← Chapters

ချဲ့ထွင်ခြင်း

Vol. 75 Ch. 1041

ချဲ့ထွင်ခြင်း

Vol. 75 Ch. 1041

ဝမ်ဝေ့က ထိုလူများသည် ဆုံးဖြတ်ချက်ချဖို့ရာ အဘယ်ကြောင့် တုံ့ဆိုင်းနေမှန်း သိထားလေသည်။ သူ သို့မဟုတ် တခြားသူများက သူတို့ဂိုဏ်း၏ အမွေအနှစ်များ ရရှိသွားမည်ကို စိုးထိတ်ကြ၏။ သူတို့ မသိထားသည်ကား သူတို့အင်အားစု၏ ကျမ်းအများစုကို သူက ရရှိထားပြီးသား ဖြစ်သည်။ သူ့အနေဖြင့် စာကြည့်တိုက်ကို ဖန်တီးရခြင်းက သူ့ဂိုဏ်း၏ အဆင့်အတန်းကို ထိန်းသိမ်းဖို့ ဖြစ်ပြီး တခြားသူများကိုလည်း တူညီသည့် အခွင့်အရေးပေးဖို့ရာ ထုတ်ပြောလိုက်ခြင်းသာ ဖြစ်သည်။

သူ့အနေဖြင့် စာကြည့်တိုက်အတွက် အားများစွာ စိုက်ထုတ်ထားခဲ့ရသည်။ သူက လေဟာနယ်တိုက်ပွဲကွင်းပြင်နှင့် တူညီသည့် ဗလာစွမ်းအားဖြင့် ဖွဲ့စည်းထားသည့် သီးသန့် ဒိုင်မေးရှင်းတစ်ခုအတွင်း ဝှက်ထားရ၏။ ကမ္ဘာ၏ အချိန်စက်ဝန်း သို့မဟုတ် သမိုင်းကြောင်းက ထပ်မံပျက်စီးသွားလျှင်ပင် ကာလံဒေသံ၏ အပြင်ဘက်တွင် ရှိနေသည့်အတွက် ဤနေရာကို သက်ရောက်ဖို့ရာ ခက်ခဲလိမ့်မည်။

ဝမ်ဝေ့က လူများက ကံ သို့မဟုတ် ကံကြမ္မာမြစ်ကြောင်းကို အသုံးပြု၍ သက်ရောက်စေခြင်းမှလည်း တားဆီးဖို့ အကာအကွယ်များ ချန်ထားခဲ့သည်။ သူ ထွက်မသွားခင် ကမ္ဘာ၏ မှတ်ဉာဏ်များကို လွှမ်းမိုးကာ ဤစာကြည့်တိုက်၏ တည်ရှိမှုအကြောင်း မေ့လျော့အောင် လုပ်ခဲ့မည်။ ကောင်းကင်တာအိုပင် ထိုတည်ရှိမှုအကြောင်း ဝေဝေဝါးဝါးသာ သိလိမ့်မည်။

သူက စာကြည့်တိုက်အတွက် အင်မော်တယ် စိတ်ဝိညာဉ်တစ်ခုကို ဖန်တီးခဲ့မည်။ ထိုအရာ၏ အဓိကရည်ရွယ်ချက် သို့မဟုတ် တည်ရှိမှုက စာကြည့်တိုက်အား လေဟာနယ်ထဲမှ သင့်တော်သည့်အချိန်အတွင်း ပြန်လည်ယူဆောင်လာဖို့ ဖြစ်၏။

“အခု နောက်ထပ်ကိစ္စက အလွှာနိမ့်ကမ္ဘာတွေမှာ ချဲ့ထွင်ဖို့ပဲ” ဝမ်ဝေ့က ကြေညာလိုက်သည်။ သူက လက်ဖျောက်တီးလိုက်သည့်အခါ ရွှေရောင်၊ ငွေရောင်နှင့် ကြေးနီရောင်များဖြင့် မှတ်သားထားသည့် အစက်အပြောက်များစွာ ရှိသည့် မြေပုံကြီးတစ်ခုကို မြင်လိုက်ရသည်။ ထိုကိုယ်စားလှယ်များက မြေပုံကို မြင်လိုက်သည်နှင့် သူတို့စိတ်ထဲ ထိုအရောင်များ၏ အဓိပ္ပာယ်ကို သိလိုက်ကြသည်။ မဟာကမ္ဘာက ရွှေရောင် ဖြစ်ကာ အလယ်အလတ်ကမ္ဘာက ငွေရောင်ဖြစ်ပြီး အလွှာနိမ့်က ကြေးနီရောင် ဖြစ်ပေသည်။

လူတချို့က ခုံရုံးတွင် ဤကမ္ဘာ၏ အသေးစိတ်မြေပုံကို ရှိနေသည့်အတွက် အံ့အားသင့်နေကြသည်။ သို့သော် သူတို့အနေဖြင့် ရှေ့တွင် ရှိနေသည့်သူက ဘယ်သူလဲသိသွားသည့်အခါ အရာအားလုံးက ဖြစ်နိုင်ကြောင်း နားလည်သွားကြသည်။

“အ‌ထွေထွေရေးရာဌာနရဲ့ ကြိုးစားမှုအောက်မှာ အလွှာနိမ့်ကို ငါ မျှတတယ် ထင်သလို ပိုင်းခြားထားတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“မင်းတို့တစ်ယောက်ချင်းစီက ကမ္ဘာအရေအတွက် သတ်မှတ်ပေးမယ်။ မင်းတို့ရဲ့ ရည်ရွယ်ချက်က ခုံရုံးရဲ့ အာဏာကို အဲဒီကမ္ဘာတွေဆီ ဖြန့်ဝေဖို့ပဲ”

သူက လက်မြှောက်လိုက်ပြီး ကောင်းကင်အစီအရင်၏ ပုံကြမ်းကို ပြသလိုက်သည်။

“မင်းတို့တွေက အဲဒီကမ္ဘာကို ရောက်တာနဲ့ ကမ္ဘာတစ်ခုလုံးကို ဒီအစီအရင်နဲ့ လွှမ်းခြုံလိုက်ဖို့ လိုတယ်။ အဲဒီကမ္ဘာက ကောင်းကင်တာအိုတွေက ငါတို့နဲ့ အလိုလိုဆက်သွယ်သွားလိမ့်မယ်။ အဲဒီနောက် မင်းတို့က နတ်ဘုရားရာထူးတွေကို တရားဝင်သတ်မှတ်ပေးလို့ရပြီ”

ဝမ်ဝေ့က နောက်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“ဧကရာဇ်မျိုးနွယ် မဟုတ်တဲ့သူတွေအတွက် ဂရုစိုက်ပေးမယ်လို့ ကတိပေးထားတယ်။ ငါ့ကိုယ်ငါ ကတိတည်တဲ့သူလို့ ထင်တယ်။ မင်းတို့တွေအတွက် ကမ္ဘာတွေကို ကောင်းကောင်းဝေမျှပေးထားတယ်။ အဲဒါအပြင် မင်းတို့တွေထဲက တချို့က ကောင်းကင်အဆင့်အစီအရင်ကို မခင်းကျင်းနိုင်သေးဘူးဆိုတာကို သိလို့ ခုံရုံးဘက်ကနေ တူညီတဲ့ သက်ရောက်မှုရှိတဲ့ သီးသန့်တိုင်လုံးတွေကို သန့်စင်ပေးထားတယ်”

စည်းမျဉ်းကုန်းမြေရှိ ကိုယ်စားလှယ်များက မျက်နှာပူသွားကြသည်။ သူတို့က အိပ်မက်လောကတည်ရှိသည့် ခေတ်ကာလတွင် နေထိုင်ကြပြီး သူတို့၏ အင်အားစုက ကောင်းကင်အဆင့်အစီအရင်ကိုပင် မခင်းကျင်းနိုင်သည်မှာ လက်သင့်မခံနိုင်စရာ ဖြစ်၏။ သို့သော်လည်း သူတို့က ဂိုဏ်း၏ အုတ်မြစ်ကို တည်ထောင်နေဆဲကာလဖြစ်နေသည့်အတွက် အိပ်မက်လောက ဖန်ဆင်းပြီးသည့်နောက် အချိန်များများ မကြာမြင့်သေးပေ။ သူတို့အနေဖြင့် အရှင့်အား ကြင်နာတတ်သည့်အတွက် ကျေးဇူးတင်လိုက်ကြသည်။

ဝမ်ဝေ့က သူတို့၏ စကားကို လက်ခံပြီးသည့်နောက်တွင် ဆက်ပြောလိုက်၏။

“အဲဒီကမ္ဘာက နေထိုင်သူတွေဆီကနေ ခုခံမှုကို မျှော်လင့်ထားကြ။ မင်းတို့တွေ သိတဲ့အတိုင်း ဘယ်ကျင့်ကြံသူကမှ သူတို့ရဲ့ကမ္ဘာကို နယ်ခြားတွေ ကျူးကျော်လာတာကို ကြိုက်ကြမှာ မဟုတ်ဘူး။ အပြောင်းအလဲကောင်းဆိုရင်တောင်ပေါ့”

သူက လက်ဖျောက်တီးလိုက်သည့်အခါ ကိုယ်စားလှယ်တိုင်းဆီတွင် အချက်အလက် အဆောင်များ ရောက်ရှိလာသည်။

“ဒါက အဲဒီနေထိုင်သူတွေနဲ့ ဆက်သွယ်ဖို့အတွက် ခုံရုံးက လုပ်ထားတဲ့ လမ်းညွှန်ချက်ပဲ။ မင်းတို့ မြင်တဲ့အတိုင်း နတ်ဘုရားရာထူးရဲ့ ၅ ရာခိုင်နှုန်းကို ကောင်းမွန်စွာ ဆက်သွယ်နိုင်မှုနဲ့ တည်ရှိမှုအတွက် အဲဒီက နေထိုင်သူ နယ်ခံတွေကို ပေးအပ်မယ်။ ငါကိုယ်ပိုင်အမြင်အရတော့ စွမ်းအားမြင့်တဲ့ မဟာကမ္ဘာတွေမှာဆိုရင် ၁၅ကနေ ၂၀ရာခိုင်နှုန်းအထိ ဖြစ်နိုင်တယ်”

ဝမ်ဝေ့က ရပ်တန့်လိုက်ပြီးသည့်နောက်တွင် ထိုသူများကို သတင်းအချက်အလက် ကြည့်ဖို့ အချိန်ပေးလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။

“မင်းတို့မြင်တဲ့အတိုင်း ကြမ္မာကလေးငယ်ကို ဖန်တီးမဲ့ အကျိုးဆက်အကြောင်း ကောင်းကောင်းဖော်ပြထားတယ်”

အားလုံးက ထိုကဏ္ဍကို အာရုံစိုက်လိုက်ကြ၏။

“မင်းတို့ရဲ့ ရက်စက်တဲ့ အပြုအမူတွေကြောင့် ကြမ္မာကလေးငယ် ဖန်တီးခံရရင် ခုံရုံးက မင်းတို့တွေကို ပြင်းထန်တဲ့ ဒဏ်ကြေးကောက်လိမ့်မယ်။ အဆိုးဆုံးအခြေအနေအရဆိုရင် မင်းတို့တွေရဲ့ အဲဒီကမ္ဘာကို လွှမ်းမိုးခွင့်ကိုလည်း ပြန်ပြီးတော့ ရုတ်သိမ်းလိမ့်မယ်။ တကယ်လို့ အဲဒီကြမ္မာဖန်တဲ့သူက ကမ္ဘာမှာ ရှိတဲ့ ကောင်းကင်တာအိုရဲ့ တန်ပြန်သက်ရောက်မှုကြောင့် ဒါမှမဟုတ်ဘူးဆိုရင် မလိုလားမှုကြောင့် ဖြစ်ပေါ်လာတယ်ဆိုရင်တော့ ဒဏ်ကြေးရှိမှာမဟုတ်ဘူး”

ဝမ်ဝေ့က လက်ဖျောက်တီးလိုက်ပြီး သူတို့အား အလယ်တွင် သလင်းကျောက်တစ်ခု ရှိနေသည့်အခန်းကို ပြသလိုက်သည်။

“ဒါက အလွှာနိမ့်မှာ ကြမ္မာကလေးငယ် မွေးဖွားမှုကို နောက်ယောင်ခံပေးဖို့ ဖန်တီးထားတဲ့ ပစ္စည်းပဲ။ ငါတို့တွေက သူတို့ပေါ်ထွက်လာမှုတွေကို လေ့လာစောင့်ကြည့်ဖို့အတွက် အဖွဲ့တစ်ခု ထားရှိမယ်”

ဝမ်ဝေ့က ကြမ္မာကလေးငယ်များကို လျှော့တွက်၍ မရကြောင်း သိထားလေသည်။ သူတို့က သူ့ခေတ်ကာလကို အဆုံးသတ်ပစ်ဖို့ ဓာတ်ကူး ဖြစ်လာနိုင်၏။

ထို့ကြောင့် သူ့အနေဖြင့် ထိုသူများ ပေါ်ထွက်လာမှုကို ကြိုတင်ပြင်ဆင်ထားရသည်။ သူက ဧကရာဇ်မျိုးနွယ် မဟုတ်သည့်သူများကို ထပ်မံကြည့်ကာ ပြောလိုက်၏။

“ဧကရာဇ်တစ်ပိုင်းအဆင့်ရှိတဲ့ အထွတ်အထိပ်နယ်မြေတွေက မဟာကမ္ဘာကို ထိန်းချုပ်ဖို့ ရွေးချယ်မှု ရှိတယ်။ မစိုးရိမ်ကြနဲ့။ သူတို့တွေက အင်မော်တယ်အဆင့် အင်အားစုရှိတဲ့ အလွှာတွေမဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့တွေအနေနဲ့ အဲဒီကမ္ဘာတွေက သူတို့ရဲ့ ကျင့်ကြံဆင့်ထက် ကျော်လွန်တဲ့သူတွေကို စိန်ခေါ်နိုင်တဲ့ ပါရမီထူးကဲတဲ့သူတွေကို မွေးထုတ်ပေးနိုင်တယ်ဆိုတာကိုတော့ ထည့်သွင်းစဉ်းစားထားရမယ်။ တကယ်လို့ မင်းတို့တွေက မဟာကမ္ဘာတွေကို မင်းတို့ပိုင်နက်အဖြစ် ရွေးချယ်လိုက်ပြီး တာဝန်မထမ်းဆောင်နိုင်ဘူးဆိုရင် ခုံရုံးကို အကူအညီတောင်းပြီးတော့ တန်ကြေးပေးနိုင်တယ်”

သူက ထိုစကားများကို ပြောပြီးသည့်နောက် တချို့သောအင်အားစုများကသာ ထိုကမ်းလှမ်းမှုကို လက်ခံကြသည်။ သူတို့က ဧကရာဇ်တစ်ပိုင်းအဆင့်ရှိထားသည့် အထွတ်အထိပ်ကုန်းမြေများ ဖြစ်၏။ ထိုကုန်းမြေများက အင်မော်တယ်မျိုးနွယ်အဆင့်အဖြစ် တက်လှမ်းနိုင်ဖို့အတွက် မသေမျိုးနန်းဆောင်ကို လဲလှယ်ဖို့ရာ ကုသိုလ်ရမှတ်ကို စုဆောင်းရင်း ပြိုလဲလုနီးပါး ဖြစ်နေကြသည်။

ဝမ်ဝေ့က ထိုသူများ၏ ရွေးချယ်မှုကို မှတ်ချက်မပေးခဲ့ပေ။ သူတို့က သူတို့၏ ကြမ္မာအတွက် တာဝန်ရှိသူများသာ ဖြစ်၏။

“မင်းတို့ရဲ့ ပိုင်နက်ထဲ ရောက်ရှိပြီးတဲ့နောက်မှာ ဖရိုဖရဲမဖြစ်စေနဲ့။ ပြီးရင် နတ်ဘုရားရာထူးကို ရွေးချယ်ပေးကြ။ နောက်တစ်ဆင့်က သေမျိုးလူမှုအဖွဲ့အစည်းပဲ။ လမ်းညွှန်ချက်အတိုင်း ဒီချဲ့ထွင်မှုထဲ မင်းတို့ရဲ့ ပိုင်နက်ထဲမှာ သေမျိုးလူမှုအဖွဲ့အစည်းတွေ ထည့်သွင်းဖို့ အကြံပြုထားတယ်။ အပြောင်းအလဲ‌တွေက သာမန် သေမျိုးတွေဆီကနေ ရောက်လာတယ်ဆိုရင် လက်ခံဖို့ ပိုပြီးလွယ်ကူလိမ့်မယ်။ မှတ်ထား။ ဒီချဲ့ထွင်မှုရဲ့ ကုသိုလ်၂၀ရာခိုင်နှုန်းက ငါ့ဆီရောက်လာလိမ့်မယ်”

ဝမ်ဝေ့က ခုံရုံးထံ မဟုတ်ဘဲ သူ့ဆီ ဖြစ်၍ ထိုသူများအား သူ့အကျိုးအမြတ်နှင့် ဝင်ရောက်မစွက်ဖက်သင့်ကြောင်း ပြောနေခဲ့သည်။

“မင်းတို့အများစု ခန့်မှန်းတဲ့အတိုင်း ငါ့ရည်ရွယ်ချက်က ဉာဏ်အလင်းပွင့်ဗိမာန်ကို မဖွင့်လှစ်ခင် ကမ္ဘာမှာ စာတတ်မြောက်ဖို့ အဓိကပဲ။ အဲဒါကြောင့် ဘယ်လိုပုံစံနဲ့မှ ငါ့ရဲ့ ဗိမာန်ကို ဝင်ရောက်စွက်ဖက်ဖို့ မကြိုးစားနဲ့။ လောဘလည်း မကြီးနဲ့။ ဒီကိစ္စကို ငါ သည်းခံမှာ မဟုတ်ဘူး”

အားလုံးက ကြက်သီးတဖြန်းဖြန်း ထသွားကြပြီး ချက်ချင်း သဘောတူလိုက်ကြသည်။

“အရာအားလုံး အဆင်ပြေသွားတဲ့အချိန်မှာ အိပ်မက်လောကဝင်ခွင့်ကို မင်းတို့ကမ္ဘာတွေဆီ ပေးလို့ ရတယ်။ ဘယ်အချိန်က သင့်တော်လဲဆိုတာကိုတော့ ငါ ပြောဖို့လိုမယ် မထင်ဘူး။”

ဝမ်ဝေ့က အောင်းရှန်ကို ကြည့်ကာ ပြောလိုက်၏။

“အလွှာနိမ့်မှာ မင်းတို့ရဲ့ နတ်ဆိုးစာသင်ကျောင်းတွေကို ဖွင့်လှစ်နိုင်တယ်။ ဒါပေမဲ့ ကုသိုလ် ၉၀ ရာခိုင်နှုန်းက တာအိုအခွင့်အလမ်းဂိုဏ်းဆီ ရောက်လာလိမ့်မယ်”

အောင်းရှန်က ရှုံ့မဲ့လုနီးပါးဖြစ်သွားသည်။ သို့သော် သူက ဘာမှမပြောခဲ့ပေ။ တခြားတစ်ယောက်က နတ်ဆိုးစာသင်ကျောင်းကို ဖန်တီးခဲ့သည့်အတွက် သူ့အနေဖြင့် ဝေစုရသည်ကိုပင် ကျေနပ်နေပြီ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ အလွှာနိမ့်ရှိ ကမ္ဘာအားလုံးမှ ကုသိုလ်ဆယ်ရာခိုင်နှုန်းသည်ပင် အတော်လေး များပြားနေပြီ ဖြစ်သည်။

“ကျုပ် နားလည်ပါတယ်”

“မင်းက ဉာဏ်ကောင်းတဲ့သူဆိုတော့ မင်းရဲ့လူတွေ အဲဒီကမ္ဘာကို အုပ်စိုးတဲ့အချိန် ထိန်းချုပ်မှုကင်းလွတ်သွားတာရဲ့ အကျိုးဆက်ကို ပြောပြဖို့ လိုမယ်မထင်ဘူး”

“ဟုတ်ကဲ့”

ဤအချိန်ကြာသည့်တိုင် သတိပေးနေသည့်အရာက သူ့မျိုးနွယ်သည် မိုးမြေ၏ ဇာတ်လိုက်မဟုတ်ကြောင်းသာ ဖြစ်၏။ ရလဒ်အနေဖြင့် အရာအားလုံးက သူတို့နှင့် ပတ်သက်လာသည့်အခါ ရှုပ်ထွေးလာခဲ့သည်။ ကံကောင်းစွာဖြင့် ထိုအချက်သည် ခုံရုံးက နတ်ဆိုးမျိုးနွယ် ဇာတ်လိုက်ဖြစ်နေသည့် ကမ္ဘာ့အသိုက်အဝန်းဆီရောက်ရှိသွားပါက အကျိုးကျေးဇူး ရရှိလိမ့်မည်။

ဝမ်ဝေ့၏ နောက်ပစ်မှတ်က ရှုရှစ် ဖြစ်၏။

"တကယ်လို့ စာသင်ကျောင်းကို တခြားလူရဲ့ ပိုင်နက်ထဲမှာ ထားရှိစေချင်တယ်ဆိုရင် သူတို့နဲ့ ညှိနှိုင်းလိုက်"

"အရှင့်ကို ကျေးဇူးတင်ပါတယ်" ရှုရှစ်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။ ဤသည်က သူတို့၏ မိတ်ဆွေဆက်ဆံရေးကြောင့် ဖြစ်ကာ ပထမဦးဆုံး အခွင့်အရေးပေးကြောင်း သိထားသည်။ သူမက ထိုအရာကို ကျေနပ်နေပြီဖြစ်ကာ ထပ်မံ မတောင်းဆိုတော့ပေ။

"ဖုန်းဟွမ်"

"ကိုယ်တော် ဒီမှာ ရှိပါတယ်။ ငါ့ရဲ့ ဂုဏ်ထူးဆောင် ဗုဒ္ဓအဆင့်အတန်းနဲ့ အလွှာနိမ့်ရဲ့ ကမ္ဘာတိုင်းမှာ အဖွဲ့ခွဲတည်ထောင်ခွင့်ပြုတယ်"

ဖုန်းဟွမ်က အနည်းငယ် အံ့အားသင့်သွားမိသည်။ သူက ချဲ့ထွင်မှုကြောင့် မဟုတ်ဘဲ ကောင်းကင်ဧကရာဇ်က သူသည် ဂုဏ်ထူးဆောင် ဗုဒ္ဓတစ်ပါးဖြစ်ကြောင်း ဝန်ခံလိုက်၍ ဖြစ်၏။ တာအိုဘာသာဂိုဏ်းကလည်း ဤသတင်းကြောင့် တုန်လှုပ်သွားကြသည်။ သူတို့က ဗုဒ္ဓဘာသာမြင့်တက်လာမှုသည် ဤမျိုးဆက်အတွင်း ရှောင်ရှား၍ မရနိုင်ကြောင်း သိထားသော်လည်း အကြီးမားဆုံးနှင့် အားအကောင်းဆုံး ဧကရာဇ်၏ ထောက်ခံမှုကို ရရှိထားသည့်အခါ ကွဲပြားသည့် ကိစ္စတစ်ခု ဖြစ်သွားလေသည်။

"ဒီဘုန်းကြီးက..."

"ငါ့ကို ကျေးဇူးမတင်နဲ့ဦး" ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။

"မင်းတို့တွေ ဗုဒ္ဓဘာသာကို ဖြန့်ဝေနိုင်တယ်ဆိုရင်တောင် မင်းတို့ပိုင်နက်ထဲကလွဲရင် တခြားနတ်ဘုရားရာထူးနဲ့ ကုသိုလ်တွေ ရမှာ မဟုတ်ဘူး"

ဝမ်ဝေ့က ဤသတင်းကို ရဲတင်းစွာကြေညာဖို့ ဆုံးဖြတ်လိုက်ရသည်မှာ အန္တိမသဟဇာတနဲ့ မေတ္တယျတို့ ပျောက်ကွယ်သွားမှုကြောင့် ဖြစ်၏။ သို့သော် ဤသည်က သူသည် ဗုဒ္ဓဘာသာကို အချုပ်အနှောင်မရှိ ကြီးထွားခွင့်ပြုလိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

"ဒီကိုယ်တော်က လောဘမကြီးပါဘူး။" ဖုန်းဟွမ်အနေဖြင့် ဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှု မပြန့်ကျဲသွားစေဖို့ တခြားသူများနှင့် နတ်ဘုရားရာထူး လဲလှယ်ဖို့သာ လိုအပ်ကြောင်း သိထားလေသည်။ ထိုအခါ အရာအားလုံးက အဆင်ပြေသွားမည် ဖြစ်၏။

"တခြားမေးစရာ ရှိသေးလား"

All Chapters