← Chapters

မူပိုင်ခွင့်နှင့် ရုတ်တရက် လှုပ်ရှားမှု

Vol. 75 Ch. 1045

မူပိုင်ခွင့်နှင့် ရုတ်တရက် လှုပ်ရှားမှု

Vol. 75 Ch. 1045

ကောင်းကင်ခုံရုံး

ဝမ်ဝေ့က ကမ္ဘာတိုင်းကို သေချာစောင့်ကြည့်နေပြီး ထိုသူများက မည်သို့စီမံခန့်ခွဲနေသည်ကို ကြည့်နေလိုက်သည်။ များသောအားဖြင့် အလွှာအနိမ့်ရှိ နယ်ခံများက အင်အားကွာခြားချက်ကြောင့် ခုခံခြင်း မရှိခဲ့ပေ။ သို့သော်လည်း အချို့သော ရန်လိုသည့် ကမ္ဘာ သို့မဟုတ် သူစိမ်းသဘောမကျသည့် ကမ္ဘာများကမူ သွေးမည်မျှပင် စတေးရစေကာမူ ခုခံခဲ့သည်။

ထိပ်သီး အထွတ်အထိပ်နယ်မြေတစ်ခုက ကံဆိုးစွာဖြင့် ပုန်ကန်သည့် ကမ္ဘာကို ရွေးချယ်ခဲ့ပြီး ခုံရုံးအား လာရောက်အကူအညီ တောင်းခံခဲ့ရသည်။

ယေဘုယျအနေနဲ့ဆိုရင် ကိစ္စတွေအားလုံးက အဆင်ပြေချောမွေ့နေတယ်...

ဝမ်ဝေ့က တွေးလိုက်မိသည်။

ခုံရုံးရဲ့လက်တံက ဒီကမ္ဘာအသိုက်အဝန်းအနှံ့ ရောက်ဖို့ အချိန်တစ်ခုပဲ လိုလိမ့်မယ်။ နောက်တစ်ခုက အဲဒီသူခိုးတွေကို စောင့်ကြည့်ဖို့ပဲ...

သူက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ ဤကမ္ဘာ့အသိုက်အဝန်ကို စောင့်ကြည့်နေသည့် မျက်လုံးများစွာ ရှိနေသည်။ ဤသို့ရုတ်ရုတ်သဲသဲဖြစ်မှုဖြင့် ထိုသူများက နည်းလမ်းအကုန်သုံးကာ ဘာဖြစ်နေလဲ စစ်ဆေးကြည့်လိုက်ကြသည်။ သူအနေဖြင့် ထိုသူများအား ယာယီ ပိတ်ဆို့ထားရ၏။

ဝမ်ဝေ့က အကြည်လွှဲပြီးသည့်နောက်တွင် နောက်တစ်ဆင့်က မူပိုင်ခွင့်စနစ်ကို ဖန်တီးဖို့ ဖြစ်၏။

"အစစ်အမှန်ကောင်းကင်ဘုံကို မျက်မြင်သက်သေထားပြီး ဖန်တီးမှုနဲ့ တီထွင်ဉာဏ်ကို ကာကွယ်ဖို့ မူပိုင်ခွင့်စနစ်ကို ဖန်တီးချင်ပါတယ်"

ဝမ်ဝေ့၏ အသံက အသင်္ချေအင်ပါယာကမ္ဘာတစ်လျှောက် ပျံ့နှံထွက်သွားသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အစစ်အမှန် ကောင်းကင်တာအို၏ မျက်လုံး ပေါ်ထွက်လာ၏။ သူ့အနေဖြင့် အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ ကောင်းကျိုး၊ ဆိုးကျိုးနှင့် အသုံးဝင်မှုများအကြောင်း ရှင်းပြခဲ့သည်။

နာရီဝက်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့၏ အသံက အသင်္ချေအင်ပါယာကမ္ဘာအတွင်းသာ ကန့်သတ်မခံရတော့ဘဲ အဆုံးမဲ့လေဟာနယ်တစ်လျှောက် ပျံ့နံ့ထွက်သွားသည်။ ကမ္ဘာရှိ ကျင့်ကြံသူအားလုံးက ထိုမူပိုင်ခွင့်စနစ်အကြောင်း သိရှိသွားကြသည်။ ပုန်းလျိုးကွယ်လျိုး အင်အားစု သို့မဟုတ် ထင်သာမြင်သာ အင်အားစုတိုင်းက ဤစနစ်နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို သိချင်ပြီး သူတို့အပေါ် မည်သို့အကျိုးသက်ရောက်မှု ရှိလာမည်ကို သိချင်နေကြသည်။

"ကောင်းပြီ။ ကိစ္စတွေက ငါထင်ထားသလိုတော့ ဖြစ်မလာခဲ့ဘူး။" ဝမ်ဝေ့က ရေရွတ်လိုက်ပြီး စိတ်ပျက်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ အစစ်အမှန်ကောင်းကင်တာအိုက သူမူပိုင်ခွင့်စနစ်ကို လက်ခံခဲ့သော်လည်း သူ ထင်ထားသလိုမျိုး အသေးစိတ် တင်းကြပ်ထားခြင်းမျိုး မရှိပေ။

ပထမဦးစွာ ထိုအရာက ဒိုင်‌မေးရှင်းအနိမ့်တစ်ခုလုံးအပေါ် ကျယ်ပြန့်စွာ သက်ရောက်မှုရှိသည့် အတွေးအခေါ် သို့မဟုတ် ဖန်တီးမှုများကိုသာ ကာကွယ်ပေးထားသည်။ ထို့ကြောင့် ဝမ်ဝေ့၏ အိပ်မက်လောက< သေမျိုး လူမှုအဖွဲ့အစည်း၊ ဉာဏ်အလင်းပွင့်ဗိမာန်နှင့် ကောင်းကင်ခုံရုံးတို့u ကာကွယ်ပေးခံထားရပြီး လူများက သူတို့၏ သက်ဆိုင်ရာအသိုင်းအဝန်းတွင် ထိုအရာများကို ပြန်လည်အသုံးပြုလိုပါက သူ့အား မူပိုင်ခွင့်ကြေး ပေးရလိမ့်မည် ။ သူက သူတို့ကို ငြင်းဆန်ပိုင်ခွင့်လည်း ရှိ၏။ ထို့နောက် အစစ်အမှန်ကောင်းကင်တာအိုက စည်းမျဉ်းများဖြင့် သူ့ပိုင်ဆိုင်မှုများကို ကာကွယ်ပေးလိမ့်မည်။

သို့သော်လည်း တချို့သော အရာများဖြစ်သည့် အလိုအလျောက် ဆေးပြင်မီးဖို သို့မဟုတ် ထုံရို့ပင်း၏ အဆောင်လက်နက်တို့ကမူ ထိုမူပိုင်ခွင့်စည်းမျဉ်းမှ ကာကွယ်ပေးခြင်း မခံရပေ။ တခြားနည်းဖြင့်ပြောရလျှင် လူများစွာက ထိုအရာများကို ပြန်လည်ပုံတူပွားနိုင်ပြီး ကုသိုလ်များကို လက်ခံရရှိနိုင်သည်။ အကယ်၍ ဝမ်ဝေ့က ထိုအတွေးအခေါ်များကို ကာကွယ်လိုပါက ကောင်းကင်ဧကရာဇ်ရာထူးအပေါ် သူ ထားရှိခဲ့သည့် ယခင်ကျိန်စာလိုမျိုး ထားရှိရမည်။

ဤကန့်သတ်ချက်က စိတ်ပျက်ဖို့ကောင်းသည့် တစ်ခုတည်းသော အရာ မဟုတ်ပေ။ အစစ်အမှန်ကောင်းကင်တာအိုက မူပိုင်ခွင့်ရှိသူများကို မှတ်တမ်းတင်ထားမည် ဖြစ်သော်လည်း ထိုမှတ်တမ်းက ထာဝရဧကရာဇ်လိုမျိုး တည်ရှိမှု၏ တစ်စိတ်တစ်ပိုင်း မဟုတ်ပေ။ အရိုးရှင်းဆုံးပြောရလျှင် ဝမ်ဝေ့က သူ့ကိုယ်သူအသက်ပြန်သွင်းဖို့ ထိုမှတ်တမ်းပေါ်ရှိ နာမည်ကို အသုံးပြုနိုင်မည် မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က သူ့သမိုင်းကြောင်းကို ဖျောက်ဖျက်ခဲ့လျှင်ပင် အစစ်အမှန်ကောင်းကင်တာအို၏ မှတ်တမ်းအကြောင်း စိုးရိမ်စရာလိုမည် မဟုတ်ပေ။

ဝမ်ဝေ့၏ အကြီးမားဆုံး အံ့အားသင့်မှုက ပင်ကိုပတ်ဝန်းကျင်ရှိ အပြောင်းအလဲကို မူပိုင်ခွင့်အဖြစ် လက်မခံခြင်း ဖြစ်သည်။ ပြောရလျှင် ထိုအကြံဉာဏ်မျိုး စဉ်းစားကြဖူးသည့်သူများ ရှိ၏။

ထို့ကြောင့် သူက ပတ်ဝန်းကျင်ကို ပြောင်းလဲဖို့ အစီအရင်ကို အသုံးပြုသည့် သူ့အတွေးအခေါ်ကို သုံးသည့်သူများဆီမှ တန်ကြေးတစ်ခုကောက်ခံဖို့ ပြင်ဆင်ထားသည်။ သူက ပတ်ဝန်းကျင် အရေးသားမှုကို ရွေးချယ်ခဲ့ပြီး အသင်္ချေအင်ပါယာကမ္ဘာအတွက်သာ ထားရှိခဲ့မည် ဖြစ်သည့်အတွက် မည်သူကိုမှ ကူညီမပေးခဲ့ပေ။ သူ့အကြံဉာဏ်များအား အလကား သုံးခွင့်ပြုမည် မဟုတ်ပေ။

ကိစ္စတွေက အဆင်ပြေလွန်းလို့ ကမ္ဘာမြေမှာ မဟုတ်ဘူးဆိုတာကိုတောင် မေ့တော့မလို့။ ကျင့်ကြံရေးလောကမှာ အခြေခံစည်းမျဉ်းကတော့ ကြီးနိုင်ငယ်ညှင်း သဘောတရားပဲ။ ကောင်းကင်တာအိုက ဒီအလေ့အထကို အားပေးတယ်...

ဝမ်ဝေ့က ‌ခေါင်းအသာရမ်းလိုက်သည်။ ထိုမူပိုင်ခွင့်စနစ်၏ အရေးသားချက်က အချိန်သက်တမ်း လစ်ဟာနေမှု ဖြစ်၏။ သူက ဤပုံစံကို သူအသက်ရှင်နေသရွေ့ ထိန်းထားနိုင်ကာ သူတွင် တစ်စုံတစ်ခုဖြစ်ခဲ့လျှင် အမွေဆက်ခံသူထံ ချန်ထားခဲ့နိုင်သည်။ ယခုမှစ၍ ထိုမူပိုင်ခွင့်စနစ်မှ ကောင်းချီး သို့မဟုတ် ချီကံကောင်းမှုများက တာအိုအခွင့်အလမ်းဂိုဏ်းအတွက် နောက်ထပ် ကာကွယ်ရေးအလွှာတစ်ခု ဖြစ်လာလိမ့်မည်။

ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက် ထိုစနစ်အတွက် သူ့ကုသိုလ်ကို လက်ခံရယူလိုက်သည်။ သူက ကုန်သွယ်ရေးဗဟိုချက်ကို လွှမ်းမိုးပြီးသည့်နောက် မှီခိုမှုကင်းမဲ့သည့် မူပိုင်ခွင်စနစ်ကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ဤလူလုပ်စနစ်က အစစ်အမှန်ကောင်းကင်တာအို၏ စောင့်ကြည်မှုအောက်တွင် ရှိခြင်းနှင့် မတူဘဲ အလွယ်တကူ ပျက်ပြားသွားနိုင်သည်။

" ငါ အနာဂတ်နဲ့ ပတ်သက်ပြီး အများကြီးစိုးရိမ်နေစရာ မလိုဘူး။ ငါ အကောင်းဆုံး လုပ်မှာဆိုတော့ ငါထွက်သွားပြီးတဲ့နောက်မှာ ထိန်းသိမ်းနိုင်မလားဆိုတာက သူတို့အပေါ်မှာ မူတည်တယ်"

သူက အားကောင်းကာ မျှခြေညီသည့် မူပိုင်ခွင့်စနစ်ကို ဖန်တီးမည်ဖြစ်သော်လည်း ထိုအရာကို ထိန်းသိမ်းဖို့ရာ တစ်စုံတစ်ယောက်အပေါ်တွင် မူတည်နေလိမ့်မည်။

ဝမ်ဝေ့က စဉ်းစားပြီးသည်နောက်တွင် တခြားသူများက မူပိုင်ခွင့်ကို လက်ခံလား စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့ဂမ္ဘီရအရ လူတချို့ရှိသော်လည်း သုံးခုက သူ့အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ပထမတစ်ခုက ဤနေ့ရက်အထိ အသုံးပြုနေသည့် ကမ္ဘာအနှံ့သုံး ဘာသာစကားကို ဖန်တီးခဲ့သည့်သူ ဖြစ်၏။ ကွဲပြားသည့်ကမ္ဘာ့အသိုင်းအဝန်းရှိ ကျင့်ကြံသူများက ဘာသာစကားသုံးမျိုးကိုသိထားကြပြီး သူတို့ကမ္ဘာသုံးစကား၊ မိုး‌မြေ၏ စည်းမျဉ်းများကို ရှင်းပြဖို့ရာ တာအိုဘာသာစကားနှင့် ကမ္ဘာအနှံ့သုံး ဘာသာစကားတို့ ဖြစ်သည်။

ထိုအံ့ဖွယ်အသိစိတ်မှ တိုက်ရိုက်ဆက်သွယ်မှုက ဘာသာစကား မတူညီမှုကို လျစ်လျူရှုထားနိုင်သော်လည်း လူတချို့က သူစိမ်းများဖြင့် အလွယ်တကူ ဆက်သွယ်နိုင်ကြသည် မဟုတ်ပေ။ ထိုကြောင့် စကားပြောဆိုဖို့ရာ လိုအပ်လာခဲ့၏။ ထိုအပြင် တချို့သော ကျင့်ကြံရေးနည်းစနစ်များက နောက်ဆုံးအဆင့် မတိုင်ခင်အံ့ဖွယ်အသိစိတ် မဖွံ့ဖြိုးကြပေ။

တခြားသော မှတ်သားစရာ မူပိုင်ခွင့်စနစ်နှစ်ခုကမူ ကုန်သွယ်ရေးဗဟိုချက်နှင့် လေဟာနယ်တိုက်ပွဲကွင်းပြင်တို့ ဖြစ်၏။ ကုန်သွယ်ရေးဗဟိုချက်က ဒိုင်မေးရှင်းအနိမ့်အတွက် အများသုံး ငွေကြေး၊ အများသုံး အရောင်းအဝယ်စနစ်နှင့် အများသုံးဘဏ်တို့ကို ဖန်တီးခဲ့သည်။

ဝမ်ဝေ့က ကုန်သွယ်ရေးဗဟိုချက်၏ ကုသိုလ်များသည် အင်အားစုအမြောက်အများထံ မည်သို့ခွဲဝေကြောင်း ကြည့်နေလိုက်၏။ တချို့သောအင်အားစုများက သေဆုံးသွားသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း မျိုးဆက် မရှိကြသည့်အတွက် အစစ်အမှန်ကောင်းကင်တာအိုက အဖွဲ့အား ကုသိုလ်ကို ပေးအပ်ကာ သူတို့မည်သို့ ခွဲဝေမည်ကို ဆုံးဖြတ်ထားခဲ့သည်။

သူအကြည့်က အဝေးတစ်နေရာရှိ လယ်ယာလုပ်ကိုင်နေသည့် ပိန်ပါးပါး သေမျိုးမိန်းကလေးဆီ ကျရောက်လာခဲ့သည်။ သူက ကုန်သွယ်ရေးဗဟိုချက်၏ တည်ထောင်သူထဲမှတစ်ယောက်၏ မျိုးဆက် ဖြစ်၏။ ကုသိုလ်က သူမ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကာ ကျင့်ကြံဖို့ရာအတွက် ကောင်းချီး ပေးလာသည်။ ထိုနောက် အထွတ်အထိပ် ရွှေရောင်ခြည်ကံကောင်းမှု နဂါး ဖြစ်ပေါ်လာစေ၏။ သူမက အံ့အားသင့်သွားသလို သူမ‌ဘေးနားရှိ တခြားသော လယ်သမားများကလည်း အံ့အားသင့်သွားကြသည်။

ထိုနောက်သူမက အိမ်သို့ပြန်ကာ ပစ္စည်းများကို ထုပ်လိုက်ပြီး ရွာမှ အလျင်အမြန် ထွက်ခွာသွားခဲ့၏။

တည်ငြိမ်တယ်၊ လျင်မြန်တမယ်၊ ဆုံးဖြတ်ချက် ပြတ်သားတယ်...

ဝမ်ဝေ့က တွေးလိုက်မိသည်။

ဒါပေမဲ့ မရက်စက်သေးဘူး။

အကောင်းဆုံးရွေးချယ်မှုက သူမကို မြင်တွေ့ဖူးသည့်သူများကို သုတ်သင်ပြီး ပြဿနာမရှိအောင် အချိန်နှောင့်နှေးဖို့ ဖြစ်သည်။

ဝမ့်ဝေ့က သူ့အကြည့်ကို လွှဲကာ အာရုံစိုက်လိုက်၏။

ဘာလုပ်ရမလဲ...

လေဟာနယ်တိုက်ပွဲကွင်းပြင်အတွက် မူပိုင်ခွင့်စနစ်က မဟာဧကရာဇ်သုံးပါးရှိသည့် ဂိုဏ်းတစ်ခု၏ အပိုင် ဖြစ်သည်။ အကယ်၍ အဆုံးမဲ့လေဟာနယ်တစ်လျှောက်လုံး အနှံ့ရှိသည့် လေဟာနယ်တိုက်ပွဲကွင်းပြင်ကို ဖန်တီးလိုပါက သူတို့ထံ ခွင့်ပြုချက် တောင်းရမည် ဖြစ်သလို အသုံးပြုသည့်အတွက်လည်း တန်‌ကြေးတစ်ခု ပေးရလိမ့်မည်။

အရင်ဆုံးသံတမန်ရေးရာနဲ့ စမ်းသပ်ကြည့်ကြတာပေါ့။ တကယ်လို့ သူတို့ သဘောမတူရင်တော့...

သူတွင် ရက်စက်သည့် အပြုံးမျိုး ရှိလာသည်။

ကျင့်ကြံရေးလောကရဲ့ တောအုပ်စည်းမျဉ်းက ငါသဘောကျတဲ့အရာတစ်ခုပဲ...

ဝမ်ဝေ့က နောက်အစီအစဉ်အတွက် ပြင်ဆင်လိုက်သည်။ သူက ဆက်လက်မကျင့်ကြံခင် လုပ်စရာတချို့ ရှိနေသေး၏။ တစ်စုံတစ်ခုကို ခံစားမိ၍ ရုတ်တရက်ဆိုသလို ရပ်တန့်လိုက်သည်။ သူက အကြောင်းအရင်းကို တွက်ချက်ကြည့်သည့်အခါ ခုခံမှုကို ခံစားမိလိုက်သော်လည်း သူ့စွမ်းအားအားလုံးကို ယာယီ အသက်သွင်းလိုက်သည်။

"အလောင်းရောင်းဝယ်ရေးဂိုဏ်းက လှုပ်ရှားတော့မှာလား။"

သူအကြည့်ထဲတွင် ကံကြမ္မာကြိုးမျှင်မြောက်များစွာ ဖွဲ့စည်းလာပြီး သူ လိုလားသည့် အနာဂတ် သို့မဟုတ် ကံကြမ္မာကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။

"သူတို့က မရဏအရောင်းအဝယ်နဲ့ အလောင်းကောင်တွေ ပါဝင်နေတဲ့ မူပိုင်ခွင့်ကို ရယူချင်နေကြတာ။ အဲဒီမတိုင်ခင် သူတို့တွေက ဘယ်လိုဖွဲ့စည်းရမလဲဆိုတာကို အပြောင်းအလဲတချို့ လုပ်ဖို့လိုနေတယ်။ ဒါက ငါ့အခွင့်အရေးပဲ"

သူကတော့ ဝမ်ကျူကို ချက်ချင်းဆက်သွယ်ကာ သတင်းကို ပြောပြခဲ့သည်။ ဤသည်က တစ်ဖက်ဆီ ကျူးကျော်ဝင်ရောက်ပြီး အလောင်းရောင်းဝယ်ရေးဂိုဏ်း၏ သတင်းအချက်အလက်များကို ရှာဖွေဖို့ရာ ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ဝမ်ဝေ့က ထိုသတင်းကောင်းကြောင့် ပြုံးလိုက်မိသည်။ သူက မူပိုင်ခွင့်နဲ့ပတ်သက်ပြီး စိတ်မကြည်လင်သည့် အတွေ့အကြုံများကို လျစ်လျူရှုထားလိုက်သည်။

သို့သော်လည်း သိပ်မကြာခင် သူက မျက်မှောင်ကြုတ်လိုက်၏။

သူတို့ဘက်ရှိ လှုပ်ရှားမှုအသစ်က မူပိုင်ခွင့်စနစ်အသစ် ပေါ်ထွက်လာမှုကြောင့်လား သို့မဟုတ် တခြားသော ပါဝင်ပတ်သက်မှုတွေကြောင့်လား မသိရသေးပေ။ နမူနာအားဖြင့် မရဏအရှင် ပြန်လည်ပေါ်ထွက်လာမှု ဖြစ်နေနိုင်သည်။

"ဒီသီအိုရီက ကောက်ချက်ချဖို့ စောလွန်းတယ်။ မေတ္တယျနဲ့ အန္တိမသဟဇာတ မရှိတော့ဘူးဆိုရင် မပြီးမပြတ်အခြေအနေမှာ ရှိနေတဲ့သူတွေက သူတို့ ပြန်လာဖို့ ပြင်ဆင်ထားကြလိမ့်မယ်။ အလောင်းရောင်းဝယ်ရေးဂိုဏ်းက သူ အသက်ပြန်ရှင်လာဖို့ ကုသိုလ်နဲ့ ကံကောင်းမှုတွေ စုစည်းနေခဲ့တာ ဖြစ်နေနိုင်တယ်"

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

အခုတော့ ငါက အန္တိမသဟဇာတဘက်ကလို့ ပြောရမယ်။ သူ အဲဒီလူတွေကို ပြန်မလာအောင် လုပ်ဖို့ မျှော်လင့်ပါတယ်...

သူက မရဏအရှင်၏ ရန်သူ မဖြစ်လိုသေးပေ။ ထိုသူက ရှေးဦးစံပြတစ်ယောက် ဖြစ်နေရုံသာမက ဝူဟုန် ပြောထားသည့်စကားများမှ ထိုသူသည် ကြောက်ဖို့ကောင်းသည့် လျှို့ဝှက်ချက်တစ်ခုရှိသည့် ထူးထူးဆန်းဆန်း လူတစ်ယောက် ဖြစ်ကြောင်း သိထားသည်။ လက်ရှိ ကျင့်ကြံရေးအခြေအနေတွင် ဤလူကို ရန်သူဖြစ်အောင် လုပ်ခြင်းက အိပ်မက်ဆိုးသာ ဖြစ်လိမ့်မည်။

အလောင်းရောင်းဝယ်ရေးဂိုဏ်းကို လျစ်လျူရှုထားသင့်လား...

ဝမ်ဝေ့က တွေးလိုက်မိသည်။

မဟုတ်သေးဘူး။ သူတို့က ငါ့ခေတ်ကာလမှာ မတည်မငြိမ်ဖြစ်စေတဲ့အပြောင်းအလဲတွေပဲ။ သူတို့ကို သုတ်သင်ပစ်ရမယ်...

သူ့အကြည့်က ခိုင်မာပြီး ဆုံးဖြတ်ချက် ဝေဝါခြင်း မရှိပေ။ သူက ပလ္လင်ရှိရာအခန်းသို့ ပြန်လာကာ ပိတ်သားချပ်တစ်ခုကို ပြသသည့် ဆက်သွယ်ရေး အစီအရင်တစ်ခုကို အသက်သွင်းခဲ့သည်။

All Chapters