← Chapters

ငါ့ကို ငြင်းရခက်စေတယ်

Vol. 50 Ch. 746

ငါ့ကို ငြင်းရခက်စေတယ်

Vol. 50 Ch. 746

အုပ်စုမှာ စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ပြီးနောက် အပေါ်ထပ်ရှိ လင်းရီ၏ အခန်းထဲသို့ ရောက်လာခဲ့ကြလေသည်။

“ အစ်ကိုကြီးလင်းက အရမ်း စိတ်မြန်လက်မြန် ရှိလွန်းတယ်…” ကောင်းကျုံးယွမ်မှ အခက်တွေ့နေဟန်ဖြင့် ပြောလိုက်ပြီး “ ဂူချန်းချွမ်… သူလည်း တစ်ခုခုတော့ တစ်ခုခုပဲ… အရမ်းကို စကေးရှိပြီးတော့ အရမ်းလည်း ရက်စက်တဲ့သူ…”

“ အဲ့ကောင် ဘယ်လောက်ထိ ကြမ်းလဲ…”

“ ကျွန်တော်နဲ့ အစ်ကိုကြီးချင်းလိုမျိုး ဆယ်ယောက်ပေးရင်တောင် သူ့ လက်တစ်ဖက်တည်းနဲ့ အမှောက်သိပ်နိုင်တယ်…”

“ငါယိုး … အဲ့တာ မင်းညံ့လို့လေ… ငါ့ကို လာဆွဲမထည့်နဲ့… ငါဆိုတာ ငယ်ငယ်လေးကတည်းကရင် တိုက်ကွမ်ဒို လေ့ကျင့်လာခဲ့တဲ့ကောင်…”

“ တိုက်ကွမ်ဒို ဘာပေါက်… ကျွန်တော်ဆို ငယ်ကတည်းက စန်ဒါကို သင်ခဲ့တာ… ဘာပြောစရာရှိသေးလဲ…”

“ နေဦးဟျောင့်တွေ… ခုနက စကားဆက်ဦး… အဲ့ကောင် အဲ့လောက်ထိ ကြမ်းအောင် ဘာတွေလဲလုပ်တာ.. ဆေးသုံးတာလား…”

“ သူက စစ်တပ်မိသားစုကမို့လေ… သူတို့ အသိုင်းအဝိုင်းက ငယ်ငယ်လေးကတည်းကနေ ခန္ဓာကိုယ်ကို သောက်ကြမ်းကြီးတွေဖြစ်အောင် လေ့ကျင့်ထားပေးကြတာ…” ကောင်းကျုံးယွမ်မှ တံတွေးစင်အောင် ပြောလိုက်ပြီး “ ကျွန်တော် ကြားတာတော့ အဲ့ကောင် ခုထိ မိန်းကလေးတွေနဲ့ အတူမအိပ်ဖူးသေးဆိုပဲ… ဘယ်လောက်ထိ ရက်စက်လိုက်လဲ အဲ့တာသာ ကြည့်တော့….”

“ ခုချိန်ထိ မိန်းကလေးတွေနဲ့ အတူမအိပ်ဖူးသေးဘူး...… အထင်ကြီးလောက်စရာပဲ…”

“ အမှန်ပဲ… လူတော်တော်များများလည်း အဲ့လိုပြောကြတယ်ဆိုတော့ အဲ့ကိစ္စ အမှန်ဖြစ်လောက်တယ်….”

“ အဲ့ဒါဆို သူ့မှာ အဲ့တာပါပြီး ဘာလုပ်ဖို့ ထားထားတာ… ဒီတိုင်း အလှပြဖို့လား…”

သုံးယောက်သား ကျန်းရှောင်ယွီကို ကြောင်အစွာ ငေးကြည့်လိုက်ကြ၏။

ကျန်းရှောင်ယွီ ဆံပင်အဖျားပိုင်းလေးများ ထောင်ထသွားခဲ့ပြီး “ ဘာလို့ အဲ့လိုကြည့်နေကြတာလဲ… သူများပြောတာ မှားလို့လားလို့….”

“ မမှားဘူး.. ဒါပေမယ့် မင်းဆီကနေ ကြားလိုက်ရတော့ ဘာလို့ နည်းနည်းလေး ထူးဆန်းနေသလို ခံစားနေရတာ…." ကောင်းကျုံးယွမ် ပြောလိုက်၏။

“ ဒါက….” ကျန်းရှောင်ယွီ ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး “ ခွင့်လွှတ်နော်.. ကျွန်မက စထွင်မာဆိုတော့ စကားပြောရတာ ကြိုက်တယ်… အကုန်လုံးရဲ့ ရင်ဘက်တွေ ဖွင့်ပြီး ညီကိုတွေလို လွတ်လွတ်လပ်လပ် စကားပြောကြမယ်လေ… ကျွန်မကို မိန်းကလေးလို မဆက်ဆံနဲ့…”

“ ကောင်းပြီ.. ကောင်းပြီ… အဲ့ အကြောင်း ဆက်မပြောကြစို့..” ချင်းဟန် ပြောလိုက်ပြီး “ လင်းကြီး…. မင်းက တိုက်ခိုက်တာ တော်မှန်း သိတယ်… ဒါပေမယ့် မင်း ဒီတစ်ကြိမ်တော့ သေချာပေါက် ဂရုစိုက်မှ ဖြစ်မှာ… ဂူချန်းချွမ် စကေးကြမ်းတယ်ဆိုတာ ငါတို့ နောက်နေတာ မဟုတ်ဘူး.. “

“ ဘာမှ စိတ်မပူနဲ့… ငါ ဘာလုပ်ရမလဲဆိုတာ နားလည်တယ်….”

လင်းရီ ဂူချန်းချွမ်၏ အဆင့်ကိုမသိသော်လည်း ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့ လေးလေးနက်နက် သတိပေးလာပုံ ထောက်လျင်တော့ သေချာပေါက် မဆိုးလောက်ချေ။

ထိုသို့ဆိုလျှင်တောင် သူ သေချာသုံးသပ်ကြည့်ပြီးနောက် ဂူချန်းချွမ် မည်မျှပင် သန်မာနေစေကာမူ မိုဟုန်ရှန်းထက်တော့ မသန်မာနိုင်ချေ။

အကယ်၍ ဂူချန်းချွမ်သာ သူ့လို တန်းထျန်ထဲမှ အတွင်းအား ထုတ်သုံးသည့် နည်းလမ်းကို ဆုပ်ကိုင်မိထားပါက ဤနေရာသို့ ရောက်လာပြီး ပျော်မွေ့နေမှာ မဟုတ်ပဲ သူ၏ ပါရမီများကို ထက်မြိအောင် သွေးရင်း အပြင်ဘက်ကမ္ဘာကြီးကို လှည့်ပတ်စူးစမ်းနေလောက်ချေသည်။

အဆိုပါ အသေးစိတ်များကို ပိုင်းခြားဝေဖန်ပြီးနောက် ဂူချန်းချွမ်ကဲ့သို့ လူတစ်ယောက်ကို ကိုင်တွယ်ရန် စိုးရိမ်နေစရာ မလိုတော့ချေ။

“ ပြီးတာပဲလေ… မင်းက ပြဿနာမရှိဘူးဆိုတော့လည်း ပြဿနာမရှိဘူးပေါ့…” ချင်းဟန် မတ်တပ်ထရပ်လိုက်ပြီး လက်ခုပ်တီးလိုက်ကာ “ အိုကေ သွားစို့… ငါ ဘားမှာ နေရာဘွတ်ကင်လုပ်ထားတယ်… တစ်ပိုင့်လောက် သွားကစ်ကြစို့…”

အုပ်စုမှာ အခန်းထဲမှ ထွက်လာခဲ့ကြပြီး ဓာတ်လှေကားရှိရာသို့ လျှောက်လာကြ၏။

ထိုစဉ် နောက်မှ လိုက်လာသည့် ကောင်းကျုံးယွမ်မှ လင်းရီကို အော်ခေါ်လိုက်လေသည်။

“ အစ်ကိုကြီးလင်း…..”

“ အေး ... ဘာလဲ….”

“ စောင့်ပါဦးဗျ… ကျွန်တော် ပြောစရာလေးရှိလို့…” ကောင်းကျုံးယွမ်မှ ခိုးကြောင်ခိုးဝှက် အထာဖြင့် ပြောလိုက်၏။

လင်းရီ အရှိန်လျော့လိုက်ပြီး ကောင်းကျုံးယွမ်နှင့် ဘေးချင်းကပ် လမ်းလျှောက်လိုက်ကာ “ ဘာလဲ ပြောမှာ…”

“ ကျွန်တော် ယွမ်ယွမ်ဆီ စာပို့ကြည့်တယ်… ဒါပေမယ့် သူမဘက်က ကျွန်တော့်ကို အရမ်း အေးတိအေးစက် နိုင်လွန်းတယ်ဗျာ…”

" မင်း သူ့ကို ဘာပြောလိုက်လို့... "

"ဟေး နေကောင်းလား... စားပြီးပြီလား... ဘယ်မှာနေလဲ.... မိဘတွေက ဘယ်ကလဲ.... အလုပ်က ပင်ပန်းလား... ရေနွေးများများသောက်နော်.... "

"နေစမ်းပါဦး... မင်း တကယ်ကြီး အဲ့လို ပြောလိုက်တယ်လား...."

"အမှန်ပဲလေ... "ကောင်းကျုံးယွမ် ခေါင်းညိမ့်လိုက်ပြီး " ကျွန်တော်က ဒီတစ်ကြိမ် အတည်တွဲမှာဆိုတော့ ပိုပြီး လေးနက်ရမယ်မလား.... "

" ဟိုက မင်းကို ဘလော့ မလုပ် သွားဘူးလား...."

"မလုပ်သွားပါဘူး...."

"အဲ့ဒါဆို အချစ်စစ်ပဲ...."

"ဟမ်... အချစ်စစ်နဲ့ ဘာဆိုင်လို့....."

" မင်း ပြောနေတဲ့ ကြောင်တောင်တောင် စကားလုံးတွေကိုလည်း ‌ကြည့်လိုက်ဦးလေ... ဘယ်သူက မင်းနဲ့ စကားပြောချင်မှာ...."

" အာ... ဒါပေမယ့် ကျွန်တော့်ရဲ့ လေးနက်မှုတွေကိုတော့ ခံစားရတယ်မလား....."

" မင်း ဖျင်ကြီးကိုပဲ လေးနက်... မင်းကြီးတော်ပဲ သွားပြီး လေးနက်နေလိုက်.... "

" ဒါပေမယ့် ကျွန်တော်တို့က သူစိမ်းတွေကို... အချင်းချင်း သိကြတာလည်း မဟုတ်ပဲနဲ့ အဲ့တာတွေမှ မပြောရင် တခြား ဘာသွားပြောရမှာ.... "

"အဲ့ဒီ လေးနက်ကြောင်း စကားတွေ ပြောပြီး မင်းဘာလဲလုပ်မှာ.... မင်းရဲ့ လေးနက်မှုတွေ စစ်မှန်မှုတွေကို အလုပ်နဲ့ သက်သေပြရတယ်... " လင်းရီ ပြောလိုက်ပြီး " သူမ ဗိုက်နာ တယ်ဆိုရင် မင်း ဘက်က ရေနွေးပုလင်းတွေ ချောကလက်တွေ ပို့ပေးလိုက်....တကယ်လို့ သူမ စကားပြောလို့ ပင်ပန်းတာပဲ ဖြစ်ဖြစ်၊ အလုပ်ပင်ပန်းနေတာပဲဖြစ်ဖြစ် ခဏတဖြုတ် လမ်းလျှောက်ဖို့ ခေါ်သွားပေးလိုက်.... မင်း စကားတွေ နေ့တိုင်းပြောပြီး ဘာလဲလုပ်မှာ.... မင်း ဘက်က တစ်ခုခု လုပ်ပေးရမယ်လေ.... "

"အစ်ကိုရီ ဆိုလိုချင်တာ ကျွန်တော့်ဘက်က အလိုက်တသိနဲ့ သူမ ဖြစ်ချင်တာ မှန်သမျှကို ဖြည့်ဆည်းပေးရမယ်လို့ ပြောချင်တာမလား...."

"အင်း... ငါပြောချင်နေတာ အဲ့တာပဲ... နေ့တိုင်း ဖုန်းပြောနေတာက ကြာရင် ငြီးတောင် ငြီးငွေ့သွားလိမ့်ဦးမယ်...."

"ကျေးဇူးပါ အစ်ကိုကြီးလင်း... ကျွန်တော် ခုတော့ နားလည်သွားပြီ.... "

" မင်းတို့ ကောင်တွေ စကားပဲ ပြောကြနော်... ဒါပေမယ့် ငါ့တော့ ရောင်းမစားနဲ့..... ငါ မင်းမရီးကို ခု အမေရိကား ရောက်နေတယ်လို့ လိမ်ထားတာ....."

"စိတ်ချလိုက်.. အစ်ကိုကြီးလင်း... ကျွန်တော်က ဘာလုပ်ရမလဲဆိုတာ သိပြီးသားပါ.... "

ကောင်းကျုံးယွမ် ဖုန်းထုတ်လိုက်ပြီး ဟော်ယွမ်ယွမ်ထံ စိတ်လှုပ်ရှားစွာဖြင့် စာပို့တော့သည်။

“ ကောင်းကြီး … မှိုရတဲ့ မျက်ခွက်နဲ့ ဘာတွေလုပ်နေတာ…” ဓာတ်လှေကား စီးနေစဉ် ချင်းဟန် မေးမြန်းလိုက်၏။

“ အဲ့ကောင် ဘူးထနေတာလေ…” လင်းရီလည်း စနောက်လိုက်၏။

အပြောဆိုခံနေရသော်လည်း ကောင်းကျုံးယွမ် မည်သို့မျှ သဘောမထားပဲ အရူးတစ်ယောက်ကဲ့သို့ ဆက်လက် ပြုမူနေလိုက်သည်။

ထိုအချိန်အတွင်း လင်းရီ ထူးဆန်းစွာဖြင့် နှာ သုံးလေးကြိမ်လောက် ချေမိသွားသည်။

သူနှာခေါင်း ပွတ်လိုက်ရင်း စိတ်ထဲ၌ ‘ ဘယ်သူ့ကများ ငါ့သတိရနေလို့ပါလိမ့်…’

ဓာတ်လှေကားထဲမှ ထွက်လာခဲ့ပြီးနောက် လေးယောက်သား ဝင်ပေါက်ဝသို့ တန်းမတ်စွာ ဦးတည်လိုက်ကြသည်။

“ အစ်ကိုကြီးလင်း…. " ကောင်းကျုံးယွမ် နောက်မှ လှမ်းအော်လိုက်၏။

“ အေး .. ဘာဖြစ်ပြန်တာတုန်း…”

“ ကျွန်တော် တစ်ခုလောက် မေးချင်လို့….” ကောင်းကျုံးယွမ် တုံ့ဆိုင်းစွာ မေးမြန်းလိုက်ပြီး “ အစ်ကိုကြီး အသက်ရှင်လို့ ဝပြီလား….”

“ မြေနိုးလေး ... မင်း ခွေးစကားတွေ ပြောနေတာလားကွ…”

“ အစ်ကိုကြီးပဲ ကိုယ့်ရဲ့ လေးနက်မှုကို ပြသဖို့ သူမ ဖြစ်ချင်တဲ့ ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးရမယ်လို့ ပြောတယ် မဟုတ်ဘူးလား…”

“ ဟုတ်တယ်လေ…”

“ ဒါပေမယ့် ယွမ်ယွမ်ပြောတာ သူခုချိန် အဖြစ်ချင်ဆုံးက အစ်ကိုကြီးကို သတ်ပစ်ချင်တယ်တဲ့…..”

“ ငိုးပဲ… ငါယိုးမ ဟော်ယွမ်ယွမ်….”

“ အစ်ကိုကြီးသိလား… ခုနက အစ်ကိုရီ အကြံကို နားထောင်ပြီးတော့ ကျွန်တော့် အရင် ပြောခဲ့တဲ့ စကားတွေက တကယ်ကြီး ပျင်းဖို့ကောင်းတယ်…” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ဒါပေမယ့် အစ်ကိုကြီးလင်းကို ဘယ်လိုသတ်မယ် ညာလိုသတ်မယ် လည်းပြောရော စာပြန်လာပုံ မြန်ချက်ကတော့ စက်တပ်ထားသလားတောင် အောက်မေ့ရတယ်… ဟီးဟီး… အဲ့ဒီ ခံစားချက်က လုံးဝ စိတ်ကျေနပ်စရာကြီးပဲ… ကျွန်တော်တော့ ချစ်မိသွားပြီ ထင်တယ်….”

“ မင်းက ချစ်မိနေတယ်… ဒါပေမယ့် မြေနိုး မင်းက ငါ့ကို မြေမြုပ်ချင်နေတာလေ….”

“ အာ... လုပ်ပါနော် အစ်ကိုကြီး… ကျွန်တော် ရိုက်ပါရစေ… ကူညီပေးပါဗျာ…” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ တကယ်လို့ အဲ့လို လုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တစ်ဆင့်တက်သွားမယ်လို့ ခံစားနေရတယ်….”

“ ငိုးမသားလေး…. အိပ်မက်မက်နေလိုက် ”

ကလင် ကလင် ကလင်

လင်းရီ ပေါက်ကွဲတော့မည့် အချိန်တွင် အိတ်ကပ်ထဲရှိ ဖုန်းမှာ အသံမြည်လာလေသည်။

ထုတ်ကြည့်လိုက်တော့ အမည်မသိ နံပါတ်တစ်ခု ဖြစ်နေကြောင်း သိလိုက်ရ၏။

“ ဟယ်လို ... မစ္စတာလင်း… အလုပ်ရှုပ်နေတာလားရှင့်…”

“ ဘယ်သူလဲ..”

“ ကျွန်မ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ.. ကျွန်မက မစ်ဆူမိသားစုရဲ့ အကြီးဆုံး သမီး အာယာနဲ မစ်ဆူ ပါ… မစ္စတာလင်း အခု ချိန်ရရင် စကားပြောဖို့ အဆင်ပြေလားမသိဘူးရှင့်…”

“ ဂျပန်ကလား… ဟွာရှန့်စကား ပြောတာ တော်တော်လေး ကျွမ်းကျင်သားပဲ…”

“ ကျွန်မက ရန်တက္ကသိုလ်မှာ ကျောင်းတက်ခဲ့ဖူးလို့ ဟွာရှန့်စကား ကောင်းကောင်းပြောတတ်နေတာလေ.. “ အာယာနဲ မီဆူမှ ပြောလိုက်ပြီး “ တိုက်ဆိုင်ချင်တော့ ကျွန်မလည်း ခု ရာဝမ်းကျွန်းကို ရောက်နေတာ… မစ္စတာလင်းက တွေ့ခွင့်ပေးမယ်ဆို သိပ်ပျော်ရွှင်မိမှာပဲ…”

“ ဆောတီးပဲလို့ ပြောရတော့မှာပဲ အာယာနဲရေ… ဒီည အလှလေးတစ်ယောက်နဲ့ အတူကဖို့ ချိန်းထားတော့ နောက်တစ်နေ့ပေါ့…”

“ အဲ့ဒီ သာမညောင်ညတွေက မစ္စတာလင်းရဲ့ အာရုံစူးစိုက်မှုကို ရဖို့ တန်လို့လား….”

“ ဘယ်တတ်နိုင်မှာ… ငါက ဒီတိုင်း ကောက်ကြောင်းလှတဲ့ ကောင်မလေးတွေကို နှစ်သက်တဲ့ အမျိုးသားပဲလေ…”

“ ကျွန်မက 72E နော်….”

“ မင်းအခု ဘယ်မှာလဲ…”

“ ရှင်တည်းတဲ့ ဟိုတယ်မှာပဲလေ… အခန်း နံပါတ် 1616…”

“ အိုကေ... ငါအဲ့ကို ငါးမိနစ်အတွင်း ရောက်အောင် လာခဲ့မယ်…”

ဖုန်းချပြီးနောက် ချင်းဟန်မှနေ၍ “ ဘာလဲထဖြစ်တာ…”

“ ကောင်မလေး တစ်ယောက်လေ… ငါ့ကို သူအခန်းထဲ လာခဲ့ဖို့ ပြောနေလို့… ဆောတီးပဲ ငါ့ကောင်တို့.. ငါ မင်းတို့နဲ့ မလိုက်နိုင်တော့ဘူး…”

“ ငါလခွမ်းပဲ.. မင်းပြောတော့ သောက်ရမ်း ဂျေးများတဲ့ကောင်ပါဆို…”

“ ပြီးတော့ ကျွန်တော် ကြားလိုက်တာ ဂျပန်က ဆိုလားပဲ..” ကောင်းကျုံးယွမ်လည်း ပြောလိုက်၏။

“ အင်း … ဟုတ်တယ်…”

“ ပြောတော့ နိုင်ငံခြားသူတွေ မကြိုက်တတ်ဘူးလေး.. ဘာလေး ညာလေးနဲ့…”

“ 72E ကို ငါက ဘယ်လို မျက်နှာမျိုးနဲ့ ငြင်းရက်မှာတုန်းဟ…”

All Chapters