← Chapters

လှေထက်တောင် ဈေးပေါသေးတယ်

Vol. 50 Ch. 740

လှေထက်တောင် ဈေးပေါသေးတယ်

Vol. 50 Ch. 740

လင်းရီ လေယာဉ် ဝယ်တော့မည်ကိုသိတော့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ရေပန်းစားမှုမှာ ခြောက်မီလီယမ်ထိ ရောက်ရှိလာလေသည်။

“ မျက်နှာဖုံး အစ်ကိုကြီး … ခင်များ တကယ်ကြီး လေယာဉ် ဝယ်တော့မလို့လား…”

“ မင်း ဘယ်လောက်ထိတောင် ချမ်းသာနေတာတုန်း… ကျေးဇူးပြုပြီး လူသားဆန်ပါဦးကွာ… ငါ့ တစ်လ လုပ်အားခတောင် ယွမ် နှစ်ထောင်တည်း ရှိတာရယ်….”

“ ငါတို့ကို ငိုချင်အောင် မလုပ်စမ်းနဲ့… ခု အမေကတောင် မေးနေပြီ… ငါ့သားဖုန်းကြည့်ပြီး ဘာလို့ မျက်ရည်ကျနေတာလဲတဲ့…”

လင်းရီ သူ့ မျက်နှာဖုံးကို ဆွဲတင်လိုက်ပြီး “ အဲ့ကောင် ပေါက်တတ်ကရ ပြောနေတာတွေကို လျှောက်နားထောင်မနေနဲ့… ငါတို့က ဒီတိုင်း သွားကြည့်ကြမှာ.. တကယ်လို့ အဆင်ပြေတာလေး တွေ့ရင်တော့ ဝယ်မှာပေါ့…. သေချာပေါက် ဝယ်ဖို့ သွားတာတော့ မဟုတ်ဘူး…”

“ ဒါပေမယ့် ခင်များက ဟိုလို နေ့တိုင်း ကမ္ဘာပတ်ပြီး အစည်းဝေးလိုက်တက်နေတဲ့ဆရာကြီးတွေလိုလည်း မဟုတ်ပဲနဲ့ ဒီလိုမျိုး တစ်သီးတစ်သန့် လေယာဉ်ကြီး ဝယ်လိုက်တာက ဖြုန်းတီးရာ မကျလွန်းဘူးလား….”

“ ဒီတိုင်း အလှပြဖို့လေ… POP(popular )culture ကိုသိတယ်မလား… လူတိုင်း တစ်စင်းစီ ရှိထားတဲ့ချိန် ငါလည်း တစ်စင်းလောက် ရှိထားရမယ်လေ… သုံးတာ မသုံးတာတွေ ဘေးချိတ်ထားလိုက်…”

“ ကြည့်စမ်း…. အဲ့တာ လူသားတစ်ယောက် ပြောသင့်တဲ့ စကားလား…”

“ ငါလည်း အဲ့လိုမျိုး ပြောချင်လိုက်တာ….”

“ ငိုးပဲ… ငါ ဒီစထွင်းကြည့်လေ… ဘဝကြီးက ပိုပိုပြီး ခါးလာသလိုပဲ….”

ကျန်းရှောင်ယွီ ကင်မရာ ကိုင်ထားရင်း လင်းရီကို လေသံတိုးတိုးလေးဖြင့် “ အစ်ကိုရီ ဖိုက်တင်း… ဒီ အရှိန်နှုန်း အတိုင်းဆိုရင် သိပ်မကြာခင် ကြည့်ရှုနှုန်းက ( ၇ )သန်း ရောက်သွားတော့မှာ…”

၎င်းကို ကြားတော့ လင်းရီ အားရကျေနပ်သွားခဲ့၏။

ယနေ့စထွင်းတွင် သူ ဘာမျှ မလုပ်ပြရသေးသော်လည်း သူ၏ လက်ရှိ ရေပန်းစားနေမှုကြီးက ကျေနပ်လောက်စရာပင်။

လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း မှုတ်သောက်၊ လမ်းကိုလည်း တစ်လှမ်းခြင်း မြဲမြံစွာ လျှောက်။

“ မစ္စတာလင်း….”

သူ့နာမည် ခေါ်သံကြားတော့ လင်းရီ အသံလားရာဘက်သို့ လှည့်ကြည့်လိုက်ပြီး ရန်စီ ဖြစ်နေကြောင်း သတိပြုမိလိုက်လေသည်။

သူမက ယမန်နေ့တုန်းက အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ဆံပင်ပုံစံကိုတော့ မတူညီစွာ ပြောင်းလဲထားပြီး ပို၍ပင် ကျက်သရေရှိနေစေတော့၏။

“ ဒါရိုက်တာရန်... ဒီမှာ ပြန်တွေ့တယ်ဆိုတော့ ရေစက်တွေများလား...…”

ရန်စီ ဆံပင်ကို နောက်သို့ ခါလိုက်ပြီး “ ကျွန်မ ကောင်လေးက အာရှပစိဖိတ်ဒေသ ဘုန်ဘာဒီးယားရဲ့ လက်ထောက် မားကတ်တင်း ဒါရိုက်တာလေ… သူက ဒီနေ့ ဂျက်လေယာဉ် စုဝေးပွဲရဲ့ တာဝန်ရှိသူလည်း ဖြစ်တော့ ကျွန်မလည်း အဲ့ဒါကြောင့်မို့ ဒီရောက်နေတာ….”

“ အဲ့တာဆို အတော်လေး တိုက်ဆိုင်သားပဲ… ငါကလည်း လေယာဉ်ဝယ်ချင်နေတာ… အသိတွေဆိုတော့ မင်းဆီကနေပဲ ဝယ်လိုက်မယ်လေ….”

ရန်စီ ပြောစရာ စကား ကင်းမဲ့သွားခဲ့တော့၏။

“ လေယာဉ်ဝယ်မယ်…”

“ အင်း… အားနေတာနဲ့ လေယာဉ် ဝယ်ရင်း အချိန်ဖြုန်းမလားလို့… “လင်းရီ ပြောလိုက်ပြီး “ ဒါရိုက်တာရန်က လိုက်ပြဖို့ အားလားမသိဘူး…”

“ လိုက်ပြလို့တော့ ရပါတယ်.. ဒါပေမယ့် ကျွန်မက လေယာဉ်တွေအကြောင်း ဘာမှ မသိဘူးနော်… ဒီတိုင်း ပြပေးလို့ပဲ ရမှာ… မိတ်ဆက်ပေးလို့တော့ မရဘူး…”

“ အဆင်ပြေတယ်… မင်း ပြောပြရင်တောင် ဂရု မစိုက်ဘူး… ငါက ဒီတိုင်း သူတို့ အနေအထားကိုပဲ ကြည့်မှာ…”

“ အွန်း… ဒါဆို လိုက်ခဲ့…”

ရန်စီ လင်းရီနှင့် ကျန်သူများအား ဘုန်ဘာဒီးယား( Bombardier) ၏ ပြသသည့် ဧရိယာသို့ လိုက်ပြလိုက်သည်။

“ ဒီတစ်ခေါက် ဘုန်ဘာဒီးယားက မော်ဒယ်နှစ်ခု ပြထားတယ်.. တစ်ခုက Lear 60XR … နောက်တစ်ခုက 7500 … ရှင် ဘယ်တစ်ခုကို အရင်ဆုံးကြည့်ချင်လဲ…” ရန်စီ မေးလိုက်၏။

“ 7500 ကို အရင်ကြည့်ကြတာပေါ့… အဲ့လေယာဉ်က ပိုကြီးမယ့် ဒီဇိုင်းရှိတယ်…”

“ အစ်ကိုရီ အဲ့လေယာဉ်ရွေးမယ်မှန်း ကြိုသိသားပဲ…” ကျန်းရှောင်ယွီမှ ပြောလိုက်၏။

“ ဟမ်… ဘယ်လိုသိတာ…”

“ ဘာလို့ဆို အစ်ကိုရီက အမြဲတမ်း ကြီးတာတွေပဲ ကြိုက်တာလေ… အဲ့အကျင့်က ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး…..”

“ ဘယ်တတ်နိုင်မှာ… ငါဆိုတဲ့ အမျိုးက အရမ်း သစ္စာ ရှိတာကိုး….”

လင်းရီ၏ စကားလုံးများက လိုက်စထွင်းထဲရှိ လူတိုင်းကို သဘောကျသွားစေသည်။

"တကယ်လို့ မင်းက ချမ်းသာတယ်ဆိုရင် လက်ညိုးညွှန်ရာ ရွှေပဲ... ဒါပေမယ့် ဆင်းရဲနေတယ်ဆိုရင်တော့ မျက်နှာဖုံး အစ်ကိုကြီးကိုသာ ကိုးကွယ်လိုက်ပါ...."

“ ဒီ စထွင်းက လုပ်ဇာတ်ကြီးလား… ဒါမှမဟုတ် တကယ်ကြီး လေယာဉ် ဝယ်ကြမလို့လား…”

“ မင်းက မျက်နှာဖုံး အစ်ကိုကြီးရဲ့ ကြွယ်ဝမှုတွေကို သံသယဝင်နေတာလား…. သူ့သူငယ်ချင်းကတောင် ဘီလီယမ်နာမျိုးဆက် သခင်လေးဟ…. လေယာဉ် ဝယ်တယ်ဆိုတာ သူ့အတွက်တော့ ထမင်းစား ရေသောက်ပဲ … ဟုတ်တယ်မလား အစ်ကိုကြီး ….”

“ သူ့သူငယ်ချင်းက ချမ်းသာတာနဲ့ပဲ သူက ချမ်းသာတယ်လို့ မဆိုလိုဘူးလေ… ငါတော့ လုပ်ဇာတ်ကြီးလို့ ယူဆတယ်… လေကြီးလေကျယ်တွေ ပြောနေလို့ အဟုတ်မှတ်မနေနဲ့… အဆုံးသတ်ကျရင် သူတို့ ဝယ်မှာ မဟုတ်ဘူး…”

“ မျက်နှာဖုံး အစ်ကိုကြီး ကိုယ်တိုင် ပြောပြီးပြီပဲ…. သူက သေချာပေါက် ဝယ်ဖို့ လာခဲ့တာ မဟုတ်ဘူးတဲ့… အဲ့စကားပြောတုန်းက မင်း နား ကန်းနေတာလား… မကြည့်ချင်လည်း လစ်… လာပြီး အာချောင်မနေနဲ့…”

စာ၏ ရေးဟန်ကို သုံးသပ်ကြည့်ရသလောက်တော့ အသုံးပြုသူမှာ လင်းရီ၏ ပရိသတ်ဟောင်း ဖြစ်လောက်ပေသည်။

ရန်စီ၏ ဦးဆောင်မှု အောက်တွင် အုပ်စုမှာ 7500 ပေါ်သို့ တက်လာခဲ့ကြ၏။

Luxury ဆန်သည့် အတွင်းပိုင်းနှင့် ထိပ်တန်း အင်္ဂါရပ်များက လူတို့ကို အဆင့်မြင့် ဟိုတယ်ကြီးထဲသို့ ရောက်ရှိလာသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

စထွင်းထဲရှိ ကြည့်ရှုသူ ပရိသတ်များလည်း ချမ်းသာခြင်းနှင့် နွမ်းပါးခြင်း မျဉ်းနှစ်ခုကြားရှိ စစ်မှန်သည့် ကွာဟမှုကို မြင်ဖူးသည့် ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။

ထိုမျှ ခမ်းနားသည့် နေရာက သူတို့ တစ်သက်လုံး မဝင်ရောက်နိုင်သည့် နေရာမျိုးလည်း ဖြစ်သည်။

လင်းရီ နီးရာ ဆိုဖာပေါ်၌ ဝင်ထိုင်ကြည့်လိုက်၏။ သက်တောင့်သက်သာ ဖြစ်သလို ခံစားလိုက်ရပြီး ဆယ်လ်ဖီဆွဲကာ ကျေနပ်အားရမှု အပြည့်ဖြင့် ပြန်ထွက်လာခဲ့လိုက်လေသည်။

“ ဘယ်လိုထင်လဲ…” လင်းရီ ကျန်သူများ၏ အမြင်ကို မေးကြည့်လိုက်၏။

“ အဆင်ပြေပါတယ်….” လျန်ကျင်းမင် ပြောလိုက်ပြီး “ အစ်ကိုကြီးချင်းရဲ့ G650 ထက် ပိုကောင်းသလိုပဲ…”

“ နှစ်စင်းက လယ်ဗယ်တူမှ မဟုတ်တာ… အဲ့တော့ နှိုင်းယှဉ်စရာလည်း မလိုဘူး… အိုကေ…” ချင်းဟန် မျက်လုံးလှိမ့်လိုက်၏။

လင်းရီ ရန်စီကို ကြည့်လိုက်ပြီး “ ဒီကောင်က ဘယ်လောက်လဲ…”

“ ဒေါ်လာ ၇၃ မီလီယမ် ထင်တာပဲ…”

( ယွမ်ငွေနဲ့ဆို ၅၀၀ မီလီယမ်ကျော် )

“ အိုး… အဲ့လောက်ပဲလား… လှေဝယ်တာထက်တောင် ပိုပြီး ဈေးပေါနေတာပဲ…”

“ အစ်ကိုရီ စထွင်းက ရှင့်လူတွေက ရှင့်ကို ငြင်းနေကြတယ်….”

“ ဟမ်… ဘာတွေ ငြင်းနေကြတာ…”

“ သူတို့ပြောတာ လှေတွေက ဈေးပေါတယ်တဲ့…ဆယ်မီလီယမ်လောက်ဆို ကိုယ့်စိတ်ကြိုက်ရွေးလို့ရနေပြီ… သီးသန့် လေယာဉ်တွေလောက် ဈေးမကြီးဘူးတဲ့…”

“ အာ….” လင်းရီ ခဏ ရပ်တန့်၍ “ ငါ စကားပြောမှားသွားတာ… ဇိမ်ခံသင်္ဘာတွေထက် အများကြီး ဈေးပေါတယ်…”

“ ဟားဟား… ငါတော့ ဒီဇာတ်လမ်းကို အတော်လေး သဘောကျနေပြီ….”

“ ငါမှတ်မိသလောက်ဆို ကြယ်ငါးက ယွမ်နှစ်ဘီလီယမ်ကျော်တယ်… လေယာဉ််ထက် ဈေးကြီးနေတာတော့ အမှန်ပဲ…”

“ ငါတော့ ပိုပိုပြီး စိတ်ရှုပ်ထွေးလာပြီ… ဒီကောင်က ဒီလောက် ချမ်းသာနေတာကို ဘာလို့ စထွင်မာ လာလုပ်နေလဲ… တစ်ခုခုတော့ မူမမှန်လောက်ဘူး…”

“ မူမမှန်ဘူး ထင်ရင် ဂျောင်းလေ… မင်းကို ဘယ်သူက အတင်းခေါ်ထားနေလို့….”

သို့နှင့် လင်းရီ စထွင်းထဲရှိ ရန်ပွဲအသစ်က တစ်ဖန် ပြန်လည် စတင်လာပြန်သည်။ သို့သော်လည်း လင်းရီကတော့ ထိုအကြောင်း စိတ်ပူနေရန် အချိန်မရှိသေးချေ။

“ ဒီကောင် ဝယ်ဖို့ဆို ဘာတွေ လိုအပ်လဲ…”

“ ရှင် တကယ်ကြီး ဝယ်တော့မလို့လား…” ရန်စီ အကဲစမ်းသည့် လေသံဖြင့် မေးမြန်းလိုက်ပြီး “ ကျွန်မကြောင့်နဲ့ ဆိုရင်တော့ မဝယ်နဲ့နော်… ဘာပဲဆိုဆို ၇၃ မီလီယမ်က ပိုက်ဆံ အများကြီးပဲ… ရှင်ဂရုစိုက်သင့်တယ်…”

“ အဆင်ပြေပါတယ်… အကုန်လုံးက တစ်လှေတည်း စီးနေကြတဲ့သူတွေကိုပဲ ငါ မင်းကို အပြည့်အဝ ယုံကြည်တယ်…”

ထို စကား ပြောပြီးပြီးချင်းပဲ စထွင်းထဲရှိ လူတိုင်း ရယ်မောလိုက်ကြ၏။

“ မျက်နှာဖုံး အစ်ကိုကြီးက ဘယ်လိုကစားရမယ်မှန်း ကောင်းကောင်းသိနေတာပဲ… သူများ ကောင်မလေးနဲ့ ညှိဖို့ တကယ်ကြီး ၇၃ မီလီယမ်သုံးလိုက်တယ်… လူချမ်းသာတွေရဲ့ မိန်းမ ပိုးပန်းတဲ့ နည်းလမ်းက ဘာလို့ ရိုးရှင်းပြီး ရိုမဆန်ရတာတုန်းကွ….”

“ ဒီ အမျိုးသမီးရဲ့ ကိုယ်လုံးကိုယ်ပေါက်က အကိတ်ကြီးကွ… ဘယ်လောက်ပဲ သုံးရသုံးရ တန်တယ်…”

“ ငါ သူ့ကို ဘာလို့ ရင်းနှီးသလို ဖြစ်နေတာ… တီဗွီပေါ်မှာ မြင်ဖူးသလားလို့…..”

ကွန်းမန့်များက တစ်ခုပြီး တစ်ခု ထွက်ပေါ်လာပြီး ရေပန်းစားမှုကို ဆက်လက်မြင့်တက်စေသော်လည်း သိသာလှသည်တော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိ ကြည့်ရှုသူ ဦးရေက Dou yu ကိုင်တွယ်နိုင်သည့် အကန့်အသတ်သို့ ရောက်ရှိနေသောကြောင့် ဖြစ်လေသည်။

ရန်စီ မျက်လုံး လက်ခနဲ ဖြစ်သွားခဲ့၏။ အကယ်၍ လင်းရီသာ လေယာဉ်ကို နှစ်သက်သောကြောင့် ဝယ်ယူမည်ဆိုပါက ပြဿနာ မရှိချေ။ သို့သော်လည်း သူမ အတွက်ကြောင့်နှင့်တော့ လင်းရီကို မဝယ်ယူစေချင်ပေ။

“ ဒီလိုဆိုရင်ကော .. အရင်ဆုံး ပြန်သွားကြမယ်.. ပြီးရင် ကျွန်မကောင်လေးကို ရှာပြီးတော့ သူ့ကို ကျွမ်းကျင်တဲ့ အရောင်းသမားနဲ့ လေယာဉ်ကို မိတ်ဆက်ခိုင်းလိုက်မယ်… ဘာလို့လဲဆိုတော့ ထိန်းသိမ်းခတွေကလည်း ရှိသေးတာကိုး.. လေယာဉ်ဝယ်လိုက်တာက တစ်ကြိမ်တည်း ပိုက်ဆံ သုံးရမှာမှ မဟုတ်ဘူးလေ…”

လင်းရီ အဲ့လောက် အလုပ်ရှုပ် မခံချင်ပဲ အော်ဒါတိုက်ရိုက် တင်ရန် စီစဉ်လိုက်သော်လည်း ကျန်းရှောင်ယွီမှ သူ့ကို ဆက်တိုက်ခေါင်းညိမ့်ပြနေပြီး နှုတ်ခမ်းလှုပ်ပြနေသည်ကို မြင်တွေ့လိုက်ရ၏။

ထိုအခါ လင်းရီ သူမ ဘာဆိုလိုချင်နေလဲဆိုတာကို သဘောပေါ်သွားခဲ့သည်။

ယခု အခွင့်အရေးကို အသုံးချ၍ စထွင်းလွင့်သည့် ကြာချိန်ကို ချဲ့လို့ရလေသည်။

လင်းရီ၏ စထွင်းမှာ အမြဲတမ်း သာမန်ကာလျှံကာပင်။ အခြား အောက်ဒေါ စထွင်မာများ၏ live stream ဆိုပါက နေ့တစ်ဝက်နီးပါး ကြာမြင့်တတ်၏။

သို့သော်လည်း လင်းရီ၏ အကြာဆုံးစထွင်းချိန်ကတော့ နှစ်နာရီမျှသာ ကြာမြင့်လေသည်။ သူ၏ content များက စိတ်ဝင်စားဖို့ကောင်းနေသော်လည်း ဖန်ဘေ့စ်တစ်ခု ထူထောင်ဖို့ရာ အတွက်တော့ အဆင်မပြေသေးချေ။

ထို့ကြောင့်လည်း ကျန်းရှောင်ယွီမှ သဘောတူရန် ဆက်တိုက် အချက်ပြနေချင်းပင်။

လင်းရီလည်း မငြင်းပယ်လိုက်ပေ။ မည်သို့ပင်ဆိုစေ သူ့မစ်ရှင် ပြီးမြောက်ဖို့ရာအတွက် ကြာကြာလေး စထွင်းလိုက်သည်ကလည်း မဆိုးဟု ပြော၍ရလေသည်။

“ ကောင်းပြီလေ… သွားပြီးတော့ စကား အရင် ပြောကြည့်ကြတာပေါ့…”

ရန်စီ ခေါင်းညိမ့်လိုက်ပြီး အုပ်စုကို လေဆိပ်ရှိ ယာယီ ဧည့်ကြိုခန်းထဲသို့ ဦးဆောင်သွားလိုက်သည်။

“ ရန်ရန်… မင်းပြန်လာပြီလား…”

All Chapters