← Chapters

မြို့တော်ဂိုဏ်းနှင့် ပင်လယ်ဂိုဏ်း ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ( ရန်ကျင်းနှင့် ကျိုးဟိုင် )

Vol. 50 Ch. 744

မြို့တော်ဂိုဏ်းနှင့် ပင်လယ်ဂိုဏ်း ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ( ရန်ကျင်းနှင့် ကျိုးဟိုင် )

Vol. 50 Ch. 744

ရန်စီ တဒင်္ဂမျှ ကြက်သေသေသွားခဲ့ပြီး သူမ ပါးစပ်ကို အုပ်၍ ခိုးခိုးခစ်ခစ် ရယ်မောလိုက်သည်။

“ အမှန်ပဲ… အသက်ကြီးတဲ့ အမျိုးသမီးတွေက အမျိုးသားတွေကို ဘယ်လိုမျိုး ကျေနပ်အောင် လုပ်ရမလဲဆိုတာ နားလည်ကြတယ်.. ပြီးတော့ ဘယ်လို ပုံစံမျိုး လိုချင်လဲဆိုတာကိုလည်းသိကြတယ်…”

“ ဒါဆို မင်းကကော .. ဒီမှာ ဘာလဲလုပ်နေတာ…” လင်းရီ သာမန်ဆန်စွာ မေးမြန်းလိုက်ပြီး “ တစ်ယောက်ယောက်က လာပြီး ပိုးပန်းမှာကို စောင့်နေတာလား.. ဒါမှ မဟုတ် ဘောစိတစ်ယောက်ကို အထာပေးတော့မလို့လား..”

“ ကျွန်မရဲ့ အထောက်အထားက အဲ့လိုလုပ်ဖို့ သင့်တော်မယ်လို့ ထင်လား…” ရန်စီ ပြန်မေးလိုက်ပြီး “ ကျွန်မက ဟိုလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်ကြီး မဟုတ်ဘူးဆိုရင်တောင် ကိုယ့်ရဲ့ အဆင့်အတန်းကိုတော့ ဂရုစိုက်ရဦးမယ်လေ… ဒီတိုင်း လာသောက်ရုံလေးပါပဲ… ဘာပဲဆိုဆို မိန်းမသားတစ်ယောက်ရဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်လေးတွေကလည်း ရှိနေသေးတာမလား…”

“ ကောင်းပြီလေ... မင်း အဆင်ပြေတယ်ဆိုရင် ငါ ပြန်သွားတော့မယ် ” လင်းရီ သူ့လက်နှစ်ဖက်ကို အိတ်ကပ်ထဲသို့ထည့်ရင်း ညစာသွားစားရန် ဟန်ပြင်လိုက်၏။

“ မစ္စတာလင်း... ကျွန်မနဲ့ အတူတူ မသောက်ပေးချင်တော့ဘူးလား….”ရန်စီ နောက်မှ လှမ်းပြောလိုက်၏။

လင်းရီ ခြေလှမ်းတို့ တုန့်ဆိုင်းသွားခဲ့ပြီး

“ ငါက တစ်ခုခုလုပ်ရင် ရည်ရွယ်ချက်တွေရှိတယ်…. အတူမအိပ်နိုင်တဲ့ အမျိုးသမီးနဲ့ အတူမသောက်ပေးနိုင်ဘူး…”

“ မအိပ်နိုင်ဘူး….”

ထွက်ခွာသွားသည့် လင်းရီ နောက်ကျောကိုကြည့်ရင်း ရန်စီ ရေရွတ်လိုက်၏။ “ သူပြောချင်တာ ငါက သူနဲ့အတူ အိပ်ဖို့ မထိုက်တန်တာလား..မအိပ်ချင်တာလား... ”

ဘယ်လိုလူပါလိမ့်…..

လင်းရီ အောက်ဆုံးထပ်မှ ပထမထပ်ရှိ ဘူဖေးကျွေးသည့် စားသောက်ဆိုင်သို့ ဦးတည်လိုက်၏။

“ အစ်ကိုရီ… ငါတို့ ဒီမှာ… “ ကျန်းရှောင်ယွီ လက်ဝှေ့ယမ်းပြလိုက်၏။

အသံကြားတော့ လင်းရီ လှမ်းကြည့်လိုက်ပြ သိပ်မဝေးသည့် နေရာတွင် ရှိနေသည့် ကျန်းရှောင်ယွီကို မြင်တွေ့လိုက်ရလေသည်။

သူတို့ ဘေးတွင်တော့ လူအများအပြားရှိပြီး အကုန်လုံးကလည်း ကောင်းမွန်သည့် ဆက်ဆံရေး တစ်ခု တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် စုပြုံနေခဲ့ကြ၏။

သို့သော်လည်း လင်းရီ ရောက်လာသည်ကိုမြင်တော့ အကုန်လုံးက မောင်းထုတ်ခံလိုက်ရလေသည်။

“ ဟမ်… လျန်ကြီးကော… အဲ့ကောင် ဘယ်ပျောက်သွားခဲ့တာ…”

“ အမျိုးသမီး ဆယ်လီတစ်ချို့က သူ့ကို ထမင်းစားခေါ်လို့လေ… “ ချင်းဟန် ပြောလိုက်၏။

“ ချီးထုပ်ကတော့…” လင်းရီ ချင်းဟန်ကို ကြည့်လိုက်ပြီး “ မင်းကကော ဘာလို့ မသွားတာ…”

“ တော်ပါကွာ… အဲ့လို ကိစ္စတွေကို ငါတော်တော်လေး ငြီးငွေ့နေလို့…” ချင်းဟန် ပြောလိုက်ပြီး “ တကယ်လို့ လန်းတဲ့ ကောင်မလေးတွေ တွေ့ရင်တော့ လျန်ကြီးကို နည်းနည်းလောက် ခေါ်လာခဲ့လို့ မှာထားတယ်…”

“ စကားမစပ် ငါ Gulfstream က အရောင်းတာဝန်ခံကို လာဖို့ ပြောထားတယ်… သူတို့ ခဏနေဆို ရောက်လာတော့မှာ… မင်းဝယ်မှာ သေချာတယ်မလား… မဝယ်ဘူးဆိုရင် ခုကတည်းက မလာဖို့ ဖုန်းပြန်ဆက်လိုက်တော့မလို့…”

“ အင်း… ငါဝယ်မှာ…” လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ မင်း လေယာဉ်ထဲမှာချည်းပဲ အမြဲတမ်း လိုက်ထိုင်နေလို့ မဖြစ်ဘူးလေ….”

“ ဒီတိုင်း ဘာမဟုတ်တဲ့ လေယာဉ်ကို ဘာလို့ အဲ့လောက်ထိ လိုက်ဂရုစိုက်နေတာ… ပြီးတော့ အချင်းချင်းတွေကိုပဲ…”

“ အဲ့တာကတော့ အဲ့တာပေါ့… ဒါပေမယ့် အဓိကက ငါ့မှာ ပိုက်ဆံတွေ အရမ်းပေါနေတာပဲ… တကယ်လို့ မြန်မြန် မဖြုန်းပစ်ရင် ကုန်တော့မှာတောင် မဟုတ်ဘူး….”

“ ငိုးပဲ ဟျောင့်… ကြွားနေလိုက်….”

ထိုအခိုက်အတန့်တွင် အသက်ငါးဆယ် အရွယ်ရှိသည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးမှ ချင်းဟန် ဘေးသို့ ရောက်ရှိလာလေသည်။

“ မစ္စတာချင်း…”

“ ရို.. ဥက္ကဌမာ… ခင်များတောင် ရောက်လာပြီပဲ…”

“ သက်လတ်ပိုင်း အမျိုးသား၏ ပုံပန်းသွင်ပြင်မှာ ပေါ်လွင်ထင်ရှားနေသည်မျိုးလည်း မဟုတ်ချေ။ အင်မတန် သာမန်ဆန်လှပြီး အကယ်၍ သူ၏ တောက်ပြောင်သည့် အဝတ်အစားများကိုသာ ဆွဲချွတ်လိုက်ပါက မထင်မရှားသည့် သာမန် လူကြီး တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပေမည်။ ထို့ပြင် သူ၏ သိပ်သည်းပြီး တွန့်ကောက်နေသည့် ဆံပင်ပုံစံက အနည်းငယ် လူအထင်သေးစရာပုံစံ ဖြစ်ပေါ်နေလေသည်။

“ ငါမင်းကို မိတ်ဆက်ပေးမယ်.. ဒါက Gulfstream ရုံးခွဲက ဥက္ကဌ မာဟုန်ထောင်…”

ပြီးနောက် ချင်းဟန် လင်းရီကို လက်ညွှန်ပြုလိုက်ပြီ “ ဒါကတော့ ကျုပ်ညီကို လင်းရီ… 650ER ကို ဝယ်ချင်နေတဲ့သူပေါ့…”

လင်းရီကိုကြည့်ရင်း မာဟုန်ထောင်၏ အကြည့်တို့က လေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။

ချင်းဟန်နှင့် တစ်ခုံတည်း ထိုင်နိုင်တဲ့သူဆို သေချာပေါက် ထူးကဲတဲ့ အဆင့်အတန်း ရှိရမယ်… ကြည့်ရတာ ဒီနေ့တော့ ပွဲဖြစ်ပြီနဲ့တူတယ်….

“ ဟယ်လို မစ္စတာလင်း… ကျွန်တော်က ဒါက Gulfstream ရုံးခွဲက တာဝန်ခံ မာဟုန်ထောင်ပါ… ဒါကတော့ ကျွန်တော့်ရဲ့ စီးပွားရေးကတ်လေးပေါ့… လက်ခံပေးပါဦးဗျ….”

လင်းရီ ကတ်ကို လက်ခံရင်း “ ခင်များဆီမှာ အရန်သင့်တစ်စီးရှိလား…”

မာဟုန်ထောင် အနည်းငယ် ရှက်ရွံ့သွားခဲ့ပြီး “ မစ္စတာလင်း… တကယ်တော့ ဒါက ဒီလိုရှိပါတယ်… ကျွန်တော်တို့ဘက်ခြမ်းက လေယာဉ်ပြင်ဆင်ပေးဖို့က သိပ်မကြာပါဘူး… ဒါပေမယ့် ပြည်တွင်း ခွင့်ပြုချက်တွေ ရဖို့ စာရွက်စာတမ်းတွေ ရဖို့က စောင့်ရတာ အတော်လေး ကြာပါတယ်… အဲ့ ကိစ္စက နည်းနည်းတော့ ခက်ခဲနိုင်တယ်ဗျ…”

“ အဲ့ ခွင့်ပြုချက်တွေက ဘယ်သူ့မှာ တာဝန်ရှိတာ… ပြည်တွင်း လေကြောင်း စီမံခန့်ခွဲရေးကလား…”

“ပြည်တွင်း လေကြောင်း စီမံခန့်ခွဲရေးက တစ်စိတ်တစ်ပိုင်းလောက်ပဲ ပါ၀င် ပတ်သက်တာ… အဲ့နေရာကနေ ခွင့်ပြချက်ရဖို့က မခက်ခဲဘူး…” မာဟုန်ထောင် ပြောလိုက်ပြီး “ ဒါပေမယ့် သီးသန့်လေယာဉ်တွေကျ စစ်တပ်ရဲ့ စီမံကွပ်ကဲမှုအောက်မှာဆိုတော့ အဲ့ဘက် စာရွက်စာတမ်းတွေ ပြီးဖို့က အတော်လေး စောင့်ရလောက်တယ်….”

“ ဟုတ်တယ်... ပြည်တွင်း လေကြောင်း အတွက်ကတော့ မင်း လျန်ကြီးရဲ့ အဖေနဲ့ စကားပြောလိုက်တာနဲ့ မိနစ်ပိုင်းအတွင်း ဖြေရှင်းလို့ရတယ်..”ချင်းဟန် ပြောလိုက်ပြီး “ ဒါပေမယ့် စစ်တပ်ဘက်ကျတော့ ဘယ်လောက်စောင့်ရမလဲ ငါလည်း မပြောတတ်ဘူး.. ငါ့အဖေ လေယာဉ်ဝယ်တုန်းကဆို ခွင့်ပြချက်ရဖို့ တော်တော်လေး စောင့်လိုက်ရတယ်…”

“ အဲ့တာလည်း ပြဿနာ မရှိပါဘူး… “ လင်းရီ ပြောလိုက်ပြီး “ အဲ့ဘက်ပိုင်းမှာ ငါ့ အဆက်အသွယ် တစ်ချို့ရှိတယ်…”

“ မင်းရဲ့ အဆက်အသွယ်တွေကလည်း အသုံးမဝင်လောက်ဘူး…” ချင်းဟန် ခေါင်းခါရမ်းလိုက်ပြီး “ အရပ်ဘက် လေယာဉ်ကြီးကြပ်မှုက အတော်လေး တင်းကြပ်တာ.. ထိပ်ပိုင်း လူကြီးတွေကလွဲရင် ဘယ်သူကပဲ မင်းအစား ပြောပေးပြောပေး အလကားပဲ..”

“ အနားယူသွားတဲ့ စစ်ဦးစီးမှူးချုပ်ဟောင်းဆိုရင်ကော… အဆင်ပြေလောက်လား…”

“ ငါလခွမ်း… မင်းက အဲ့လိုပုဂ္ဂိုလ်မျိုးနဲ့ တကယ်ကြီး ရင်းနှီးနေတယ်ပေါ့…”

“ ဟိုလိုရေးကြီးခွင်ကျယ်လည်း မဟုတ်ပဲနဲ့… စိတ်အေးအေးထားစမ်းပါဟ…” လင်းရီ လက်ဝှေ့ယမ်း လိုက်ပြီး

“ တကယ်လို့ ထိုင်ခုံ အကန့်အသတ်ကြောင့်သာ မဟုတ်ရင် သူတို့ရဲ့ ဖိုက်တာဂျက်(တိုက်လေယာဉ်) အဟောင်းတွေပါ ဝယ်ပစ်လိုက်တယ်…”

“ ဟားဟား.. ကြိုက်သွားပြီဟေ့….”

မာဟုန်ထောင် ရေလိုက်ငါးလိုက် ရယ်မောရင်း သူ့ နဖူးထက်ရှိ ချွေးအေးတို့အား ခိုးသုတ်လိုက်၏။

ဘယ်လိုပုဂ္ဂိုလ်မျိုးက ဒီလောက်ထိကောင်းတဲ့ ကျောထောက်နောက်ခံရှိနေတာပါလိမ့်…

ယှဉ်ကြည့်ရင် ချင်းဟန်ရဲ့ မိသားစုကတောင် နည်းနည်းလေး အလှမ်းဝေးနေသလိုပဲ..

“ မစ္စတာလင်းမှာ တခြား မေးချင်တာတွေများ ရှိလားဗျ… ရှိရင် အကုန်လုံးကို အသေးစိတ် ဖြေဆိုပေးပါ့မယ်….”

“ မလိုတော့ပါဘူး… စာချုပ်ပါခဲ့လား… ခု တစ်ခါတည်း လက်မှတ်ထိုးကြမယ်..”

“ ခင်ဗျာ..… မစ္စတာလင်းက ခု တန်းဝယ်တော့မလို့လား…”

“ မရဘူးလား…”

“ ဒါက…..”

မာဟုန်ထောင် ခေတ္တ ရပ်တန့်လိုက်ပြီး ကိုးရို့ကားယား လေသံဖြင့် “ မစ္စတာလင်းက ခု ဝယ်မယ်ထင်မထားတော့ အချက်အလက် စာရွက်တွေပဲ ယူလာခဲ့တာ… အရောင်း စာချုပ်ကျတော့ မယူလာခဲ့လိုက်ရဘူး…”

“ အစ်ကိုကြီးလင်းက အရမ်းချမ်းသာလိမ့်မယ်လို့ ခင်များ ထင်မထားဘူး.. ဟုတ်တယ်မလား… “ ကောင်းကျုံးယွမ်မှ ပြောလိုက်၏။

“ ဟုတ်တယ်…ဟုတ်တယ်.. ဒီနေ့တော့ တကယ့်ကို မျက်စိပွင့် နားပွင့်ပါပဲ…”

“ ကောင်းပြီ.. သွားပြင်ဆင်လာပြီးတော့ ပြီးရင် ယူလာခဲ့လိုက်…”

“ အိုကေ အိုကေ …. ကျွန်တော် အခုပဲ သွားစီစဉ်လိုက်ပါ့မယ်…”

မာဟုန်ထောင် မတ်တပ်ရပ်ပြီး ထွက်ခွာတော့မည့်အချိန်တွင် ကောင်းကျုံးယွမ်၏ စကားပြောသံကို ကြားလိုက်ရလေသည်။

“ အစ်ကိုကြီးတို့… ကြည့်ရတာ မိတ်ဟောင်းကြီးတွေ ရောက်ချလာပြီနဲ့ တူတယ်….”

“ မိတ်ဟောင်းတွေလာ…”

နှစ်ယောက်သား လှေကားဘက်သို့ လှည့်ကြည့်လိုက်သောအခါ လူတစ်ဒါဇင်ကျော်မှ ရောက်ချလာသည်ကို လှမ်းမြင်လိုက်ရ၏။

ထိုလူများကို မြင်တော့ စားသောက်ဆိုင်ထဲရှိ လူအများအပြားမှ လက်ဦးမှုရယူကာ အလုအယက် နှုတ်ဆက်ကြလေသည်။

လင်းရီ ဝင်လာသည့် လူများကို ကြည့်လိုက်ပြီး အမျိုးသမီးများကတော့ သူ တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ရှိကာ ဆယ်လီများ ဖြစ်လောက်လေသည်။

ထိပ်ဆုံးမှ ဦးဆောင်လာသည့် လူလေးယောက်ကိုတော့ လင်းရီ အရင်က မြင်ဖူးလားဆိုတာ မမှတ်မိတော့ချေ။

“ မင်း သိတဲ့လူတွေ ပါလို့လား..”

“ဟားဟား... ရှေ့က ဦးဆောင်လာတဲ့ လေးယောက်က ရန်ကျင်းရဲ့ သခင်လေး လေးဖော် မဟုတ်ဘူးလား…” ကောင်းကျုံးယွမ်မှ ရယ်မောရင်း ပြောလိုက်ပြီး “ အဖြူရောင် အတိုနဲ့ ဆံပင်ကို လှန်ဖြီးထားတဲ့ တစ်ယောက်က ကျောက်မို…. သူ့ ကြည့်ရတာ လကြောက် စတိုင်နဲ့….”

“ သေစမ်း… အဲ့ကောင် ကျောက်မိုလား…”

သူ ကျောက်မိုကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ သို့သော်လည်း နားလည်ပေး၍ ရလေသည်။

သူတို့အားလုံးက ဟွာရှရှိ ချမ်းသာကြွယ်ဝသည့် ဒုတိယမျိုးဆက် ဆက်ခံသူများဖြစ်ပြီး ဤနေရာသို့ ရောက်လာ၍ မကစားကြမှသာလျှင် ထူးဆန်းနေပေလိမ့်မည်။

ကျောက်မိုနှင့် ကျန်သူများ အထဲသို့ ရောက်လာခဲ့ပြီးနောက် ဆိုင်ထဲရှိ လေထုမှာ မိုးသားတိမ်လိပ်တို့ တက်လာပြီး အုံ့ဆိုင်းနေသည့်နှယ်ပင်။

ကျောက်မိုဘေးရှိ တစ်ယောက်မှ ချင်းဟန်တို့ကို လက်ညိုးညွှန်ပြလိုက်ပြီး “ ရို… ဒါ ချင်းဟန် မဟုတ်ဘူးလား…”

ပြောလိုက်သူကတော့ ဂူချန်းချွမ်ပင်။ ပြောရင်းဖြင့် သူ့လူများနှင့်အတူ လင်းရီတို့ ရှိရာဘက်သို့ ရောက်လာခဲ့၏။

တစ်ချိန်တည်းတွင် စားသောက်ဆိုင်ထဲရှိ အခြား စားသုံးသူ ကတ်စတန်မာများကလည်း မတ်တပ်ရပ်လိုက်ကြလေသည်။

တိုက်ဆိုင်စွာဖြင့် ယခု အပြုအမူက စားသောက်ဆိုင်ထဲရှိ စားသုံးသူများကိုအုပ်စု နှစ်ခု ကွဲသွားစေသည်။

အင်မတန်နည်းပါးသည့် လူပမာဏကသာလျှင် တိတ်ဆိတ်စွာဖြင့် ၎င်းတို့၏ အစားအသောက်များကို ဆက်လက်စားသောက်နေခဲ့ကြ၏။

ထိုလူများ အားလုံးကလည်း အသက်ကြီးပိုင်းများ ဖြစ်ကြကာ ဆိုင်သို့ ဗိုက်ဖြည့်ရန်သာ ရောက်လာကြပြီး ယခုလို အငြင်းပွားဖွယ် ကိစ္စရပ်များ၌ ဝင်ပါရန် အာရုံမရှိကြချေ။

“ ဘာ... ဘာတွေ ဖြစ်နေကြတာလဲ… သူတို့ အချင်းချင်း ချကြတော့မလို့လား…” အသက်သုံးဆယ်အရွယ် အမျိုးသမီး တစ်ယောက်မှ တုန်လှုပ်နေဟန်ဖြင့် မေးမြန်းလိုက်၏။

“ ချကြတဲ့ အတိုင်းအတာထိတော့ မရောက်လောက်ဘူ.. ဒါပေမယ့် ရန်ကျင်းက ဆက်ခံသူတွေနဲ့ ကျိုးဟိုင်က ဆက်ခံသူတွေ အချင်းချင်းတွေ့ရင်တော့ အမြဲတမ်း တုတ်တစ်ပြက် ဓားတစ်ပြက် ဖြစ်လုနီးပါးပဲ… “ သက်လတ်ပိုင်း လူကြီး တစ်ယောက်မှ ပြောလိုက်ပြီး “ ဒီလိုပွဲမျိုးက တော်တော့်ကို ရှားတယ်…”

All Chapters