← Chapters

မဟာမိတ်

Vol. 75 Ch. 1046

မဟာမိတ်

Vol. 75 Ch. 1046

ဝမ်ဝေ့က သူ့ရှေ့တွင် ထိုင်နေသည့် ရှစ်ချီအန်းကို ကြည့်ကာ သူမက ကွဲပြားနေကြောင်း ချက်ချင်းသတိထားမိခဲ့သည်။ သူအနေဖြင့် ဧကရာဇ်တစ်ယောက်၏ ပုံမှန်အငွေ့အသက်ကို ပြောနေခြင်း မဟုတ်ဘဲ သူမက စိုးရိမ်မှု မရှိတော့သည့်အချက် ဖြစ်၏။

"မင်းကို ဘယ်လိုခေါ်ရမလဲ။"

"ကံ တောင်ပံဧကရီ" သူမက ညင်သာစွာပြောလိုက်သည်။

"တကယ်ကို သင့်တော်တဲ့ နာမည်တစ်ခုပဲ" သူက မှတ်ချက် ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

"မင်းက အရင်ပြဿနာတွေ ဖြေရှင်းပြီးသွားပြီ ထင်တယ်"

"ဟုတ်ပါတယ်။ အဲဒါကြောင့် ကျေးဇူးတင်ဖို့ ရောက်နေတာပါ" သူမက တောက်တောက်ပပ ပြုံးကာ ပြောလိုက်သည်။

"ငါက ဘာမှမလုပ်လိုက်ရပါဘူး။"

"မဟုတ်ဘူး။ ရှင်သာ လှည့်ဖြားရေးကျမ်းကို မပေးခဲ့ရင် ကျွန်မက ဒီတိုက်ပွဲကို နိုင်ဖို့ အခွင့်အရေးရလာမှာ မဟုတ်ဘူး။" ရှစ်ချီအန်းက ရှင်းပြလိုက်သည်။

"ကျွန်မ ရှင့်အပေါ် အကြွေးတင်နေတယ်။"

"ဒီလိုဆိုရင် မငြင်းဆန်တော့ပဲ ကျေးဇူးတင်မှုကို လက်ခံလိုက်ပါမယ်"

"ကျွန်မရဲ့ ကတိကို မမေ့သေးပါဘူး။" ရှစ်ချီအန်းက ထပ်ပြောလိုက်သည်။

"ကတိပေးထားတဲ့ မဟာတာအိုအရင်းအမြစ် မျိုးစေ့နဲ့ မသေမျိုးနန်းဆောင်ကို ကိုယ်စားလှယ်ဆီ ပေးပြီးသွားပါပြီ"

"သူက ပြောပါတယ်။ ဒါနဲ့ မဟာမိတ်ကရော" ဝမ်ဝေ့က ပြောလိုက်သည်။

"ကျွန်မက ပြဿနာ မရှိပါဘူး"

မဟာမိတ်က သူမအနေဖြင့် အနည်းငယ်သာ ပေးပြီး သူမအတွက် အကျိုးကျေးဇူးများစွာ ရှိလေသည်။ သူမငယ်စဉ် ဖခင်ဖြစ်သူ ဆုံးပါးသွားကတည်းက သူနှင့် သူမမိခင်သာရှိခဲ့ပြီး ကောင်းမွန်သည့်ဘဝကို နေထိုင်ဖို့ အတွေးမျိုးသာ ရှိခဲ့သည်။

"ကောင်းပြီလေ"

ဝမ်ဝေ့က သူမနှင့် မူပိုင်ခွင့်ကိစ္စအကြောင်း သေချာဆွေးနွေးခဲ့သည်။ သူက သူတို့သာ တန်ကြေးပေးသရွေ့ ခုံရုံးတည်ထောင်လိုသည့်သူများကို ငြင်းဆန်မည် မဟုတ်ပေ။ သို့သော် တခြားသူများအတွက်မူ အတူတူ မဟုတ်ပေ။ သူကိုယ်တိုင် ခုံရုံးတည်ထောင်ခြင်းက ပြဿနာများသာ တိုးပွားလာလိမ့်မည်။

တခြားတစ်ဖက်တွင် အိပ်မက်လောကနှင့် ဉာဏ်အလင်းပွင့်ဗိမာန်က ကန့်သတ်ချက်မဲ့ ဖြစ်၏။ သူက ထိုအရာများကို ထိုကမ္ဘာများတွင်လည်း တည်ထောင်ကာ ကုသိုလ်ကို စုဆောင်းလိုသည်။ အကယ်၍ ထိုသူများအား သူ့အကြံဉာဏ်ကို ကူးယူခွင့် ပြုလိုက်ပါက သူ့ရပိုင်ခွင့်သည် ၂၀ မှ ၄၀ရာခိုင်နှုန်းအတွင်း လျော့ကျသွားလိမ့်မည်။ သူက ထိုအချက်ကို လက်ခံမည် မဟုတ်ပေ။

ကံဆိုးစွာဖြင့် နယ်ခြားများက သူတို့၏ ကိစ္စရေးရာများကို စွက်ဖက်ဖို့ အလွယ်တကူ ခွင့်ပြုသည့် ကမ္ဘာဟူ၍ မရှိသည့်အတွက် ပြဿနာ ဖြစ်လာနိုင်သည်။ သူအနေဖြင့် တခြားသော ကမ္ဘာအသိုက်အဝန်းများကြားတွင် ထိပ်တိုက်တွေ့ဆုံမှုကိုပါ ကြိုတင်ပြင်ဆင်ထားရမည်။

ဝမ်ဝေ့၏ အစီအစဉ်က သေမျိုးလူမှုအဖွဲ့အစည်း၏ အကျိုးကျေးဇူးများဖြင့် ထိုသူများကို မျှားခေါ်ဖို့ ဖြစ်သည်။ သူတွက်ဆထားသလောက် ထိုသူများသည် ကုသိုလ်အတွက် သေမျိုးများကို မြှင့်တင်ပေးကြလိမ့်မည်။ ထို့နောက် အများစုက ထိုအကြောင်းကို ဂရုမစိုက်ကြတော့ဘဲ သေမျိုးများက မြင့်တက်လာကာ တော်လှန်ခြင်း သို့မဟုတ် အဆင့်အတန်းပြောင်းလဲဖို့ မကျေနပ်ကြခြင်းအပေါ် ကြောက်ရွံ့ကာ ထိုအဖွဲ့အစည်းများကို ဖျက်ဆီးပစ်လာနိုင်သည်။

ထိုသူများ သိထားသလောက် သူတို့၏ အပြုအမူက အိပ်မက်လောက ဖြန့်ဝေမှုအတွက် အုတ်မြစ်ချထားခြင်းသာ ဖြစ်၏။ အဓိကပြောရလျှင် ဉာဏ်အလင်းပွင့်ဗိမာန်များသာ ဖြစ်သည်။ ပညာတတ်သည့် လူဦးရေ မရှိဘဲ အတတ်ပညာနှင့် အနုပညာကို မည်သို့ဖွံ့ဖြိုးအောင် လုပ်နိုင်မည်နည်း။

ရှစ်ချီအန်းနှင့် ဆွေးနွေးမှုက ချောမွေ့နေခဲ့သည်။ သူ့မဟာမိတ်တစ်ယောက်အနေဖြင့် သူမအား အိပ်မက်လောက ဝင်ခွင့် ပေးခဲ့သည်။ သို့သော်လည်း သူ့အနေဖြင့် ထုံရို့ပင်းနှင့် မူလိန်တို့ကို အရင်ဦးစွာ အသုံးပြုခွင့်ပြုထားသည့် အပေးအယူ ရှိသည့်အတွက် သူမက ယခုအခါ အသုံးမပြုနိုင်သေးပေ။ တခြားသော မဟာမိတ်များကလည်း ထိုအရေးသားချက် ရှိထားသော်လည်း ကြယ်တာရာသားရဲကမ္ဘာ အပြီးမှသာ ဖြစ်၏။ သို့သော်လည်း နှစ်ရာချီမျှ အရေးသားချက် ရှိနေသေးသည်။

ထိုအပေးအယူအပြီးတွင် သူမက ဒုတိယမဟာမိတ် ရှီရှန်းရန် သို့မဟုတ် စကြဝဠာစိုးမိုးရေး ဧကရီနှင့် တွေ့ဆုံခဲ့သည်။ သူတို့နှစ်ဦးက တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ အတွေးနက်နေကြ၏။

ဝမ်ဝေ့က စကြဝဠာတာအိုသည် စိတ်ဝင်စားဖို့ကောင်းသည်ဟု ထင်မိ၏။ ထိုအရာက ကြယ်တာရာများသာ ပါဝင်နေရုံသာမက တခြားအရာများလည်း ပါဝင်နေခဲ့သည်။ သူမက တာအိုကို သက်သေပြပြီးသည့်နောက်တွင် ထူးကဲသည့် ချီကို တွေ့ရှိခဲ့ကြောင်း သိထား၏။

"မတွေ့ရတာကြာပြီနော် တာအိုရောင်းရင်း" ဝမ်ဝေ့က ပြောလိုက်သည်။

"အမှန်ပဲ"

"ငါတို့ မဟာမိတ်အကြောင်း မပြောခင် အရေးကြီးတဲ့မေးခွန်းတချို့ မေးလို့ရမလား"

"မေးပါ"

"မင်း ဆင်းသက်လာပြီးတဲ့နောက် မင်း မိသားစုနဲ့ ဆက်သွယ်ပြီးသွားပြီလား"

"မဆက်သွယ်ရသေးဘူး" သူတို့၏ အာကာသမျိုးနွယ်က အရင်းအမြစ်ချီ နေရာလွတ်အတွင်း ဆက်သွယ်သည့်နည်းလမ်း ရှိထားသောကြောင့် သူတို့ကတခြားတစ်နေရာတွင် အခြေချထားကြောင်း သိထားသည်။ သူမက သူတို့တာအိုကို သက်သေပြကာ ထာဝရဧကရာဇ် ဖြစ်လာကြောင်း သိထားကြသော်လည်း ထိုကိစ္စများအထိသာ ဖြစ်၏။

"ဒိုင်‌မေးရှင်းအမြင့်နဲ့ရော အဆက်အသွယ် ရှိလား။"

"မရှိဘူး"

"မင်းရဲ့မိသားစုကရော အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ ဖြစ်တဲ့ကိစ္စတွေကို နောက်ယောင်ခံမဲ့ နည်းလမ်းများ ရှိမလား"

"မရှိနိုင်လောက်ဘူး။ တကယ်လို့ ရှိတယ်ဆိုရင် ကျန်နေခဲ့တဲ့သူတွေက သူတို့ကို သတိမထားမိအောင် အချိန်တစ်ခုကြာ နေပြီးတော့ ကျွန်မတို့ အရိပ်အမြွက်ကို ဖမ်းမိသွားလိမ့်မယ် "

ရှီရှန်းရန်က အမှန်အတိုင်း ပြောပြလိုက်သည်။ သူမက ထိုအရေးကြီးသည့် သတင်းကို မည်သူ့ထံမှ ထုတ်ပြောမည် မဟုတ်ပေ။ သို့သော်လည်း ဝမ်ဝေ့က သူ့မိသားစု ဆက်သွယ်လိုသည့် ကံကြမ္မာဖန်သည့်သူဖြစ်ကြောင်း ကောက်ချက်ချထားပြီးသား ဖြစ်၏။

"ဒီလိုဆိုရင် လတ်တလော အခြေအနေနဲ့ပတ်သက်ပြီး သတင်းတချို့ရှိတယ်။ အဲဒါက အာကာသမျိုးနွယ်အတွက် စိတ်ဝင်စားစရာ ဖြစ်မယ် ထင်တယ်။" ဝမ်ဝေ့က ရေရွတ်ပြီးသည့်နောက်တွင် လက်တလော ကျူးကျော်မှု၊ လမင်း၇စင်း အလုပ်ရှုပ်နေမှုနှင့် နေမင်းနှစ်စင်း ပျောက်ကွယ်သွားမှုအကြောင်း ပြောပြလိုက်သည်။

ရှီရှန်းရန်က နားထောင်နေရင်း မျက်မှောင်ကြုတ်လာမိသည်။ သူမက ထိုသတင်းအချက်အလက်သည် မျိုးနွယ်၏ အစီအစဉ်အပေါ် အခြေခံသက်ရောက်မှု ရှိလာနိုင်ကြောင်း သိထားသည့်အတွက် ထိုသတင်းကို တင်ပြရမည်။

"တာအိုရောင်းရင်း ဒီသတင်းကို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ မိသားစုကို ပြန်ပြောလိုက်ပါမယ်။" ရှီရှန်းရန်က ညင်ညင်သာသာ ပြုံးကာပြောလိုက်သည်။ သို့သော်လည်း အစပိုင်းတွင် သူမက သတိထားနေခဲ့၏။ ဝမ်ဝေ့က ထိုအချက်အလက်များကို အဘယ်ကြောင့် ပြောပြလိုမှန်း သိချင်နေမိသည်။

သူက ငါတို့ရဲ့ဆက်ဆံရေးကို ကောင်းလာစေချင်တာလား။ မဟုတ်သေးဘူး ဒီလိုမျိုးလူမျိုးက ရိုးရှင်းတဲ့ အကြောင်းပြချက်တစ်ခုကြောင့် လုပ်မှာ မဟုတ်ဘူး...

သူမက သုံးသပ်လိုက်သည်။

အဲဒါဆိုတော့ သူ့ရည်ရွယ်ချက်က ဘာလဲ....

သူမ၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွား၏။ သူမက ဖြစ်နိုင်ခြေများစွာကို တွေးမိပြီး အာကာသမျိုးနွယ်ကို ဒိုင်မေးရှင်းအမြင့်တွင် ဝင်ရောက်စွက်ဖက်အောင် အသုံးချမည့်ကိစ္စကိုပင် တွေးမိသွားသည်။

"ဒီသတင်းက ငါတို့မဟာမိတ်ရဲ့ ယုံကြည်မှုအရိပ်အမြွက်လို့ သဘောထားလိုက်ပေါ့။" ဝမ်ဝေ့က ပြုံးကာပြောလိုက်၏။ နှစ်ဦးသားက အရာအားလုံးကို ဆွေးနွေးခဲ့၏။

ဝမ်ဝေ့က ရှစ်ချီအန်းနှင့် တူညီစွာ ကမ်းလှမ်းခဲ့သည်။ သူမက ရှစ်ချီအန်းနှင့် နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်တို့ထက် အလားအလာပိုကောင်းသည့်အတွက် အပေးအယူကိစ္စတွင် ပိုမို ရက်ရောထားခဲ့၏။

ဆက်သွယ်ရေး အဆုံးသတ်သွားသည့်အခါ ဝမ်ဝေ့က ရှီရှန်းရန်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ သို့သော်လည်း သူ ထင်ထားသည့်အတိုင်း သတင်းကို ချက်ချင်း ထုတ်လွှင့်မလာခဲ့ပေ။

တော်တဲ့သူပဲ...

သူက တွေးလိုက်မိသည်။ ထို့နောက် သူက သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့၏။ အချိန်က မြစ်တစ်စင်းအလား စီးဆင်းသွားကာ နှစ်လေးထောင်ခန့် ကုန်ဆုံးသွားလေသည်။ ထို့နောက် ဝမ်ဝေ့က နိုးထလာ၏။

ဤခေတ်ကာလစတင်ကတည်းက အကြာဆုံး သီးသန့်ကျင့်ကြံဖူးခြင်း ဖြစ်၏။ သူက သီးသန့်ကျင့်ကြံရေး တိုတောင်းအောင် လုပ်ခဲ့သည်မှာ သေမျိုးများ၏ သက်တမ်းတိုး‌တောင်းမှုကြောင့် ဖြစ်၏။ သို့သော် ဤချဲ့ထွင်မှုက အချိန်တိုအတွင်း ပြီးမြောက်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။

သူက ကမ္ဘာကို စစ်ဆေးကြည့်ပြီးသည့်နောက် ဉာဏ်အလင်းပွင့်ဗိမာန်တွင် အပြောင်းအလဲတချို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် ယှဥ်နိုင်သည့် စွမ်းအားကို ရရှိထားသည့် သေမျိုးများက ဗိမာန်အတွင်း သူတို့၏ ကိုယ်ပိုင်အဆင့်အတန်းဖြင့် ပညာရှိဝိဇ္ဇာဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့ကြသည်။ သူတို့၏ အဆင့်အတန်း၊ ကံကောင်းမှု၊ ကောင်းချီးနဲ့ အာဏာကို ရရှိလာစေပြီး သူတို့၏ မျိုးဆက်များကလည်း သေမျိုးတာအိုကို ကျင့်ကြံဖို့ ပါရမီထူးကဲသူများ ဖြစ်လာကြသည်။ လက်ရှိတွင် ကမ္ဘာ၌ အကောင်းဆုံး အတတ်ပညာ၊ အနုပညာ မိသားစုများက ပညာရှိဝိဇ္ဇာ ပြုစုပျိုးထောင်သည်သူများ ဖြစ်နေကြသည်။

အလွှာနိမ့်ကို ချဲ့ထွင်မှုကြောင့် အတတ်ပညာနှင့်အနုပညာများက ထပ်မံ ဖွံ့ဖြိုးတိုးတက်လာကြသည်။ ထိုမိသားစုများက သူတို့ကိုယ်သူတို့ ဆင့်ကဲတိုးတက်အောင်အတွက် တခြားသော သေမျိုးများကို ကူညီဖို့အတွက် ခရီးများပင် ထွက်ခွာသွားကြ၏။

ဝမ်ဝေ့က စစ်ဆေးကြည့်ပြီးသည်နောက်တွင် သူ့ကိုယ်သူ အာရုံစိုက်လိုက်သည်။ ယခင်နှစ်ပိုင်းအတွင်း သူက နောက်ဆုံးသော ဒဏ်ရာကို ကုစားနိုင်ခဲ့ပြီး အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့အပြင် သူက ခန္ဓာကိုယ်လေ့ကျင့်ရေးကို အာရုံစိုက်ထားခဲ့၏။ နှမြောစရာကောင်းလှသည်က နှစ်များစွာ လေ့ကျင့်ပြီးသည့်နောက်တွင်ပင် မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၉၅ ခွန်အားသာ ရရှိသေးသည်။ ထို့ကြောင့် သူက ကျင့်ကြံရေးခရီးလမ်းတွင် ဒုတိယမြောက် အတားအဆီးနှင့် တွေ့ကြုံနေရ၏။

ကံကောင်းတာက ငါ ဒီအတွက် ပြင်ဆင်ပြီးသွားပြီ...

ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်ထဲမှ တစ်စုံတစ်ခုကို ဖယ်ကာ ပြောလိုက်သည်။ ထိုအရာက စည်းတံဆိပ်ထားရှိထားသည့် အစားအစာပန်းကန်တစ်ခု ဖြစ်၏။ သူက ထိုအရာကို ချစ်ခြင်းမေတ္တာ၊ လွှမ်းဆွတ်တသမှုတို့ဖြင့် ကြည့်ကာ မျက်နှာအထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် စည်းတံဆိပ်ကို ဖယ်ရှားလိုက်ပြီး ရနံ့သင်းသင်းတို့ကို ထုတ်လွှတ်လာခဲ့သည်။ သူ့အနေနှင့် အစာစားဖို့ မလိုတော့သော်လည်း အစာအိမ်က တဂွီဂွီ မြည်လာလေသည်။ သူက ဖြည်းဖြည်းချင်း စားသုံးကာ အရသာခံနေလေ၏။

သူက ပြင်းထန်သည့် အရသာကို ခံစားမိပြီး သူမ၏ စည်းပိတ်ရေးတာအိုမှ တူညီသည့် ဟင်းလျား ၁၀မျိုးကို တစ်ပန်းကန်ထဲ ပေါင်းစည်းထားသလိုမျိုး ဖြစ်နေသည်။

ဤအရသာက သေမျိုးများကိုပင် သတ်ပစ်နိုင်လေ၏။ ပြောရလျှင် စွမ်းအားအမြောက်အများ ရှိနေခြင်း‌ကြောင့်သာမဟုတ်ဘဲ အရသာက သူတို့၏ အာရုံကို နှိုးဆွပေးပြီး လွှမ်းမိုးသွားလိမ့်မည်။ တစ်ခုတည်းသော ကောင်းကျိုးက သူတို့သည် အပြုံးနှင့် သေဆုံးသွားနိုင်သည်။

အစားအစာက အရသာရှိလွန်းပြီး ပြန်လည်အောက်မေ့လွမ်းဆွတ်သွားစေသည်။ သူက သူမ ချန်ထားခဲ့သည့် ချစ်ခြင်းမေတ္တာများကို ခံစားနေရင်း အရသာခံနှုန်းက နောက်တစ်ဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူက အစားအစာကို ပျော်ရွှင်စွာ စားသုံးနေစဉ် ကမ္ဘာကြီးက အစားအစာ ရနံ့တို့ဖြင့် တလှိုင်လှိုင် လွှမ်းခြုံသွားသည်။ လူများစွာက ထိုရနံ့၏ ဇစ်မြစ် သို့မဟုတ် လားရာကို သိချင်နေကြပြီး စတင်ရှာဖွေနေကြ၏။

အဖြေကို သိထားသည့်သူများက ခုံရုံးကို လှမ်းကြည့်ရင်း တံတွေး မျိုချနေကြသည်။ ဝမ်ဝေ့က ထိုအရာကို မသိဘဲ အစားစားခြင်း၌သာ အာရုံစိုက်ထားလေ၏။

သူကအစားအစာကို ဝါးစားနေရင်း သူ့အဆီအနှစ် ပန်းပွင့်စွမ်းရည်က အသက်ဝင်လာကာ သူ့ခွန်အားအစစ်အမှန် တာအိုနယ်ပယ်က သိသိသာသာ တိုးမြင့်လာကြောင်း ခံစားမိလိုက်သည်။

၉၅ .. ၉၆ .. ၉၇ .. ၉၈ .. ၉၉ … ၉၉.၁ … ၉၉.၅ … ၁၀၀

ဝမ်ဝေ့က ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ရာတွင် အခက်ခဲဆုံး စိန်ခေါ်မှုထဲမှ တစ်ခုအဖြစ် လူသိများသည့် ခွန်အား အစစ်အမှန်တာအို၏ ၅ဆင့်မြောက်ဖြစ်သည့် နဂါးဇာမဏီအဆင့်သို့ ဝင်ရောက်သွားပြီ ဖြစ်၏။

All Chapters