← Chapters

ကျန်းရှောင်ယွီပြောတဲ့ အနှစ်တွေ

Vol. 50 Ch. 743

ကျန်းရှောင်ယွီပြောတဲ့ အနှစ်တွေ

Vol. 50 Ch. 743

သူ့ထံသို့ ပျံသန်းလာနေသည့် ပန်းအိုးကိုမြင်တော့ ကျိန်းချောင် အရေးတကြီး လက်မောင်းမြောက်၍ ကာလိုက်၏။

ကံကောင်းစွာဖြင့် လျန်ကျင်းမင်မှာ gym ဆော့လေ့ ဆော့ထ မရှိသည်က တစ်ကြောင်း၊ ယမန်နေ့ညက အာရုဏ်တက်ထိ ပွဲကြမ်းထားသည်က တစ်ကြောင်းတို့ကြောင့် သူ၏ ခန္ဓာကိုယ်မှာ အတော်လေး ချိနဲ့နေလေသည်။

မဟုတ်ပါက အဆိုပါ ပစ်ချက်မှာ ခေါင်းတည့်တည့်ထိမှန်သွားလောက်၏။

“ မင်း …. ဒီနေရာကို ဘာမှတ်………..”

ဖြောင်း…

လျန်ကျင်းမင် ကျိန်းချောင်၏ ပါးကို ဖြတ်ရိုက်လိုက်၏။ ထို့နောက် လက်ညိုးထိုးလိုက်ပြီး “ ငါတို့ ဘယ်ရောက်ရောက် စောက်ဂရုမစိုက်ဘူး.. ဒါပေမယ့် ပြောလိုက်မယ်… နောင်ကျရင် ငါ့အစ်ကိုကြီးလင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာ ပိုကောင်းလိမ့်မယ်…”

သို့နှင့် လျန်ကျင်းမင် သူ့ အင်္ကျီပေါ်ရှိ ဖုန်များကို ခါခပ်လိုက်ပြီး “ သွားစို့…”

“ ဒါပဲလားကွ…” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ငါတောင် မစရသေးဘူးလေကွာ…”

“ ဒါရိုက်တာရန်ကို မျက်နှာသာ ပေးလိုက်ပါ.....” လျန်ကျင်းမင် ရယ်မောရင်း ပြောဆိုလိုက်၏။

ထို့နောက် အုပ်စုမှာ ရယ်ရယ်မောမောနှင့် ဧည့်ကြိုခန်းထဲမှ ထွက်ခွာသွားကြလေသည်။

ရန်စီ ခြေလှမ်းအနည်းငယ် တုန့်ဆိုင်းပြီးနောက် နောက်သို့ ပြန်လှည့်မကြည့်ပဲ ထွက်ခွာသွားခဲ့တော့၏။

“ အစ်ကိုကျိန်း… နင် အဆင်ပြေရဲ့လားဟင်…” ကျန်းနင် အပြေးလေးလာပြီး ပါးကို ပွတ်သပ်ရင်း မေးလိုက်၏။

“ ပြေပါတယ်.. အဝတ်လေး နည်းနည်းပါးပါးလောက်ပဲ ထိခိုက်သွားတာ.. မနာပါဘူး…”

“ အဲ့ဟာမကလည်း လွန်ကိုလွန်ပါတယ်..သူများ အစ်ကို့ကို ရိုက်နှက်နေတာတောင်မှ ဝင်ပြီး ပြောပေးမယ်မရှိဘူး… အဲ့လိုလူမျိုးကို ခေါ်ထားမနေနဲ့ အစ်ကိုကျိန်း….”

“ ကောင်းပြီ.. ခု အဲ့အကြောင်း မပြောသေးနဲ့ဦး…” ကျိန်းချောင် အေးစက်သည့် အမူအရာဖြင့် ပြောလိုက်ပြီး “ ခုလောလောဆယ် ဒီဖန်ကွဲတွေ အရင်ရှင်းလိုက်…”

“ အွန်း… ညီမ တစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်မယ်….”

သို့နှင့် ကျန်းနင် ကျိန်းချောင်ကို ဘေးသို့ ခေါ်သွားလိုက်၏။ ရှပ်အင်္ကျီနှင့် ဝတ်စုံက ကာကွယ်ပေးထားသော်ငြား ဂရုပြုရမည့် ပြတ်ရှရာ အသေးစားလေးများက ရှိသေးလေသည်။

“ ညီမ အထင်တော့ ဒီကိစ္စက မရိုးသားလောက်ဘူး….” ကျန်းနင် အနာများကို ဆေးထည့်ပေးရင်း ပြောလိုက်၏။

“ ဘာက ထူးဆန်းနေလို့…”

“ ကဲပါလေ.... ခု အစ်ကိုတို့က လမ်းခွဲလိုက်ပြီဆိုတော့ ညီမ တည့်တိုးပဲ ပြောလိုက်တော့မယ်…”

“ အင်း… ပြော…” ကျိန်းချောင် အေးစက်စွာ ပြောလိုက်၏။

“ ညီမတော့ အစ်ကို့ရဲ့ ရည်းစားဟောင်းက အဲ့ဒီ မျက်နှာဖုံး တပ်ထားတဲ့ စထွင်မာနဲ့ ဇာတ်လမ်းလေးတွေ ရှိမယ် ထင်တာပဲ…”

“ အဲ့တာတော့ မဖြစ်နိုင်ဘူး.. ငါ သူမရဲ့ စရိုက်ကို နားလည်တယ်… အရမ်းလည်း ရှေးရိုးဆန်ပြီးတော့ သူမ ခန္ဓာကိုယ်ကို လွယ်လွယ်နဲ့ ပေးထိမယ့် မိန်းကလေးမျိုး မဟုတ်ဘူး…”

“ အဲ့တာ အစ်ကိုက အရမ်းရိုးအလွန်းနေလို့လေ…” ကျန်းနင်မှ သံပူတုန်း နာနာထုရိုက်လိုက်ပြီး “ တကယ်လို့ သူတို့ နှစ်ယောက်က ထူးခြားတဲ့ ဆက်ဆံရေးတွေ မရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီး အရမ်းရင်းနှီးနေမှာ… တီဗွီဌာန ဒါရိုက်တာနဲ့ စထွင်မာ ဆိုတာ ဘယ်လို ထိတွေ့ဆက်ဆံစရာ အကြောင်းမှလည်း မရှိဘူး…. ဒါပေမယ့် ခုကြည့်… အဲ့ကောင်မက မျက်နှာဖုံးနဲ့ အမျိုးသားဘက်ကနေ မလျော့တမ်း ရပ်တည်သွားပေးတာ… အဆုံးစွန်ဆုံး အစ်ကိုနဲ့တောင် လမ်းခွဲသွားခဲ့တာနော်.... အစ်ကိုက ခုထိ ပြဿနာကို မမြင်ကြည့်နိုင်သေးဘူးလား…”

ကျိန်းချောင် ငြိမ်သက်သွားခဲ့တော့၏။

သူ ငါနဲ့ ခုတလော ရန်တွေ ခဏခဏ ဖြစ်နေပါတယ်လို့…. လက်စသတ်တော့ ဒါကြောင့်ကိုး….

ကျန်းနင် ပြောတာ ဖြစ်နိုင်ချေများတယ်..

“ ငါ ဒီကိစ္စကို ကိုင်တွယ်လိုက်မယ်..” ကျိန်းချောင် အေးစက်စွာ ဆိုလိုက်၏။

“ ကိုင်တွယ်ရုံနဲ့ မပြီးသေးဘူး…သူတို့ကို မှတ်သွားအောင် သင်ခန်းစာပါ ပေးပစ်ရမှာ…” ကျန်းနင် ပြောလိုက်ပြီး “ အစ်ကို့မှာ ရင်းနှီးတဲ့ဖောက်သည်တွေ အများကြီး ရှိတယ်မလား… သူတို့ကို ရှာပြီး သင်ခန်းစာပေးခိုင်းလိုက်လေ… ပါမွှားစထွင်မာ အုပ်စုလေးက ဒီလိုမျိုး ရမ်းကားသွားတာကို ငြိမ်ခံနေလို့ ဘယ်ဖြစ်မှာ… မဟုတ်ရင် အရမ်း ရှက်စရာကောင်းလွန်းတယ်….”

“ မပူနဲ့.. ငါဘာလုပ်ရမလဲဆိုတာ နားလည်တယ်…”

…….

စုဝေးပွဲနေရာမှ ထွက်လာခဲ့ပြီးနောက် အုပ်စုမှာ ကားပါကင်သို့ ထွက်လာပြီး Live stream ကို အဆုံးသတ်လိုက်လေသည်။

လင်းရီကို ထင်မှတ်မထားစေသည်က သူ၏ ရေပန်းစားမှုမှာ 8.5 မီလီယမ်သို့ ကျော်လွန်သွားခဲ့၏။

ထိုသို့ ကျော်လွန်သွားရသည့် အကြောင်းပြချက်က လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ကြောင့်ဟု ပြောလျှင်လည်း မမှားချေ။

လေယာဉ်ဝယ်သည်နှင့် နှိုင်းယှဉ်ပါက ကြည့်ရှုသူများမှာ စကားများရန်ဖြစ်သည့် စိတ်လှုပ်ရှားစရာ ဖြစ်ရပ်များကို အထူး ခုံမင်ကြလေသည်။

“ စိတ်မကောင်းပါဘူးကွာ… ငါ အစက မင်းတို့ကို အားပေးမလို့ပဲ.. ဒါပေမယ့် လမ်းခွဲစေသလို ဖြစ်သွားလိမ့်မယ်လို့တောင် ထင်မထားခဲ့ဘူး…” လင်းရီ ပြောလိုက်၏။

“ အဆင်ပြေပါတယ်…” ရန်စီ သာမန်လေသံဖြင့် ပြောလိုက်ပြီး “ အမှန်တော့ သူနဲ့လမ်းခွဲဖို့ စဉ်းစားနေတာ ကြာပြီ… ဒီနေ့ ကိစ္စကြောင့် မဟုတ်ရင် သူ့အပေါ် စိတ်ပြတ်နိုင်မှာလည်း မဟုတ်ဘူး….. ရှင့်ကိုတောင် ကျေးဇူးတင်ရဦးမှာ…”

“ ဟားဟား … အဲ့လိုဆို ကောင်းတာပေါ့.. အဲ့တာဆို ငါလည်း အပြစ်ရှိသလို မခံစားရတော့ဘူး… “လင်းရီ ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး “ ဘယ်သွားမလဲ…”

“ ဟိုတယ်ပြန်ပြီး အဝတ်တွေ သိမ်းတော့မယ်… ကျွန်မ မနက်ဖြန် ထွက်သွားတော့မှာ…”

“ အာ.. ဒါရိုက်တာရန် ထွက်သွားတော့မလို့လား… မနက်ဖြန် ပင်လယ်ခရီးကမှ အဓိကလေ.. အဲ့မှာ ပျော်စရာတွေ အများကြီး ရှိသေးတယ်.. ပြီးမှ အတူပြန်ကြရအောင်လား…” လျန်ကျင်းမင်မှ ပြောလိုက်၏။

“ဟင့်အင်း.... မသွားဖြစ်လောက်တော့ဘူး…” ရန်စီ ပြောလိုက်ပြီး “ တကယ်လို့ သူ့ကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီကျွန်းကိုတောင် လာဖြစ်မှာ မဟုတ်ဘူး.. မနက်ဖြန် ပြန်တော့မယ်…”

“ ကောင်းပြီလေ… အဲ့တာဆိုလည်း သဘောပါ…”

သို့နှင့် ရန်စီ တက္ကစီ တစ်စင်း ငှားလိုက်ပြီး သူမ နေထိုင်သည့် ဟိုတယ်သို့ ပြန်သွားခဲ့တော့၏။

လင်းရီနှင့် ကျန်သူများလည်း ကမ်းခြေတွင် ခေတ္တတစ်ဖြုတ် လမ်းလျှောက်ကြပြီးနောက် ပြန်လာခဲ့ကြလေသည်။

ထိုအတောအတွင်း လင်းရီ ကျီချင်းရန်ထံ ဝီချက်မက်ဆေ့ချ်များ ပို့လိုက်သည်။

ကျီချင်းရန် သိထားသလောက်တော့ လင်းရီမှာ ယခု အမေရိကားသို့ ရောက်နေလေသည်။

အချိန်ကွာဟမှုအရ လင်းရီ သူမကို မက်ဆေ့ချ်ပို့သည့် အချိန်၌ အမေရိကားတွင် မနက် လေးနာရီ ရှိပြီဖြစ်၏။

သူ မက်ဆေ့ချ်ပို့ရသည့် အကြောင်းပြချက်ကတော့ လင်းရီ သူမကို အရမ်းလွမ်းနေပြီး အိပ်မက်ထဲထိပင် သူမကို သတိရနေကြောင်း၊ ပြန်လာပါက သူမ ချက်ကျွေးသည့် အရသာရှိသည့် နံနက်စာကို အရမ်း စားချင်နေကြောင်း အသိပေးရန်ပင်။ ထိုအကြောင်းကို သိတော့ ကျီချင်းရန် အရမ်း ဟပ်ထိသွားခဲ့တော့၏။

‘ မနက်လေးနာရီမှာတောင် မက်ဆေ့ချ်ပို့လာခဲ့တယ်ဆိုတော့ သူငါ့ကို အရမ်းလွမ်းနေလို့ပဲ ဖြစ်မယ်…’

ထို မြင်ကွင်းကို မြင်တွေ့လိုက်ရတော့ ချင်းဟန်နှင့် ကျန်နှစ်ယောက်မှာ လင်းရီကို ဆရာတင်လိုက်ကြတော့၏။

ထိုနောက်ပိုင်းတွင်တော့ အုပ်စုမှာ ဟိုတယ်သို့ ပြန်ပြီး ၎င်းတို့၏ nightlife ကို မစတင်မီ တစ်ခုခု စားသောက်ရန် ဟန်ပြင်လိုက်ကြသည်။

လင်းရီတို့ ဟိုတယ်ထဲ ဝင်ဝင်ချင်း လျန်ကျင်းမင်မှ သူ့ကို လက်တို့လိုက်၏။

“ အစ်ကိုကြီလင်း… ဟိုကို ကြည့်လိုက်ဦး…”

လျန်ကျင်းမင်၏ အကြည့်နောက်များနောက် လိုက်ပါသွားလိုက်တော့ လင်းရီ ချင်းရွှေဘား၏ ထောင့်တစ်နေရာတွင် ထိုင်နေပြီး ပြတင်းပေါက်ဘက်သို့ ငေးမောနေသည့် ရန်စီအား မြင်တွေ့လိုက်ရ၏။

“ အစ်ကိုကြီး… အမျိုးသမီးတွေက ဒီလိုအချိန်မျိုးမှာ အားအနွဲ့ဆုံးနဲ့ နားလည်ပေးမှု၊ နှစ်သိမ့်ပေးမှုတွေကို အလိုအပ်ဆုံးပဲ… ကျွန်တော့်အထင်တော့ အစ်ကိုကြီး ဒီအခြေအနေကို အခွင့်ကောင်းယူသင့်တယ်..” လျန်ကျင်းမင် ပြောလိုက်သည်။

“ ဟုတ်တယ် လင်းကြီး… သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်က အလန်းစားပဲ… မင်း မသွားရင် နှမြောစရာကြီး….”

“ မင်းတို့ကောင်တွေ ... ငါ့ကို နှာဘူးအိုကြီးများ မှတ်နေလားကွ.. သူများရဲ့ အားနည်းချက်ကို ငါက ဘာလို့ အခွင့်ကောင်းယူရမှာ…”

“ အဲ့လိုပြောကြေးဆို ငါတို့ နောက်ဆုံးတစ်ခေါက် ချင်းရွှေဘားကို လာခဲ့တုန်းက မင်း ဘာတွေ လုပ်နေတာ…”

“ ငါလား… ခိုကိုးရာမဲ့နေတဲ့ မိန်းကလေးတွေကို ကယ်တင်နေတာလေ….”

“ အစ်ကိုရီရဲ့ အကြောင်းပြချက်တွေက အမြဲတမ်း မှတ်သားလောက်စရာတွေချည်းပဲ… လူကို ဘယ်တော့မှ စိတ်မပျက်စေဘူး…” ကျန်းရှောင်ယွီမှ ဝင်ပြောလိုက်၏။

“ ဒါက မကောင်းတဲ့ကောင်တွေ နင့်ကို ပိုးပန်းချင်တယ်ဆိုရင် သူတို့လက်ထဲမှာ မရေမတွက်နိုင်တဲ့ လှည့်ကွက်တွေ ရှိတယ်လို့ ဆိုလိုတာပဲ မဟုတ်ဘူးလား…” လင်းရီ စနောက်လိုက်၏။

“ အရေးမကြီးပါဘူး…” ကျန်းရှောင်ယွီ လက်ဝှေ့ရမ်းလိုက်ပြီး “ အစ်ကိုရီ ဘယ်သူနဲ့ပဲ အိပ်အိပ် သူနဲ့ အတူ အိပ်လိုက်တဲ့ အမျိုးသမီးက အကျိုးရှိမှာပဲလေ… တကယ်လို့ အစ်ကိုရီသာ ကျွန်မကို ခိုက်မယ်ဆိုရင် တစ်ခါတည်း ကလေးမွေးပေးပြီးတော့ မိသားစုအမွေတွေကို တိုက်ခိုက်သိမ်းပိုက်ပစ်လိုက်မယ်.. ဒါက ဘယ်လိုပဲကြည့်ကြည့် အရှုံးမရှိတဲ့ ကိစ္စပဲလေ… “

ချင်းဟန် “ …. “

လျန်ကျင်းမင် “ …. “

ကောင်းကျုံးယွမ် “ … “

“ ရှောင်းယွီ… ငါတို့ အားလုံးက နင့်ရဲ့ အရွယ်အစားကို ကြည့်ပြီးတော့ ဖြူစင်ပြီး ချစ်ဖို့ ကောင်းတဲ့ မိန်းကလေးလို့ ထင်ခဲ့ကြတာလေ… ဒါပေမယ့် ဒီလောက်ထိ အတွေ့အကြုံ ရင့်ကျက်နေတဲ့သူ ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး…”

“ တံငါနားနီး တံငါ… မုဆိုးနားနီး မုဆိုးတဲ့....”

……………………..

ဟိုတယ် ပထမထပ်ရှိ ချင်းရွှေဘားက ဘားနှင့် ကဖေး ပေါင်းစပ်ထားသည့် နေရာတစ်ခုဖြစ်ပြီး သမာရိုးကျ မဟုတ်သော်လည်း ရှားပါးသည့် ငြိမ်းချမ်းမှုအား ဆောင်ကြဉ်းပေးနေသည်။

“ ဝမ်းနည်းမှုတွေကို ဒီမှာလာပြီး အရက်နဲ့ ဖြေသိမ့်နေတာလား..”

ရန်စီရှေ့ရှိ လုံကျွန်းစုရေခဲ လက်ဖက်ရည်ကို မြင်တော့လင်းရီ မေးလိုက်၏။

လင်းရီ ရုတ်ချည်း ပေါ်လာခဲ့သည့်အတွက် ရန်စီ စက္ကန့်အနည်းငယ်မျှ ကြာအောင် ကြက်သေသေသွားခဲ့ပြီး ပြုံးလိုက်ကာ

“ မဟုတ်ပါဘူး... ကျွန်မလို လူကြီး တစ်ယောက်က ၁၇ ၊ ၁၈ ကလေးမလေးတွေလို အရက်နဲ့ ဖြေသိမ့်စရာ လိုလို့လား…”

“ ဒါဆို ဘာလို့ တစ်ယောက်တည်း လာထိုင်သောက်နေတာ… တစ်ယောက်ယောက်က လာပြီး ဆွဲခေါ်သွားမှာ မကြောက်ဘူးလား..”

“ ကျွန်မလို သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက်ကို ဘယ်သူက ခေါ်ချင်မှာတဲ့လဲ…”

“ အဲ့လို မပြောစမ်းပါနဲ့.. ဒါရိုက်တာရန်က ငါ့အကြိုက်နဲ့ အံကိုက်ပဲ… မြည်းစမ်းကြည့်စေချင်တယ်ဆို ပြောနော်…”

ရန်စီ လင်းရီကို ညုတုတု အပြုံးလေးဖြင့် ကြည့်လိုက်ပြီး “ ကျွန်မရဲ့ ခန္ဓာကိုယ်ကို မြင်တော့ ရှင်က စိတ်လှုပ်ရှားသွားလား….”

“ ခန္ဓာကိုယ်က ဒုတိယ… အဓိကက မင်းရဲ့ အသက်က အနေတော်ပဲ…”

“ ဘာလို့ အသက်က အဓိက ဖြစ်နေရတာ….”

“ ဘာလို့လဲဆိုတော့ ငါ မင်း တင်ပါးကို ရိုက်လိုက်ရင် ငါ ဘာလုပ်ချင်လဲ မေးစရာမလိုပဲနဲ့ ဘယ်လို အနေအထား ပြောင်းရမလဲဆိုတာ သိတယ်လေ…”

All Chapters