မိတ်ဆွေဟောင်း
Vol. 75 Ch. 1039
ဒိုင်မေးရှင်းအမြင့်ဆီ ပြန်လာပြီးသည့်နောက်တွင် လင်းဖန်နှင့် တခြားနှစ်ယောက်က တော်လှန်ရေးအဖွဲ့ဆီ ချက်ချင်း ပြန်မသွားခဲ့ဘဲ ဧကရာဇ်ခုံနှင့် ကျောင်းတော်ထံ ဝမ်ဝေ့ အကြံပြုထားသည့် စကားဝှက်ကို အသုံးပြုကာ ဆက်သွယ်ခဲ့သည်။
“အဲဒါက အလုပ်ဖြစ်မယ်ထင်လား” ယန်ကောဝေက မေးလိုက်သည်။
“အလုပ်ဖြစ်မှာပါ။ အလုပ်ဖြစ်လားဆိုတာ တခြားသူတွေဆီ ဘာလို့ မမေးဘဲ နေရမှာလဲ” ရှောင်စုန့်ရှီက ပြောလိုက်သည်။
“ကောင်းပြီလေ” လင်းဖန်က တက်လှမ်းသွားပြီးသားသူများထံ သတင်းစကား ပို့ဆောင်လိုက်၏။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက အဖြေကို ရရှိလိုက်သည်။
“အဲဒါက ယင်ကန်းပဲ။ သူ ပြောသလိုဆိုရင် သူ ဒီတူညီတဲ့ စကားဝှက်ကို သုံးပြီးတဲ့နောက်မှာ သူ့ဂိုဏ်းက ဆက်သွယ်လာခဲ့တယ်တဲ့။ အခု သူတို့က အစပိုင်း အဆက်အသွယ်ရှိလာခဲ့ပြီးပြီ”
“တကယ်လား”
“အဲဒါဆိုတခြားသူတွေကရော”
“သူတို့က ဘာမှမတုံ့ပြန်သေးဘူး။ ဒါပေမဲ့ သူတို့အတွက်လည်း အတူတူပဲ ဖြစ်မှာပါ” လင်းဖန်က စောင့်ဆိုင်းဖို့ ရွေးချယ်ကာ ပြောလိုက်သည်။ ကံကောင်းစွာဖြင့် တစ်စုံတစ်ယောက်က သူ့အား လျှို့ဝှက်တည်နေရာတစ်ခုနှင့် စကားဝှက်တစ်ခုကို ပို့ကာ ဆက်သွယ်လာခဲ့သည်။ လင်းဖန်က တုံ့ဆိုင်းမနေဘဲ ထိုနေရာဆီ ဦးတည်လိုက်၏။
သူ့အနေဖြင့် ကုန်းမြေများစွာနှင့် နေရာများစွာကို ဖြတ်သန်းသွားပြီးသည့်နောက်တွင် စံအိမ်ကြီးတစ်ခုအတွင်း ရောက်ရှိသွားခဲ့သည်။ ဤတစ်ကြိမ် သူတို့က ဘယ်ရောက်နေမှန်းပင် မသိရပေ။
တစ်စုံတစ်ယောက်က စံအိမ်၏ အဝင်ဝတွင် သူတို့ကို စောင့်ဆိုင်းနေလေ၏။ ထို့ကြောင့် လင်းဖန်နှင့် တခြားသူများက နောက်လိုက်သွားကြသည်။ အလယ်တွင် သူတို့က မထင်မှတ်ထားသည့် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံခဲ့ရ၏။
“ကျောင်းအုပ်လား” လင်းဖန်က သူ့ရှေ့တွင် ရှိနေသည့် ညင်သာသည့် လူကြီးလူကောင်း တစ်ယောက်ကို ကြည့်ကာ ခေါ်လိုက်သည်။
“အခု ငါ ခေါ်သွားလိုက်မယ်” ပိုင်ဟန်က အဖွဲ့ကို မကြည့်ခင် အစောင့်ကို ပြောလိုက်၏။
“လင်းဖန် မတွေ့ရတာကြာပြီ”
“ကျောင်းအုပ်ကို သေသွားပြီလို့ ထင်နေတာ”
“မင်းတစ်ယောက်ထဲတင် မဟုတ်ပါဘူး” ပိုင်ဟန်က ပြောလိုက်သည်။ သူ တက်လှမ်းသွားမှုက ကျောင်းတော်က တခြားသူများအား မသိစေလိုဘဲ လျှို့ဝှက်ထားလိုသည့် သတင်းအမျိုးအစား ဖြစ်ပေသည်။
“ဘာတွေဖြစ်ခဲ့တာလဲ။ ရှုရှစ်က ကျောင်းတော်ရဲ့ ဧကရာဇ်လို့ ထင်နေတာ။ ဒီမျိုးဆက်တွေအတွင်းမှာ ဧကရာဇ်တွေ ဘာလို့ အဲ့လောက်များနေရတာလဲ။ ဝမ်ဝေ့ကရော ဘာဖြစ်သွားတာလဲ”
“ကိစ္စတွေအများကြီး ဖြစ်သွားတယ်။ တကယ်လို့ စိတ်မရှိရင် ကျွန်တော် တည်ထောင်သူနဲ့ တွေ့ပြီးတဲ့နောက်မှာ ရှင်းပြပါ့မယ်”
“ကောင်းပြီလေ။ ငါလည်း အလျင်မလိုပါဘူး။ လာသွားကြစို့။ ငါ့အဖေနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်”
အဖွဲ့က ပိုင်ဟန်နောက်မှ လိုက်ကာ အခန်းကျယ်တစ်ခုအတွင်း ရောက်ရှိသွားလေသည်။ ထိုနေရာတွင် မြင့်မြတ်ကာ ဉာဏ်ကြီးမားသည့် အငွေ့အသက်မျိုး ရှိသည့် လူလတ်အရွယ်အမျိုးသားတစ်ဦး ရှိလေသည်။ သူက စားပွဲငယ်လေးရှေ့တွင် ထိုင်နေပြီး ထိုင်ခုံလေးခုနှင့် စားပွဲများ ရှိလေသည်။ သူ့ဘေးတွင် တစ်ခုံရှိပြီး ကျန်သုံးခုက သူ့ရှေ့တွင် ရှိ၏။ ပိုင်ဟန်က သူ့အဖေဘေးတွင် ဝင်ထို်ငလိုက်ပြီး တခြားသုံးယောက်က မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကြသည်။
“စောစောစီးစီး ကြိုမတွေ့ခဲ့မိတာ စိတ်မကောင်းပါဘူး” ဧကရာဇ်ခုံက ပြောလိုက်သည်။
“လက်ရှိအခြေအနေက ဘယ်လိုရှုပ်ထွေးလဲဆိုတာကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်” လင်းဖန်က အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ တည်ထောင်သူက မည်သည့် အရှိန်အဝါမှ ထုတ်လွှတ်နေခြင်း မရှိသော်လည်း ထာဝရကောင်းကင်ဘုံအဆင့်အနေဖြင့် တည်ရှိမှုက သတိထားမိဖွယ်ကောင်းလှသည်။
အားလုံးရှေ့တွင် အဖန်ရည်ခွက်များ ရောက်ရှိလာပြီး တည်ခင်းလိုက်၏။
“ကဲ ဘာလို့ အစကနေ စမပြောလဲ”
လင်းဖန်က ဧကရာဇ်ခုံအား သူ့သေဆုံးမှုမှ စတင်၍ ပြန်လည်ရှင်သန်လာမှု၊ ဝမ်ဝေ့၏ နန်းတက်ပွဲ၊ ကောင်းကင်ခုံရုံး ပေါ်ထွက်လာမှု၊ တော်လှန်ရေးအဖွဲ့နှင့် စာချုပ်အကြောင်း၊ အပေးအယူ၊ သူတို့၏ ဆင်းသက်သွားမှုနှင့် ဝမ်ဝေ့ ပေးထားသည့် အချက်အလက်အားလုံးကို ပြောပြလိုက်သည်။
“အဲ့လိုလား။ အခုတော့ ကိစ္စတွေအများကြီးက အဓိပ္ပာယ်ရှိသွားပြီ” ဧကရာဇ်ခုံက ပြောလိုက်၏။ ထိုသူများမှ ဝှက်ထားသည့် သမိုင်းကြောင်းဖြင့် သူသည် သတင်းအချက်အလက်များစွာ လိုအပ်နေခဲ့သည်။ သူ့အနေဖြင့် တချို့ကိစ္စများကို ရှာဖွေကာ ကောက်ချက်ချနိုင်သော်လည်း ယခုအချိန်ထိ ကြီးမားသည့် ပုံရိပ်တစ်ခုကို လိုအပ်နေဆဲသာ ဖြစ်၏။ ဤသတင်းအချက်အလက်က ယခုမှစ၍ သူမည်သို့ လုပ်ဆောင်ရမည့်အပေါ် သက်ရောက်မှုရှိလာလိမ့်မည်။
“အဲဒါဆိုတော့ ကျုပ်ပြောတာ မှန်နေတာပဲ”
ဧကရာဇ်ခုံက သူ့သားကို ကြည့်ကာ မျက်မှောင်အသာကြုတ်လိုက်၏။
“ဒီလောက်ကြာတာတောင် အခုထိ စိတ်ထဲ ထားနေတုန်းလား”
“ဝမ်ဝေ့ အကြောင်းသူ ပြောလိုက်တာ အဖေ မကြားဘူးလား။ ကျွန်တော် သူ့ကို စိုးရိမ်နေရတာ မှန်တယ်လေ”
“မင်း မှန်နေတော့ ဘာဖြစ်လို့လဲ။ မင်းရဲ့ အပြုအမူတွေက တရားမျှတတယ်လို့ ဆိုလိုလို့လား”
ပိုင်ဟန်က ငြိမ်ကျသွားသည်။
“မင်းကိုယ်တိုင်လည်း ကြားတာပဲ။ တကယ်လို့ ရှုရှစ်ရဲ့ သံတမန် နည်းလမ်းကြောင့်သာ မဟုတ်ရင် မင်းကြောင့် ငါ့ရဲ့ကျောင်းတော်ကို အဲ့ကောင်လေးက ဘာလုပ်ပစ်မယ်ဆိုတာ ဘယ်သူက သိမှာတုန်း”
ပိုင်ဟန်က ထိုစကားများကို ပြန်လည်မချေပခဲ့ပေ။ ထို့ကြောင့် ဧကရာဇ်ခုံက ခေါင်းစဉ်လွှဲကာ ပြောလိုက်၏။ သူ့သား၏ စိတ်ထဲတွင် ကြိုးထုံးနှစ်ခု ရှိနေကြောင်း သိထားလေသည်။ တစ်ခုက သူ့အမေဖြစ်ကာ တစ်ခုကမူ ဝမ်ဝေ့ ဖြစ်၏။ အတိအကျပြောရလျှင် ထိုသူ့အပေါ် သူ့အပြုအမူများသာ ဖြစ်သည်။
သူ့အမေကို မြင်တွေ့ရပြီးသည့်နောက်တွင် ပိုင်ဟန်က သူ့အပေါ် သဘောထားပြောင်းလဲသွားခဲ့ပြီး ထာဝရဧကရာဇ်တစ်ယောက်ဖြစ်လာဖို့ တာအိုသက်သေပြပြီးသည့်နောက်တွင် အခြေအနေက တိုးတက်လာခဲ့သည်။
တကယ်လို့ သူ့နည်းလမ်းကို ပြောင်းလဲမပစ်နိုင်ရင် ငါ့ရဲ့ အမွေဆက်ခံသူနေရာကနေ ဖယ်ရှားပစ်ရမယ်…
ဧကရာဇ်ခုံက တွေးလိုက်မိသည်။ သူ့သား၏ ပါရမီက သူ မတက်လှမ်းခင်ကထက် အနည်းငယ် ပိုမိုကောင်းမွန်လာခဲ့သည်။ ထို့ကြောင့် သူက တာအိုကို သက်သေပြပြီးသည့်နောက်တွင် ၂ဆ တိုက်ခိုက်ရေးအဆင့်ကို ရရှိထား၏။ ဤနှစ်များစွာကြာမြင့်ပြီး သူ့လေ့ကျင့်မှုဖြင့် သုံးဆ တိုက်ခိုက်ရေးအဆင့်ကို ရောက်ရှိလာသော်လည်း သူ့ကန့်သတ်ချက်ကို ချဉ်းကပ်လာပြီဖြစ်ကာ အစွန်းရောက်နည်းလမ်းများ ထုတ်သုံးဖို့ လိုအပ်လာခဲ့သည်။
ယခင်က သူ့အမွေဆက်ခံသူနှင့် ပတ်သက်ပြီး စိုးရိမ်နေခဲ့ရသည်။ ကမ္ဘာက သူ့ကို ပညာရှိဝိဇ္ဇာဟု ခေါ်ဆိုသော်လည်း သူက ခံစားချက်များရှိသည့် လူသားတစ်ဦးသာ ဖြစ်၏။ နမူနာအနေဖြင့် သူ့အမွေအနှစ်နှင့် ပတ်သက်သည့်အခါတွင် ဖြစ်သည်။ ကျောင်းတော်က ပါရမီထူးကဲသည့်သူများ ရှိသော်လည်း ဧကရာဇ်ခုံက သူ့အမွေဆက်ခံသူ ဖြစ်ဖို့ရာ သူနှင့်တူညီသည့် ဇစ်မြစ်မှ လူကိုသာ ရွေးချယ်လိုသည်။
ကံကောင်းစွာဖြင့် ကောင်းကင်ဘုံက သူ့ထံ ရှုရှစ်နှင့် လင်းဖန်ကို ခေါ်ဆောင်ပေးလာခဲ့၏။ သူတို့၏ စွမ်းအားက ပိုကောင်းရုံသာမက သူတို့၏ စိတ်သဘောထားနှင့် စီမံခန့်ခွဲနိုင်မှုတို့က သူ့သားထက် ပိုမိုကောင်းမွန်နေခဲ့သည်။
အခုတော့ ဆက်ပြီး စောင့်ကြည့်တာပေါ့…
သူက သုံးသပ်လိုက်သည်။ အကယ်၍ သူက ထိပ်တန်းစံပြမျိုးနွယ်အဖြစ် ပြုစုပျိုးထောင်လိုပါက ဤဆုံးဖြတ်ချက်က လွယ်လွယ်ကူကူ ချမှတ်၍ မရပေ။ မည်သို့ပင်ဆိုစေကာမူ သူက ငယ်ရွယ်နေသေးပြီး အနားယူဖို့ရာ အလျင်လိုနေခြင်း မရှိပေ။
“ဒါနဲ့ ဝမ်ဝေ့က အဲဒီသတင်းအချက်အလက်တွေကို ဘယ်လိုသိတာလဲဆိုတာကို သိထားလား”
“ကျွန်တော်တို့ သိမထားပါဘူး။ ကျွန်တော်တို့ ဆင်းသက်ပြီးတဲ့နောက်မှာ သူက ကျွန်တော်တို့ကို ဆင့်ခေါ်ပြီးတော့ အဲဒီသတင်းကို ပေးခဲ့တာ။ အရင်းအမြစ်ကိုတော့ ထုတ်မပြောခဲ့ဘူး”
“သူက ကံကြမ္မာဖန်တဲ့သူများလား”
“ကံကြမ္မာဖန်တဲ့သူလား”
“တစ်စုံတစ်ယောက်က ဒီဆိုးရွားတဲ့ခေတ်ကာလကို အဆုံးသတ်ဖို့ ကြမ္မာအမွေဆက်ခံရရှိထားတဲ့သူရှိတယ်လို့ ကောလဟာလတွေ ရှိနေတာကြာပြီ။” ဧကရာဇ်ခုံက ပြောလိုက်သည်။
“ဒါပေမဲ့ အဲ့လိုကြမ္မာအမျိုးအစားက ထင်ရသလောက် မရိုးရှင်းဘူး။”
ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ဟူသော စကားအဓိပ္ပာယ်ကို သိဖို့ရာ လူများက မည်သည့်တန်ကြေးမဆို ပေးဆပ်ချင်ကြလိမ့်မည်။ ယခု သူက ထိုအရာ၏ ရှုပ်ထွေးမှုကို သိထားပြီဖြစ်သည့်အတွက် ကမ္ဘာ၏ အခြေအနေက ပိုမိုပြင်းထန်လာခဲ့သည်။
“မင်းရဲ့ မိတ်ဆွေတွေကို သတိထားဖို့ ပြောသင့်တယ်” ဧကရာဇ်ခုံက ပြောလိုက်သည်။
“ဘာကိုလဲ”
“မြေကမ္ဘာဧကရာဇ်ကိုပေါ့။ သူက မြေကမ္ဘာဧကရာဇ်ရဲ့ ကံရာထူးရဲ့ တစ်စိတ်တစ်ပိုင်းကို ရယူပြီးတဲ့နောက်မှာ တခြားအရာတွေနဲ့ ပတ်သက်ပြီးတော့ အစွဲအလမ်း ကြီးလာခဲ့တယ်လေ။ ချင်သူတော်စင်ခုံရုံးက ပျောက်ကွယ်သွားခဲ့ပေမဲ့ အနည်းဆုံးတော့ သူက ဆက်ပြီးတော့ ရှာဖွေနေတုန်းပဲ။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်ရာထူးကိုတော့ သူက အမြဲတမ်း စိတ်ရှုပ်ထွေးနေခဲ့တာ။ အဲဒါဆိုတော့ မင်းတို့က တစ်ခုခုကိုသာ သိထားတယ်ဆိုတာကို သူသိသွားခဲ့ရင် သူ့လက်ထဲရဖို့ ဘာမဆိုလုပ်လိမ့်မယ်”
လင်းဖန်က မျက်မှောင်ကြုတ်လိုက်၏။
“အဲဒီလူတွေက ဒိုင်မေးရှင်းအနိမ့်ဆီ သူလျှိုတွေ ပို့ထားတယ်လို့ ရှုရှစ်က ပြောခဲ့သေးတယ်။ ပြီးတော့ ခုံရုံးသတင်းအကြောင်းတွေကလည်း တခြားကမ္ဘာ့အသိုက်အဝန်းတွေဆီကို ပေါက်ကြားသွားတယ်တဲ့”
“သူတို့တွေသိဖို့ အချိန်တစ်ခုပဲ ကြာမြင့်လိမ့်မယ်” ဧကရာဇ်ခုံက ပြောလိုက်သည်။
“အဲဒါက ပြဿနာ ဖြစ်လာနိုင်တယ်”
သဘောတရားအရပြောရလျှင် အစစ်အမှန်ကောင်းကင်တာအို၏ အတားအဆီးကို ကျော်ဖြတ်၍ သတင်းထွက်မလာသင့်ပေ။ သို့သော်လည်း ဤလူများ၏ တည်ရှိမှုက ထိုအချက်သည် အကြွင်းမဲ့ မဟုတ်ကြောင်း ဖော်ပြနေလေ၏။
“ မင်းတို့ရဲ့ စိတ်ထဲက သတင်းအချက်အလက်တွေကို ကာကွယ်ဖို့ ကူညီပေးမယ်။ ဒါပေမဲ့ ငါ့ရဲ့ စွမ်းဆောင်ရည်က လူတချို့နဲ့ ပတ်သက်လာတဲ့အခါမှာ အကန့်အသတ်ရှိတယ်ဆိုတာကို နားလည်သင့်တယ်”
“ကျွန်တော်တို့ကို ကူညီပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ” ရှောင်စုန့်ရှီက လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လျက် ပြောလိုက်သည်။ ယန်ကောဝေကလည်း သူ့နောက်မှ လိုက်လံ လုပ်ဆောင်လိုက်၏။
ဧကရာဇ်ခုံက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကံဆိုးတာက သူတို့နဲ့ မင်းရဲ့ စာချုပ်ကို ငါ ဘာမှလုပ်လို့ မရဘူး”
“ကိစ္စမရှိပါဘူး ဘိုးဘေး။ ကျွန်တော်တို့က ဒီတိုက်ပွဲမှာ ဝင်ရောက်ဆင်နွှဲဖို့ ဆုံးဖြတ်ထားပြီးပါပြီ” လင်းဖန်က ပြောလိုက်၏။
“အဲ့လို စိတ်သဘောထားမျိုး ရှိတာကောင်းတယ်။ သူတို့အဖွဲ့ထဲက လူတော်တော်များများရဲ့ သတင်းအချက်အလက်တွေကို ထောက်ပံ့ပေးထားမယ်။ မင်း လိုအပ်လာတဲ့အခါမှာ သူတို့ကို ဆက်သွယ်လို့ ရတယ်”
“ဘိုးဘေးကို ကျေးဇူးတင်ပါတယ်”
“နောက်ဆုံးအနေနဲ့ ကောင်းကင်ဘုံအရှင် ကျိမင်ကို မယုံနဲ့။ ဘယ်တော့မှ မယုံနဲ့” ဧကရာဇ်ခုံက သတိပေးလိုက်သည်။
“အဲဒါက ဘယ်သူများလဲ”
“သူက တော်လှန်ရေးအဖွဲ့ရဲ့ တရားဝင် ခေါင်းဆောင်ပေါ့။” သူက ရှင်းပြလိုက်သည်။
“သူက မျက်နှာများတဲ့သူ။ သူက ဒီခေတ်ကာလကို အဆုံးသတ်ချင်တာကိုတော့ သံသယမရှိပေမဲ့ သူက အရမ်းကို ရည်မှန်းချက်ကြီးပြီးတော့ လောဘကြီးတဲ့သူပဲ။ အဲဒါဆိုတော့ အပြည့်အဝ မယုံကြည်တာ ကောင်းလိမ့်မယ်”
“ကျွန်တော်တို့ နားလည်ပါပြီ”
ဧကရာဇ်ခုံက သူတို့၏ ဝိညာဉ်ထဲ အလားအလာကောင်းသည့် စည်းတံဆိပ်ကို ချပေးထားခဲ့ပြီးသည့်နောက်တွင် ယန်ကောဝေနှင့် ရှောင်စုန့်ရှီတို့ကို ပြန်လွှတ်လိုက်သည်။ သူက ရက်အနည်းငယ်အချိန်ယူ၍ လင်းဖန်အကြောင်း သင်ယူခဲ့ပြီးသည့်နောက်မှ ပြန်လွှတ်လိုက်သည်။
ရှုကျင်းယောင်က ဒီသတင်းကို သိသင့်တယ်…
ဧကရာဇ်ခုံက တွေးလိုက်မိသည်။ လွန်ခဲ့သည့် နှစ်သန်းငါးဆယ်ခန့်က သူမသည် ထာဝရကောင်းကင်ဘုံအရှင် ဖြစ်လာခဲ့ပြီးသည့်နောက် ပွဲအခမ်းအနားပါဝင်သည့် ဖြစ်ရပ်ကြီးတစ်ခုကို စတင်စီစဉ်ခဲ့ကြသည်။ သူတို့က သူမ၏ အဆင့်တက်လှမ်းမှုကို လျှို့ဝှက်ထားနိုင်ကြောင်း သိထားပြီး သတင်းပေါက်ကြားသွားသည့်အခါအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။
ထို့နောက် ရှုကျင်းယောင်က လူတချို မျှားခေါ်ဖို့ ကမ္ဘာကြီးထံ သူမ၏ ပွဲအခမ်းအနားကို ကျင်းပမည်ဟု ကြေညာခဲ့သည်။ သို့သော်လည်း ဧကရာဇ်ခုံက ဤသတင်းအချက်အလက်ကို သူမထံ ပြောပြလိုက်သည်က အကောင်းဆုံး ဖြစ်မည်ဟု ခံစားနေမိသည်။
ယခုအခါ လမင်းများက နယ်ခြားအင်အားစုများဖြင့် အလုပ်ရှုပ်နေကြသည့်အတွက် သူတို့၏ နှာခေါင်းအောက်တွင် ကိစ္စများကို စီစဉ်ဖို့ရာ အကောင်းဆုံးအချိန် ဖြစ်၏။
ကံကြမ္မာဖန်လာတဲ့သူ အထက်တက်လှမ်းလာပြီး လှုပ်ရှားလာတဲ့အထိ စောင့်ဆိုင်းလိုက်ရမလား…
ဧကရာဇ်ခုံက တွေးလိုက်မိသည်။ အကယ်၍ သူတို့ဘက်သာ ကြမ္မာ သို့မဟုတ် ကံကြမ္မာပါသည့်သူ ရှိထားပါက အောင်မြင်သည့် အခွင့်အရေးသည် တိုးပွားလာနိုင်ကြောင်း သိထားလေသည်။
အရင်ဆုံး မဆုံးဖြတ်ခင် သူမကို ပြောရမယ်…
သူက စံအိမ်မှ တိတ်တဆိတ် ထွက်ခွာလာခဲသည်။ ကိစ္စများက သူ ထင်ထားသည်ထက် မြန်ဆန်နေသည့်အတွက် ကောင်းသည်လား၊ ဆိုးသည်လား မသိတော့ပေ။