အန္တိမ လှည့်ဖျားခြင်း
Vol. 50 Ch. 748
“ မင်းက အဲ့တာတောင်သိနေတယ်ဆိုတော့ ဆရာကြီးများလား…”
“ ကျွန်မက ဟွာရှမှာ ခြောက်နှစ် နေဖူးတယ်လေ… ဒါကြောင့်မို့ ဒီက ဓလေ့စရိုက်တွေကို နားလည်နေတာ…”
သူမ လင်းရီရှေ့တွင် အတွင်းခံ တစ်စုံနှင့် ရပ်နေရသော်လည်း အာယာနဲမစ်ဆူမှာ ကြည်လင်နေသည့် ရေပြင်ကဲသို့ တည်ငြိမ်စွာဖြင့် လင်းရီ၏ မေးခွန်းများကို ပြန်ဖြေနေသည်။
“ ကျွန်မကျောင်းတုန်းက ကောင်လေး တွေအများကြီး ကျွန်မကို ပိုးပန်းကြတယ်… သူတို့က ကျွန်မကို ပိုးပန်းပြီးတော့ အိပ်ရာပေါ် ခေါ်သွားနိုင်ရင် အဲ့တာက နိုင်ငံပေါ် ဂုဏ်ကျက်သရေ ဆောင်ကြဉ်းပေးလာတာပဲတဲ့… ဒါကြောင့်မို့ အဲ့ဒီ စကားလုံးကို မှတ်မိနေတာ…”
လင်းရီ မတ်တပ်ရပ်လိုက်ပြီး အာယာနဲ မစ်ဆူကို သားကောင်သဖွယ် ကြည့်လျက် “ မင်းရဲ့ မျက်နှာက အဆင်ပြေပါတယ်… ကိုယ်လုံးကိုယ်ပေါက် ဘော်ဒီကောက်ကြောင်းတွေလည်း မဆိုးပါဘူး.. ဒါပေမယ့် ငါ့ကို ဆွဲဆောင်ဖို့ အတွက်တော့ မလုံလောက်သေးဘူး…” လင်းရီ ပြောလိုက်ပြီး “ ငါ့ဇနီးက မင်းထက် အများကြီး ပိုလှတယ်….”
သို့နှင့် လင်းရီ လှည့်ထွက်လာခဲ့လိုက်၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် အာယာနဲမစ်ဆူမှ သူ့လက်ကို လှမ်းဆွဲလိုက်ပြီး သူမ ရင်ဘက်ပေါ် တင်ပေး၍ “ မစ္စတာလင်း တစ်ခုခု ခြားနားနေတာကို မခံစားမိဘူးလား…”
လင်းရီ မျက်မှောင်ကြုတ်လိုက်။
“ မစ္စတာလင်း စိတ်လှုပ်ရှားသွားမှန်း ကျွန်မခံစားမိနေတယ်…”
“ ငါ့မိန်းမလောက်လည်း အိစက်မနေပဲနဲ့… ပြီးတော့ အထဲမှာ အဖုအထစ်တွေကလည်း ရှိသေး ….. မင်း ဆေးရုံသွားပြီး ဆေးစစ်ကြည့်တာ ကောင်းမယ်…”
သို့နှင့် လင်းရီ လှည့်ထွက်သွားခဲ့ပြီး အာယာနဲ မစ်ဆူကို ငူငူငိုင်ငိုင်ကြီးဖြစ်စွာ ချန်ထားရစ်ခဲ့လေသည်။
အခန်းမှာ အပ်ကျသံ ကြားရလောက်သည်အထိ ဆိတ်သုဉ်းသွားခဲ့တော့၏။ မိနစ်ဝက်မျှကြာအောင် အာယာနဲ မစ်ဆူမှာ တုန်လှုပ်နေဆဲပင်။
' မိန်းမသားတစ်ယောက်က သူမခန္ဓာကိုယ်ကို ပုံအပ်ပေးဖို့ အသင့်ရှိတာတောင် ပကတိ တည်ငြိမ်နေတယ်ဆိုတော့ …. သူ့ သမာဓိအားက ဘယ်လောက်တောင် သန်မာနေတာ…'
အမှန်စင်စစ်တွင်တော့ လင်းရီကလည်း လူကြီးလူကောင်းတစ်ယောက် မဟုတ်ချေ။
သူ ဒီတိုင်း အရွယ်အစား အသေးအမွှားလေးများကို စိတ်မဝင်စားရုံ သပ်သပ်မျှသာ။
ကျီချင်းရန်၊ လျန်ရူရွှယ်၊ လီချူးဟန်နှင့် ဝမ်ရင်း။ သူမတို့ထဲက မည်သူမဆို အာယာနဲ မစ်ဆူအား အလွယ်တကူ ဖိနှိပ်နိုင်လေသည်။၊
လင်းရီ ထွက်ခွာသွားပြီးနောက် မကြာမီ အာယာနဲမစ်ဆူ၏ အခန်းဝသို့ တံခါးခေါက်သံ တစ်သံ ကြားလိုက်ရ၏။
“ ဝင်လာခဲ့..” အဝတ်ပြန်ဝတ်ပြီးနောက် အာယာနဲ မစ်ဆူမှ အမိန့်ပေးလိုက်လေသည်။
တံခါးတွန်းဖွင့်ပြီးနောက် ဂိုအီချီမစ်ဆူ ဝင်ရောက်လာခဲ့၏။
“ သူ ဘာပြောလဲ.. ကျွန်တော်တို့ တောင်းဆိုတာကို သဘောတူလိုက်လား…”
အာယာနဲ ခေါင်းခါရမ်းလိုက်ရင်း “ မဟုတ်ဘူး.. သူ ငါ့ကို အပြတ် ငြင်းလိုက်တယ်…”
မူလကတော့ ဂိုအီချီ၏ မျက်နှာထက်၌ မျှော်လင့်ချက် ရေးရေးလေး ရှိနေသေးသော်ငြား အာယာနဲ၏ စကားကို နားထောင်ပြီးနောက် ရုတ်ချည်း အေးစက်သွားခဲ့လေသည်။
“ ဒီလိုဖြစ်မယ်ဆိုတာ ငါ သိနေတယ်… ဒီကောင်က အခွင့်အရေးပေးနေတာကို တန်ဖိုးထားရကောင်းမှန်း မသိဘူးပဲ… ငါ့အထင်တော့ သူ့ကို ကိုင်တွယ်ချင်တယ်ဆို ဖိအားတစ်ချို့ ပေးဖို့တော့ လိုအပ်လာပြီ…”
အာယာနဲ မစ်ဆူမှ ဂိုအီချီ သူ့ကိုယ်သူ တောင်စဉ်ရေမရ လျှောက်ပြောနေသည်အား ကြည့်ရင်း “ ဒီကိစ္စကို ငါတာဝန်ယူလိုက်မယ်… နင် ဝင်ပါစရာ မလိုဘူး… နင်လိုအပ်တာက ရာဝမ်းကျွန်းက စီးပွားရေး လုပ်ငန်းတွေကို ကိုင်တွယ်ဖို့ပဲ…. ကျန်တာ ဘာမှ စိတ်ပူစရာမလိုဘူး..”
ဂိုအီချီ၏ အမူအရာမှာ အနည်းငယ် သဘာဝမကျ ဖြစ်သွားခဲ့ပြီး “ ဒါပေမယ့် မိသားစုက ကျွန်တော်တို့ကို အတူ ကိုင်တွယ်ဖို့ လွှတ်လိုက်တာလေ… ဒါကြောင့်မို့ ကျွန်တော့်မှာလည်း ဝင်ပြီး စွက်ဖက်ပိုင်ခွင့်ရှိတယ်… ပြီးတော့ ဒီကိစ္စက အချိန်အကြာကြီး ဆွဲထားလို့ မကောင်းဘူး… တတ်နိုင်သလောက် မြန်မြန် ကိုင်တွယ်မှ ဖြစ်မှာ…..”
အာယာနဲ မစ်ဆူမှ သူမခေါင်းကို မော့လိုက်ပြီး ဂိုအီချီကို အေးစက်စက် ကြည့်လိုက်ကာ “ ငါ့ကို မလေးမစားလုပ်နေတာလား…”
ဂိုအီချီမှ အပြစ်ရှိသလို ဖြစ်သွားခဲ့ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ဝပ်တွားလိုက်ကာ “ ဒီက မဝံ့ရပါဘူး…”
“ ကောင်းတယ်…” အာယာနဲမှာ သူမ နဖူးကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း “ နောက်ကျနေပြီ.. ငါအနားယူတော့မယ်… နင် ပြန်လိုက်တော့…”
“ ဟုတ်ကဲ့ပါ.. အစ်မတော်…”
ဂိုအီချီ စိတ်မပါ လက်မပါဖြင့် သူ့အခန်းထဲသို့ ပြန်သွားခဲ့လေသည်။
အခန်းတံခါးကို ပိတ်ပြီးလျှင် ပြီးချင်း ဖုန်းထုတ်၍ သူ့အဖိုး၏ ဖုန်းနံပါတ်အား ဆက်သွယ်လိုက်၏။
“ အဘိုး… အခြေအနေတွေကတော့ မဟန်ဘူး… အဲ့ဒီဟွာရှကောင်က ကျွန်တော်တို့ တောင်းဆိုတာကို သဘောမတူဘူး..”
ယူရှီ မစ်ဆူမှ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး “ တစ်ဖက်သူက ဘာပြောလဲ…”
“ မသိဘူး… အာယာနဲက ကျွန်တော့်ကို နှင်ထုတ်ပြီးတော့ သူတို့ ဘာပြောလဲ ပေးမသိဘူး…” ဂိုအီချီမှ ပြောလိုက်ပြီး “ ပြီးတော့ ကျွန်တော့်ကို ရာဝမ်းကျွန်းက စီးပွားရေးပရောဂျက်တွေပဲ ကိုင်တွယ်ခိုင်းပြီးတော့ ဒီကိစ္စမှာလည်း ဝင်မစွက်ဖက်စေချင်ဘူး…”
“ သူမရဲ့ ရည်ရွယ်ချက်က သိသာနေတာပဲ.. ဒီတစ်ခေါက် အကျိုးဆောင်မှတ်တွေကို သူတစ်ယောက်တည်း အပိုင်သိမ်းချင်နေတာ…”
“ ဒါကြောင့်မို့လည်း ကျွန်တော်က မအောင်မြင်စေချင်တာ… မဟုတ်ရင် ကျွန်တော်တို့ မိသားစုခွဲက ဘာ ဂုဏ်ဒြပ်မှ ရတော့မှာ မဟုတ်ဘူး…”
“ အဲ့ဒါဆို မင်းမှာ ဘာအကြံဉာဏ်တွေရှိလဲ…”
“ ကျွန်တော်ကတော့ ဒီတစ်ကြိမ် ဟွာရှကောင် ငြင်းလိုက်တာလည်း ကောင်းတဲ့ အခြေအနေလို့ မြင်တယ်.. အဲ့ဒါမှ ကျွန်တော်လည်း သူနဲ့ သီးသန့် ဆွေးနွေးဖို့ အခွင့်အရေးရှိမှာလေ….”
“ အင်း… အဲ့တာဆို ဒီကိစ္စကို လျှို့ဝှက်ပြီး ကိုင်တွယ်လိုက်…. အာယာနဲ နဲ့တော့ ပဋိပက္ခတွေ သိပ်အများကြီး မဖြစ်စေနဲ့..” ယူရှီ မစ်ဆူမှ ပြောလိုက်ပြီး “ မှတ်ထား… တကယ်လို့ သူ့ဘက်က သဘောမတူရင်တောင် ကိစ္စမှရှိဘူး.. လက်ခံနိုင်လောက်တဲ့ ရလဒ်တစ်ခု ရနေသရွေ့ အဆင်ပြေတယ်…”
“ စိတ်ချပါ အဘိုး .. ကျွန်တော် နားလည်ပါတယ်…”
“ တကယ်လို့ မကိုင်တွယ်နိုင်တဲ့ ကိစ္စတွေရှိရင် ငါနဲ့ ဆွေးနွေးဖို့ သတိရ…”
“ ဟုတ်ကဲ့ပါ အဘိုး…”
…………….
အာယာနဲ မစ်ဆူ၏ အခန်းထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ဘားသို့ ပြန်မသွားတော့ပဲ သူ့အခန်းထဲသို့သာ ပြန်လာခဲ့လိုက်လေသည်။
သူ့စိတ်ထဲ၌ ဤကိစ္စက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေရ၏။
သူ၏ အရည်အသွေးများက ကောင်းကင်ဘုံကို အနည်းငယ် ဆန့်ကျင်နေသော်ငြား ဤလူအုပ်စုမှ အောက်ကျို့ပြီး သူနှင့် ပူးပေါင်းဖို့ရာ တောင်းဆိုရလောက်သည်အထိတော့ မဟုတ်သေးချေ။
အထူးသဖြင့် အာယာနဲ မစ်ဆူအတွက်ဟု ပြောလျှင် ပိုမှန်လေသည်။ မစ်ဆူအုပ်စု၏ အကြီးဆုံး သမီးတစ်ယောက်အနေဖြင့် သူမ၏ လှုပ်ရှာမှုတိုင်းက မစ်ဆူ ကော်ပရေးရှင်းကို ကိုယ်စားပြုနေသည်။
သို့သော်လည်း သူ့ကို ဖြောင်းဖြရန်အတွက် သူမ၏ ခန္ဓာကိုယ်ကိုပါ ပေးဆပ်ရန် ဆန္ဒရှိနေခဲ့၏။
ယခုအခြေအနေကို သုံးသပ်ကြည့်ရမည်ဆိုပါက ဖြစ်နိုင်ချေနှစ်ခုရှိသည်။
ပထမတစ်ခုမှာ အာယာနဲက ရမ္မက်ကြီးသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး မည်သူမဆို သူမနှင့် အိပ်ရာထက်၌ ပျော်ပါးမွေ့လျော်နိုင်သည်။
ဒုတိယ တစ်ခုကတော့ ပရောဂျက်မှာ အင်မတန် အရေးကြီးလှပြီး မစ်ဆူအုပ်စု၏ သေခြင်းရှင်ခြင်းကို အဆုံးဖြတ်ပေးနိုင်လောက်သည်အထိ အရေးကြီးရမည် ဖြစ်၏။
မဟုတ်ပါက သူမ၏ အဆင့်အတန်း၊ မစ်ဆူအုပ်စု၏ သမီးတော်ဟူသော အထောက်အထားဖြင့် ယခုလို ဈေးပေါသည့် မိန်းမတစ်ယောက်သဖွယ် ပြုမူနေစရာ အကြောင်း မရှိချေ။
ထိုအကြောင်း တွေးမိတော့ လင်းရီ၏ အမူအရာမှာ စတင် လေးနက်လာခဲ့၏။
မစ်ဆူအုပ်စုက ဤကိစ္စကို လွယ်လွယ်ကူကူနှင့် လက်လျော့သွားလိမ့်မည် မဟုတ်ဟု သူခံစားနေရသည်။ အနာဂတ်၌ သူ့ကို နောက်တစ်ကြိမ် ပြန်လာရှာကြလောက်လေသည်။ ပထမတစ်ကြိမ်တုန်းက ယူရှီ မစ်ဆူ၊ ဒုတိယ အကြိမ်၌ အာယာနဲ မစ်ဆူ ၊ တတိယအကြိမ်၌ စည်းရုံးရေး သံတမန်အဖြစ် မည်သူ့ကို စေလွှတ်လာခဲ့ဦးမလဲဆိုတာကို လင်းရီ အတော်လေး စိတ်ဝင်စားနေမိသည်။
ထိုအကြောင်းများ တွေးတောရင်း လင်းရီ မတ်တပ်ထရပ်ကာ အကြောဆန့်လိုက်၏။
ထို့နောက် ရေချိုးပြီး ကျီချင်းရန်နှင့်အတူ ခဏတစ်ဖြုတ် စကားပြောလိုက်လေသည်။
သူ လက်ရှိ ဘယ်ရောက်နေလဲ ဆိုတာ ကြိုသတင်းပို့ထားသည်က ကောင်း၏။ မဟုတ်ပါက အချိန်မတော် ဖုန်းဆက်လာသည့် အချိန်တွင် ရှော့ခ်နည်းနည်း ရှိနိုင်လေသည်။
ကျီချင်းရန်နှင့် ခေတ္တ စကား ပြောပြီးနေက် လင်းရီ ရှောင်ထျန်နှင့် အတူ စကားပြောရင်း ဂိမ်းဆော့လိုက်၏။
မနက် နှစ်နာရီထိ တိုင်အောင် ဂိမ်းကစားပြီးနောက် ခြေဆန့်လက်ဆန့် ပြုလုပ်ကာ ညအိပ်ရာဝင်ရန် ဟန်ပြင်လိုက်လေသည်။
သို့သော်လည်း လင်းရီ မအိပ်မီ ဖုန်းထုတ်၍ သူ နေ့လည်နေ့ခင်းက လေယာဉ်ပေါ်တွင် ရိုက်ခဲ့သည့် ဆယ်လ်ဖီဓာတ်ပုံကို တင်လိုက်ပြီး အင်တာနက်ပေါ်မှ စာလုံးလှလှ ဂန္တဝင်စာသားလေးမျာကို လိုက်ရှာကြည့်လိုက်သည်။
>
သေချာလေး edit လုပ်ပြီးနောက် လင်းရီ စစ်ဆေးကြည့်လိုက်၏။
ယခု ဟွာရှ၌ နံနက် နှစ်နာရီ ထိုးနေပြီး ဖြစ်သောကြောင့် ယူအက်စ် စံတော်ချိန်အရ အမေရိကား၌ မွန်းလွဲအချိန်အခါ ဖြစ်ရပေမည်။
ယခု ဆယ်လ်ဖီကလည်း မွန်းလွဲအချိန်၌ ရိုက်ထားသောကြောင့် အချိန်ကလည်း ကိုက်ညီမှုရှိ၏။
ထို့ပြင် ဓာတ်ပုံကလည်း သူနှင့် သူ့နောက်ရှိ ထိုင်ခုံကိုသာ ပြထားပြီး နေရောင်ခြည်ကလည်း ပြတင်းပေါက်မှတစ်ဆင့် တောက်ပစွာ ဖြာကျနေလေသည်။
ထိုကဲ့သို့ အသေးစိတ်အချက်အလက်များကအစ ပြီးပြည့်စုံနေပြီး တစ်စုံတစ်ယောက်မှ သစ္စာမဖောက်သွားသရွေ့တော့ အမှားရှာတွေ့နိုင်စရာ အကြောင်း မရှိချေ။
ကျေနပ်သွားတော့ လင်းရီ ' Post ' ဆိုသည့် ခလုတ်ကို နှိပ်လိုက်၏။
လင်းရီ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားခဲ့ပြီး ကျီချင်းရန် နံနက်နိုးသည့် အချိန်၌ ဤပို့စ်ကိုသာ မြင်သွားပါက စိတ်ခံစားသွားရပြီး မျက်ရည်များပင် စီးကျလာလောက်လေသည်။
ထိုအကြောင်း တွေးတောရင်း လင်းရီသူ့ဖုန်းကို ဘေးသို့ကောက်ပစ်လိုက်ပြီး အိပ်တန်းဝင်လိုက်တော့၏။
တစ်ချိန်တည်းတွင် ရှစ်လွှာရှိ ဓာတ်လှေကားတံခါး ပွင့်လာခဲ့ပြီး ကျိန်းချောင် အရက်မူးမူးနှင့် သူ့သူငယ်ချင်း တစ်ယောက်ကို ခေါ်၍ ရန်စီ၏ အိပ်ခန်းသို့ ဦးတည်လာခဲ့လေသည်။