← Chapters

အမြောက်အများ ဟောပြောပို့ချခြင်း

Vol. 75 Ch. 1037

အမြောက်အများ ဟောပြောပို့ချခြင်း

Vol. 75 Ch. 1037

“ငါ့နာမည်က ကောင်းကင်ဖုတ်ကောင် ဧကရာဇ် … ဒီနေ့မှာ ငါက အဆီအနှစ်အကြောင်း ဟောပြောပို့ချမယ်။ မိုးမြေကြားမှာ သက်ရှိတွေအားလုံးက ကဏ္ဍ၃ခုနဲ့ ဖွဲ့စည်းထားတယ်။ အဆီအနှစ်၊ စိတ်ဝိညာဉ်နဲ့ ချီ။ အဆီအနှစ်ဆိုတာက…”

ယင်ကန်းက ခွန်အားအစစ်အမှန်တာအိုကျင့်ကြံသူ တစ်ယောက်ဖြစ်သော်လည်း ဧကရာဇ်ဂုဏ်ပုဒ်ကို သုံးခွင့်ရှိလေသည်။ သူသာလျှင်မကဘဲ မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၄၀ ခွန်အား ရှိထားသည့်သူတိုင်းက ဧကရာဇ်ဂုဏ်ပုဒ်ကို အသုံးပြုနိုင်ကြ၏။

ဝမ်ဝေ့လည်း အပါအဝင် တစ်ကမ္ဘာလုံးက သူ့ဟောပြောပို့ချချက်ကို နားထောင်လိုက်ကြသည်။ စနစ်ကို အဆင့်မြင့်တင်ပြီးသည့်နောက်တွင် ခန္ဓာကိုယ်လေ့ကျင့်ရေးက အရေးကြီးသည့် ကဏ္ဍတစ်ခု ဖြစ်လာခဲ့သည်။ အထူးသဖြင့် အံ့ဖွယ်ခန္ဓာကိုယ်အဆင့်တွင် ဖြစ်၏။ ထို့ကြောင့် ဤဟောပြောပို့ချမှုက ကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ကဏ္ဍတစ်ခု ဖြစ်လာသည်။

ထိုဖြစ်စဉ်က ၃နှစ်တာ ကြာမြင့်ခဲ့ပြီး ကမ္ဘာကြီးအား အမြင်ရုပ်လွှာများဖြင့် ဖုံးလွှမ်းထားသည်။

အသင်္ချေအင်ပါယာကမ္ဘာကို တာအိုစည်းချက်များက လွှမ်းခြုံထားသည့်အတွက် လျှို့ဝှက်ဆန်းကြယ်ကာ ကြီးကျယ်သည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။ ဝမ်ဝေ့က ကမ္ဘာကို ပိတ်ဆို့ထားသည့်အတွက် ထိုပုံရိပ်များက ကမ္ဘာထဲသာ ကျန်ရှိနေလေသည်။ သို့သော် ဤသည်က ဟောပြောပို့ချမှုတစ်ခုသာ ဖြစ်ပြီး ထိုသူများက သမာရိုးကျမဟုတ်သည့် ဧကရာဇ်များဖြစ်နေသည့် အချက်ပါ ထည့်ပေါင်းလိုက်လျှင် အပြင်ပျံ့နှံ့မသွားဖို့ရာ အခွင့်အရေး များသည်။

“ငါက ဟွင်သွမ်းအချိန်ဧကရာဇ် … ဒီနေ့ ငါက ဟွင်သွမ်းရဲ့ အစောဆုံးခေတ်ကာလကနေ အချိန်ဆင့်ကဲပြောင်းလဲလာမှုနဲ့ သက်ရှိတွေ ရှင်သန်ဖို့ ဖြစ်လာတဲ့ အခြေအနေအကြောင်းကို ပြောပြမယ်”

အဖွဲ့၏ အစီအစဉ်အတိုင်း လင်းဖန်က ယင်ကန်း၏ ဟောပြောပို့ချချက်အပြီး သုံးလအကြာတွင် စတင်ဟောပြောခဲ့သည်။ သူသည်လည်း ၃နှစ်တာ ကြာမြင့်ခဲ့ပြီး သူ့ဘိုးဘေးတို့နှင့် တူညီသည့် အမြင်ရုပ်လွှာ အတွေ့အကြုံမျိုးကို ဖန်တီးခဲ့သည်။

“ငါက အဆုံးမဲ့ဓားဧကရာဇ်ပဲ။ ငါ့ရဲ့ တာအိုက အဆုံးမဲ့ဓားချက်၊ အဆုံးမဲ့ဓားချက်၊ အဆုံးမဲ့ပိုင်းဖြတ်ခြင်း …”

ကျန့်ဝူရွှမ်း၏ ဟောပြောပို့ချချက်က ဓားသမားများအတွက် ဦးတည်နေသည်။ သူက ထိုအရာနှင့် ပတ်သက်ပြီး အားမနာပေ။ လူအများက သူ့ဆီမှ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တစ်ခုနှစ်ခု သင်ယူနိုင်ကြသော်လည်း သူ့ပစ်မှတ်က ဓားသမားများသာ ဖြစ်၏။

ဤဟောပြောပို့ချချက်က ဓားသမားအဖွဲ့အစည်းအတွင်း အငြင်းပွားဖွယ်ဟု ဆိုရပေမည်။ အစွန်းရောက်ဓားသမားများက သူတို့၏ အကောင်းဆုံးဓားသမား ဝမ်ထျန်းကို ဆုံးရှုံးသွားသော်လည်း ကမ္ဘာ၏ အဓိကလူများ ဖြစ်နေကြဆဲ ဖြစ်၏။ သို့သော် ယခုတွင် သူတို့က နောက်ထပ် ပါရမီရှင်တစ်ယောက်ကို ထပ်မံဆုံးရှုံးလိုက်ရကြောင်း သဘောပေါက်သွားကြသည်။ ပို၍ဆိုးရွားသည်က ဤတစ်ယောက်သည် ဤလမ်းစဉ်အသစ်ဖြင့် တာအိုကို သက်သေပြခဲ့၏။

လူများစွာက ဓားသမားအဖွဲ့အစည်းတွင် အတွင်းရေးပဋိပက္ခများ ဖြစ်လာလိမ့်မည်ဟု သိနေကြသည်။ ယခင်က လူအားလုံးသည် သူတို့၏ တကယ့်ထိပ်တိုက်တွေ့ဆုံမှုက ဝမ်ထျန်း တာအိုကို သက်သေပြမည့် နောက်မျိုးဆက်အတွင်းတွင်သာ ဖြစ်လိမ့်မည်ဟု ယုံကြည်ထားကြ၍ တိတ်ဆိတ်နေကြခြင်း ဖြစ်သည်။ သို့သော်လည်း ကျန့်ဝူရွှမ်း၏ အပြုအမူက ထိုသူများကြား လှုံ့ဆော်ပေးနိုင်ခဲ့သည်။

ဝမ်ထျန်းအနေနှင့် သူ့သားဖြစ်သူက သူ့လေ့ကျင့်မှု အတင်းအကြပ် ရပ်နားခဲ့သည့်အကြောင်း ညည်းတွားနေခဲ့သော်လည်း ယခုအခါ ပျော်ရွှင်နေမိသည်။ သူ ဓားရေးကမ္ဘာအတွင်း သင်ယူခဲ့သည့် အတွေ့အကြုံများရှိသော်လည်း ယခုအခါ ထာဝရဧကရာဇ်တစ်ယောက်ဆီမှ လက်ခံခဲ့ရသည့် အကျိုးကျေးဇူးက အတော်လေး များပြားပေသည်။ ယခုမှစ၍ သူသည် ဓားဧကရာဇ်များ၏ ဟောပြောပို့ချချက်များကို ဓားမဟာမိတ်အတွက် အခြေခံအုတ်မြစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ရန်အတွက် မှတ်တမ်းတင်ထားဖို့ ဆုံးဖြတ်လိုက်သည်။

သူက သီးသန့်ကျင့်ကြံရေးအတွင်း ချက်ချင်း ဝင်ရောက်မသွားသေးပေ။ သူ့အနေဖြင့် ကမ္ဘာကို မျက်နှာပြကာ ဓားသမားအဖွဲ့အစည်းအတွင်း ပဋိပက္ခတချို့ကို ငြိမ်းအေးစေခဲ့သည်။

“ဒီတာအိုသူတော်စင်က အမွှာသဟဇာတဧကရီလို့ခေါ်ပြီးတော့ မိုးမြေနဲ့ လူသား၊ လူသားနဲ့ တာအို၊ လူသားနဲ့ ကိုယ်တိုင်ကြားက သဟဇာတဖြစ်မှုကို ကိုယ်စားပြုတယ်။ ငါတို့ရဲ့ ခရီးလမ်းက သက်ရှိတွေအားလုံး စတင်ခဲ့သလိုမျိုး အစပြုလာပြီးတော့ ဓာတ်ငါးပါးမျှခြေညီကနေ စမယ်။ ပြီးသွားရင် ယင်ယန်ဆင့်ကဲပြောင်းလဲမှုနဲ့အတူ ထိုက်ကျီရဲ့ ထိတွေ့မှုမှာ အဆုံးသတ်သွားရတယ်”

ဓာတ်ငါးပါးက ကမ္ဘာတစ်ဝှမ်းအလွှမ်းမိုးဆုံးနှင့် သာမန်အကျဆုံးတာအိုတစ်ခုဖြစ်ပြီး ယင်ယန်၏ စွယ်စုံအသုံးပြုမှုနှင့်အတူ သူမ၏ ဟောပြောပို့ချချက်ကို လူများစွာက နှစ်ခြိုက်ခဲ့ကြသည်။ ဤခေတ်ကာလတွင် သူမကို ကျော်တက်သွားနိုင်သည့်သူ ရှိနိုင်သည့် အခွင့်အရေးက နည်းပါးလှ၏။

ထိုသူများက သူမ အဆုံးသတ်သွားပြီးသည့်နောက်တွင်ပင် မလုံလောက်သေးကြောင်း ခံစားမိ၏။

လင်းဖန်၏ အချိန်နှင့် သက်ဆိုင်သည့် နက်နဲသော ဟောပြောပို့ချချက်မှ ကျန့်ဝူရွှမ်း၏ ဓားရေးအကြောင်း နားထောင်ပြီးသည့်နောက်တွင် သူမ၏ ဟောပြောပို့ချချက်ကို နားထောင်ရသည်က အိပ်မက်ဆန်ဆန် ဖြစ်နေသည်။ လူများစွာက သူတို့သည် ထိုသုံးနှစ်လုံး အဓိပ္ပာယ်မရှိသည့်အရာများကို နားထောင်ခဲ့သည်ဟု ခံစားမိကြသည်။ ထို့နောက်တွင် လူအများစု စိတ်မဝင်စားသည့် အရာတစ်ခုကို သုံးနှစ်ကြာ ကျော်ဖြတ်ခဲ့ရသည်။ ထို့နောက် စကြဝဠာ၏ အမှန်တရား ပါဝင်နေသည့် အခြေခံသဘောတရားကို နားထောင်ခဲ့ရ၏။ ဤသည်က စိတ်ဝိညာဉ်ဆိုင်ရာ အတွေ့အကြုံတစ်ခု ဖြစ်၏။ ကိစ္စကောင်းများက အဆုံးသတ်တွင် ရောက်လာတတ်သည်။

“ငါက သန့်စင်ယန်မီးတောက်ဧကရာဇ်၊ ငါ့ရဲ့တာအိုက မျှခြေအပေါ်မှာ အလေးထားတာ မဟုတ်ပဲနဲ့ အစွန်းရောက်နေတယ်။ ဒီနေ့ အစွန်းရောက်မီးတောက်အကြောင်း ပြောကြမယ်”

ကမ္ဘာတွင် မီးတောက်တာအိုသည် အတော်လေး ပျံ့နှံ့နေကြောင်း ထည့်သွင်းစဉ်းစားပါက ကျင်းဝူဟွား၏ ဟောပြောပို့ချချက်က နာမည်ကျော်ကြားသင့်ပေသည်။ သို့သော်လည်း ဤသို့ မဟုတ်ခဲ့ပေ။ ပထမဦးစွာ သူမက သူမ၏ တာအိုကဏ္ဍတွင် မီးတောက်ကိုသာ အာရုံစိုက်ထားပြီး ယန်ကဏ္ဍကို မထိတွေ့ခဲ့ပေ။ ဒုတိယအနေဖြင့် သူမက ဟောပြောပို့ချရေးကို နတ်ဆိုးမျိုးနွယ်ကိုသာ ဦးတည်ခဲ့ပြီး ဝိညာဉ်၊ စိတ်ဝိညာဉ်၊ စိတ် သို့မဟုတ် ခန္ဓာကိုယ် သာမန်နည်းလမ်းအစား သွေးမျိုးဆက်မှတဆင့် တာအိုကို အသုံးပြုနိုင်ဖို့ အလေးထားကာ ဟောပြောခဲ့သည်။

လူသားတချို့က သွေးမျိုးဆက်ရှိပြီး အနည်းဆုံး နတ်ဆိုးမျိုးနွယ်နှင့် ယှဉ်နိုင်လေသည်။ လူများက သူတို့ကိုယ်သူတို့ ညည်းတွားလိုက်ကြသည်။ သူမက ထာဝရဧကရာဇ်တစ်ယောက်ဖြစ်ပြီး နတ်ဆိုးမျိုးနွယ်မှ ဖြစ်သည့်အတွက် သူမသည် ဤချဉ်းကပ်မှုမျိုး ပြုလုပ်ခဲ့ရသည့် အကြောင်းအရင်းကို နားလည်၍ ရပေသည်။

“သူမက ထင်သလောက် မဆိုးဘူးပဲ…”

အောင်းရှန်က ရေရွတ်လိုက်သည်။ သိပ်မကြာခင်က နတ်ဆိုးမျိုးနွယ်သည် သူမနှင့် လက်ထပ်ပွဲမှတဆင့် မဟာမိတ်ဖွဲ့လိုခဲ့ကြသည်။ သို့သော် ကိစ္စများက ဤအနေအထားထိ မရောက်ရှိခဲ့ကြပေ။ ရွှေကျီးမျိုးနွယ်နှင့် ဆက်ဆံရေးက ကြားနေအဖြစ် မှတ်ယူနိုင်သော်လည်း သူ့တည်ရှိမှုကြောင့်သာ ဖြစ်၏။ သူ ထွက်ခွာသွားသည်နှင့် သူ့မျိုးနွယ်က ရွှေကျီးမျိုးနွယ်အပေါ် မကျေနပ်မှုများအား ပုံချပစ်နိုင်သည်။

ငါတို့ကြားက ဆက်ဆံရေးကို ဖြေဖျောက်ဖို့ ဒီဟာကို သုံးရမယ်…

……………………………………………………

“ငါက ကံကောင်းပြီးတော့ နှလုံးသားစတေးရေး ဧကရာဇ်ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့တယ်။ ဒီနေ့ ကျင့်ကြံရေးလောကမှာ စတေးမှုကဏ္ဍအကြောင်းကို အမြင်အသီးသီးကနေ ပြောပြချင်တယ်။ သေမျိုးတွေက ငါတို့ရဲ့ စွမ်းအား၊ အဆင့်အတန်းနဲ့ သက်တမ်းရှည်ကြာမှုကို အားကျကြတယ်။ ဒါပေမဲ့ အဲဒီအရာအတွက် ငါတို့က ဘာတန်ကြေးကို ပေးဆပ်ခဲ့တာလဲ။ ဘယ်လိုအရာတွေကို စတေးခဲ့တာလဲ။ အချိန်၊ အားစိုက်ထုတ်မှု၊ ကျင့်ဝတ်နဲ့ တခြားအရာတွေ အများကြီး ပါဝင်တယ်။

စတေးမှုဆိုတာက ယင်နဲ့ယန်သဘောတရား ပါဝင်နေတဲ့ မျှခြေညီတဲ့ နည်းလမ်းတစ်ခုပဲ။ တစ်စုံတစ်ခုကို ရဖို့ တခြားတစ်ခုကို စတေးလိုက်တယ်။ ကိုယ့်ဘက်က ပိုပြီးတော့ စတေးလိုလေလေ ဆုလာဘ်က ပိုပြီးတော့ ကြီးမားလေလေပဲ”

ရှောင်စုန့်ရှီ၏ ဟောပြောပို့ချချက်က ထူးဆန်းလေသည်။ ဝမ်ဝေ့က စိတ်အားလှုံ့ဆော်သူများ၏ ကျင့်ကြံရေးပုံစံကို မြင်တွေ့လိုက်ရသလို ခံစားနေရ၏။ သက်ရောက်မှုက အတော်လေး ဆန်းကြယ်လှသည်။ ကျင့်ကြံသူများက ယခုလက်ရှိ ရရှိဖို့ ခက်ခဲနေသည့် ပြဿနာများနှင့် အာဏာ၊ ချမ်းသာမှု၊ အသက်ရှည်မှုကို ရရှိဖို့ရာ စတေးမှုဖြင့် ဖြေရှင်းနိုင်ကြောင်း သိသွားသည့်အခါ သူတို့၏ ခရီးလမ်းတွင် ကြိုးစားလာလိမ့်မည်ဖြစ်ကြောင်း မြင်နေမိသည်။

“ငါ့နာမည်က ယန်ကောဝေ။ အခု အရောင်ဧကရာဇ်လို့လည်း သိကြတယ်။ အရောင်ဆိုတာက ကမ္ဘာကြီးကို မြင်တဲ့အမြင်လို့ ပြောရမှာပဲ။ ဒီကဏ္ဍက အတော်လေးကို စွဲမက်ဖို့ ကောင်းပြီးတော့ အဲ့ထက်ပိုတဲ့ အရောင်တွေဆိုတာ ရှိနေသေးတယ်”

ယန်ကောဝေ၏ ဟောပြောပို့ချချက်က ဝမ်ဝေ့ ထင်ထားသည်ထက် ပိုမိုနာမည်ကြီးနေခဲ့သည်။ တကယ်တော့ သူက နောက်ဆုံးမှ သွားသည့်အချက်က သက်ရောက်မှု များများစားစား မရှိပေ။

သူက ပထမဦးစွာ အသိအမြင်အကြောင်း ဟောပြောပို့ချခဲ့၏။ ထိုအရာက ကျင့်ကြံသူများသည် သူတို့၏ အသိအမြင်မှတဆင့် အသုံးပြုပုံများကို သင်ယူနိုင်သည့်အတွက် အထောက်အကူ ဖြစ်လေသည်။

သို့သော်လည်း သူ့ဟောပြောပို့ချချက် ကျော်ကြားနေသည်မှာ သူ့ပစ်မှတ်က အနုပညာ၊ အတတ်ပညာများကို အလေးထားသည့် သေမျိုးများ ဖြစ်နေ၍ ဖြစ်သည်။ သူက အရောင်များကို အသုံးပြုကာ အနုပညာနှင့် အတတ်ပညာများတွင် ထည့်သွင်းဖို့ အတွေးအခေါ်များကို ပြသခဲ့သည်။ အထူးသဖြင့် ပန်းချီရေးဆွဲရေးတွင် ဖြစ်သည်။ သို့သော် သူက တခြားသော ကျွမ်းကျင်အတတ်ပညာများအတွက်လည်း ဖန်တီးဉာဏ်ကောင်းလှသည်။ သူ့အပြုအမူက ဉာဏ်အလင်းပွင့်ဗိမာန်ကို အားမြှင်တင်ပေးသလို ဖြစ်သွားပြီး သေမျိုးများကို ပိုမိုအားကောင်းလာစေသည်။

ယန်ကောဝေက နောက်ဆုံးစကားဆုံးသွားသည့်အခါ ဝမ်ဝေ့က မျက်လုံးပွင့်လာခဲ့သည်။ သူက ကမ္ဘာကြီး၏ မလိုလားမှုကို ခံစားမိလိုက်၏။ သူတို့က မဟာဧကရာဇ်များ၏ ဟောပြောပို့ချချက်ကို နားထောင်ရင်း ၂၁ နှစ်အထက် ကုန်ဆုံးခဲ့ရသည်။ ဒိုင်မေးရှင်းအနိမ့်တွင် မည်သည့်ကမ္ဘာကမှ ဤကိစ္စမျိုးကို တွေ့ကြုံခံစားဖူးကြသည် မဟုတ်ပေ။

သူက အမြင်ရုပ်လွှာများစွာ တစ်ပြိုင်နက်ဖြစ်ပေါ်လာသည့်အတွက် ကမ္ဘာကို တည်တည်ငြိမ်ငြိမ် စောင့်ကြည့်နေလိုက်သည်။ ရောင်စုံနဂါး၇ကောင်က ကောင်းကင်အထက် ပေါ်ထွက်လာကာ ကမ္ဘာတစ်ဝှမ်းကို သွားလာပြီး သူတို့၏ စွမ်းအားနှင့် တည်ရှိမှုကို ပြသပြီးသည့်နောက်တွင် သူတို့၏ သက်ဆိုင်ရာဂိုဏ်း၏ ချီကံကောင်းမှုဖြင့် ပေါင်းစည်းသွားကြသည်။

ဧကရာဇ်မျိုးနွယ် ၆ခုက သူတို့ဂိုဏ်း၏ အုတ်မြစ်ကို တိုးမြင့်ခဲ့စဉ် မျိုးနွယ်အသစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ဝမ်ဝေ့က ကမ္ဘာရှိ တာအိုစည်းချက်များကို အာရုံစိုက်ထားပြီး မူလစနစ်ကို ပြုပြင်ခဲ့သည့်အရာအတွက် သူ့ကိုယ်သူ မချီးကျူးဘဲ မနေနိုင်တော့ပေ။

အံ့ဖွယ်ပလ္လင်အဆင့်တွင် ရှိနေသည့် ကျင့်ကြံသူများက ကမ္ဘာရှိ တာအိုစည်းချက်များကြောင့် ပွဲလွတ်ကြီးသဖွယ် ခံစားလိုက်ရသည်။ သူတို့က သစ်လွင်ကာ အတော်လေး တက်ကြွနေကြ၏။ ထိုအဆင့်ရှိ လူငယ်ပါရမီရှင်အများစုက မျိုးဆက်ရာချီတွင် ရှိနိုင်သည့် အကောင်းဆုံးသော အုတ်မြစ်ကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့ကြသည်။

ထိုကျင့်ကြံဆင့်ရှိလူများကသာ အကျိုးကျေးဇူးရရှိခြင်း မဟုတ်ပေ။ စနစ်အသစ်ကို ကူးပြောင်းကာလတွင် ရှိနေဆဲလူများက ထိုဟောပြောပို့ချချက် ၇ခု၏ အရေးသာချက်ဖြင့် သူတို့၏ အုတ်မြစ်ကို အားဖြည့်နိုင်ခဲ့သည်။

ထိုစဉ် ယခင်ခေတ်ဟောင်း သို့မဟုတ် စနစ်ဟောင်းမှ ကျင့်ကြံသူများကလည်း ဝေစုကို ရရှိခဲ့ကြ၏။ တာအိုစည်းချက်အမြောက်အများဖြင့် စည်းမျဉ်းကို နားလည်ဖို့ရာ ပိုမိုလွယ်ကူလာခဲ့သည်။ ဝမ်ဝေ့က လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူအရေအတွက် တိုးမြင့်လာမည်ဖြစ်ကြောင်း မှန်းဆထားသည်။

“အားလုံးက ပျော်ရွှင်နေကြတာပဲ။ ဒါပေမဲ့ အကျိုးဆက်ကို ဘယ်သူကများ သိမှာလဲ”

ဝမ်ဝေ့က အဝေးတစ်နေရာကို လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။ အသင်္ချေအင်ပါယာကမ္ဘာက ထာဝရအဆင့် အင်အားကြီးပုဂ္ဂိုလ် ၇ယောက် အသစ် ရရှိလာခဲ့သည်။ ဤနေရာတွင် သူတို့မနေလျှင်ပင် ထိုအချက်က ပြောင်းလဲသွားမည် မဟုတ်ပေ။ ထို့ကြောင့် အဓိကပြဿနာက ကိစ္စများကို မည်သို့မျှခြေညီအောင် လုပ်ဆောင်မလဲဟူ၍ ဖြစ်သည်။

All Chapters