နိုင်ငံကို ဂုဏ်ကျက်သရေ ယူဆောင်လာခဲ့ပေးမယ်..
Vol. 50 Ch. 747
“ လခွမ်း.. အဲ့လောက်ကြီးကျ ဘော်လီဘော အရွယ်အစားလောက်ကြီး ရှိသွားပြီ မဟုတ်ဘူးလား…”
“ အင်း.. အဆင်ပြေပါတယ်…”
ကျန်းရှောင်ယွီ သူမ ရင်ဘက်ကို သူမ ပြန်ငုံ့ကြည့်လိုက်ပြီး ‘ ငါနဲ့ အဲ့ဒီ ဂျပန်က အမျိုးသမီးတွေကြား ကွာဟချက်က အဲ့လောက်တောင် ကြီးမားနေတာလား…'
“ ကောင်းပြီ.. နောက်မှပဲ စကားဆက်ပြောတော့မယ်.. “ လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး “ မင်းတို့ကောင်တွေ ဘားရောက်ရင် ရှောင်းယွီကို သေချာလေး ဂရုစိုက်လိုက်ကြဦးနော…”
“ အိုကေ… စိတ်မပူနဲ့..”
…………….
အခန်း 1616၏ အပြင်အဆင်မှာ အခြား ဟိုတယ်အခန်းများနှင့် မတူကွဲပြားနေလေသည်။
သစ်သားစားပွဲ၊ အဝါနုရောင် ကော်ဇော၊ ဖောက်ထွင်းမြင်နိုင်သည့် ကန့်လန့်ကာနှင့် အခန်းတွင်းရှိ ဂျပန်ရိုးရာ အသုံးအဆောင် ပစ္စည်းများက မတူညီသည့် ခေတ်တစ်ခုသို့ ရောက်သွားစေသည့်အလား ခံစားရစေသည်။ အဆိုပါ အခန်း ဒီဇိုင်းကိုတော့ မူလကတည်းက ထိုသို့ ပြင်ဆင်ထားခြင်းမျိုး မဟုတ်ပဲ မစ်ဆူမိသားစုမှ အခန်းယူပြီးနောက်တွင်သာ ထိုသို့ အထူးတလှယ် ပြန်လည် ပြင်ဆင်လိုက်ခြင်းပင်။
အဓိက ရည်ရွယ်ချက်ကလည်း ဂျပန်၏ ထူးခြားသည့် ယဉ်ကျေးမှုနှင့် ဝိသေသ လက္ခဏာများကို ဖော်ကြူးရန်ဖြစ်လေသည်။
ဂျပန်လူမျိုးများ၏ ဇီဇာကြောင်မှုကတော့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လယ်ဗယ်တစ်ခုသို့ ရောက်နှင့် နေချေပြီ။
သစ်သားစားပွဲ အသေးလေး၏ တစ်ဖက်တစ်ချက်တွင်တော့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိုင်နေကြ၏။
အမျိုးသမီးမှာ ပခုံးပြတ် အမည်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြူဖွေးသည့် အသားအရေနှင့် ဟွာရှန့်အမျိုးသမီးများ၏ ဆံပင်ပုံစံရှိသည်။ အကယ်၍ ဒူးတုပ်ထိုင်နေသည့် ကိုယ်ဟန်ကြောင့်သာ မဟုတ်ပါက ဟွာရှလူမျိုးဟုတောင် အမှတ်မှားသွားနိုင်သည်။
ထိုအမျိုးသမီး၏ ဆန့်ကျင်ဘက်တွင် အနက်ရောင် ဝတ်စုံနှင့် ဆံရှည် အမျိုးသားတစ်ဦး ဒူးတုပ်ထိုင်နေပြီး သူ၏ သွင်ပြင်က အနည်းငယ်စိတ်မရှည် ဖြစ်နေသည့်ပုံ ပေါက်နေလေသည်။
အမျိုးသမီးက မစ်ဆူမိသားစု၏ အကြီးဆုံး သမီးတော် အာယာနဲမစ်ဆူပင်။ အမျိုးသားကတော့ ဂိုအီချီမစ်ဆူ ဖြစ်ပြီး ယူရှီမစ်ဆူနှင့် မြေးတော်စပ်သူ တစ်ဦးဖြစ်၏။
“ အစ်မတော်… ကျွန်တော်ကတော့ လင်းရီလို့ခေါ်တဲ့ ဟွာရှသားက လွယ်လွယ်နဲ့ သဘောတူမယ် မထင်ဘူး….တကယ်လို့ အလုပ်မဖြစ်ခဲ့ရင် ကျွန်တော်တို့ဘက်က ပြင်းထန်တဲ့ နည်းလမ်းတွေ အသုံးပြုလို့ရတယ်…” ဂိုအီချီမှ ပြောလိုက်၏။
“ ပြင်းထန်တဲ့နည်းလမ်း…?”
“ သူက ဟွာရှစီးပွားရေးသမားတစ်ယောက်လေ… အဲ့တာက သင့်တော်မယ်လို့ နင်ထင်လား…”
“ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မစ်ဆူအုပ်စုနဲ့ ယှဉ်ရင် သူ့စီးပွားရေးလုပ်ငန်းက ထုတ်ပြောဖို့တောင် ထိုက်တန်လို့လား…” မစ်ဆူ ဂိုအီချီမှ ပြောလိုက်ပြီး “ တကယ်လို့ ခွင့်ပြုမယ်ဆိုရင် သူ့ရဲ့ ငွေဝင်လမ်းကြောင်းတွေကို နှစ်နှစ်အတွင်း ပိတ်ဆို့လိုက်လို့ရတယ်… ကျွန်တော်ကတော့ သူ့ရဲ့စီးပွားရေး လုပ်ငန်းရှင်ဆိုတဲ့ အထောက်အထားကို လုံးလုံးဂရုမစိုက်တာ…”
“ နောက်ပြီး အဘိုး အရင်တုန်းက သူ့ကို တစ်ခါ စည်းရုံးကြည့်ဖူးတယ်… ဒါပေမယ့် သူက ထူးမခြားနားနဲ့.. အဲ့လိုမျိုး ခေါင်းမာတဲ့သူနဲ့ ဆွေးနွေးနေစရာ ဘာအကြောင်းမှ မရှိဘူး…” ဂိုအီချီ မစ်ဆူမှ ပြောလိုက်ပြီး “ တကယ်လို့ သူ့ဘက်က သဘောမတူဘူးဆိုရင် သူ့ရဲ့ ကုမ္ပဏီကို ပစ်မှတ်ထားလိုက်မယ်.. အဲ့လိုဆိုရင် သူတောင့်ခံနိုင်မှာတဲ့လား…”
“ ကောင်းပြီ.. မစ္စတာလင်းက ခဏနေ ရောက်လာတော့မှာ.. နင် သွားလိုက်တော့… “ အာယာနဲ မစ်ဆူမှ ပြောလိုက်၏။
“ ဟုတ်ကဲ့... နားလည်ပါပြီ…”
ဂိုအီချီမစ်ဆူမှ ဆက်လက် အချိန်ဖြုန်းမနေတော့ပဲ မတ်တပ်ရပ်ပြီးနောက် အာယာနဲမစ်ဆူကို အရိုအသေပေးကာ အခန်းထဲမှ ထွက်ခွာသွားခဲ့လေသည်။
အာယာနဲမှ သူမခေါင်းကို ကူကယ်ရာမဲ့စွာ ခါရမ်းလိုက်ရင်း ‘ တကယ်လို့ သူ့ကို ရိုက်ချဖို့ အဲ့လောက် လွယ်ကူနေမယ်ဆိုရင် သူများတွေ ဆယ်စုနှစ်လောက် ကြိုးစား စုဆောင်းမှ ရနိုင်မယ့် စည်းစိမ်းတွေကို ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ရနိုင်မှာတဲ့လား…’
များမကြာမီ အခန်းတံခါး ခေါက်သံ ကြားလိုက်ရပြီး အာယာနဲ မတ်တပ်ရပ်၍ သူမကိုယ်တိုင် တံခါးဖွင့်ပေးလိုက်သည်။
တံခါးပွင့်လာခဲ့ပြီးနောက် လင်းရီ ဟိုကြည့်ဒီကြည့် လုပ်လိုက်ပြီး “ အာယာနဲ မစ်ဆူက ဘယ်မှာလဲ.."
သူမ အရိုအသေပေးလိုက်ပြီး “ ကျွန်မက အာယာနဲမစ်ဆူပါ… မစ္စတာလင်းရဲ့ ပြောင်မြောက်မှုတွေကို အများကြီး ကြားထားပါတယ်… တွေ့ရသာ ဝမ်းသာပါတယ်ရှင့်…”
“ အမ်... မင်းပြောတော့ 72 E ဆို… ခု အလွန်ဆုံး ရှိလှ 39 B ပဲ… မိန်းကလေး မင်း C နဲ့ D တွေကို ဘယ်ဂျောင် သွားထိုးပစ်ထားတာ…”
“ အာ….”
အာယာနဲ ကြက်သေသေသွားခဲ့တော့၏။ အဘယ်ကြောင့်ဆိုသော် လင်းရီမှ တိကျစွာ ခန့်မှန်းသွားသောကြောင့်ပင်။
"အနူးအညွတ် တောင်းပန်ပါတယ်ရှင်... မစ္စတာလင်းနဲ့ အရမ်းတွေ့ချင်နေလို့ လိမ်ပြောမိလိုက်တယ်...."အာယာနဲ မစ်ဆူမှ ဦးညွှတ်၍ ပြောလိုက်၏။
ထို့နောက် တံခါးဖွင့်ကာ အခန်းထဲသို့ ဝင်ရန် ကြိုဆိုသည့် ဟန်အမူအရာ ပြုလိုက်ပြီး လင်းရီကို ပြန် လှည့်ထွက်သွားရန် ခက်ခဲအောင် ပြုလုပ်လိုက်လေသည်။
သို့နှင့် လင်းရီ အထဲသို့ ဝင်လာခဲ့လိုက်၏။ အခန်းထဲတွင် သင်းပျံ့သည့် လက်ဖက်ရည်အနံ့က ပျံ့နှံ့နေပြီး သက်တောင့်သက်သာ ဖြစ်စေသည့် ခံစားချက်မျိုးကို ရရှိစေသည်။
လင်းရီ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး အာယာနဲကတော့သူ့ဘေးတွင် ဒူးတုပ်ထိုင်လျက် လက်ဖက်ရည် တစ်ခွက်ကို ခွက်ထဲသို့ ငဲ့ပေးလိုက်၏။
“ ဒါက ကျွန်မ မွေးရပ်မြေကနေ တကူးတက သယ်လာခဲ့တဲ့ ဂျိုခူရို( Gyokuro)ပါ… မစ္စတာလင်း ခံတွင်းတွေ့မတွေ့ မြည်းစမ်းကြည့်ပါဦးရှင့်…”
လင်းရီ ခေါင်းခါရမ်းလိုက်ပြီး
“ ရောင်းသူ ပြတဲ့ ပစ္စည်းက ဝယ်သူစိတ်ဝင်စားတဲ့ဟာနဲ့ မကိုက်ညီဘူး…. လက်ဖက်ရည်က ဘယ်လောက်ပဲ အရသာရှိရှိ .. ပျင်းဖို့ကောင်းတယ်…”
အာယာနဲမှ မတ်တပ်ရပ်၍ ဦးညွတ်လိုက်ပြီး “ တောင်းပန်ပါတယ် မစ္စတာလင်း.. ကျေးဇူးပြုပြီး ကျွန်မရဲ့ အမှားကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်….”
“ ငါ့ကို ဦးညွှတ်နေတာ တော်လိုက်တော့…” လင်းရီ ပြောလိုက်ပြီး “ ပြော ငါ့ကို ဘာလုပ်ဖို့ ရှာနေတာ… ခဏနေကျရင် ကောင်မလေးတွေနဲ့ သွားကရဦးမယ်…”
“ ဒီလိုပါ... မစ္စတာလင်းရဲ့ လုံရှင်း ကုမ္ပဏီက ချစ်ပ်သုတေသန ပရောဂျက်ကို ဦးဆောင်နေတယ်လို့ ကြားတယ်.. ကျွန်မတို့ မစ်ဆူ မိသားစုကလည်း အဲ့ဒီ နယ်ပယ်မှာ စီးပွားရေး လုပ်ငန်းလေးတွေရှိတော့ မစ္စတာလင်းနဲ့ လက်တွဲပူးပေါင်းချင်လို့ပါ… ဒါကြောင့်မို့ ခုလို အထူးတလှယ် ဖိတ်ကြားလိုက်ရတာပါရှင်….”
“ ငါတို့ ဒီ့ထက်ပိုပြီး ရိုးသားနိုင်မယ်ဆိုရင် ကောင်းမှာပဲ…” လင်းရီ ပြောလိုက်ပြီး “ လင်းယွမ် အုပ်စုရဲ့ အရွယ်အစားက မဆိုးဘူးဆိုရင်တောင် မစ်ဆူရဲ့ ဘဏ္ဍာရေး အုပ်စုကြီးနဲ့ ယှဉ်လိုက်ရင် ဘာမှ မပြောပလောက်ဘူး… မင်းက ငါနဲ့ လက်တွဲပူးပေါင်းချင်နေတယ်ဆိုတာကြီးကတော့ လုံးဝကို လိမ်နေတာပဲ….”
“ ကျွန်မရဲ့ စစ်မှန်တဲ့ သဘောထားကို မစ္စတာလင်းက မယုံကြည်နိုင် ဖြစ်နေတာလား….”
“ ငါမင်းကို ယုံပါတယ်.. ဒါပေမယ့် ငါက လုံရှင်းရဲ့ တာဝန်ရှိသူ မဟုတ်ဘူး.. ဒီတော့ ငါ့ကို လာပြီး ပြောပြရင်တောင် အသုံးမဝင်ဘူး…. မင်းဘက်က ပြောချင်နေတယ်ဆိုရင်တော့ ငါ နောက်ကျရင် ဆွေးနွေးဖို့ တစ်ယောက်ယောက် စီစဉ်ပေးလိုက်လို့ရတယ်.. ဒီတော့ ငါတို့ကြားမှာ ဘာစကားမှ ပြောစရာ မရှိတော့ဘူးမလား…”
အာယာနဲ မစ်ဆူမှ မသိမသာ မျက်မှောင်ကြုတ်သွားခဲ့ပြီး လင်းရီ ခွက်ကို ပြန်ဖြည့်ပေးလိုက်ကာ “ ဒါဆိုလည်း ကျွန်မ တည့်တိုးပဲ ပြောလိုက်တော့မယ်…”
အာယာနဲ မစ်ဆူမှ လင်းရီရှေ့တွင် ဒူးတုပ် ထိုင်လိုက်ပြီး “ ကျွန်မရဲ့ ဒုတိယအဘိုး… ယူရှီမစ်ဆူလည်း ရှင့်ကို အဲ့ဒီအကြောင်း ပြောပြီး ဖြစ်မှာပါ… ကျွန်မတို့ မိသားစုက ဇီဝ ဓာတ်ခွဲခန်း တစ်ခု တည်ဆောက်ချင်တယ်.. ပြီးတော့ မစ္စတာလင်းကို ပူးပေါင်းဆောင်ရွက်ပေးဖို့ ဖိတ်ခေါ်ပြီး ရှယ်ယာ ၅၀% ကို ပေးအပ်ချင်ပါတယ်… အဲ့ဒီ အပေးအယူကို မစ္စတာလင်း ဘယ်လို သဘောရလဲ..”
“ မစ်ဆူ အုပ်စုကြီးက အဲ့လောက် ငွေလေးကို မက်မောနေမယ် မထင်ပါဘူး…”
“ ကျွန်မတို့က မမက်မောပါဘူး… ဒီတိုင်း အနာဂတ်အတွက် စီစဉ်နေတာပါ…”
“ ဘယ်အနာဂတ်ကို ပြောနေတာ…”
“ စိတ်မရှိပါနဲ့ မစ္စတာလင်း.. ဒါက ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေ ဖြစ်သွားပြီဆိုတော့ ရှင့်ကို ထုတ်ပြောဖို့ မဖြစ်နိုင်ပါဘူး…”
အာယာနဲ မစ်ဆူမှ ပြုံးလိုက်ပြီး “ ဒါပေမယ့် မစ္စတာလင်းကသာ ကျွန်မတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်မသိသမျှ အရာအားလုံးကို ပြောပြပေးပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာ ကိစ္စလေးတွေကို ဆွေးနွေးနိုင်ပါတယ်… မစ္စတာလင်း ဘယ်လိုထင်လဲ…”
လင်းရီ ခွက်ထဲရှိ အဖြူရောင် အခိုးငွေ့များကို လေဖြင့် မှုတ်ထုတ်လိုက်ပြီး “ ငါနဲ့ ညှိနှိုင်းဆွေးနွေးနေတာလား.. ဒါမှမဟုတ် မင်းက ဆွဲဆောင်မှု ရှိလွန်းတော့ ငါက အတူထိုင်ပြီး လက်ဖက်ရည်သောက်ဖို့ ဆန္ဒရှိတယ်လို့ ထင်နေတာလား.….”
အာယာနဲ မစ်ဆူ၏ အမူအရာမှာ အေးခဲသွားခဲ့ပြီး လင်းရီ ရုတ်ချည်း အေးစက်သွားလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
သူက လုံးဝကို မညှာမတာ ပြောနေတော့တာပဲ…
“ အဲ့ဒါက ဆဲလ်နဲ့ ဗီဇမျိုးစိတ် နယ်ပယ်က ဆေးဝါးတွေကို သုတေသနလုပ်မယ့် ဓာတ်ခွဲခန်းပါ… မစ္စတာလင်းက အဲ့ဒီ နယ်ပယ်မှာ ကျွမ်းကျင်သူဖြစ်ပြီးတော့ ပြောမြောက်လှတဲ့ ဟွာရှန့်ဆေးပညာ အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့သူလေ… ကျွန်မတို့ဆီမှာက အဲ့ဒီ အရည်အချင်းတွေ မရှိဘူး… ဒါကြောင့်မို့ မစ္စတာလင်းနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်…”
“ အဲ့တာပဲလား….”
“ ကျွန်မ ပြောနိုင်တာတော့ အဲ့တာ အကုန်ပဲမို့ မစ္စတာလင်းက နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်… ပြီးတော့ ကျွန်မက ဒီကို ရိုးသားမှု အပြည့်နဲ့ ရောက်လာတာပါ… မစ္စတာလင်း သေချာစဉ်းစားပြီး ဆုံးဖြတ်ပေးပါရှင့်..”
အာယာနဲမစ်ဆူမှ ဦးညွှတ်၍ ပြောလိုက်ပြီး “ တကယ်လို့ မစ္စတာလင်းမှာ တခြား တောင်းဆိုစရာတွေ ရှိသေးတယ်ဆိုရင်လည်း မလွန်ကြူးသရွှေ့ ကျွန်မတို့ဘက်က သဘောတူပေးနိုင်ပါတယ်… မစ္စတာလင်း ….. ကျေးဇူးပြုပြီး သေချာစဉ်းစားပေးဖို့ တောင်းဆိုပါတယ်…”
လင်းရီ သူ့လက်ထဲက ကြွေခွက်ကို ကစားလိုက်ပြီး အာယာနဲ မစ်ဆူကို အပြုံးလေးဖြင့် ကြည့်လိုက်ကာ “ မင်းနဲ့ လက်တွဲလုပ်ပေးဖို့က ပြဿနာ မရှိပါဘူး.. ဒါပေမယ့် ခုလောလောဆယ် ငါ့ဘက်က ငွေကြေးလား… ဥစ္စလား… ဘာမှ လိုအပ်မနေဘူး.. ဆိုတော့ မင်းတို့နဲ့ အတူ အလုပ်လုပ်ဖို့ အကြောင်းပြချက်ကို စဉ်းစားမရဘူးဖြစ်နေတယ်…”
“ မစ္စတာလင်းက ဟွာရှမှာ တန်ခိုးရှိန်ဝါ တောက်ပနေတဲ့ ကောင်းကင်က နေမင်းကြီး တစ်စင်းဆိုတာ ကျွန်မသိပါတယ်… ရှင်က ကျော်ကြားမှု၊ စည်းစိမ်… မိန်းကလေးတွေဆိုရင်တောင် တစ်ခုမှ မချို့တဲ့ဘူး… ဒါပေမယ့် ရှင်တစ်ခု နားလည်ထားရမှာက……. မစ္စတာလင်း… အမျိုးသမီးတိုင်းက မတူကွဲပြားပါတယ်….”
“ ဟမ်… ဘာကို ဆိုလိုချင်တာ…”
အာယာနဲ မစ်ဆူမှ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူမ၏ အနက်ရောင် ဝတ်စုံကို ဖြည်းညင်းစွာ ချွတ်လိုက်ပြီး ဆက်ဆီ အတွင်းခံအား လှစ်ဟာပြလိုက်၏။
“ တကယ်လို့ မစ္စတာလင်းကသာ ဆန္ဒရှိမယ်ဆိုရင် ကျွန်မဘက်က ကွဲပြားတဲ့ အတွေ့အကြုံကို ခံစားရရှိစေဖို့ အာမခံနိုင်ပါတယ်… ဟွာရှန့်အမျိုးသားတွေရဲ့ စကားနဲ့ဆိုရင် ဒါက နိုင်ငံကို ဂုဏ်ကျက်သရေ ဆောင်ကြဉ်းပေးလာတာပဲပေါ့…”