ကမ္ဘာကြီးကို သာမန်မျက်စိနဲ့ မြင်လို့ မရဘူး
Vol. 50 Ch. 738
“ အာ… နားလည်ပြီ…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ မသွားတော့ဘူး.. ကြည့်ရတာ ညစ်တီးညစ်ပတ်တွေ ထင်တယ်…”
လင်းရီနှင့် ကျန်သူများအားလုံး ရယ်မောလိုက်ကြ၏။
ချင်းဟန် ပြောသွားသည့် အစီအစဉ်များက အမှန်ပင် ကျန်းရှောင်ယွီ ကြည့်ရန် မသင့်တော်ချေ။
မဟုတ်ပါက ထိုကောင်မလေး၏ ကမ္ဘာကြီးအပေါ် ရှုမြင်ပုံတို့မှာ တစ်ဖန် ဝုန်းဆန်သွားလောက်၏။
“ အစ်ကိုရီ… ကျွန်မတို့ လိုက်စထွင်း လုပ်ဦးမှာလား….” ကျန်းရှောင်ယွီ မေးလိုက်၏။
“ ဒါပေါ့… စထွင်းဖို့ မေ့နေလို့ ဘယ်ရမှာ…”
“ ဒါဆို ဒီညနေ ဘယ်လည်း သွားကြမှာ…”
လင်းရီ ခေတ္တမျှ စဉ်းစားပြီးနောက် ချင်းဟန်နှင့် ကျန်သူများကို ကြည့်ကာ “ မင်းတို့ကောင်တွေ ဒီနေ့ ဘာလုပ်မယ် စိတ်ကူးထားလဲ..”
“ ငါတော့ ဘာအစီအစဉ်မှ မရှိဘူး… မနက်ဖြန် ပင်လယ်ခရီးက အဓိကပဲ… ဆိုတော့ ဒီနေ့ ဒီနေရာတစ်ဝိုက် လိုက်စူးစမ်းကြည့်ကြတာပေါ့…”
“ ဒါဆို ငါတို့ ဂျက်လေယာဉ်တွေ သွားကြည့်ကြမလား…. တကယ်လို့ အဆင်ပြေတာ တွေ့ရင် တစ်စီးလောက်ဝယ်ကြတာပေါ့…”လင်းရီ ပြောလိုက်သည်။
“ လိုလို့လားဟ….” ချင်းဟန် ပြောလိုက်ပြီး “ ငါတို့ကောင်တွေက နေ့တိုင်း ကမ္ဘာပတ်နေကြမယ့် သူတွေလည်း မဟုတ်… ဝယ်ပြီး အလကားဖြစ်မယ့် တူတူ မင်းလိုအပ်ရင် ငါ့မိသားစုရဲ့ လေယာဉ်သုံးလို့ရနေတာကိုပဲ…”
“ ဝယ်ပြီး အလှပြထားမလို့လေ…” လင်းရီ ပြောလိုက်ပြီး “ ကျန်တဲ့ သူတွေမှာကျ ရှိပြီးတော့ ငါတို့ လင်းယွမ်အုပ်စုမှာ တစ်စင်းတစ်လေလေးတောင် မရှိဘူးဆိုရင် သိက္ခာကျတာပေါ့ကွ….”
“ ထောက်ခံတယ်… ဒီပစ္စည်းရဲ့ အဓိက ရည်ရွယ်ချက်ကလည်း လူအထင်ကြီးအောင် လုပ်ဖို့ပဲ… မဟုတ်ရင် သာမန်လူတွေက ကုမ္ပဏီကြီးလို့ ထင်ကြမှာ မဟုတ်ဘူး…”
“ တစ်ချက် သွားကြည့်ကြစို့…”
နေ့လည်စာ စားပြီးနောက် အုပ်စုမှာ ရာဝမ်းကျွန်း၏ လေဆိပ်သို့ ရောက်ရှိလာခဲ့လေသည်။
စီးပွားဖြစ် ဂျက်လေယာဉ်များအား ဤနေရာ၌ ခင်းကျင်းပြသထားပြီး နှိုင်းယှဉ်ရမည် ဆိုပါက ယခုနေရာရှိ စုဝေးပွဲကား အနည်းငယ် လေးနက်မှုကို ဆောင်ကြဉ်းနေသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ ရောက်လာကြသူတိုင်းက အသက်လေးဆယ်နှင့် ငါးဆယ်ဝန်းကျင် သက်လတ်ပိုင်း လူကြီးများသာ ဖြစ်ပြီး ချမ်းသာသည့် ဒုတိယမျိုးဆက်တို့က လာရောက်ရန် မစွမ်းသာကြချေ။
“ အစ်ကိုရီ… ဒီမှာ ဆယ်လီတွေ ရှိတယ်ကော….”
စုဝေးပွဲ ဝင်ပေါက်ဝ၌ ကျန်းရှောင်ယွီမှ စိတ်လှုပ်ရှား ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။
ကျန်းရှောင်ယွီ၏ အကြည့်များနောက် လိုက်ပါကြည့်လိုက်တော့ လေးယောက်သား အဖြူရောင်ဂါဝန်နှင့် အမျိုးသမီးတစ်ယောက်အာ းမြင်တွေ့လိုက်ရသည်။
“ ငါ သူ့ကို သိတယ်… သူမ နာမည်က ကျောက်ဝန်ရှီးဆိုလား… လတ်တလော သူရိုက်ထားတဲ့ ဇာတ်ကားက တော်တော်လေး ရေပန်းစားနေတာ….” ကောင်းကျုံးယွမ်မှ ပြောလိုက်သည်။
“ ဟုတ်တယ် ဟုတ်တယ်.. သူမပဲ… ခု အရမ်း နာမည်ကြီးနေတာလေ…” ကျန်းရှောင်ယွီ ခုန်ပေါက်ရင်း ပြောလိုက်၏။
“ အဲ့လောက်လည်း စိတ်လှုပ်ရှားမနေနဲ့… တကယ်လို့ မင်း ဆယ်လီတွေနဲ့ တွေ့ချင်ရင် ငါ သူ့ထက် ပိုပြီး နာမည်ကြီးနေတဲ့ မင်းသမီးတွေတောင် ခေါ်ပေးလို့ရတယ်…”
“ အစ်ကိုလျန်က ဆယ်လီတွေနဲ့တောင် တွေ့နိုင်တယ်ပေါ့…”
“ အင်း.... A အဆင့် စာရင်းဝင်တဲ့ ဆယ်လီတွေတော့ ငါ အာမ မခံနိုင်ဘူး.. ဒါပေမယ့် သူ့လို ဆယ်လီလေးလောက်ကတော့ ငါ့လက်တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ သူတို့ အေဂျင်စီတွေက ဟိုတယ်အရောက် ပို့ထားပေးလိမ့်မယ်….”လျန်ကျင်းမင် ပြောလိုက်ပြီး “ လူချမ်းသာတွေရှေ့မှာ သူ့လို ဆယ်လီတွေက ဘာမှ အဖိုးမတန်ဘူး…. တစ်ချို့ သက်လတ်ပိုင်း သူဌေးတွေလောက်ပဲ အကြိုက်တွေ့ရင် တွေ့မယ်….”
“ မဖြစ်နိုင်တာ… သူမက နာမည်ကြီး မင်းသမီးလေ… ဘယ်လိုလုပ်ပြီး တန်ဖိုးမရှိဖြစ်ရမှာ…”
“ နာမည်ကြီး မင်းသမီးတွေလား…မင်းသူတို့ကို တအား အထင်ကြီးနေတာပဲ…. “ လျန်ကျင်းမင် ခေါင်းခါရမ်းလိုက်ပြီး “ ရှေ့ သုံးလေးနှစ်လောက်တုန်းက ငါ့အဖေ ရန်ကျင်းမှာ သူ့မိတ်ဆွေတွေနဲ့ ပရောဂျက် ဆွေးနွေးတော့ သူ့လို နာမည်ကြီးတွေ အများကြီး အရက်လာသောက်ပေးကြတာပဲ… ငါ့အဖေက ကျိကျိတက် ချမ်းသာမှန်းလည်းသိရော သူ့ဘက်က စပြီးတော့ နေ့တိုင်း ဖုန်းတွေ ဆက်…စကားတွေပြော... တော်သေးတာပေါ့… ငါ စောစီးသိသွားလို့…”
“ ဟားဟား… မင်းက မင်းကို မခေါ်လို့ စိတ်တိုသွားတာမလား… တယ်လည်း အတ္တကြီးတဲ့ကောင် …. ” ချင်းဟန် ပြောလိုက်၏။
“မဟုတ်ဘူး.... ဒါက ငါ့ အတ္တနဲ့ ဘာမှ မဆိုင်ဘူး.. စဉ်းစားကြည့်ကြည့်ကွာ… အဲ့ကောင်မလေး အသက်ကဖြင့် ငါ့လောက်တောင် မရှိသေးဘူး… ဒါတောင် ငါ့ မိထွေး လာဖြစ်ချင်နေတယ်ဆိုတော့ ငါက ဘယ်လိုလုပ်ပြီး သဘောတူနိုင်မှာ…”
“ ငိုးမ… ဟားဟား… တကယ့်ကောင်…”
၎င်းတို့၏ စကားဝိုင်းက ကျန်းရှောင်ယွီ၏ လူကုံထံအသိုင်းအဝိုင်းများအပေါ် နားလည်မှု အသစ်တစ်ခု တိုးသွားစေသည်။
မျှော်လင့်ထားတဲ့အတိုင်း ကမ္ဘာကြီးကို အပေါ်ယံ မျက်လုံးတွေနဲ့ ကြည့်လို့မရဘူးပဲ….( အပေါ်ယံလောက် ကြည့်ပြီး ဆုံးဖြတ်လို့မရဘူး )
“ အစ်ကိုရီ… ရှင်က ဆယ်လီတွေကို စိတ်မဝင်စားဘူး ဆိုပေမယ့် ပရိသတ်တွေကတော့ စိတ်ဝင်စားလောက်တယ်… သူမကို အင်တာဗျူးကျရင် ဘယ်လိုထင်လဲ….”
“ ကောင်းပြီလေ…. ဂုဏ်သတင်း တည်ဆောက်တယ်လို့ပဲ သဘောထားလိုက်တာပေါ့…”
သို့နှင့် လင်းရီ ချင်းဟန်တို့ သုံးယောက်ကို ကြည့်လိုက်ပြီး “ ချင်းကြီး … မင်း ကင်မရာထဲ ပါချင်လား…”
ချင်းဟန်က လျန်ကျင်းမင်၊ ကောင်းကျုံးယွမ်တို့နှင့် ခြားနားသည်။သာမန် ဆယ်လီများက အင်တာနက်ပေါ်ရှိ ၎င်း၏ ရေပန်းစားမှုကို လိုက်မမှီနိုင်ချေ။
အကယ်၍ ချင်းဟန်သာ မြင်ကွင်းထဲ ရောက်လာမည်ဆိုပါက ပရိသတ်များမှာ တစ်ချက်ကြည့်ရုံမျှနှင့် မှတ်မိသွားပေလိမ့်မည်။ ထို့ကြောင့် လင်းရီမှ မေးမြန်းရခြင်း ဖြစ်၏။
“ ငါ့ကို mask ပေး…. ငါ့မျက်နှာတော့ မပြနိုင်ဘူး..”
“ ကြည့်ရတာတော့ အစ်ကိုချင်းကလည်း သိုသိုသိပ်သိပ်နေတတ်တဲ့ အိုင်ဒေါထင်တယ်..”
“ အဓိကက live stream က တော်တော်လေး နိမ့်ကျတယ် ထင်လို့ဟေ့… လင်းကြီးလို ပုံမှန်မဟုတ်တဲ့ ဦးနှောက်နဲ့ကောင်ပဲ ဒီလိုမျိုး လုပ်မှာ…”
“ အစ်ကိုချင်း အဲ့လိုပြောတော့ ငါ ဝမ်းနည်းသွားပြီ…”
“ ရှောင်းယွီ ... ငါ မင်းကို တိုက်ခိုက်နေတာ မဟုတ်ဘူး… စထွင်းမင်း နယ်ပယ်ဆိုတာလည်း တရားဝင် အလုပ်အကိုင် တစ်ခုပဲ… ဘာ အကြောင်းကြောင့်နဲ့မှ ဝေဖန်စရာ မရှိဘူး.. ဒါပေမယ့် မင်းအစ်ကိုရီရဲ့ အနေအထားနဲ့ဆိုရင် ဆံပင် အလှပြင်ဆိုင်မှာ ဖာချဖို့ သွားရှာနေသလိုပဲ…ဘယ်လိုပဲ ကြည့်ကြည့် လုံးဝကို ပုံမှန် မဟုတ်တာ….”
“ အွန်း အွန်း… အစ်ကိုချင်း ပြောတာလည်း အဓိပ္ပာယ်ရှိတယ်… သူ့စကားလုံးတွေက နည်းနည်း ကြမ်းတမ်းတယ် ဆိုပေမယ့်လို့ပေါ့… ယုတ္တိရှိတယ်…”
“ သွားစို့… ငါ မင်းတို့ကို စထွင်းဖို့ ခေါ်သွားပေးမယ်…” ကောင်းကျုံယွမ်မှ ပြောလိုက်၏။
“ အိုကေ…”
ကျန်းရှောင်ယွီ စထွင်းမည့် ပစ္စည်းကိရိယာများကို ပြင်ဆင်လိုက်ပြီး လင်းရီ၏ စထွင်းအကောင့်ထဲသို့ ဝင်ရောက်လိုက်သည်။
“ အချောလေးတို့ အလှလေးတို့… ရာဝမ်းကျွန်းရဲ့ တိုက်ရိုက်ထုတ်လွင့်မှုက တရားဝင် စတင်နေပါပြီနော… ဒီနေ့ ငါတို့ ဂျက်လေယာဉ်တွေ သွားကြည့်ပြီးတော့ လူတိုင်းကို ကမ္ဘာကြီးက ဘယ်လိုပုံစံရှိလဲဆိုတာ လိုက်ပြပေးမယ်…. “
လင်းရီ စထွင်းနေကြောင်း သိလိုက်ရတော့ လူအများအပြားမှ စုပြုံ ရောက်ရှိလာလေသည်။
“ ငါတို့ တစ်မနက်ခင်းလုံး ထိုင်စောင့်နေတာကို ဘာလို့ ခုမှ စထွင်းတာ….”
“ အိုက်ယား…ငါတို့ မနေ့ညက နည်းနည်း ညဉ့်နက်သွားလို့လေ… နေ့လည်ထိ အိပ်ပြီးတော့မှ နိုးလာတာပဲ.. ညစာ စားပြီးရင်လည်း ပြန်စထွင်းပေးမယ်လေ… ငါနဲ့ မျက်နှာဖုံး အစ်ကိုကြီးက အရမ်း အလုပ်ကြိုးစားပါတယ်နော်…”
“ ဖက်ခ်… မင်းတို့ မနေ့ညတုန်းက ဘာတွေလုပ်နေကြတာ… တကယ်ကြီး ညဉ့်နက်တဲ့အထိ ဖြစ်သွားခဲ့ကြတယ်ပေါ့…”
“ မျက်နှာဖုံးအစ်ကိုကြီး… ငါတော့ အကဲဖြတ်မှားသွားတယ်… မင်းက ရှောင်းယွီကိုတောင် အလွတ်မပေးဘူးဆိုတော့ တော့်တော်လေးကို ရမ်းကားကြမ်းတမ်းတာပဲ…”
“ အိုက်ယား.. နှာတွေးတွေးပြီး လျှောက်ပြောမနေကြစမ်းနဲ့… နင်တို့ထင်နေသလို မဟုတ်ဘူး…ငါနဲ့ အစ်ကိုကြီးက အပြစ်ကင်းစင်ပါတယ်… “ ကျန်းရှောင်ယွီမှ ရှက်ရွံ့နေသည့် ဟန်အမူအရာဖြင့် ပြောလိုက်၏။
စထွင်း၏ ရေပန်းစားမှု မြင့်တက်လာပြီးနောက် ကြည့်ရှုသူ ဦးရေမှာ နှစ်သန်းသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့လေသည်။
ထိုမျှ သက်ရောက်မှု ကောင်းမွန်ရသည့် အကြောင်းပြချက်ကတော့ လင်းရီ မနေ့တုန်းက ယွမ် ငါးမီလီယမ်ကို ဟုန်ပေါင်းပေးလိုက်သောကြောင့်ပင်။
“ အဲ့တာဆို မြန်မြန်လေး… ငါတို့ ဂျက်လေယာဉ်တွေ မြင်ချင်တယ်…”
ကျန်းရှောင်ယွီ ရယ်မောလိုက်ပြီး “ လူတိုင်းပဲ မလောကြနဲ့… ငါတို့ စထွင်းလေး မစတင်ခင်မှာ လူတိုင်းအတွက် စပရိုက်လေးတစ်ခု ပြင်ဆင်ထားတယ်…”
“ စပရိုက်… မြန်မြန်လေး… ဘာစပရိုက်လဲ…”
ကျန်းရှောင်ယွီ ကင်မရာကို ရှေ့ဘက်ခြမ်းသို့ ပြောင်းလိုက်ပြီး “ နင်တို့ရှေ့ကို ကြည့်လိုက်…အဲ့တာ စူပါစတား ကျောက်ဝန်ရှီးပဲ… မျက်နှာဖုံး အစ်ကိုကြီးက ခဏနေ သူမနဲ့ အင်တာဗျူး လုပ်တော့မှာ… လူတိုင်းပဲ … သဘောကျကြမယ်မလား….”
“ ဖက်ခ် ဖက်ခ်… အဲ့တာ ကျောက်ဝန်ရှီးဟ… ကျောက်ဝန်ရှီးက တကယ်ကြီး ဒီလိုနေရာမျိုးကို လာတယ်ပေါ့…”
“ ကျောက်ဝန်ရှီးက နာမည်ကြီး ဆိုရင်တောင်မှ ကိုယ်ပိုင် လေယာဉ် ဝယ်နိုင်လောက်တဲ့အထိတော့ မဟုတ်သေးဘူးမလား…”
“ ဒါ သေချာပေါက် သူဌေးစာပဲ…. ဒီလိုမျိုး စတား အကြီးစားကို တွေ့လိုက်ရတာ ယုံတောင် မယုံနိုင်ဘူး… ငါရှီးပဲ ဒီသူဌေးတွေကိုတော့ စောက်ရမ်း အားကျသွားပြီ… သူတို့က လေယာဉ် လာဝယ်ပြီးတော့ ဆယ်လီတွေက ဘေးကနေ အဖော်ပြုပေးနေတယ်…. ကိုယ့်ကိုယ်ကို ကားတိုက်ခံပြီး ပြန်သာ မွေးဖွားလိုက်ချင်တော့တယ်…”
စထွင်းထဲရှိ ကြည့်ရှုသူများ၏ ပြင်းထန်သည့် တုန့်ပြန်မှုများကို မြင်တော့ ကျန်းရှောင်ယွီ တခစ်ခစ် ရယ်မောလိုက်သည်။
“လူတိုင်းပဲ.. စိတ်ငြိမ်ငြိမ်ထားကြ… ဒီနေ့ ငါနဲ့ မျက်နှာဖုံး အစ်ကိုကြီး အပြင်ကို အထူး ဧည့်သည်တော်တွေလည်း ရှိသေးတယ်…သူက ငါတို့ကို စူပါစတား ကျောက်ဝန်ရှီးနဲ့ အင်တာဗျူးလုပ်ခွင့်ရအောင် ကူညီပေးမှာ…”
ကောင်းကျုံးယွမ် လင်းရီနှင့် ကျန်းရှောင်ယွီကို ကြည့်လိုက်ပြီး “ အဆင်သင့်ပဲလား… ခု သွားကြတော့မလား…”
ကျန်းရှောင်ယွီမှ အိုကေ လက်ဟန် လုပ်ပြလိုက်ပြီး “ အိုကေ အစ်ကိုကောင်း…သွားကြစို့…”
သို့နှင့် အုပ်စုမှာ ကျောက်ဝန်ရှီးထံ လျှောက်လာခဲ့ကြ၏။
ချင်းဟန်နှင့် လျန်ကျင်းမင်တို့က ကင်မရာ မြင်ကွင်းထဲသို့ မဝင်ပဲ လင်းရီ နောက်မှ ကွန်းမန့်များကို ဖတ်ရင်း လိုက်လာကြလေသည်။
ထိုအခိုက်အတန့်တွင်တော့ ကျောက်ဝန်ရှီးဘေးတွင် လေဆိပ် ဝန်ထမ်း တစ်ချို့ ဝန်းရံနေပြီး သူမထံမှ လက်မှတ် တောင်းဆိုနေကြ၏။
သူမ အတော်လေး စိတ်မရှည်ဖြစ်နေသော်လည်း ဖျစ်ညစ်ပြီး သဘောတူလိုက်သည်။ မည်သို့ပင်ဆိုစေ သူမ၏ ရေရှည်ရပ်တည်နိုင်မှုက ပရိသတ်များအပေါ် မူတည်နေလေသည်။
ထိုအချိန် လင်းရီနှင့် ကျန်သူများ သူမထံ ရောက်လာခဲ့ကြပြီး ကောင်းကျုံးယွမ်မှ သာမန်ဆန်သည့် လေသံဖြင့် “ မစ်ကျောက်… ငါ့ ညီကိုက မင်းနဲ့ အင်တာဗျူး လုပ်ချင်နေလို့… ခု အချိန်ရလား..”