နာမည်က ဘယ်လိုလုပ် နားထဲဝင်တော့မှာလဲ.. သူမက ဘာမှ ဆက်စပ်မှုမရှိတဲ့သူဖြစ်နေပြီပဲကို.. သူမက ကွင်းထဲမှာ မင်းကြောင့် မသန်စွမ်း ဖြစ်သွားတဲ့ မင်းသား ၆ ရဲ့အမေပဲ”
“ဟား အဟွတ် အဟွတ်” နန်ကုန်းချန်းသည် မြေးမဖြစ်သူ၏ စကားများ ကိုကြားသောအခါ သွေးများပင်အန်လုမတတ်ပင်။ သူ၏မြေးမသည် သံမဏိ သွေးကြေးစားအဖွဲ့သို့ ဝင်လိုက်ချိန်မှစပြီး ပိုပို၍ အကျိုးအကြောင်း မဆီလျော် ဖြစ်လာသည်။ သူမသည် ယောက်ျားလေးများထက်ပင် ပို၍သတ္တိရှိလာသည်။ ယခု အဓိကနေရာတွင် သူမသည် နန်ကုန်းမိသားစုအတွက် ပြဿနာရှာလာ သည်။
“ပါးစပ်ပိတ်ထား” နန်ကုန်းချန်းသည် ရှေ့တစ်လှမ်းတိုးပြီး နန်ကုန်းချန်ရှီး အား ကြက်ပေါက်လေးသဖွယ် သူ့အနောက်သို့ ဆွဲပို့လိုက်သည်။ သူသည် ပေထင်းဟွမ်အား စိမ်းသက်သောမျက်နှာထားဖြင့် ပြောလေသည် “ကောင်လေး မင်း မသိတဲ့လူဆိုရင် မင်းရဲ့သခင်ဟောင်း ဒါမှမဟုတ် မင်း အစ်ကိုကိုမေးလို့ရတယ်လေ”
ဆိုလိုသည်မှာ သူ၏မြေးမကို မမေးစေလိုပေ။
ပေထင်းဟွမ်သည် အလွန်ထက်မြက်သဖြင့် နန်ကုန်းချန်းသည် ပြဿနာ တက်မည်ကို ကြောက်နေခြင်းဖြစ်ကြောင်းသိသည်။ သူမသည် အန္တရာယ်ပြု မည့်အလားပြုံးကာ နန်ကုန်းချန်ရှီး၏ မေးစေ့ကို ပင့်တင်လိုက်သည် “ချန်ရှီး မင်းက အရမ်းလှတာပဲ.. အဲဒီသူတော်စင်မဆိုတဲ့ မိန်းမထက်တောင် ပိုလှသေး တယ်.. မင်းကို ငါ ဘယ်လိုလုပ်ရတော့မလဲ”
သေလိုက်တော့.. နန်ကုန်းချန်းသည် သွေးအန်လုမတတ်ပင်။ အထူးသဖြင့် ပေထင်းဟွမ်၏ချီးမွမ်းမှုကိုခံလိုက်ရပြီးနောက် သူ၏မြေးမ ပြုံးနေ သည်ကိုမြင်သောအခါ မူးဝေသွားသည်။ သူသည် ပေထင်းဟွမ်အား ကန်လိုက် သည် “ကောင်စုတ်ကလေး မင်းက ငါ့ရှေ့မှာတောင် ငါ့မြေးမကို ဘယ်လိုတောင် အနိုင်ကျင့်ရဲတာလဲ”
“အဘိုး” နန်ကုန်းချန်ရှီးသည် နန်ကုန်းချန်း၏ လက်မောင်းကို ဖက်ကာ စိတ်ပူလွန်းသဖြင့် မျက်ရည်များ အဆက်မပြတ်ကျလာသည် “ကျွန်မ ခေါင်းဆောင်ကိုထိရဲရင် ကျွန်မ.. ကျွန်မ အဘိုးကိုမခေါ်တော့ဘူး”
နန်းတော်ဝင်ပေါက်မှမြင်ကွင်းသည် တိုက်ကြီးရှိ အထက်တန်းစားများ အား ထိတ်လန့်ဿွားစေသည်။ သမီးများကိုခေါ်လာသည့် မျိုးရိုးမြင့်လူကြီးများ သည် သူတို့၏သမီးကို ခန္ဓာကိုယ်နှင့်ကွယ်ထားလိုက်ကြသည်။ ပေထင်းမိသားစုမှ သခင်လေး ၉ သည် အဆိပ်ပြင်းကာ လူကောင်းမဟုတ်နိုင် ဟု သူတို့တွေးနေကြသည်။ သူသည် ၁၄ နှစ်သာရှိသေးကာ ဇနီးနှင့်မောင်းမ များစွာရှိသည့် ထိုအဘိုးကြီးများထက်ပင် မိန်းကလေးများကို ကလူနိုင်သည်။
ဘယ်လိုလူမျိုးက ဒီလိုမျိုး ကပ်ဆိုးကြီးကို မွေးဖွားခဲ့တာပါလိမ့်။