← Chapters

မင်း ပါပါးက ယဉ်ကျေးတတ်ရမယ်လို့ မသင်‌ထားပေးဘူးလား

Vol. 50 Ch. 750

မင်း ပါပါးက ယဉ်ကျေးတတ်ရမယ်လို့ မသင်‌ထားပေးဘူးလား

Vol. 50 Ch. 750

" မင်း ငါ့ကို အဲ့လို စကားမျိုး လာမပြောနဲ့...!" ကျိန်းချောင် ပြောလိုက်ပြီး " ငါ ဒီကို ရောက်လာရဲမှတော့ ကြောက်လို့ ရောက်လာတယ်များ ထင်နေလား... ငါ ဒီနေ့ အဲ့ကောင်ကို သင်ခန်းစာ မပေးနိုင်ဘူးဆိုရင် ငါ့ မျိုးရိုး ကျိန်း မဟုတ်တော့ဘူး... !"

ရန်စီ ရင်ဘက်ရှေ့ လက်ကို ပိုက်လိုက်ပြီး အသက်ပြင်းပြင်း ရှိုက်လိုက်ကာ " ခေါင်းမာ မနေစမ်းပါနဲ့.. ဒီလိုမျိုး ဝုန်းဒိုင်းကြဲနေရအောင် ကလေးတွေလည်း မဟုတ်တော့ဘူး... "

" မင်း သူ့ကို ဆက်ပြီး ကာကွယ်နေသေးတယ်... သူက ဒီတိုင်း အင်တာနက် သူတောင်းစားကို ငါ့ထက် ဘယ်နေရာ သာနေလို့လဲ... " ‌ကျိန်းချောင် ဒေါသူပုန်ထကာအော်ဟစ်လိုက်၏။

"လုံလောက်ပြီ ညီကို .. သူ့လို မိန်းမမျိုးနဲ့ အရည်မရ အဖတ်မရတွေ ဆက်ပြောမနေနဲ့တော့ .. လာရင်း ကိစ္စ သွားရအောင် ... "

‌ရှုံးဟွေ့ ကျိန်းချောင်ကို ဘေးသို့ ဆွဲခေါ်လိုက်ပြီး ရန်စီကို ကြည့်၍ " မစ်ရန် .. ငါတို့ ကိစ္စတွေကို ခက်ခဲအောင် မလုပ်ချင်ဘူး... မြန်မြန်လေး သူ ဘယ်မှာလဲဆိုတာ ပြောပြ... မဟုတ်လို့ကတော့ မင်း အကျိုးဆက်တွေ ရင်ဆိုင်ရလိမ့်မယ်... "

" ဒါဆိုလည်း သွားစို့.. ငါ နင်တို့ကို သူ့ဆီ ခေါ်သွားပေးမယ်... "

ရန်စီလည်း စကား ဆက်မပြောချင်တော့လောက်အောင် ဆွံ့အနေလေသည်။

သူတို့ကတောင် သွားချင်နေမှတော့ သူမကလည်း ဘာလို့ လိုက်မပို့နိုင်ရမှာ..

ရန်စီ မည်မျှ ပူးပေါင်းဆောင်ရွက်နေကြောင်းကို မြင်တော့ ကျိန်းချောင် ခါးသီးစွာ ပြုံးလိုက်မိသည်။

"ညီကိုဟွေ့.. နောက်ဆုံးကျတော့လည်း မင်းက မင်းပါပဲကွာ... ငါ သူမနဲ့ စကားအများကြီး ပြောထားတာတောင် ဘာမှ မထူးခြားလာဘူး.. ဒါပေမယ့် မင်းစကား တစ်ခွန်း ပြောလိုက်တာနဲ့ သူမက နာခံလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး... "

" အဲ့တာ မင်း ငါ့လောက် ဝါ မရင့်သေးလို့လေ... "ရှောင်ဟွေ့ ပြောလိုက်ပြီး "သူ့လို မိန်းမမျိုးက ဘယ်တော့မှ တင်းတိမ်နိုင်မှာ မဟုတ်ဘူး... ငါတို့ သူဖော်တဲ့ဆေး သူ့ပြန်ကျွေးရမယ်... "

"ငါ အရင်တုန်းက သူမကို အရမ်း ကောင်းခဲ့မိသလိုပဲ..."

" မှန်တယ်... သူ့လိုမိန်းမမျိုးက ရွံဖို့ အကောင်းဆုံးပဲ... မင်းဘက်က သဘောကောင်းပြနေလို့ မရဘူး.. မဟုတ်ရင် မင်းထိပ်ပေါ် မစင်တက်စွန့်သွားလိမ့်မယ်.... "

"ဟင်း.... ငါ အကဲဖြတ် မှားသွားတယ်ကွာ..."ကျိန်းချောင် သက်ပြင်း ချလိုက်၏။

" စိတ်ညစ်မနေစမ်းနဲ့... ငါတို့ ဟိုကောင့်ကို ကိုင်တွယ်ပြီးရင် ဒီပြန်လာပြီး အဲ့ကောင်မကို သေချာလေး သင်ခန်းစာပေးကြမယ်... မင်း ၀မ်းထဲက ဒေါသမီးတွေကို သူမအပေါ် အကုန် သွန်ချပစ်လိုက်... "

" ကောင်းပြီ ..! "

အစက ကျိန်းချောင် အနည်းငယ် ချီတုံချတုံ ဖြစ်နေခဲ့သော်လည်း ယခုတော့ သူ၏ မျက်၀န်းတို့မှာ လွန်စွာ ပြတ်သားနေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရင်ဘက်ထဲတွင် ရန်စီအပေါ် ၌ အမုန်းတရားတို့ဖြင့် ပြည့်နှက်နေသောကြောင့်ဖြစ်၏။

သူမကို ယောက်ျားတကာနှင့် လိုက်ပျော်ပါးနေသည့် အမျိုးသမီးအဖြစ် ခံယူထားလိုက်ချေပြီ။

ရန်စီကတော့ ရှေ့မှ ဦးဆောင်ရင်း ထိုနှစ်ယောက် တတွတ်တွတ်ဖြင့် ဘာပြောနေကြလဲဆိုတာကို စိတ်လည်း မ၀င်စားချေ။ ထိုနှစ်ယောက်က သူမ စေတနာနှင့် သတိပေးသည်ကိုပင် လက်ခံသောကြောင့် သူ့ထိုက်နှင့် သူ့ကံ လက်ပိုက်၍သာ ကြည့်နေလိုက်တော့မည်။

ဓာတ်လှေကားက ၁၈ လွှာကို ရောက်တော့ ရန်စီ အခန်း နံပါတ် 1818 ကို တံခါးခေါက်လိုက်လေသည်။

သို့သော်လည် သူမ မည်မျှပင် တံခါး ခေါက်နေစေကာမူ အထဲမှ တုံ့ပြန်လာခြင်း မရှိပေ။

" သူ့ကို ဖုန်း ဆက်လိုက်..." ရှုံးဟွေ့ ပြောလိုက်၏။

ရန်စီလည်း မငြင်းပယ်ချေ။ သူမ ဖုန်းကို ထုတ်လိုက်ပြီး လင်းရီ ထံ ခေါ်ဆိုလိုက်၏။

တစ်ခါ ခေါ်ပြီးသည့် နောက် ..... ဖုန်းကား ဖြေသူမရှိသေးချေ။

ရှုံးဟွေ့ ဒုတိယ အကြိမ် ပြန်ခေါ်ရန် အချက်ပြလိုက်၏။

ဒုတိယအကြိမ် ခေါ်ဆိုမှုတွင်တော့ တစ်ဖက်မှ အိပ်ချင်မူးတူး လေသံဖြင့် ဖုန်းဖြေလာခဲ့လေသည်။

" ညသန်းခေါင်ကျော်ကြီး ဘာလုပ်မလို့ ဖုန်းဆက်လာတာ... "လင်းရီ ပြောလိုက်၏။

" ရှင် ခု ရှင့်အခန်းထဲမှာ အိပ်နေတာလား... "

" ဘာတွေ လာမေးနေတာ.. ငါ့အခန်းထဲ မအိပ်လို့ မင်း အခန်းထဲ အိပ်ရမှာလားကွ..."

"ကျွန်မ အခု ရှင့် တံခါး၀ကို ရောက်နေပြီ... ကျွန်မကို တံခါး ဖွင့်ပေးလို့ရလား.... "

"လခွမ်း..."လင်းရီ အနည်းငယ် အိပ်ချင် ပြေသွားခဲ့ပြီး " တစ်ယောက်တည်း အိပ်ရတာ ပျင်းတော့ ငါ့အခန်းထဲလာပြီး ဘ၀ ဖြစ်တည်မှု အကြောင်းတွေ ဆွေးနွေးချင်နေတယ်ပေါ့.... "

ရန်စီ မည်သို့မျှ မတုံ့ပြန်ပဲ ဖုန်းချလိုက်၏။

၎င်းတို့၏ စကားဝိုင်းကို နောက်တွင် နားထောင်နေရသည့် ကျိန်းချောင်မှာတော့ မျက်နှာ မလှတော့ချေ။ သူတို့၏ လေသံမှတစ်ဆင့် ထိုနှစ်ယောက်၏ ဆက်ဆံရေးမှာ သာမန်မဟုတ်ကြောင်း ပြောနိုင်လေသည်။

သေချာပေါက် တစ်ခုခုတော့ ဖြစ်ထားရမယ်...

သေစမ်း.. ဒီနေ့ .. ငါ ကျိန်းချောင်က ဘယ်လိုကောင်လဲဆိုတာ ဒင်း သိစေရမယ်...!

ချက်ခ် မြည်သံနှင့်အတူ လင်းရီ အခန်းတံခါး ပွင့်လာခဲ့လေသည်။

လင်းရီ ရန်စီကို အထဲသို့ ဖိတ်ခေါ်တော့မည့် အချိန်တွင် သူမ နောက်တွင် လူနှစ်ယောက် လိုက်ပါလာကြောင်း မြင်တွေ့လိုက်ရ၏။

" ဒီအချိန်ကြီးကို ဘာကိစ္စလဲ... "

ရန်စီ ပခုံးတွန့်လိုက်ပြီး " သူတို့က ရှင့်ကို လက်စားချေချင်လို့တဲ့လေ.. တားလို့ မရတာနဲ့ ရှင့်ဆီ ခေါ်လာပေးလိုက်တယ်... "

" အဲ့လိုလား... ဒါရိုက်တာရန် .. မင်းက တကယ် မရိုးဖြောင့်တာပဲကွ.. "လင်းရီ ပြောလိုက်ပြီး " ဒီကဖြင့် မင်းနဲ့တောင် အတူမအိပ်ရသေးတာကို မင်းက မင်းရည်းစားဟောင်းကို ခေါ်လာခဲ့ပြီးတော့ လက်စားလာချေခိုင်းနေတယ်ပေါ့... မင်းရဲ့ ဂုဏ် သိက္ခာတွေ ဘယ်ရောက်ကုန်တာ... "

" ကျွန်မလည်း မခေါ်ချင်ပါဘူး.. ဒါပေမယ့် သူတို့ကိုက ခေါင်းမာနေတော့ ကျွန်မလည်း ဘာမှ ဘယ်တတ်နိုင်မှာ...."

" အချိန်ဖြုန်းနေတာတွေ တော်လောက်ပြီ ... "ရှုံးဟွေ့ လင်းရီကို လက်ညိုးထိုးလိုက်ပြီး "မင်း ... အောက်တန်း ...... "

ဖြောင်း

လင်းရီ ပါးပိတ်ရိုက်လိုက်၏။

" ငါ ယိုး....."

ဖြောင်း ဖြောင်း ဖြောင်း ......

လင်းရီ သွားများ ကျွတ်ထွက်သည်အထိ တရစပ် ဖြတ်ရိုက်လိုက်၏။

" လူကို မြင်မြင်ချင်း ဆဲတာ မယဉ်ကျေးတဲ့ အပြုအမူပဲကွ.... မင်း ပါပါးက ယဉ်ကျေးတတ်ရမယ်လို့ သင်မထားပေးဘူးလား... "

ရန်စီ မျက်လုံး အရောင် လင်းလက်သွားခဲ့၏။

ဘယ်လိုတောင် လွှမ်းမိုးနိုင်စွမ်း ကြီးလိုက်တဲ့ အရှိန်အဝါလဲ.....

သူမ တစ်ခါတုန်းက အာဖရိကတွင် ခြင်္သေ့များအကြောင်း ရိုက်ကူးရေး လုပ်ခဲ့ဖူးလေသည်။

ထိုစဥ်က ခံ့ညား ထည်ဝါသည့် တောဘုရင် ခြင်္သေ့ကြီးမှာ ခြင်္သေ့မရှေ့တွင် မားမားမတ်မတ်ရပ်တည်ပြီး သူ၏ သွေးဆာရက်စက်သည့် အစွယ်များကို လှစ်ဟာပြလျက် နယ်ကျော်လာသည့် သားရဲများအား ဟိန်းဟောက်နေလေသည်။

၎င်း၏ ဟိန်းသံအောက်၀ယ် သားရဲအပေါင်းတို့မှာ ၀ပ်တွားခဲ့ကြရ၏။

ယခု လင်းရီကို ကြည့်ရင်း သူမ စိတ်ထဲ၌ လင်းရီက အဆိုပါ ခံညားထည်ဝါသည့် ခြင်္သေ့ကြီးနှင့် အလားသဏ္ဌာန် တူနေလေသည်။

သာမန်အတိုင်း ရပ်နေရုံမျှနှင့် ရန်သူတစ်သောင်းအား လွှမ်းမိုးအောင်မြင်နိုင်သည်။ ယင်းက ကြောက်မက်ဖွယ်ကောင်းလှသလို တစ်ချိန်တည်းတွင် စွဲမက်ဖွယ်လည်း ကောင်းလှ၏။

All Chapters