← Chapters

နောက်ဆက်တွဲ

Vol. 75 Ch. 1038

နောက်ဆက်တွဲ

Vol. 75 Ch. 1038

ဝမ်ဝေ့၏ မျက်လုံးက အစစ်အမှန်ကောင်းကင်တာအိုသည် အသင်္ချေအင်ပါယာကမ္ဘာ၏ အင်အားကြီးမားလာမှုအပေါ် မျှခြေညီအောင် မည်သို့လုပ်ဆောင်ခဲ့ကြောင်း မြင်တွေ့လိုက်ရသည်။ သူက ထိုအရာ၏ ဖန်တီးဉာဏ်ကြောင့် အံ့အားသင့်သွားမိ၏။

သူက အင်မတန် အားကြီးသည့် ကြယ်တာရာသားရဲ နှစ်ကောင် တိုက်ခိုက်နေသည်ကို မြင်လိုက်ရ၏။ သူတို့၏ တိုက်ခိုက်မှုက ကမ္ဘာ့အသိုက်အဝန်းများစွာအထိ ပျံ့နှံ့သွားလေသည်။ ထိုတိုက်ပွဲက ကာလံဒေသံမုန်တိုင်းကို ဖြစ်ပေါ်လာစေပြီး မဟာကမ္ဘာများနှင့် သူတို့၏ သက်ဆိုင်ရာ ကောင်းကင်အလိုဆန္ဒကမ္ဘာများ ထောင်ချီ မဟုတ်လျှင်ပင် ရာဂဏန်းကြား ကမ္ဘာဝင်တိုက်မှုကို ဖြစ်ပေါ်လာစေသည်။

ထိုဝင်တိုက်မှုက ယာယီမျှသာမဟုတ်ဘဲ ထာဝရပေါင်းစည်းမှုကို ဦးတည်သွားစေသည်။ ထိုကောင်းကင်အလိုဆန္ဒကမ္ဘာက ကမ္ဘာ့အရင်းအမြစ် သိသိသာသာ တိုးမြင့်လာပြီး ကောင်းကင်အလိုဆန္ဒများစွာကို ဖန်တီးမည့် အခွင့်အရေး ပေးလာခဲ့သည်။

အစစ်အမှန်ကောင်းကင်တာအိုက လူတချို့အပေါ်ရှိ အတားအဆီးကို လျှော့ချပေးခဲ့ပြီး သူတို့အား ပိုမိုဖန်တီးဉာဏ်ရှိလာအောင် ခွင့်ပြုပေးခဲ့သည်ကိုပင် မြင်တွေ့ခဲ့ရသည်။ သူတို့ထဲက ဒါဇင်ချီက သူတို့၏ ကံအပြောင်းအလဲ အခွင့်အရေးမှ အစိတ်အပိုင်းတစ်ခုအနေနှင့် ကုသိုလ်သက်သေပြ နည်းလမ်းကို အသုံးပြုဖို့ရာ လုံလောက်သည့် ကုသိုလ်အမြောက်အများကို စုစည်းနိုင်သည့် အရာများစွာကို ဖန်တီးနိုင်ခဲ့ကြသည်။

တူညီလှစွာ အောင်းရှန်၏ ကုသိုလ်အကူးအပြောင်း နည်းလမ်းသည်လည်း တစ်နေရာမှ ပေါ်ထွက်လာသည့် လျှို့ဝှက်နယ်မြေအသစ်များအတွက် ဆုလာဘ် ဖြစ်လာခဲ့သည်။ အများစုတွင် ကံဆက်စပ်သူအတွက် ပင်ကိုနတ်ဆိုးနတ်ဘုရား သွေးမျိုးဆက်ပင် ပါဝင်နေသည်။

ဝမ်ဝေ့အနေဖြင့် အရင်းအမြစ်ချီနေရာလွတ်မှ ထူးကဲသည့် ချီတချို့ကို မတော်တဆ ထုတ်လွှတ်ခဲ့သည့် လူတချို့ကိုပင် မြင်လိုက်ရသည်။ ထိုချီက ရှုရှစ်၏ ကမ္ဘာဦးဟွင်သွမ်းချီကဲ့သို့ တူညီသည့် ရည်ရွယ်ချက်မျိုး ရှိကာ ကမ္ဘာ့အရင်းအမြစ်ကို အားဖြည့်ပေးပြီး ကမ္ဘာ၏ ယေဘုယျစွမ်းအားကို တိုးမြှင့်ပေးလိမ့်မည်။ အရင်းအမြစ်မြောက်များစွာဖြင့် ထိုကမ္ဘာများက ကောင်းကင်အလိုဆန္ဒ အပို ဖွဲ့စည်းနိုင်မည် ဖြစ်၏။

သူ မြင်လိုက်ရသည့် နောက်ထပ် မျှခြေညီစက်ယန္တရားတစ်ခုက တချို့သော ကောင်းကင်အလိုဆန္ဒကမ္ဘာများသည် သူတို့၏ ရှေးဟောင်းခေတ်ကာလသို့ ပြန်လည်ရောက်ရှိသွားသည်။ ရှေးဟောင်းအချိန်များတွင် မိစ္ဆာနတ်ဘုရားကိုးပါး ကမ္ဘာကသာ ကောင်းကင်အလိုဆန္ဒတစ်ခုထက် ပိုမိုရှိခဲ့သည့် တစ်ခုတည်းသော နေရာ မဟုတ်ပေ။ သူတို့က နာမည်အကျော်ကြားဆုံးဖြစ်ခဲ့သော်လည်း တစ်ခုတည်းသော ကမ္ဘာ မဟုတ်ခဲ့ပေ။

ထိုကမ္ဘာများက ရှားပါးလှသော်လည်း ဒိုင်မေးရှင်းအနိမ့်တစ်လျှောက်တွင် တည်ရှိလေသည်။ သို့သော်လည်း မိစ္ဆာများ၏ ကျူးကျော်မှုအပြီးတွင် အစစ်အမှန်ကောင်းကင်တာအိုက ထိုကောင်းကင်အလိုဆန္ဒကမ္ဘာများတွင် ဝင်ရောက်စွက်ဖက်လာပြီး ထိုကမ္ဘာများ၏ သဘောတရားများကို ဖယ်ရှားပစ်ခဲ့သည်။ ထိုကမ္ဘာတိုင်းက မျိုးဆက်တစ်ခုချင်းစီအလိုက် ကောင်းကင်အလိုဆန္ဒ၏ ပုံကြမ်းအတိုင်း လိုက်နာသည့်အတွက် ယခုမှစ၍ တစ်သားတည်း ဖြစ်သွားကြသည်။

ထိုနည်းလမ်းက အသင်္ချေအင်ပါယာကမ္ဘာရှိ ဧကရာဇ်အရေအတွက်ကို ရင်ဆိုင်နိုင်မည့် ပြီးပြည့်စုံသော နည်းလမ်းတစ်ခု ဖြစ်၏။

ကောင်းကင်အလိုဆန္ဒနှင့် ဧကရာဇ်အရေအတွက် ရုတ်တရက် တိုးမြင့်သွားခြင်းက အစစ်အမှန် ကောင်းကင်တာအို၏ တစ်ခုတည်းသော လှုပ်ရှားမှု မဟုတ်ပေ။ တချို့သော ကမ္ဘာများက ထိုအခွင့်အရေးမျိုးကို မရရှိခဲ့သော်လည်း ထာဝရဦးသျှောင်နှင့် ခွန်အားအစစ်အမှန်တာအို အင်အားကြီးပုဂ္ဂိုလ်များကို ပြုစုပျိုးထောင်နိုင်သည့် ရှားပါးအရင်းအမြစ်များ ရရှိလာကြသည်။ ရှားပါးလွန်းလှပြီး အရေအတွက် အမြောက်အများပေါ်ထွက်လာဖို့ ကန့်သတ်ခံထားရသည့် ထာဝရတန်းစား ဆန့်ကျင်ကျင့်ကြံသူများကိုပင် ပြုစုပျိုးထောင်နိုင်ကြသည်။

“အဲ့လောက်ကြီး ပြင်းပြင်းထန်ထန် တုံ့ပြန်နေစရာ မလိုဘူး။ ကျုပ်က သူတို့ကို အထက် ပို့ပြီးတော့ ဧကရာဇ်အရေတွက်ကို တိုးမြှင့်ခိုင်းမှာပါပဲ။”

ဝမ်ဝေ့က ခေါင်းအသာယမ်းရင်း ရေရွတ်လိုက်သည်။ ဤကမ္ဘာရှိ အပြောင်းအလဲများက ချက်ချင်းဖြစ်ပျက်လာခြင်း မဟုတ်ဘဲ အချိန်တချို့ကြာမြင့်လိမ့်မည်။ သို့သော်လည်း သူ့အနေဖြင့် အကျိုးဆက်ကို သိထားသည့်အတွက် ဝင်ရောက်စွက်ဖက်ဖို့ အစီအစဉ်မရှိပေ။

အစစ်အမှန် ကောင်းကင်တာအိုက တကယ်ကို အံ့ဩဖို့ကောင်းတဲ့ သက်ရှိပဲ…

သူ တွက်ဆထားသလောက် အစစ်အမှန်ကောင်းကင်တာအိုသည် ဒိုင်မေးရှင်းအနိမ့် စည်ပင်ကြွယ်ဝလာမှုကို လိုလားလေသည်။ ပြောရလျှင် အန္တိမသဟဇာတနှင့် ရင်ဆိုင်နေရသည့် သူ့စွမ်းအားကို တိုးမြှင့်ပေးနိုင်၍ ဖြစ်သည်။ သို့သော်လည်း တိုးမြှင့်မှုက ကမ္ဘာ၏ မျှခြေမပျက်အောင် သေချာဆောင်ရွက်ရမည် ဖြစ်၏။

ဒါက ဖန်ဆင်းခြင်းမျှခြေရဲ့ အဓိကသဘောတရားလား။ ဒီအရာက မဟာတာအိုအရင်းအမြစ်ကိုတောင် သက်ရောက်မှုရှိတာလား…

ဝမ်ဝေ့က သူ့ဘာသာသူ မေးလိုက်သည်။ သို့သော်လည်း အဖြေက မသိရပေ။ ဒိုင်မေးရှင်းအမြင့်တွင် မျှခြေညီသဘောတရားက တင်းကြပ်ခြင်း မရှိပေ။ ဤသည်က စံပြများသည် မည်မျှပင် လွတ်လပ်ကာ အားကောင်းကြောင်း သက်သေပြနေလေ၏။

အကယ်၍ သူသာ ကိစ္စများကို အနန္တစကြဝဠာလောက် ချဲ့ထွင်နိုင်ခဲ့လျှင် မဟာတာအိုက အနည်းငယ်သာ ဂရုစိုက်လိမ့်မည်။ ထိုအရာက စံပြများ သို့မဟုတ် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်များက အချင်းချင်း သတ်ဖြတ်ခြင်း သို့မဟုတ် သက်ရှိမြောက်များစွာကို သတ်ဖြတ်ခြင်းကို ဂရုစိုက်မည် မဟုတ်ပေ။ သူတို့က တခြားသူများနှင့် ယှဉ်လိုက်လျှင် မည်မျှပင် ကောင်းကင်ဘုံ သွေဖယ်သွားမည်ကိုလည်း ဂရုမစိုက်ပေ။

အဲဒါဆိုရင်တစ်စုံတစ်ယောက်ရဲ့ စွမ်းအားက သူ့ကို မှီလာတဲ့အခါမှာ ဘယ်လိုဖြစ်လာမလဲ။ မဟာတာအိုက ဒီလိုသဘောထားမျိုးပဲ ဆက်ပြီးကျန်ရှိနေမှာလား။ ဒါမှမဟုတ်ဘူးဆိုရင် မျှခြေညီစက်ယန္တရားပုံစံနဲ့ အသက်ဝင်လာဦးမှာလား…

ဝမ်ဝေ့က မဟာတာအိုသည် ကိုယ်ပိုင် စည်းမျဉ်းနှင့် စက်ယန္တရားရှိကြောင်း သိထားသည်။ အကြောင်းအရင်းမှာ တားမြစ်ချက် ၁၃ခု၏ တည်ရှိမှုကြောင့် ဖြစ်၏။ သူ ကောက်ချက်ချသလောက် ထိုအရာသည် ကံကြမ္မာ ကာဒီနယ်ကို အစားထိုးချင်ဟန်ပေါ်သည်။ သို့သော်လည်း ထိုကိစ္စအပေါ် သိထားသည့်အရာက နည်းပါးလွန်းသည့်အတွက် သူ့အနေဖြင့် မဟာတာအို၏ အဆင့်နိမ့်ပုံစံကို လေ့လာခြင်းဖြင့် သတင်းအချက်အလက်ကို ကောက်ချက်ချနိုင်မလားဟု စောင့်ကြည့်ရပေမည်။

ငါ ရှေ့ရောက်လွန်းနေပြီ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက အစစ်အမှန်ကောင်းကင်တာအို၏ အနှစ်သာရကို ကောက်ချက်ချနိုင်ဖို့ အနည်းဆုံးစံပြအဆင့် ဖြစ်ဖို့လို၏။ ထိုသို့ဆိုလျှင်ပင် အမှန်တရားကို ဖမ်းဆုပ်မိဖို့ရာ မလွယ်ကူလှပေ။

ဟောပြောပို့ချချက်အပြီးတွင် ကမ္ဘာက ငြိမ်းချမ်းကာ တိတ်ဆိတ်သည့် အချိန်ကာလအတွင်း ဝင်ရောက်သွားကြသည်။ ဝမ်ဝေ့က ထိုလူများထွက်မသွားခင် အချိန်အထိ နောက်ခုံရုံးအစည်းအဝေးကို နှောင့်နှေးထားခဲ့၏။ သူက ဒိုင်မေးရှင်းအမြင့်ထံ ခုံရုံးအကြောင်း ဝှက်ထားနိုင်မည် မဟုတ်ကြောင်း သိထားသော်လည်း ထိုသူများ၏ တည်ရှိမှုဖြင့် ဖြစ်လာနိုင်ချေရှိသည့် ရှုပ်ထွေးမှုများကို မလိုချင်ပေ။

နောက်နှစ် ၂၀၀ အတွင်း ဆင်းသက်လာသည့် ဧကရာဇ်များက သူတို့၏ လျှို့ဝှက်လုံခြုံရေးသေတ္တာကို ဖန်တီးဖို့ သို့မဟုတ် သူတို့၏ အင်အားစုများကို အုတ်မြစ်တည်ထောင်ဖို့ကိုသာ အာရုံစိုက်ထားကြ၏။ ထိုအရာထဲတွင် သူတို့ယူဆောင်လာသည့် ရှားပါးအရင်းအမြစ်များ သို့မဟုတ် တော်လှန်ရေးဘက်မှ ငှားလာသည့် ပစ္စည်းများကို ချန်ထားဖို့ရာ လေ့ကျင့်ရေး လျှို့ဝှက်နယ်မြေများကိုပင် ဖန်တီးပေးခဲ့ကြသည်။

နှစ်၂၀ကြာပြီးသည့်နောက် ပထမဆုံး ထွက်သွားသည့်သူက ယင်ကန်း ဖြစ်၏။ ဝမ်ဝေ့က သူနှင့် တစ်ချိန်လုံး စကားဖလှယ်ခဲ့သည့်အတွက် တစ်ယောက်အကြောင်း တစ်ယောက် ပိုမိုသိခဲ့ကြသည်။ သူက ယင်ကန်းကို လေးစားနေမိ၏။ ထို့ကြောင့် သူက ရောက်ရှိလာမည့်စစ်ပွဲတွင် သူ့အသက်ကို ကယ်နိုင်မည့် နည်းလမ်းတစ်ခုအနေဖြင့် ဘိုးဘေး၏ လွတ်မြောက်ရေးနည်းစနစ်ကို သင်ပေးဖို့ရာ ကမ်းလှမ်းခဲ့၏။ သို့သော် တခြားသူများဆီ လက်ဆင့်ကမ်းမပေးနိုင်ကြောင်း ပြောခဲ့သည်။ သို့သော်လည်း ယင်ကန်းက ငြင်းဆိုခဲ့သည့်အတွက် ဝမ်ဝေ့က သူ့ဆုံးဖြတ်ချက်ကို လက်ခံခဲ့သည်။

နောက်ထပ် ထွက်သွားမည့်သူက ကျင်းဝူဟွား ဖြစ်၏။ ထို့နောက်တွင် ကျန်းပိယုနှင့် ကျန့်ဝူရွှမ်းတို့လည်း ပါကြသည်။ ယန်ကောဝေနှင့် ရှောင်စုန့်ရှီတို့ကမူ လင်းဖန်နှင့် အတူ ထွက်သွားဖို့ စောင့်ဆိုင်းနေကြ၏။

ထိုစဉ် ပိုင်ရှယ် မျိုးနွယ်ခေါင်းဆောင်ဟောင်းက ဝမ်ဝေ့ကို လာရောက်တွေ့ဆုံခဲ့ပြီး သူ့မိသားစုကို လာရောက်စောင့်ရှောက်ပေးသည့်အတွက် ကတိပေးထားသော လက်ဆောင်များကို လာရောက်ပေးခဲ့သည်။

ရှောင်စုန့်ရှီက လက်ဆောင်များတွင် ရက်ရောလှပြီး ဝမ်ဝေ့အား မဟာတာအိုအရင်းအမြစ်မျိုးစေ့ ၅ခုနှင့် မသေမျိုးနန်းဆောင် ၁၀ခုကို ပေးအပ်ခဲ့သည်။ ထိုအရာများ၏ ဇစ်မြစ်က ပိုင်ရှယ်မျိုးနွယ်၏ အလောင်းများဖြစ်ကာ သူတို့၏ ခန္ဓာကိုယ်၊ ဝိညာဉ်၊ အတွင်းကမ္ဘာနှင့် အင်မော်တယ်ချီများကို စတေးကာ ထိုအရာများကို ဖန်တီးထားခြင်း ဖြစ်၏။ သူ့အပြုအမူက မဟာယဲ့တိုင်းပြည်အတွက် အခြေခံအုတ်မြစ်တချို့ချန်ထားခဲ့နိုင်သည်။

နောက်ဆုံးကျန်ရှိသူက လင်းဖန်သာ ဖြစ်ပြီး သူက ဇနီးဖြစ်သူနှင့် အချိန်ကုန်ဆုံးချင်နေသည်။ ဝမ်ဝေ့က သူ ထွက်မသွားခင် သူတို့ကို ဆင့်ခေါ်လိုက်၏။

“သူမနဲ့ မိတ်ဆွေဆက်ဆံရေးကို ထောက်ထားပြီးတော့ မင်းကို သတိပေးသင့်တယ်လို့ ထင်လို့” ဝမ်ဝေ့က ထိုသူနှစ်ဦးကို ကြည့်ရင်း ပြောလိုက်သည်။

“မင်း ယင်ကန်းနဲ့တိုက်တုန်းက နောက်ဆုံးအသုံးပြုခဲ့တဲ့ နည်းစနစ်ကို မှတ်မိလား”

“ကျုပ် ဆင့်ခေါ်ခဲ့တဲ့ ပုံရိပ်ကို ပြောချင်တာလား”

“ဟုတ်တယ်။ ငါ အဲဒီအကြောင်းတွက်ချက်ရင်းနဲ့ သေလုနီးပါး ဖြစ်ခဲ့ရတယ်။ တွေ့ခဲ့ရတဲ့အရာက ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားဆိုတာပဲ”

(ရှေ့မှာ မူရင်းရေးတဲ့လူက ကမ္ဘာဦးနတ်ဆိုးနတ်ဘုရားဆိုပြီး ရေးထားတာကို အခု ပြင်ရေးထားတာပါ။ ကမ္ဘာဦးနတ်ဆိုးနတ်ဘုရားက နဂိုကတည်းက ပါပြီးသားကို နာမည်တူနေတယ် ထင်မိတာ တကယ်တမ်းကျ မှားသုံးမိထားတာ ဖြစ်နေရော)

လင်းဖန်က ထိုစကားများကို ကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။

“ဘာကို ပြောချင်တာလဲ”

“ ဒီစကြဝဠာကြီးမှာ ရက်စက်တဲ့ အမှန်တရားတစ်ခုက အားလုံးက တခြားတစ်ယောက်ရဲ့ နယ်ရုပ်ဖြစ်နေကြတာပဲ”

“မင်းလည်း အပါအဝင်ပဲလား” လင်းဖန်က မေးလိုက်သည်။

“ဟုတ်တယ် ငါလည်း အပါအဝင်ပဲ”

“လွတ်လပ်မှုကို လိုချင်တဲ့ မင်းလိုလူမျိုးက ဒီလိုအရာမျိုးကို လက်ခံလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

“ငါ့ရဲ့ လက်ရှိအနေအထားနဲ့ ဘာမှမလုပ်နိုင်ဘူးဆိုတာ သိထားလို့လေ။ ဒီအချက်ကို ဖြည်းဖြည်းချင်းလက်ခံပြီးတော့ ကစားပွဲကို ကစားတာကပဲ လွတ်မြောက်ပြီးတော့ ကစားသမား ဖြစ်လာနိုင်တဲ့ အခွင့်အရေးတစ်ခုပဲ”

“ သိပြီ”

…………………………………..

ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်

“ရှင် ဘာတွေတွေးနေတာလဲ” ရှုရှစ်က အစည်းအဝေးပြီးကတည်းက နာရီပိုင်းကြာရှိနေပြီဖြစ်ကာ အဖြစ်အပျက်ကို အခုထိ နားမလည်သေးပေ။

“ကိစ္စတွေအများကြီးက အခုတော့ အဓိပ္ပာယ်ရှိလာခဲ့ပြီ” လင်းဖန်က ပြောလိုက်သည်။

“ဟွင်သွမ်းအပေါ် သဟဇာတဖြစ်နေတာရယ်၊ အဲဒီတာအိုနဲ့ ပတ်သက်ပြီးတော့ စွဲလမ်းနေတာရယ်”

သူက ဘဝရှိအရာအားလုံးကို ပြန်လည်စဉ်းစားမိသွားသည်။

“အဲဒါက ဆိုးတယ်လို့ ထင်တာလား”

“အရာအားလုံးက ပုံမှန်နဲ့ အကျိုးအကြောင်းသင့်တယ်လေ။ ဒါပေမဲ့ အဲဒါကပဲ ပြောစရာဖြစ်နေတာ မဟုတ်ဘူးလား”

အကယ်၍ သူသာ တစ်စုံတစ်ယောက်ကို နယ်ရုပ်အဖြစ် သတ်မှတ်ပါက ဟာကွက်မရှိအောင် လုပ်လိမ့်မည်။

“အဲဒါဆိုတော့ ရှင် ဘာဆက်လုပ်မှာလဲ”

“သူ့ရဲ့ အကြံဉာဏ်ကို ယူမယ်လေ” လင်းဖန်က ပြောလိုက်သည်။

“အဲဒီအချက်ကို လက်ခံပြီးတော့ မျက်စိရှင်ရှင် ထားပြီးတော့ ကျင့်ကြံရေးခရီးလမ်းကို ဆက်လက်လျှောက်လှမ်းရမယ်”

“အဲဒါက ရှင် ပြောသလောက်လွယ်မယ်မထင်ဘူး”

“ကိုယ်လည်း အဲဒါကို သိပါတယ်”

သူ့တည်ရှိမှု အမွေးအမျှင်တစ်ခုချင်းစီက သူ့တာအိုကို ပြောင်းလဲကာ သူ့ရုပ်ခန္ဓာကို စွန့်ပစ်ဖို့ အော်ဟစ်နေကြသည်။ သို့သော်လည်း သူက ထိုအရာကို လုပ်ဆောင်လိုက်ခြင်းက ကြီးကြီးမားမား တစ်စုံတစ်ခု ဖြစ်ပျက်သွားနိုင်ပြီး ကပ်ဘေးပင် ဖြစ်လာနိုင်ကြောင်း သိထားလေသည်။ ကစားသမားတစ်ယောက်အတွက် ပုန်ကန်ဖို့ ကြိုးစားသည့် နယ်ရုပ်တွင် တန်ဖိုး မရှိပေ။ ဤသို့သော ဖြစ်ရပ်မျိုးတွင် အကောင်းဆုံးသော အပြုအမူက နယ်ရုပ်၏ လမ်းစဉ်ကို မှန်ကန်အောင် လုပ်ခြင်း သို့မဟုတ် သုတ်သင်ပစ်ခြင်းသာ ဖြစ်လိမ့်မည်။

ထို့အပြင် ဟွင်သွမ်းတာအိုကို စွန့်ပစ်ဖို့ လွယ်ကူမည်လား။

စွဲလမ်းခြင်းဟု ခေါ်သည်မှာ လက်မလွတ်နိင်သည့် အကြောင်းအရင်းတစ်ခုကြောင့်သာ ဖြစ်၏။

နှစ် ၂၈၀ ရှိသည့်နောက်တွင် လင်းဖန်က တက်လှမ်းသွားခဲ့သည်။ သူက နောက်ဆုံးသော အချိန်အထိ စောင့်ဆိုင်းလိုသော်လည်း အစစ်အမှန်ကောင်းကင်တာအို၏ အမျက်ဒေါသကို မရင်ဆိုင်လိုပေ။

All Chapters