← Chapters

မိန်းမကောင်းလေးက မင်း အဘေး အုတ်ဂူကို တူးသွားလို့လား....

Vol. 50 Ch. 737

မိန်းမကောင်းလေးက မင်း အဘေး အုတ်ဂူကို တူးသွားလို့လား....

Vol. 50 Ch. 737

“ စနစ်…မင်းငါ့ကို ပိုလန်းတဲ့ အလုပ်လေး ပေးလို့မရဘူးလား….”

[ အလုပ်မှန်သမျှ အတူတူပါပဲ စနစ်ရှင် … ]

“ ဟမ်… အိုကေ… မင်းက စနစ်ဆိုတဲ့…မင်း ပြောတာက အမှန်…”

လင်းရီ တခဏမျှ တွေးတောကြည့်ပြီးနောက် ယခု အလုပ်ကလည်း မဆိုးဟု ခံစားလိုက်ရ၏။ဆိတ်ငြိမ်အေးချမ်းပြီး မည်သူမျှ မရှိသည့် နေရာအရပ်၌ ရိုးရှင်းစွာ နေထိုင်သည်ကလည်း အတော်လေး ကောင်းမွန်လေသည်။

သို့သော်လည်း မီဒီယာများကတော့ ယခုလို ပြောကြလောက်၏။

>

ထိုအကြောင်း တွေးမိတော့ လင်းရီ ပြုံးလိုက်၏။

သူ မစ်ရှင်များကို ပြီးမြောက်နိုင်ရုံသာမက ကိုယ်ရည်လည်း သွေးလို့ရပေမည်။

ဟဲဟဲ... သူ့အကြိုက်ပဲ‌လေ.... ဒါက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာပဲ မဟုတ်ဘူးလား…

လင်းရီ အလုပ်အကိုင် အသစ်ကို အသက်သွင်းရန် အလျင်မလိုသေးချေ။ သူက မစ်ရှင် လုပ်ဆောင်နေဆဲ ဖြစ်သောကြောင် စောလျှင်စွာ အသက်သွင်းရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ ထို့ကြောင့် ယခု လောလောဆယ်တော့ ဒီအတိုင်းထားရန် ဆုံးဖြတ်လိုက်၏။

“ လင်းကြီး… မင်း အပြင်ရောက်နေတာ ဒီလောက်ကြာနေပြီကို ဥက္ကဌကျီက ဖုန်းမခေါ်သေးဘူးပဲဟ…. မင်းကို အဲ့လောက်တောင် ယုံတာလား…”

“ ငါ့လို မောင်ရိုးသားလေးကို စိတ်မချစရာ ဘာအကြောင်းရှိလို့…”

“ ဟမ့်... မင်းကို ရိုးသားတယ်လို့ သတ်မှတ်ရင် တစ်လောကလုံး မရိုးသားတဲ့ကောင်တောင် ရှိတော့မှာ မဟုတ်တော့ဘူး…” ချင်းဟန် ဟာသလုပ်လိုက်၏။

“ မင်း အိမ်ကိစ္စတွေ သေချာစီစဉ်တာ ကောင်းမယ်နော… မဟုတ်ရင် ပွဲကောင်းနေတဲ့အချိန်ကျမှ ဥက္ကဌကျီ ရောက်ချလာနေဦးမယ်…”

“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်………..”

ကလင် ကလင် ကလင်

ထိုစဉ် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။

ဟမ်… မနက် နှစ်နာရီ ရှိနေပြီကို ဘယ်သူက ဖုန်းခေါ်လာတာ..

သူ ထုတ်ကြည့်လိုက်တော့ ကျီချင်းရန်ဆီမှ ဖုန်းဆက်လာခဲ့ကြောင်း မြင်တွေ့လိုက်ရလေသည်။

“ မြင်လား… ငါဘာပြောခဲ့လဲ… ဥက္ကဌကျီ မင်းကို ဖုန်ဆက်တော့မှာပါလို့…” ချင်းဟန် ထေ့ငေါ့လိုက်ပြီး “ မင်း ဘယ်လိုဖြေရှင်းမလဲ ကြည့်ကြတာပေါ့…”

“ အစ်ကိုကြီးလင်း… ဖုန်းမဖြေလိုက်နဲ့… ခုက မနက် နှစ်နာရီတောင် ရှိနေပြီ… တကယ်လို့ ဖုန်းဖြေလိုက်ရင် ကိစ္စတုံးပြီပဲ…”လျန်ကျင်းမင် ပြောလိုက်ပြီး “ မိုးလင်းမှ အိပ်ပျော်နေလို့ ဖုန်းအသံ မကြားလိုက်ဘူး ပြောလိုက်တော့…”

“ ငါ့ အဆင့်နဲ့ အဲ့လိုမျိုး အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးစရာလားကွ…”

သို့နှင့် လင်းရီ ဖုန်းကိုင်လိုက်ပြီး စပီကာဖွင့်လိုက်၏။

“ ကောင်စုတ်… နင်ဘာလို့ ခုထိ မအိပ်သေးတာလဲ… မနက် နှစ်နာရီတောင် ထိုးနေပြီလေ…” လင်းရီ ဖုန်းကိုင်ပြီးပြီးချင်း ကျီချင်းရန်မှ ဒေါသတကြီး ပြောလိုက်ပြီး “ ငါနင့်ကို စောစောအိပ်လို့ ပြောတာကို နင်က ဂရုမစိုက်တာလား….”

“ မင်းကို လွမ်းလို့လေ… ဒီက အိပ်လို့မပျော်ဘူး…”

“ ဟွန့် .. အပိုတွေ…. နှစ်နာရီ ထိုးနေပြီ အိပ်တော့ ကြားလား… ဘာလို့ ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်လဲ မသိဘူး..”

“ အေးပါ အေးပါ.. ဟုတ်ပါပြီ… ဒါနဲ့ မင်းကကော ခုထိ မအိပ်သေးဘူးလား…”

“ ခု တစ်ရေးနိုးတာလေ… နင်ဘာတွေ လုပ်နေလဲလို့ စုံစမ်းကြည့်တာ… မဟုတ်တာတွေ လျှောက်လုပ်လို့ကတော့ ငါနဲ့တွေ့မယ်…”

“ စိတ်ချပါ…. ငါ့ကို ဘာမှ စိုးရိမ်မနေနဲ့ … ခု သွားပြန်အိပ်တော့…”

“ အွန်း.. ဂွတ်နိုက်…”

သို့နှင့် လင်းရီ ဖုန်းချလိုက်ပြီး ပခုံးတွန့်လိုက်ကာ “ ကြည့်… ပြီးပြီလေ..”

ချင်းဟန် ‘ ဘာလဲ… ဒါငါ မျှော်လင့်ထားတာနဲ့လည်း တစ်ခြားစီပါလားဟ…”

လျန်ကျင်းမင် ‘ မိုးနတ်မင်းကြီးရေ… ဘာတွေဖြစ်နေတာတုန်းဗျ….’

ကောင်းကျုံးယွမ် ‘ အစ်ကိုကြီးလင်း 666….’

ကျန်းရှောင်ယွီ ‘ ငါ အစ်ကိုရီဆီကနေ တော်တော်လေး သင်ယူလိုက်ရတာပဲ… ဒါနဲ့ ငါ ကောင်လေးရရင်ကော ဒီလိုမျိုး ဆက်ဆံခံရမှာလား…’

“ လင်းကြီး… မင်းကတော့ ဂျီးနီးယပ်စ်ပဲ… မင်းလို မကောင်းတဲ့ကောင်ပဲ သမိုင်းမှာ ဒီလိုမှတ်တမ်းမျိုး ချန်ရစ်ခဲ့နိုင်မှာ…”

“ မင်းတို့ကောင်တွေ… သေချာလေး သင်ယူထားကြ… ဒါ မင်းတို့ ပြန်အသုံးချလို့ရတဲ့ နည်းလမ်းတွေပဲ…”

“ ကောင်းပြီ… နှစ်နာရီလည်း ထိုးနေပြီဆိုတော့ တော်ကြစို့..” ချင်းဟန် ပြောလိုက်ပြီး “ ပြန်ကြမယ်…”

အုပ်စုမှာ ရယ်မောလိုက်ကြပြီး ဟိုတယ်သို့ ပြန်ပြီး ကိုယ်စီ အခန်းထဲသို့ အနားယူလိုက်ကြလေသည်။

“ အစ်ကိုကြီးလင်း… ခဏလေးစောင့်ပါဦး…”

လင်းရီ သူ့အခန်းသို့ မပြန်ခင် ကောင်းကျုံးယွမ်မှ လှမ်းအော်လိုက်၏။

လင်းရီ ကြက်သီးမွေးညင်းတို့ ထောင်ထသွားခဲ့ပြီး “ ငါလခွမ်း .. ဒီလောက်နောက်ကျနေပြီကို မိန်းကလေး သွားမရှာပဲ ငါ့လာရှာနေတယ်ဆိုတော့ မင်း ခြောက်တော့မယ်လို့တော့ ငါ့ လာမပြောနဲ့…”

“ အာ.... အစ်ကိုကြီးလင်းကလည်း… လျှောက်နောက်မနေစမ်းနဲ့…” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ကျွန်တော် အစ်ကိုနဲ့ အရေးကြီး ကိစ္စ တိုင်ပင်ချင်လို့…”

“ ဘာကိစ္စတုန်း…”

“ အစ်ကို့ ကုမ္ပဏီ CFO လေးက စင်ဂယ်မလား….”

“ ဟော်ယွမ်ယွမ်လား… အင်း… စင်ဂယ်ပဲလေ…” လင်းရီ ပြောလိုက်ပြီး “ ဘာလဲ… မင်း လှုပ်ရှားချင်နေလို့လား…”

ကောင်းကျုံးယွမ် ရယ်မောလိုက်ပြီး “ နည်းနည်းပေါ့…”

“ ငါမင်း ကိုယ်စား မေးပြီးသွားပြီ… ဟိုဘက်က မင်းကို စိတ်မဝင်စားဘူးတဲ့…”

“ မဖြစ်နိုင်တာ… အသက်ဒီလောက်ကြီးနေပြီကို ခုထိ ဒိတ်မလုပ်ချင်သေးဘူးဆိုတော့ သူမက ဂေးနေတယ်လို့တော့ မပြောနဲ့..” ကောင်းကျုံးယွမ် အံ့အားတကြီးဖြင့် ပြောလိုက်၏။

“ ငါလည်း အဲ့တာကိုပဲ သင်္ကာမကင်းဖြစ်နေတာ… အဲ့ ယွမ်ယွမ်က ငါ့မိန်းမနဲ့ အတော်လေး တတွဲတွဲဆိုတော့ တစ်ခုခုများ ဖြစ်နေပြီလားလို့….”

“ အာ… အဲ့တာတော့ မဖြစ်နိုင်လောက်ပါဘူး.. မရီးက အဲ့လို လူစားမျိုးမှ မဟုတ်တာ…” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ အစ်ကိုကြီးလင်း… ဘယ်လိုထင်လဲ.. ကျွန်တော့်မှာ အခွင့်အရေး ရှိလောက်သေးလား…”

“ ထားလိုက်စမ်းပါကွာ… မင်း အတည်ယူမှာ မဟုတ်ဘူးဆို ဒုက္ခမပေးစမ်းနဲ့..”

ဟော်ယွမ်ယွမ်မှာ သူနှင့် အမြဲ တကြတ်ကြတ် ဖြစ်နေသော်လည်း လင်းရီ သူ့အပေါ် အမြဲတမ်း သံယောဇဉ် ရှိလေသည်။အကယ်၍ ကောင်းကျုံးယွမ်မှ အပျော်ကြံချင်နေသည်ဆိုပါက လင်းရီ ထိုအဖြစ်အပျက်ကို လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။

“ ကျိန်ဆိုရဲတယ် အစ်ကိုကြီးလင်း… ကျွန်တော် ခြေငြိမ်နေတာ တစ်လကျော်နေပြီ…”

“ ဒါဆို ငါ သူ့ဖုန်းနံပါတ် မင်းဆီ ပေးလိုက်မယ်… ကျန်တာကတော့ မင်းအပိုင်းပဲ…”

“ ဒါပေမယ့် သူမက သဘောမတူဘူးဆိုရင်ကော…”

“ မရ ရအောင် လုပ်ပေါ့ကွ…. မင်း မိသားစုက ယွမ်ဘီလီယံ ရာချီ ရှိတယ် မဟုတ်ဘူးလား.. မကျေနပ်လို့ မင်းကို တရားစွဲမယ်ဆိုရင်တောင် သူမက နိုင်မယ် ထင်လား…”

ဟော်ယွမ်ယွမ် သူမ လင်းရီ အပေါ် သုံးခဲ့သည့် နည်းလမ်းက တစ်နေ့ သူမအပေါ် ပြန်လည်အသုံးချခံရလိမ့်မည်ဟု ထင်ထားလိမ့်မည် မဟုတ်ချေ။

“ သေစမ်း.. ဒီနည်းလမ်းက တော်တော်လေး ကြမ်းတမ်းတာပဲ…”

“ ငါခဏနေကျ သူ့ဖုန်းနံပါတ် မင်းဆီပို့လိုက်မယ်… ကျန်တာကိုတော့ မင်းဘာမင်း ကိုင်တွယ်လိုက်တော့…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် မင်း သေချာလေး စဉ်းစားပြီးတော့မှ ဆုံးဖြတ်နော်… မင်း အတည်ယူမှာဆို သူမကို ပိုးပန်းလှည့်…. ယွမ်ယွမ်ကလည်း မိန်းမကောင်းလေးပဲ.. ဒါကြောင့်မို့ မင်း ရှုပ်ရှုပ်ယှက်ယှက်တွေတော့ မလုပ်နဲ့…”

“ ကျွန်တော် ဟိုးတုန်းကတည်းကနေ စဉ်းစားပြီးသွားပြီ…” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ပျော်လို့လည်း ဝပြီဆိုတော့ အိမ်မှုကိစ္စ နိုင်နင်းတဲ့ မိန်းမကောင်းလေး တစ်ယောက်လောက် ရှာပြီး အတည်တကျ နေထိုင်သင့်ပြီ…”

“ သေစမ်း… အဲ့ဒီ မိန်းမကောင်းလေးတွေက မင်း အဘေး အုတ်ဂူကို တူးသွားလို့လား… မဟုတ်ရင် တစ်ခုခုတော့ တစ်ခုခုပဲ…” ( ထေ့ငေါ့ပြောနေတာပါ)

“ အစ်ကိုကြီးလင်း… ခင်များက ကျွန်တော့်အစ်ကိုကြီးပဲ… ဒီတစ်ခေါက် ကျွန်တော့်ဘက်ကနေ သေချာပေါက် ကူပြောပေးရမယ်…”

“ ငါရှီး… ငါ့ငွေတွေက ယွမ်ယွမ်လက်ထဲမှာဟ…. တကယ်လို့ မင်းဘက်ကနေသာ ကူပြောပေးလို့ကတော့ နောက်တစ်နေ့ဆို ဒေဝါလီ ခံလိုက်ရလိမ့်မယ်…”

“ ဒါပေမယ့် မကောင်းတဲ့ကောင် အချင်းချင်း အဲ့လို ပစ်မထားနဲ့လေဗျာ…”

“ မင်း ငါ့လောက် ချောလား…”

“ မချောဘူး…”

“ ခုနတုန်းက လှည့်ကွက်မျိုးလည်း မင်း ထုတ်ရဲလား…”

“ အင်ဟင့်…”

“ ဒါဆို မင်းကိုယ်မင်း မကောင်းတဲ့ကောင် ဆိုပြီး ဘာလို့ ပြောတာ..” လင်းရီ ပြောလိုက်ပြီး “ဇာတ်ကားကောင်း တစ်ကား ဖြစ်လာဖို့ ကြိမ်ဖန်များစွာ ရိုက်ကူးဖို့လိုတယ်… မကောင်းတဲ့ကောင် လုပ်ရတာ လွယ်တယ်များ ထင်နေလား….”

ထိုသို့ ပြောပြီးနောက် လင်းရီ သူ့အခန်းထဲသို့ ဝင်သွားခဲ့ပြီး ကောင်းကျုံးယွမ်ကတော့ အပြင်ဘက်တွင် ဆွံ့အလျက် ကျန်ရစ်ခဲ့လေသည်။

“ ငါလည်း အဲ့လို အတွေ့အကြုံမျိုး လိုချင်တယ်လေ…”

နောက်တစ်နေ့ နံ့နက်တွင်တာ့ လင်းရီနှင့် ကျန်သူများအားလုံး နေ့လည်ထိ အိပ်ပြီးမှ နေ့တစ်နေ့၏ ပထမဆုံး နေ့လည်စာကို စားသောက်ကြလေသည်။

“ အစ်ကိုကြီးချင်း… ရာဝမ်းကျွန်းရဲ့ ရွက်လှေစုဝေးပွဲက နေ့တိုင်း မတူညီတဲ့ အစီအစဉ်တွေ ရှိတယ်မလား…” စားသောက်နေစဉ် ကောင်းကျုံးယွမ်မှ မေးလိုက်၏။

“ နေ့လား ညလား….”

“ ကွာလို့လား…”

“ ကွာတာပေါ့ကွ… နေ့ဘက် အစီအစဉ်တွေက တော်တော်လေး ပျင်းဖို့ ကောင်းတယ်… လူတိုင်းက တွေ့ပြီးတော့ စီးပွားရေး အကြောင်းတွေ ဆွေးနွေး၊ ရွက်လှေတွေကြည့်… ဒါမှမဟုတ် စီးပွားဖြစ် လေယာဉ်တွေကြည့်…ဒါပဲ..”

“ ညကျတော့ကော…”

“ ညကျတော့ တော်တော်လေး အမျိုးစုံတယ်… ရေငုပ်တာတွေ လောင်ကစားပွဲတွေ.. အသီးခန့်မှန်းတဲ့ ဂိမ်းတွေ… ရူးသွပ်နေတဲ့ ငှက်ကလေးတွေ... ကားမီးရှို့ပွဲတွေ… အများကြီးပဲ.. တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်….”

“ အစီအစဉ်တွေက အဲ့လောက်တောင်များတယ်လား….” ကျန်းရှောင်ယွီမှ အံ့အားသင့်နေသည့် လေသံဖြင့် ရေရွတ်လိုက်၏။

ချင်းဟန် ပြုံးလိုက်ပြီး “ ဒါမှမဟုတ် ငါမင်းကို ညကျ လိုက်ပြပေးရမလား…”

“ ကောင်းတာပေါ့… ကြားရသလောက်တော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းမယ့်ပုံပဲ…”

“ မရဘူး…” လင်းရီ ပြောလိုက်ပြီး “ ကလေးတွေက အဲ့လိုနေရာမျိုးတွေ မသွားသင့်ဘူး… မင်းတို့ကောင်တွေ အသိစိတ်လေး နည်းနည်းပါးပါးလောက် ရှိကြဦးဟ….”

“ အစ်ကိုရီ … သူများက ၂၆ ရှိနေပြီနော်… လုံးဝ မငယ်တော့ဘူး…”

“ မင်း အစ်ကိုရီ ပြောချင်တာက အသက်နဲ့ ဘာမှ မဆိုင်ဘူး…” ကောင်းကျုံးယွမ် ပြောလိုက်၏။

All Chapters