← Chapters

လေးကြိမ်မြောက် ခုံရုံးအစည်းအဝေး

Vol. 75 Ch. 1040

လေးကြိမ်မြောက် ခုံရုံးအစည်းအဝေး

Vol. 75 Ch. 1040

“ဘယ်လိုလဲ” ဖေးလန်က ဆက်သွယ်ရေးအစီအရင် ပိတ်ကားချပ်ပေါ်ရှိ လောင်မာကို တည်တည်ငြိမ်ငြိမ်ကြည့်ကာ မေးလိုက်သည်။

“လင်းဖန်က ပြန်ရောက်လာပြီး တခြားသူတွေလိုမျိုး သူ့ဝိညာဉ်ထဲမှာ အားကောင်းတဲ့ စည်းတံဆိပ်တစ်ခု ရှိနေတယ်”

“ယန်ကောဝေနဲ့ ရှောင်စုန့်ရှီရောလား”

“ဟုတ်တယ်။ ကြည့်ရတာ ခုံက သူတို့ကို ဝင်စွက်ဖက်ပြီး ကူညီပေးခဲ့တဲ့ပုံပဲ”

“ငါ သိပြီ။ အဲဒီလူတွေက ဘာကို ဝှက်ထားတယ်လို့ ထင်လဲ”

“သူတို့တွေက သတိကြီးကြီးထားတာလည်း ဖြစ်နိုင်ပါတယ်”

“မင်းကိုယ်မင်းတောင် အဲဒီစကားတွေ မယုံဘူးမလား” ဖေးလန်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ ယခင်က ထိုသူများသည် သူတို့၏ အင်အားစုများဖြင့် တိုက်ရိုက်အဆက်အသွယ် မရှိသော်လည်း သူတို့ပြန်လာပြီးသည့်နောက်တွင် အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။ တချို့သော အင်အားစုများက သူတို့၏ အဖွဲ့ထံ သတိပေးချက်ပို့လာပြီး သူတို့၏ ဂိုဏ်းသားများအား ပိုမိုဂရုစိုက်ဖို့ ပြောခဲ့သည်။ သူတို့က အဖိုးတန်သည်ထက် ကျော်လွန်သည့် သတင်းအချက်အလက် တစ်ခု ယူဆောင်လာမှန်း သိသာလှ၏။

ဖေးလန်၏ မျက်ဝန်းအထက် သတ်ဖြတ်ငွေ့တစ်ခု ဖြတ်ပြေးသွားကာ ထိုသူများကို သုတ်သင်ပစ်ဖို့ စဉ်းစားနေသည်။ သူ့အကူအညီ ဖြစ်ရမည့်အစား ထိုသူများက အမည်မသိ အပြောင်းအလဲများ ဖြစ်သွားကြသည်။ ထိုအရာနှင့် ပတ်သက်ပြီး သူက မပျော်ရွှင်ပေ။ သို့သော်လည်း သူတို့ ရေးထိုးထားသည့် စာချုပ်က သူ့ကိုယ်ပိုင်လူများကို မတိုက်ခိုက်နိုင်ကြောင်း ပါဝင်သည်။

ထို့အပြင် အဖွဲ့ထဲရှိ တခြားသူများက သူ့ကို သဘောမကျကြသည့်အတွက် သူသာ တိုက်ခိုက်ပါက ထိုအခွင့်အရေးကို အရယူကြလိမ့်မည်။ သူတို့နောက်ကွယ်ရှိ အင်အားစုများအကြောင်း ထည့်မပြောရသေးပေ။

ကံကြမ္မာဖန်တဲ့သူနဲ့ သူတို့ရဲ့ ဆက်ဆံရေးအကြောင်းကိုလည်း ထည့်သွင်းစဉ်းစားရဦးမယ်။ ကံကြမ္မာကနေ ကာကွယ်ပေးခံထားရတဲ့ လူရဲ့ ရန်သူဖြစ်လာတာက ဒီလိုအခြေအနေမျိုးမှာ တုံးအတဲ့ ရွေးချယ်မှုမျိုးပဲ…

ဖေးလန်က သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းလိုက်ရသည်။

“တခြားတစ်ခု ရှိသေးလား”

“ကျုပ်တို့လူတွေ အားလုံးက ခုံဆီက လှုပ်ရှားမှုတချို့ကို သတိထားမိခဲ့ကြတယ်။ သူက သူ့လူတချို့ကို ဆက်သွယ်ခဲ့တဲ့ပုံပဲ”

“သူက လင်းဖန်ကို အဲ့လောက်တောင် တန်ဖိုးထားတယ်လား”

“အဲ့လိုဖြစ်ပုံပါပဲ”

“တာအိုအခွင့်အလမ်းဂိုဏ်းကရော ဒီကိစ္စမှာ ဝင်စွက်ဖက်တဲ့ အရိပ်အယောင်ရှိလား” ဖေးလန်က ထိုသူများ၏ အပြောင်းအလဲ အရင်းအမြစ်သည် ဒိုင်မေးရှင်းအနိမ့်ရှိ ဧကရာဇ်ဝမ်ကြောင့်ဖြစ်မှန်း သိလိုက်သည်။ သို့သော် သက်သေအခိုင်အမာ မရှိပေ။

“အခုထိတော့ လှုပ်ရှားမှု မရှိသေးပါဘူး”

အနည်းဆုံးတော့ သတင်းကောင်းတချို့ ရှိနေသေး၏။ ဖေးလန်က မေးလိုက်သည်။

“ယန်ကောဝေနဲ့ ရှောင်စုန့်ရှီက ဘယ်မှာလဲ”

“သူတို့ကို ဖျောင်းဖျချင်သေးတာလား”

“သူတို့ သိထားတဲ့အရာတွေကို ငါ သိရဖို့က သူတို့က အကောင်းဆုံးအခွင့်အရေးပဲ”

တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် ဖေးလန်က ဆက်သွယ်ရေးအစီအရင်ကို မျက်လုံးနီများဖြင့် ပိတ်ချလိုက်သည်။ သူ့ ကြိုးပမ်းမှုက အသုံးမဝင်ခဲ့ပေ။ မည်သူကမှ သူတို့ သိထားသည့်အရာကို ပြောမပြလိုကြပေ။ ယန်ကောဝေက တိတ်ဆိတ်လျက် ကျန်ရှိနေစဉ် ရှောင်စုန့်ရှီကမူ အဓိပ္ပာယ်မရှိသည့်အရာများကို ပြောနေသည်။ စံပြတစ်ယောက်နှင့် သတင်းအချက်အလက်ကို လဲလှယ်နိုင်ကြောင်း ပြောလာလေ၏။

ဖေးလန်က မသေချာပေ။ ဤအပေးအယူက အောင်မြင်ဖို့ တွေးထားလျှင် ထိုကောင်စုတ်လေးက ရူးသွပ်နေကြောင်း သိလိုက်မိသည်။ သူ့အနေဖြင့် သူ့ခန္ဓာကိုယ်ထဲမှ စိတ်ဆန္ဒအားလုံးကို ထိန်းချုပ်ထားပြီး သူတို့အား ကိုယ့်ကိုယ်ကို သတ်သေသည့် တာဝန် မစေလွှတ်မိအောင် ထိန်းချုပ်ထားရသည်။ သူက သူ လုပ်သင့်သည့်အရာကို သဘောပေါက်သွားကာ အသက်ပြင်းပြင်း ရှူထုတ်လိုက်၏။

စံပြ ဖြစ်လာရမည်။

အကယ်၍ သူ အောင်မြင်သွားပါက အဖွဲ့နှင့် ကမ္ဘာရှိ သူ့အာဏာသည် သိသိသာသာ တိုးမြင့်လာလိမ့်မည်။ ထိုအခါကျလျှင် ထိုနှစ်ဦးက သူ့ဆီမှ သတင်းအချက်အလက်ကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ သူက တခြားသူများကို တိုက်ခိုက်ဖို့ ဝန်လေးနေသော်လည်း လင်းဖန်နှင့် တခြားသုံးယောက်ကိုမူ တူညီသည့် ဟန့်တားမှုမျိုး မရှိပေ။

ဒီလူတွေက အလုပ်ရှုပ်နေပေမဲ့ ဖြစ်စဉ်အတွင်းမှာ ငါ့ကို သေချာပေါက် တိုက်ခိုက်လာလိမ့်မယ်။ အဲဒါဆိုတော့ ငါ့ရဲ့ အကြီးမားဆုံးစိုးရိမ်မှုက တက်လှမ်းမှု မဟုတ်ဘဲနဲ့ အဲဒီနောက်ပိုင်းက တိုက်ပွဲပဲ။ အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားရမယ်…

သူ့အုတ်မြစ်ဖြင့် စံပြဖြစ်လာပြီးသည့်နောက်တွင် ထိုသူများအား တစ်ယောက်၊ နှစ်ယောက်ကို တိုက်ခိုက်ဖို့ ပြဿနာရှိမည် မဟုတ်ပေ။ သို့သော်လည်း သူက လူများလာခဲ့လျှင် ရှုံးနိမ့်သွားနိုင်သလို အချိန်စားသုံးသူ ပေါ်ထွက်လာခဲ့လျှင် သူ့ကို စောင့်ကြိုနေမည်က သေခြင်းတရားသာ ဖြစ်ကြောင်း သိထားသည်။

ငါ ပြီးပြည့်စုံစွာ တက်လှမ်းနိုင်ဖို့ အချိန်လိုတယ်။ သူ့ကို အလုပ်ရှုပ်အောင် အချိန်ဆွဲထားရမယ်…

ဖေးလန်၏ အကြည့်များက အနာဂတ်အတွက် စီစဉ်နေရင်း အလေးအနက် ဖြစ်နေသည်။ စံပြဖြစ်ဖို့ရာ နည်းလမ်းက နီးကပ်နေသော်လည်း စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်က သူ ရှေ့ဆက်ရမည့်လမ်းသာ ဖြစ်၏။

…………………………………………………….

အသင်္ချေအင်ပါယာကမ္ဘာ၊ ကောင်းကင်ခုံရုံး

ထိုဆင်းသက်လာသည့် ဧကရာဇ်များ ထွက်ခွာသွားပြီး တစ်လကြာမြင့်ပြီးသည့်နောက်တွင် ကောင်းကင်ဧကရာဇ်က လေးကြိမ်မြောက် အစည်းအဝေးကို ဆင့်ခေါ်ခဲ့သည်။ ထုံရို့ပင်း၏ ကိုယ်ပွားနှင့် ဖုန်းဟွမ်တို့၏ ပုံရိပ်ယောင်အပါအဝင် အရေးပါသူအားလုံးက တက်ရောက်ခဲ့၏။

“ငါတို့မစခင် ကိုယ်ပိုင်ပြဿနာတွေကို ပြောလို့ရတယ်” ဝမ်ဝေ့က ကြေညာလိုက်ပြီး လူများက ပင်လယ်မျိုးနွယ်ကို မျက်လုံးထောင့်မှ ကြည့်လိုက်ကြသည်။ သို့သော်လည်း ကိုယ်စားလှယ်က သူနှင့် မသက်ဆိုင်သည့်အလား တည်ငြိမ်နေဟန်ပေါ်သည်။

“ကျွန်မမှာ ပြောစရာရှိတယ်” ရှုရှစ်က ရှေ့တစ်လှမ်း တိုးလာခဲ့သည်။

“ပြောပါ”

“ကျွန်မက ခုံရုံးမှာ အမြဲတမ်း နေထိုင်ချင်တယ်”

ဝမ်ဝေ့၏ အကြည့်များက တောက်ပလာ၏။

“သတင်းကောင်းပဲ။ ကြိုဆိုပါတယ်။ မင်းက ပထမဦးဆုံး တရားဝင်နေထိုင်မဲ့သူဆိုတော့ ပင်ကိုချီအများဆုံးနဲ့ ကံကောင်းမှု အကောင်းဆုံးကောင်းချီး ရှိတဲ့ အခန်းကို ပေးမယ်”

“အရှင့်ကိုကျေးဇူးတင်ပါတယ်”

အားလုံးက ရှုရှစ်ကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြသည်။ ယခုအခါ အစိတ်အပိုင်းများက နေသားတကျဖြစ်လာပြီဖြစ်သည့်အတွက် ခုံရုံးက အသက်ဝင်လာဖို့ရာ အချိန်တစ်ခုသာ ကြာမြင့်လိမ့်မည်။ ထိပ်သီးအင်အားစုများက အရှင်၏ မျက်လုံးအောက်တွင် ရောက်ရှိနေကြပြီ ဖြစ်၏။

“ကဲ အစည်းအဝေးစဖို့ သတင်းကောင်းပဲ။ တခြားတစ်ခု ရှိသေးလား”

မည်သူကမှ ဘာမှမပြောကြပေ။ သူတို့က ဤနေရာတွင် ရဲတင်းသည့် ဆုံးဖြတ်ချက်မျိုးကို မချမှတ်ရဲပေ။ သို့သော်လည်း လူများက ကိစ္စတချို့သည် ရှောင်လွှဲ၍ မရကြောင်း သိထားကြ၏။

ဝမ်ဝေ့က မူလလက်နက်တောင်၏ ကိုယ်စားလှယ်ကို ကြည့်ကာ ပြောလိုက်သည်။

“ငါတို့ရဲ့ စီမံကိန်းက ဘယ်လိုအခြေအနေ ရှိတုန်း”

“ကျုပ်တို့တွေ တိုးတက်လာပါတယ်။ အခု ၇၀ ရာခိုင်နှုန်း ပြီးစီးသွားပါပြီ”

“၇၀ ရာခိုင်နှုန်းလား။ လိမ်တာ မဟုတ်ရင်တော့ ဒါက အတော်လေး တိုးတက်လာတာပဲ။ ထပ်ပြီး ကြိုးစားထား။ ပြီးရင် သေသေသပ်သပ်နဲ့ လက်စသပ်လိုက်”

ကိုယ်စားလှယ်က ဦးညွှတ်လိုက်၏။ သူက ဤအစည်းအဝေးတွင် ညွှန်းဆိုခံရသည့် အကြောင်းအရင်းကို နားလည်လိုက်သည်။ ထိုအရာက သူ့အင်အားစုနှင့် ခုံရုံးကြားမှ ရင်းနှီးသည့် ဆက်ဆံမှုကို ပြသဖို့ရာဖြစ်ပြီး သူတို့ကို စီမံကိန်းကို ပြီးဆုံးဖို့ ဖိအားပေးဖို့ရာလည်း ဖြစ်၏။

ဟိုးရှေးခေတ်ကတည်းက ဆုပေးခြင်းနှင့် ဒဏ်ပေးခြင်း နည်းစနစ်က သေမျိုးများနှင့် တိုင်းပြည်အုပ်ချုပ်သူများကြားတွင် ကျော်ကြားသည်။

“ဒီနေ့ အစည်းအဝေးအတွက် ငါတို့တွေ အဓိကလုပ်စရာနဲ့ အသေးအဖွဲလုပ်စရာကိစ္စတွေ ရှိတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“အသေးစားကိစ္စတွေအတွက်ကတော့ မင်းတို့ကို အမျိုးသားတည်တံ့ရေးစာကြည့်တိုက်ကို ပေးဖို့ပဲ”

ဝမ်ဝေ့က လက်ဖျောက်တီးလိုက်သည့်အခါ နှင်းပွင့်လို ဖြူစွတ်နေသည့် အဖြူရောင်အဆောက်အဦး၏ ပုံရိပ်က အခန်းအတွင်း ပေါ်ထွက်လာသည်။ အားလုံးက ထိုအရာ၏ ရည်ရွယ်ချက်သည် ကျမ်းများ သို့မဟုတ် ဗဟုသုတများကို ထိန်းသိမ်းဖို့ရာအတွက် ဖြစ်ကြောင်း ပြောနိုင်လေ၏။ သို့သော် သူတို့က ရိုးရှင်းမည် မဟုတ်ကြောင်း သိလိုက်ကြသည်။ ဤအရာ ပေါ်ထွက်လာမှု၏ နောက်ကွယ်တွင် ကြီးမားသည့် လှည့်ကွက် သို့မဟုတ် ဆိုလိုရင်း ရှိနေနိုင်သည်။

“ဒီစာကြည့်တိုက်က အခုတော့ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အမွေအနှစ်တွေ အားလုံးပါဝင်တယ်။ ငါတို့ကျင့်စဉ်တွေ၊ ဧကရာဇ်ကျင့်စဉ်တွေ၊ ဆေးလုံးဖော်စပ်နည်းနဲ့ တခြား‌သော ကျွမ်းကျင်အတတ်ပညာဗဟုသုတတွေ၊ သမိုင်းကြောင်းနဲ့ အရာများစွာရဲ့ ပုံပွားတွေ ပါဝင်တယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်၍ လူများစွာက တံတွေးမျိုချလုနီးပါး လောဘတကြီးဖြင့် ကြည့်လာကြသည်။

“ဒီအရာရဲ့ ရည်ရွယ်ချက်က ဗလာခေတ်ကာလတုန်းကလိုကျင့်ကြံရေးလောကကို ဖျက်ဆီးနိုင်တဲ့ ကပ်ဘေးမျိုးနဲ့ ကြုံလာတဲ့အခါမျိုးမှာ အမွေအနှစ် ဒါမှမဟုတ် မျိုးဆက်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက်ပဲ။ တကယ်လို့ အသင်္ချေအင်ပါယာမှာ တစ်စုံတစ်ခုဖြစ်ပျက်သွားပြီးတော့ ကျင့်ကြံရေးက ပျက်စီးသွားမယ်ဆိုရင် အစကနေ ပြန်စတင်ရမယ်။ အဲ့လိုအချိန်မျိုးမှာ ဒီစာကြည့်တိုက်က ငါတို့ရဲ့ ဗဟုသုတတွေကို ထိန်းသိမ်းထားပြီးတော့ နောင်အနာဂတ်ကို လက်ဆင့်ကမ်းနိုင်လိမ့်မယ်။ မင်းတို့တွေအားလုံးလည်း အမွေအနှစ်ကို ထိန်းသိမ်းဖို့ ဖိတ်ခေါ်ချင်တယ်”

ကျစ်…

အောင်းရှန်က တွေးလိုက်မိသည်။ အကယ်၍ ဗလာခေတ်ကာလနှင့်တူညီသည့် တစ်စုံတစ်ခု ဖြစ်ပျက်လာပါက ကမ္ဘာကြီးသည် ရှေးဟောင်းဧကရာဇ်ခေတ်ကာလနှင့် တူညီသည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကာ လူများစွာက စနစ်အသစ်ကို ဖြန့်ဝေဖို့နှင့် လက်နက်ဘိုးဘေး၊ ဆေးဝါးဘိုးဘေး၊ အဆောင်ဘိုးဘေးကဲ့သို့သော ဂုဏ်ပုဒ်များအတွက် ယှဉ်ပြိုင်ကြလိမ့်မည်။ ပို၍အရေးကြီးသည်က ထိုဂုဏ်ပုဒ်များကို ဆုပ်ကိုင်ထားသည့် လက်ရှိအင်အားစုများသည် ကံကောင်းမှုနှင့် ကာကွယ်မှုများကို ဆုံးရှုံးသွားရမည် ဖြစ်၏။

ဤအပြုအမူက ဝမ်ဝေ့သည် အဆိုးဆုံးသော အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားဟန်ပေါ်သည်။ သို့သော်လည်း အမှန်တရားကမူ သူသည်သာ တာအိုအခွင့်အလမ်းဂိုဏ်း၏ တာအိုဖခင်ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားလိုခြင်းသာ ဖြစ်သည်။

အောင်းရှန်က တိတ်တဆိတ် အံကြိတ်လိုက်မိသည်။ သူ တွက်ဆထားသည့် အနာဂတ်နှင့် နတ်ဆိုးမျိုးနွယ်အပေါ် ပြင်ဆင်ထားမှုအရ သူတို့သည် ကောင်းကင်ဧကရာဇ်ခေတ်ကာလ ပျက်စီးသွားသည်အထိ စောင့်ဆိုင်းရပေမည်။ ဤသို့သော စည်ပင်ကြွယ်ဝသည့် ခေတ်ကာလမျိုးပင် ထာဝရကြာရှည်နိုင်မည် မဟုတ်ကြောင်း သိထားလေ၏။ ကမ္ဘာ၏ မျှခြေညီ စက်ယန္တရား လုပ်ဆောင်ချက်အရ ဤခေတ်ကာလက စည်ပင်ကြွယ်ဝလေလေ မျှခြေညီအောင် ကျရှုံးမှုကလည်း ကြီးမားလေလေ ဖြစ်သည်။

ထိုအခါ ကျင့်ကြံရေးက ပြန်လည်စတင်ရမည်ဖြစ်ကာ နတ်ဆိုးမျိုးနွယ်၏ အခွင့်အရေး ဖြစ်လာနိုင်သည်။ သူတို့က ကမ္ဘာ၏ ဇာတ်လိုက်ရာထူးကို ယှဉ်ပြိုင်ပြီး ဤအလွှာကို အောင်အောင်မြင်မြင် လွှမ်းမိုးနိုင်လိမ့်မည်။ သို့သော် သူ့အမြင်က ယခုအခါ အိမ်မက်တစ်ခုကလွဲ၍ ဘာမှမဟုတ်သေးပေ။

“ရှေးဟောင်းမျိုးနွယ်ရဲ့ အမွေအနှစ်ကို စာကြည့်တိုက်ထဲမှာ သိမ်းဆည်းဖို့ သဘောတူပါတယ်” ဟို့ဖုန်းဟွမ်က ပထမဦးစွာ ပြောလိုက်၏။ ဤအစီအစဉ်က သူတို့အတွက် အကျိုးကျေးဇူးအများဆုံး ရှိလေသည်။ ဤသို့သော အနေအထားမျိုး ကပ်ဘေးဖြစ်လာခဲ့ပါက သူတို့မျိုးနွယ်သည် သူတို့၏ အောက်မေ့ဖွယ် ချီကံကောင်းမှုကို ထိန်းသိမ်းထားနိုင်ဖို့ အခွင့်အရေးက အနည်းဆုံး ဖြစ်၏။

တကယ်တော့ သူတို့ကို သုတ်သင်ပစ်ကာ တခြားသူအသစ်များကို ထိုချီကံကောင်းမှုများကို ဆုပ်ကိုင်ဖို့ အခွင့်အရေးပေးခြင်းက ကောင်းကင်တာအိုအတွက် အကျိုးအရှိဆုံးဖြစ်လိမ့်မည်။ ဤစာကြည့်တိုက်က ထိုအရာဖြစ်ပျက်လာခြင်းကို တားဆီးဖို့ရာအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်၏။

“ကျွန်မတို့လည်း သဘောတူတယ်” ထုံရို့ပင်းက ပြောလိုက်သည်။ ထို့နောက်တွင် မူလသင်္ကေတနန်းဆောင်ကို ကိုယ်စားပြုသည့် ဝူမင်၊ မူလဆေးလုံးတာအိုဂိုဏ်းမှ ကိုယ်စားလှယ်များ၊ မူလလက်နက်တောင်၊ တာအိုချိုင့်ဝှမ်းနှင့် ဖုန်းဟွမ်တို့ကလည်း ပါဝင်လာကြသည်။

တခြားသူများကလည်း သူတို့အချင်းချင်းကြား ဆွေးနွေးနေကြ၏။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အောက်မေ့ဖွယ် ချီကံကောင်းမှု ဆုပ်ကိုင်ထားခြင်း မရှိသည့် ဓားရေးစံအိမ်က ပထမဦးဆုံး သဘောတူလာခဲ့၏။ သူတို့က ထိုအရာသည် နောင်အနာဂတ်တွင် ဓားရေးကမ္ဘာကို ဖြစ်တည်လာနိုင်သည့် အခွင့်အရေးတစ်ခုဟု မြင်နေသည်။

ဆွေးနွေးမှု အဆုံးသတ်သွားသည့်အခါ တခြား‌သော ဂိုဏ်းများက အကြံပြုမှုကို သဘောတူကြစဉ် တချို့သူများကမူ တုံ့ဆိုင်းနေကြဆဲ ဖြစ်၏။

All Chapters