← Chapters

တစ်ခု အရင် ခွဲလိုက်မယ်

Vol. 50 Ch. 742

တစ်ခု အရင် ခွဲလိုက်မယ်

Vol. 50 Ch. 742

ကျန်းရှောင်ယွီ၏ အတွေးကတော့ ရိုးရှင်းသည်။ သူမတို့က လေယာဉ် ဝယ်ရန် ရောက်လာတာဖြစ်သည့် အတွက် တစ်ဖက်သူမှ ပို၍ အသေးစိတ်ကျကျ ရှင်းပြရသည်ကား ပြဿနာမရှိလောက်ချေ။

ထို့သို့ဖြင့် သူမလည်း ပို၍ ကြာကြာစထွင်းနိုင်ပေမည်။

သို့သော်လည်း ကျန်းနီကတော့ ထိုသို့ မတွေးပေ။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက သူမ စကား တစ်ခွန်းလေးပင် ထုတ်မပြောချင်ပေ။

ဟမ့်... စထွင်မာ တစ်သိုက်ကများ လာပြီးတော့ 7500 ကို ဝယ်ဖို့ ပြောနေတယ်.. ငါ့ကို လာနောက်နေတာလား…

ပြီးတော့ ပိုပြီး ကြာကြာ ရှင်းပြပေးဖို့တောင် လာ တောင်းဆိုနေလိုက်သေးတယ်… ငါ့ကို အရမ်း အားတယ်လို့ နင်ထင်နေတာလား…

အားနေရင်တောင်မှ ငါ့အချိန်တွေက နင်တို့လို အလေနတောတွေအတွက် မဟုတ်ဘူးဟဲ့…

“ အမ်..… အဲ့တာကတော့ နည်းနည်းခက်ခဲနိုင်တယ်… ဘာလို့ဆို ကျွန်မတို့ရဲ့ စည်းမျဉ်းက ထုတ်ကုန်တွေရဲ့ ရှိရင်းစွဲကိုပဲ ပြောပြရမှာ… မြန်မြန် ရောင်းထွက်အောင်လို့ဆိုပြီး ပေါက်တတ်ကရ အချက်အလက်တွေ ဖန်တီးပြီး ပြောဆိုဖို့ မဟုတ်ဘူးရှင့် .. ဒါကြောင့်မို့ ရှင်းပြပေးတဲ့ ကြာချိန်က အကန့်အသတ်နဲ့ပဲရှိမှာ… ကျေးဇူးပြုပြီး နားလည်ပေးပါနော်…”

“ အိုး..” ကျန်းရှောင်ယွီ အနည်းငယ် အပြစ်ရှိသလို ခံစားသွားလိုက်ရပြီး “ ဒါဆိုလည်း နင်တို့ စည်းမျဉ်းတွေအတိုင်းပဲပေါ့…”

ကျန်းနီ ပေါ့ပေါ့ပါးပါး ခေါင်းညိမ့်လိုက်ပြီး သူတို့ကို မိတ်ဆက်ပေးရန်အတွက် စာရွက်တစ်ရွက်ကို လှမ်းယူလိုက်၏။

လင်းရီ မျက်ခုံးပင့်ပြီး ကျန်းနီကို ကြည့်လိုက်သည်။ သို့သော်လည်း သူဘာမှ မပြောသေးချေ။

ကျန်းနီ လည်ချောင်း ရှင်းလိုက်ပြီး အချက်အလက်များကို ကြည့်၍ “ Bombardier 7500 က လက်ရှိမှာ ကမ္ဘာ့အကြီးဆုံး စီးပွားဖြစ် ဂျက်လေယာဉ်တွေထဲက တစ်စင်းပါ… သူ့ရဲ့ လေယာဉ် ကိုယ်ထည်က 33.7 မီတာ ရှည်လျားပြီးတော့ အခန်း အမြင့် 2.1 မီတာ၊ အကျယ် 2.1 မီတာ၊ အမြင့်ဆုံး အမြန်နှုန်း 0.929 Mach နဲ့ ပျံသန်းနိုင်ပါတယ်… ပြီးတော့ သွားနိုင်တဲ့ ကီလိုမီတာ အများဆုံးက 14,260 ကီလိုမီတာအထိ ရှိပါတယ်… လက်ရှိမှာ ကမ္ဘာ့အကြီးဆုံးနဲ့ နည်းပညာ အမြင့်ဆုံးတွေထဲက လေယာဉ်တစ်စင်းဆိုလည်း မမှားပါဘူး…”

“ လေယာဉ် အတွင်းထဲမှာကျ မီးဖိုချောင်၊ အိပ်ခန်းနှစ်ခန်းနဲ့ ရေချိုးခန်း နှစ်ခန်း ၊ ဇိမ်ယူခန်း တစ်ခန်း ၊ မီတင်ခန်း နဲ့ မာစတာ အိပ်ခန်းတွေလည်း ပါပြီးတော့ အရမ်းကို သီးသန့် ပရီမီယမ်ဆန်ပါတယ်…. “

“ ကောင်းတာပေါ့…” လျန်ကျင်းမင် ပြုံးလိုက်ပြီး “ အစ်ကိုကြီးလင်း ကောင်မလေးတွေ ခေါ်လာတဲ့အချိန်ကျ တစ်ယောက်တစ်ခန်း ထားလို့ရတယ်… ဘယ်သူကမှလည်း ဘယ်သူ့ကို နှောင့်ယှက်စရာ မလိုတော့ဘူး…”

ကျန်းနီ လျန်ကျင်းမင်အား ရွံရှာစက်ဆုပ်စွာ ကြည့်လိုက်၏။

ဘယ်လိုတောင် ပညာမဲ့လိုက်တဲ့ လူတစ်အုပ်လဲ… ဒီလို အဆင့်မြင့်တဲ့ ပတ်ဝန်းကျင်မှာ အဲ့လို စကားလုံးမျိုးတွေ ပြောရဲတယ်ပေါ့လေ…

ဒီစထွင်မာတွေက တကယ့်ကို ကျင့်ဝတ်သိက္ခာ မရှိတဲ့ လူတစ်စုပဲ..

“ ရှောင်းကျယ်ကျဲ.. ဆက်ပြောဦးလေ…” ကျန်းရှောင်ယွီ ညင်သာစွာ သတိပေးလိုက်၏။

“ ဘာကို ဆက်ပြောရမှာ…” ကျန်းနင် ခပ်ပြတ်ပြတ် ပြန်ပြောလိုက်၏။

“ ဆက်ပြီး မိတ်ဆက်ပေးလေ…”

“ ကျွန်မဘက်က အဓိက အချက်အလက်တွေ အကုန်လုံး မိတ်ဆက်ပေးပြီးသွားပြီ.. တခြား ဘာမှ ပြောစရာ မကျန်တော့ဘူး… ကျန်တာက ထိန်းသိမ်းခပဲ… အဲ့တာက တစ်နှစ်ကို ယွမ် ၁၀ မီလီယမ် ကုန်ကျမယ်… ဒါပဲ…”

“ အာ….”

ကျန်းရှောင်ယွီ ဘာပြောရမှန်း မသိ ဖြစ်သွားခဲ့၏။

အနှီ အမျိုးသမီးမှာ စိတ်တိုနေပြီး သူမကို စကားမပြောချင်ကြောင်း သိသာလေသည်။

ငါဖုန်း ဝယ်တုန်းကတောင် ဆိုင်ဝန်ထမ်းက ဒီ့ထက်ကြာအောင် ရှင်းပြပါသေးတယ်… ခုက လေယာဉ်ဝယ်နေတာလေ….ဟင်းရွက် ကန်စွန်း ၀ယ်နေတာ မဟုတ်ဘူး...

“ သွားပြီ … သွားပြီ.. သူမတော့ နံရံနဲ့ ဝင်တိုက်မိပြီ…အဲ့အရောင်းသမက မင်းကို ဒီလိုလေသံနဲ့ ပြောဝံ့နေတယ်..”

“ အဆင့်မြင့် လူသုံးကုန်ရောင်းတဲ့ လူတိုင်းက ဒီလိုတွေချည်းပဲလား.. သူတို့က သာမန်လူတွေဆို အလေးကို မထားတာပဲ…”

“ မျက်နှာဖုံးအစ်ကိုကြီး … အဲ့ မောက်မာနေတဲ့ ကောင်မရဲ့ မျက်နှာကို ပိုက်ဆံနဲ့ ဖြတ်ရိုက်ပစ်လိုက်စမ်းပါ… ကျုပ်အတွက်ပါ ပိုရိုက်ပေး….”

“ ဘုန်းဘာဒီးယားက မင်းမိသားစုပိုင်တာလည်း မဟုတ်… ဒီတိုင်း အရောင်းသမကများ လာပြီး ကြီးကျယ်ပြနေတယ်…. ငါကျိန်ရဲတယ်… ငါ အနာဂတ်မှာ သူဌေးဖြစ်ခဲ့ရင် အဲ့ ကုမ္ပဏီက လေယာဉ်တွေ လခွီးမှ မဝယ်ဘူး..”

ကျန်းနင်၏ အပြုအမူကို မြင်တော့ စထွင်းထဲရှိ လူတိုင်းမှာ ရုတ်ချည်း စည်းလုံးညီညွှတ်သွားခဲ့ကြသည်။

သူတို့အားလုံးက လင်းရီ သူ့ဒေါသကို ကျန်းနင်ထံ ပုံချစေချင်နေကြ၏။

“ ဒါ ဘာသဘောတုန်းကွ… ငါ့ ဆေးလိပ်တောင် တစ်ဝက်မကျိုးသေးဘူး မင်းက ရှင်းပြပြီးသွားပြီပေါ့..” လျန်ကျင်းမင် ပြောလိုက်ပြီး “ ငါတို့ ပိုက်ဆံတွေကို ကောင်းကင်ပေါ်က ကျလာတယ်များ ထင်နေတာလား… ငါတို့က ဒါရိုက်တာရန် မျက်နှာကြောင့် ဝယ်တယ်ဆိုရင်တောင် အဲ့လိုမျိုး လုပ်လို့မရဘူး…”

ကျန်းနင် မျက်မှောင်ကြုတ်လိုက်ပြီး “ ကျွန်မ အလေးအနက် တောင်းပန်ပါတယ်..ကျွန်မ အလုပ်က ဒါအကုန်ပါပဲ… တကယ်လို့ မကျေနပ်ဘူးဆိုရင် ရုံးချုပ်ကို ဖုန်းဆက်ပြီး ကွန်ပလိန်းတက်လိုက်ပါနော်….”

ရန်စီ ဆိုဖာပေါ်မှ ထလာခဲ့ပြီး လင်းရီကို ကြည့်၍ “ မစ္စတာလင်း.. ကျွန်မအထင်တော့ ရှင် မဝယ်တာပဲကောင်းမယ်… နောက်တစ်ခြားနေရာမှာ သွားကြည့်ကြတာပေါ့…”

“ မကောင်းဘူး ထင်တယ်.. ငါတို့က မင်းရဲ့ ကောင်လေးကို ထောက်ပံ့ပေးဖို့ လာခဲ့တာ မဟုတ်ဘူးလား…”

“ ဟမ့်..သူတို့ရဲ့ မိုးထိုးတော့မယ့် မျက်နှာထားတွေက ထောက်ပံ့ပေးဖို့ လိုအပ်မယ့်ပုံ မပေါ်ပါဘူး….”

“ ငါလည်း ထောက်ခံတယ်.. ဒီရဲ့ 7500 က G650 နဲ့ယှဉ်ရင် နည်းနည်းလေး လိုနေသလားလို့… ဘာမှ စွဲလမ်းနေစရာ မရှိပါဘူး…” ချင်းဟန်‌ ပြောလိုက်ပြီး “ တကယ်လို့ မင်း တကယ်ကြီး လိုချင်နေတယ်ဆိုရင် ငါ ဒီည Gulfstream က တာဝန်ရှိသူ တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်…”

“ အဆင်ပြေပါတယ်… ဒီတိုင်း ရှိုးပဲလေ… ငါ အရမ်း အသုံးလိုနေတာမျိုးလည်း မဟုတ်တော့ မဝယ်ရလည်း အဆင်ပြေတယ်…”

၎င်းတို့၏ စကားဝိုင်းကို ကြားတော့ ကျန်းနင် ဆွံ့အစွာ မတ်တပ်ရပ်လိုက်ပြီး ကျိန်းချောင် ဘေးသို့ သွားရပ်လိုက်၏။

“ အစ်ကို ဖြစ်စေချင်တဲ့ အတိုင်း လုပ်ပြီးသွားပြီနော်.. ကျန်တာ ညီမနဲ့ ဘာမှမဆိုင်တော့ဘူ…”

“ အင်း… ခုတော့ သူတို့ပြန်ထွက်သွားမယ့် အချိန်ကို စောင့်နေရုံပဲ…”

ကျိန်းချောင် မူလက ကျန်းနီ ကိုင်တွယ်လိုက်သည်မှာ အနည်းငယ် မြန်ဆန်သည်ဟု တွေးထင်ထားခဲ့သော်လည်း တစ်ဖက်သူမှာ Gulfstream မှ တာဝန်ရှိသူနှင့် လူကိုယ်တိုင်တွေ့ စကားပြောမယ်ကို ကြားတော့ ဆွံ့အသွားခဲ့တော့၏။

ဒီစထွင်မာတွေက အိုဗာတင်းတွေ တအား လုပ်လွန်း မနေဘူးလား…

ဒီလိုစကားမျိုးတောင် ပြောဝံ့နေကြတယ်….

ကြည့်ရှုသူတွေကို ငတုံးများ မှတ်နေကြတာလား…

ထိုအကြောင်းပြချက်ကြောင့်ပဲ ကျိန်းချောင် လင်းရီတို့ အုပ်စုနှင့် စိတ်ရှုပ် မခံချင်တော့ပေ။

ထိုသူတို့နှင့် စကားသွားပြောနေမည် ဆိုပါက သူ၏ အချိန် ပုပ်ရုံသာမက သူ၏ တန်ဖိုးကို နိမ့်ချရာလည်း ရောက်လေသည်။

မြန်မြန် ထွက်သွားခိုင်းလိုက်သည်က ပိုကောင်း၏။

“ ရန်ရန်… မင်း ဘယ်လဲ သွားမလို့…”

ရန်စီ လင်းရီတို့ အုပ်စုနှင့် အတူထွက်ခွာသွားသည်ကို မြင်တော့ ကျိန်းချောင် နောက်မှ ပြေးလိုက်လာပြီး မေးလိုက်၏။

“ ငါ နင်နဲ့ စကားမပြောတော့ဘူး… ထွက်သွားတော့မယ်…”

“ ဘယ်လဲသွားမှာ … ဟိုတယ်ကိုလား..”

“ အဲ့တာ နင့်အလုပ်မဟုတ်ပါဘူး… နင့်ကိစ္စ နင်လုပ်ပါ…”

“ ရန်ရန် … မင်း တကယ်ကြီး ဒီလိုလုပ်မှ ဖြစ်မှာလား…” ကျိန်းချောင် ဒေါသဖြစ်စွာ ပြောလိုက်၏။

“ အဲ့တော့ ဘာဖြစ်လဲ… ငါ ဒီနေရာမှာ ဆက်မနေချင်တော့ဘူး.. ဟုတ်ပြီလား…”

“ သူတို့က ဒီတိုင်း စုတ်ပြတ်နေတဲ့စထွင်မာတွေ… အဲ့တာကို မင်းက သူတို့ဘက်က ရပ်တည်ပေးနေတယ်.. ဘာကြောင့်လဲ.. ရန်ရန်…. ဘာကြောင့်မို့လဲ....”

“ မဆိုင်ပါဘူး.. နင်တို့ကိုက တစ်ဖက်သူအပေါ် အထင်မြင်သေးလွန်းနေတာ… သူတို့က စထွင်မာဆိုတာနဲ့ပဲ လေယာဉ် ဝယ်ဖို့ မတတ်နိုင်ဘူးလို့ နင့်စိတ်က တသတ်မှတ်တည်း ဆုံးဖြတ်လိုက်ပြီလေ…. ဒါပေမယ့် နင်သိအောင်တော့ ပြောပြလိုက်မယ်.. သူတို့ထဲက ဘယ်သူ့ကိုမဆို လက်ညိုးထိုးလိုက်.. နင့်ထက်ပို ချမ်းသာတဲ့ လူတွေချည်းပဲ… နင့်မှာ သူတို့ကို နိမ့်ချဆက်ဆံဖို့ အခွင့်အရေး ရှိတယ်ထင်လား…”

“ ဒါဆို သူတို့ အဲ့ဒီ ပိုက်ဆံတွေ ဘယ်က ရတယ်လို့ ထင်လဲ…” ကျိန်းချောင် ပြောလိုက်ပြီး “ ကြည့်ရှုသူတွေကို လိမ်ပြီး ရလာတာ မဟုတ်ဘူးလား… သူတို့လို အင်တာနက် သူတောင်းစားတွေနဲ့ မင်း ဆက်တွဲနေမယ်ဆိုရင် မင်းရဲ့ အဆင့်အတန်းပဲ နိမ့်ကျသွားလိမ့်မယ်…”

ရန်စီ သူမ၏ ဖြူဥသည့် မျက်နှာ ရဲရဲနီလာသည်အထိ ဒေါသထွက်နေပြီး စကားပြောချင်စိတ် မရှိရလောက်သည်အထိ ခံစားနေရတော့သည်။

သူမ ဘာလို့ ဒီလိုလူစားမျိုးနဲ့ အတူရှိဖို့ ရွေးချယ်လိုက်မိပါလိမ့်…ဒါ သူမရဲ့ ငယ်ရွယ်မှုတွေကို ဖြုန်းတီးပစ်လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား…

“ ကျိန်းချောင်.. ငါတို့ကြား ကိစ္စတစ်ချို့ကို ရှင်းလင်းအောင် လုပ်သင့်ပြီထင်တယ်… ဒီလိုပုံစံမျိုးနဲ့ဆိုရင် ငါတို့နှစ်ယောက် အတူ ရှေ့ဆက်ဖို့က အဆင်မပြေလောက်တော့ဘူး… ဒီတော့ ဆက်ဆံရေးကို အဆုံးသတ်လိုက်ကြစို့…”

“ တကယ်ကြီးလား… မင်းက အဲ့ဒီ သူတောင်းစားတွေကြောင့်နဲ့ ငါ့ကို လမ်းခွဲတော့မယ်ပေါ့… မင်းဘာလို့ ဒီလိုတွေလုပ်နေတာ… သူတို့က ငါ့ထက် သာမှာမို့လား… သူတို့က မင်းဘဝကို ပိုမြင့်တဲ့ နေရာတစ်ခုဆီ ခေါ်သွား…….”

“ဟင်း…. မင်း စားချင်တာစားလို့ရတယ်… စကားကိုတော့ ပြောချင်သလို လျှောက်ပြောလို့ မရဘူးကွ….” လျန်ကျင်းမင် ပြောလိုက်ပြီး “ ဘာလဲ.. မင်းက ဘုန်ဘာဒီးယားရဲ့ လေယာဉ်တွေ ရောင်းပေးနေရတယ်ဆိုတိုင်း ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေတာလား….”

ကျိန်းချောင် သူ့ကျောကို ဖြောင့်စင်းထားလိုက်ပြီး ယုံကြည်မှုတို့ လျှံထွက်နေကာ “ ငါ့ကိုယ်ငါ ဟုတ်လှပြီတော့ မထင်ပါဘူး… ဒါပေမယ့် မင်းတို့.. မင်းတို့လို အင်တာနက် သူတောင်းစားတွေထက်တွေတော့ ပိုသာတယ်…”

“ လိုး… ဟားဟားဟား……”

လျန်ကျင်းမင် ရယ်မောလိုက်ပြီး “ ငါ့ကို တစ်ယောက်ယောက်က အင်တာနက် သူတောင်းစားဆိုပြီး ပြောတာကို ပထမဆုံး အကြိမ် ကြားဖူးတာပဲ…”

လျန်ကျင်းမင် ကျိန်းချောင်ထံ လျှောက်လာခဲ့၏။

တစ်လက်စတည်း သူ့ဘေးရှိ ပန်းအိုးကိုလည်း ကောက်လာခဲ့လေသည်။

“ ဒါ ဘာလဲ သိလား…”

ကျန်းချောင် လျန်ကျင်းမင်ကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး “ မင်း ငါတို့ ပန်းအိုးနဲ့ ဘာလုပ်မလို့လဲ.. အဲ့တာ တစ်လုံးကို ယွမ် တစ်ထောင်ကျော်တယ် ပေးရတယ်… ကွဲသွားရင် မင်းတို့ လျော်နိုင်မယ် မထင်ဘူး….”

လျန်ကျင်းမင် ပန်းအိုးကို သူ့လက်ထဲတွင် အလေးချိန် ချိန်ကြည့်လိုက်ပြီး လေးလေးပင်ပင် ရှိသည်ကို သိတော့ အတော်လေး ကျေနပ်သွားခဲ့၏။

“ အဆင်ပြေပါတယ်.. ယွမ် တစ်ထောင်တည်း ပေးရတယ်ဆိုတော့ ဈေးမကြီးပါဘူး… ဒီတော့တစ်လုံး အရင် ခွဲကြတာပေါ့…”

သို့နှင့် လျန်ကျင်းမင် ပန်းအိုးကို ကျိန်းချောင်ထံ ကောက်ပေါက်လိုက်လေသည်။

All Chapters