← Chapters

နဂါးဇာမဏီအဆင့်

Vol. 75 Ch. 1047

နဂါးဇာမဏီအဆင့်

Vol. 75 Ch. 1047

ဝမ်ဝေ့က မျက်လုံးကို မှိတ်လိုက်စဉ် သူ့ခန္ဓာကိုယ်ထဲမှ ဂိတ်ပေါက်တစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက ရှည်လျားကာ မှုန်မှိုင်းပြီး အလယ်တွင် အဆီအနှစ်ဟု ရေးသားထားသည့် စာလုံးတစ်လုံး ပါရှိသည်။ ထိုဂိတ်ပေါက်က အနည်းငယ် မှုန်ဝါးနေသည်မှာ သူက နဂါးဇာမဏီ ပထမအဆင့်တွင်သာ ရှိနေသေး၍ ဖြစ်သည်။

ဝမ်ဝေ့က မျက်လုံးကို ပြန်ဖွင့်ပြီး လက်သီးဆုပ်ကာ ခန္ဓာကိုယ်ခွန်အားသည် သုံးဆတိုက်ခိုက်ရေးအဆင့် ဖြစ်နေကြောင်း ခံစားမိလိုက်သည်။ အတိအကျပြောရလျှင် မဟာတာအိုအရင်းအမြစ်၏ ၃၈.၅ ရာခိုင်နှုန်း ရှိနေပြီ ဖြစ်၏။ သူ့ခန္ဓာကိုယ်က သူ့တကယ်ကျင့်ကြံဆင့် မဟာတာအိုအရင်းအမြစ် ၃၂ ရာခိုင်နှုန်းကို ကျော်လွန်သွားခဲ့သည်။

"အခု စမ်းသပ်ချက် စလိုက်ရအောင်" သူက ရေရွတ်လိုက်သည်။ သူက ချက်ချင်း မစသေးဘဲ သူအမေဆီ အလွှာနိမ့်ရှိ တည်ငြိမ်နေပြီးသား ကမ္ဘာများထံ ဉာဏ်အလင်းပွင့်ဗိမာန်ကို ဖြန့်ဝေဖို့ စတင်သင်ကြောင်း သတင်းပို့ဆောင်လိုက်၏။ သူက ကိုယ်ပွားကို သူမအား တိတ်တဆိတ် ကာကွယ်ပေးဖို့ စေလွှတ်ခဲ့သည်။ သူက စမ်းသပ်ချက်ကိုသာ အာရုံစိုက်ထားလို၏။

အရာအားလုံး ပြီးဆုံးသွားသည့်အခါ သူက မျက်လုံးကို မှိတ်ကာ စတင်လိုက်သည်။ ခွန်အားအစစ်အမှန် တာအိုနယ်ပယ်၏ ဤအဆင့်က အကြောင်းအရင်းနှစ်ခုကြောင့် ခက်ခဲလေသည်။ ကျင့်ကြံရေးနှင့် စမ်းသပ်ချက်ကြောင့် ဖြစ်၏။ အဆင့်ဆယ်ဆင့် ရှိထားပြီး တစ်ဆင့်ချင်းဆီက မဟာတာအိုအရင်းအမြစ် ၃.၅ ရာခိုင်နှုန်းနှင့် ညီမျှပေသည်။ သို့သော်လည်း ချီသန့်စင်သူများကဲ့သို့ ၃.၅ ရာခိုင်နှုန်းတိုးမြှင့်ခြင်းက ၅ဆင့်မြောက် သို့မဟုတ် ၉ဆင့်မြောက်ကဲ့သို့ တူညီမည် မဟုတ်ပေ။

ထို့ကြောင့် ထိုအဆင့်တွင် ကျင့်ကြံဖို့ရာ အင်မတန် ခက်ခဲပြီး ခန္ဓာကိုယ်ကို ထိုအနေအထားအထိ ရောက်အောင် တွန်းပို့ဖို့ အရင်းအမြစ်များစွာ လိုအပ်သော်လည်း ဤသည်က အခက်ဆုံးအရာ မဟုတ်သေးပေ။ ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ပြီး အရွယ်ရောက်ပြီးသား မကောင်းဆိုးဝါးနတ်ဘုရားအဆင့်ကို ရောက်ရှိဖို့ရာအတွက် အနည်းဆုံး လိုအပ်ချက်က မပျက်စီးနိုင်ဖွယ် ခန္ဓာကိုယ်စမ်းသပ်ချက်၏ သုံးပုံပုံတစ်ပုံကို ကျော်ဖြတ်ခြင်းအပြင် အဆင့် ၁၀ဆင့် ရှိထားသည်။

ဝမ်ဝေ့က သူ့ပထမဆုံးစမ်းသပ်ချက်အတွက် အဆိပ်ကို ရွေးချယ်ကာစတင်လိုက်၏။ အစိမ်းရင့်ရင့် အဆိပ်တိမ်တိုက်က သူ့ကို လွှမ်းခြုံသွားပြီး သူ့ခန္ဓာကိုယ်ထဲရှိ နေရာအနှံ့တိုင်းကို အဆိပ်ဖြစ်သွားစေကာ ထူးထူးဆန်းဆန်း တုံ့ပြန်လာပြီးတော့ အဖုအပိန့်များ ထလာစေသည်။ နာကျင်မှုကလည်း ပြင်းထန်လှကာ ရှေးဟောင်းနဂါးအဆင့်ရှိ စမ်းသပ်ချက်အထိ ရောက်လုနီးပါး ဖြစ်သွားသည်။

သူက ထိုဖြစ်စဉ် မည်မျှကြာမြင့်သည်ကို မသိရဘဲ ထိုအရာမှာ အဆုံးသတ်သွားသည့်အခါ သူခန္ဓာကိုယ်က ပြောင်းလဲသွားဟန်ပေါ်သည်။ ဝမ်ဝေ့က အဖြစ်အပျက်များကို နားလည်ဖို့ ခေတ္တ အချိန်ယူခဲ့ရသည်။

အဲဒါဆိုတော့ မပျက်စီးနိုင်ဖွယ် ကောင်းကင်ဘုံအဆင့်ဆိုတာ ဒါကိုဆိုလိုနေတာကိုး...

သူက တွေးလိုက်မိသည်။ ထာဝရအဆင့် ဟူသည်မှာ သူတို့၏ တည်ရှိမှုကို ပြောင်းလဲထားပြီး ခန္ဓာကိုယ်‌ကြောင့် ကန့်သတ်မခံရတော့ဘဲ ဝိညာဉ် သို့မဟုတ် စိတ်ဝိညာဉ်ဆိုင်ရာအနေအထားသို့ ပြောင်းလဲပစ်ပြီး ထာဝရလမ်းစဉ်သို့ လျှောက်လှမ်းခြင်း ဖြစ်၏။ နာမည်၊ သမိုင်းကြောင်း၊ အောင်မြင်မှုနှင့် သက်ရောက်မှုတိုင်းက အစိတ်အပိုင်းသဖွယ် ဖြစ်လာကြသည်။

မပျက်စီးနိုင်ဖွယ် ကောင်းကင်ဘုံအရှင်များကမူ ကွဲပြားသည့် လမ်းစဉ်ကို လျှောက်လှမ်းကြ၏။ သူတို့က သူတို့၏ တည်ရှိမှုထဲ မပျက်စီးနိုင်ဖွယ် ဂုဏ်သတ္တိကို ထည့်ပေါင်းခဲ့ပြီး သူတို့ကို သတ်နိုင်ဖို့အင်မတန် ခက်ခဲစေသည်။ သူတို့က ရိုးရှင်းကာ တိုက်ရိုက်ဆန်သည့် ချဉ်းကပ်မှုဖြင့် ထိုအရာကို ရရှိလာခြင်း ဖြစ်၏။ ပြောရလျှင် မူလတာအို ၃၈၀၀ ဖြင့် ခန္ဓာကိုယ်ကိုလေ့ကျင့်ပေးပြီး ထိုတာအိုများနှင့် ပတ်သက်ပြီး အခြေခံ ခံနိုင်ရည်စွမ်း ရရှိလာခြင်း ဖြစ်သည်။

ဝမ်ဝေ့က အဆိပ်တာအိုစမ်းသပ်ချက်ကို ဖြတ်ကျော်လာကာစ ဖြစ်ပြီး အဆိပ် မဟာတာအိုအရင်းအမြစ်နှင့် ရင်ဆိုင်ရပါက သူ့ခန္ဓာကိုယ်သည် ခုခံရေးစွမ်းအား ပိုမိုမြင့်လာလိမ့်မည်။ ပထမစမ်းသပ်ချက်အပြီးတွင် သူက မျက်လုံးကို မှိတ်ကာ သူ့ဂိတ်ပေါက်ကို စစ်ဆေးကြည့်လိုက်၏။ ထင်ထားသည့်အတိုင်း ထိုမှုန်ဝါးဝါး ဂိတ်ပေါက်ပေါ်ရှိ အဆိပ်သင်္ကေတသည် အသက်ဝင်လှုပ်ရှားနေလေသည်။

သူ သိထားသလောက် ခန္ဓာကိုယ်လေ့ကျင့်သူများသည် ဂိတ်ပေါက်ကို မဖွင့်လှစ်ခင် စမ်းသပ်ချက် ၁၂၆၇ ခုကို ကျော်ဖြတ်ရမည် ဖြစ်၏။ ဤအရာက အနည်းဆုံး လိုအပ်ချက်ဖြစ်ကာ ထိုအရေအတွက်သည် ကျရှုံးနိုင်ခြေလည်း မြင့်မားသည်။ ဂိတ်ပေါက်ကို ဖွင့်လှစ်ရာတွင် ကျရှုံးသွားခြင်းက သူ့အား ချက်ချင်း သို့မဟုတ် အကြွင်းမဲ့ သေဆုံးခြင်းကို ဖြစ်စေနိုင်သည်။ ဤအရာက ထာဝရဧကရာဇ်များအတွက်ပင် ခြွင်းချက် မဟုတ်ပေ။

ကောင်းကင်ဘုံအရှင်နှင့် ထာဝရကောင်းကင်ဘုံအရှင်တို့က သူတို့၏ တည်ရှိမှုထဲ ပြင်းထန်သည့် ဒဏ်ရာများဖြင့် အသက်ရှင်နိုင်မည် ဖြစ်သော်လည်း ထာဝရလမ်းစဉ်ကို လျှောက်လှမ်းဖို့ အခွင့်အရေး ဆုံးရှုံးသွားလိမ့်မည်။

ဝူဟုန်၏ မှတ်ချက်အရ ထိုအရာသည် စံပြများအတွက်လည်း တူညီသည့် ပြစ်ဒဏ်ရှိကြောင်း သိထားလေသည်။ အကယ်၍ သူတို့သာ ဒုတိယခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့ ကျရှုံးသွားပါက မည်သူကမှ သက်ညှာခံရမည် မဟုတ်ပေ။

"နောက်တစ်ခုက နောက်ထပ် အခြားအရန်တာအိုတွေကို ဆက်လက် လျှောက်လှမ်းဖို့ပဲ" ဝမ်ဝေ့က ရေရွတ်လိုက်သည်။ စမ်းသပ်ချက်အတွက် ရွေးချယ်ထားသည့် တာအို အစဉ်လိုက်က အရေးပါလှသည်။ စမ်းသပ်ချက်တစ်ခုအပြီးတွင် ခန္ဓာကိုယ်က မပျက်စီးနိုင်ဖွယ် ဂုဏ်သတ္တိကို ရယူပြီးသည့်နောက် ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။

ပြောရလျှင် ခန္ဓာကိုယ်က ဖျက်ဆီးဖို့နှင့် လေ့ကျင့်ဖို့ရာ ပိုမိုစိန်ခေါ်မှု ဖြစ်လာလိမ့်မည်။ ထိုပြဿနာကို ဖြေရှင်းဖို့အတွက် ဤစမ်းသပ်ချက်၏ စီမံသူ မဟာတာအိုက နောက်တာအို၏ ပြင်းအား သိသိသာသာ တိုးမြှင့်ပေးလိမ့်မည်။ ထိုအရာက ကျင့်ကြံသူ၏ ခုခံနိုင်စွမ်းထက် အနည်းငယ်မျှ ကျော်လွန်အောင် တိုးမြှင့်လိုက်ခြင်း မဟုတ်ဘဲ သိသိသာသာ တိုးမြင့်လာခြင်း ဖြစ်၏။

ဤစည်းမျဉ်းက တာအိုများကို စိန်ခေါ်ဖို့ ပိုမိုစိန်ခေါ်မှုဖြစ်လာစေကာ ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ထားသည့် ခန္ဓာကိုယ်လေ့ကျင့်သူများက အလွန်တရာ ရှားပါးနေရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။

ဝမ်ဝေ့က ခန္ဓာကိုယ်သည် ဂိတ်ပေါက်သုံးခု ရှိလာသည့်အခါ ပထမဂိတ်ပေါက်က ခန္ဓာကိုယ်လေ့ကျင့်သူများအား အဆုံးမဲ့သက်တမ်းကို ပေးအပ်ထားစဉ် ဤစမ်းသပ်ချက်က မွေးကင်းစမကောင်းဆိုးဝါးနတ်ဘုရားနှင့် နဂါးဇာမဏီအဖြစ် နှစ်ပိုင်းခွဲခြားသွားကာ လူများအား ပြင်ဆင်ဖို့ရာ အချိန်များစွာ ပေးအပ်ထားကြောင်း ကောက်ချက်ချလိုက်သည်။

ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်၏ ပြောစကားအရ လူတချို့သည် အချိန် သို့မဟုတ် ဖျက်ဆီးခြင်းကဲ့သို့သော အားပြင်းသည့် တာအိုများကို ပထမစမ်းသပ်ချက်အဖြစ် အသုံးပြုလေ့ရှိကြသည်။ ထိုနည်းဗျူဟာက သူတို့၏ အောင်မြင်နိုင်ခြေကို တိုးမြှင့်ပေးနိုင်၏။ သို့သော်လည်း ထိုသူက သူ့အား ဤသို့မလုပ်ဖို့ရာ သတိပေးခဲ့သည်။ တချို့သော တာအိုများက ခန္ဓာကိုယ်လေ့ကျင့်ရာတွင် ပိုမိုအားပြင်းသည့် အချက်ကို အသုံးပြုဖို့ ပြောခဲ့သည်။

ထိုသို့၏ ပြောစကားအရ မပျက်စီးနိုင်ဖွယ် ကောင်းကင်ဘုံအရှင်ကြားတွင်ပင် ကွဲပြားချက်များ ရှိထားသည်။ ထိုအရာက ခွန်အားဂိတ်ပေါက်ကို မဖွင့်လှစ်ခင် အခြေခံအုတ်မြစ်နှင့် ပြင်ဆင်ထားမှုများမှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ကျင့်ကြံသူများသည် တားမြစ်ခံနှင့် အထွတ်အထိပ် တားမြစ်ခံတို့ကို ခန္ဓာကိုယ်လေ့ကျင့်ရေးအတွက် နောက်ဆုံးအဆင့်တွင် ချန်ထားခြင်းက အစကတည်းက လုပ်ဆောင်ထားခဲ့သည့် သူများထက် ပိုမိုကောင်းမွန်သည့် အုတ်မြစ်ကို ဖွဲ့စည်းနိုင်ကြသည်။

ဝမ်ဝေ့က သူ၏ မှာကြားချက်အတိုင်း လိုက်လုပ်ကာ ပင်မတာအို ၃၈၀၀ ကို မထိတွေ့ခင် အရန်တာအို ၈၀၀ကို အစပြုခဲ့ခြင်း ဖြစ်သည်။ အချိန်က ကုန်ဆုံးသွားပြီး နောက်ထပ် နှစ်၆ထောင်ကျော် မသိလိုက်ဘဲ ကုန်ဆုံးသွားသည်။ သူက စမ်းသပ်ချက် လေးရာကျော် ပြီးမြောက်သွားပြီဖြစ်ကာ နဂါးဇာမဏီ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

နှမြောစရာကောင်းလှစွာဖြင့် သူ့ခန္ဓာကိုယ် လေ့ကျင့်ထားသည့် ယခင်အရင်းအမြစ် အားလုံးနှင့် တာအို သင်္ချိုင်းမြေနှင့် ကမ္ဘာဦးဖျက်ဆီးခြင်းဆီမှ ရရှိထားသော အရင်းအမြစ်များအပါအဝင် အရာအားလုံးကို သုံးစွဲပြီးသား ဖြစ်၏။

"ဒီလမ်းစဉ်က ဒီလောက်ခက်ခဲနေတာ မဆန်းတော့ဘူး" ဝမ်ဝေ့က ညည်းတွားလိုက်သည်။

သူက တခြားသော ခန္ဓာကိုယ်ကျင့်ကြံသူများလောက် အရင်းအမြစ်များများစားစား အသုံးမပြုထားသည်မှာ သူ့ပြန်လည်ကုစားနိုင်စွမ်းကို ကူညီပေးနိုင်သည့် အရင်းအမြစ်များကို သုံးမထား၍ ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် သူ့အတွက် အရင်းအမြစ်များစွာ ကုန်ဆုံးသွားခဲ့၏။ သူက ဤနယ်ပယ်ကို ဝင်ရောက်ကာစမျှသာ ရှိနေသေးသည်။ နောက်ပိုင်းအဆင့်များတွင် လိုအပ်ချက်က ပိုမိုပြင်းထန်လာလိမ့်မည်။

သူက ကုသိုလ်အမြောက်အများ သိမ်းဆည်းထားပြီး အသုံးပြုနိုင်သော်လည်း ဤသို့တုံးအသည့် အရာမျိုးကို ဘယ်သောအခါမှ လုပ်မည် မဟုတ်ပေ။ သူ့ဘိုးဘေးများက သူ့ကို ဟောပြောပို့ချခဲ့စဉ်အခါက ကုသိုလ်အကြောင်း သတိပေးခဲ့၏။ သို့သော်လည်း သူတို့က ကုသိုလ်ကို သုံး၍ သူ့နားလည်နိုင်စွမ်းကို တိုးမြှင့်နိုင်သော်လည်း ကျင့်ကြံဆင့်ကို တိုးမြှင့်ဖို့ရာ အသုံးမပြုဖို့ မှာကြားခဲ့သည်။

ရှေးဟောင်းဖျက်ဆီးခြင်းက သူ့အား ခန္ဓာကိုယ်လေ့ကျင့်ရေးတွင် ဘယ်သောအခါမှ အသုံးမပြုဖို့ မှာခဲ့သည်။ ထိုအရာက မည်မျှပင် သေးငယ်‌စေကာမူ ဖြတ်လမ်းကို လိုက်ခြင်းက စိတ်စွမ်းအားအပေါ် သက်ရောက်မှုရှိလာမည် ဖြစ်ပြီး ခန္ဓာကိုယ်လေ့ကျင့်ရေးတွင်မူ အဓိက တားမြစ်ချက်ကြီး ဖြစ်နေသည်။

သူ့တခြားသော အားထားရာများကမူ ဝူဟုန်၏ အစားအစာနှင့် သူ့အဆီအနှစ်ပန်းပွင့်စွမ်းရည် ဖြစ်၏။ သို့သော် သူက ထိုအရာများကို ၉ဆင့်မြောက်နှင့် ဆယ်ဆင့်မြောက် အတွက် ပြင်ဆင်ထားသည်။

"ကံကောင်းတာက ချဲ့ထွင်မှုက အဆုံးသတ်ဖို့ အချိန်ရောက်လာပြီ။" သူက ရေရွတ်လိုက်သည်။ ကမ္ဘာအသိုက်အဝန်းတစ်ခုလုံးဆီမှ ကမ္ဘာအရင်းအမြစ်များကို စုဆောင်းထားနိုင်သည့် စွမ်းရည်ဖြင့် သူ့အဆင့်အနေအထားအတွက် သုံးနိုင်သည့် ရှားပါးအရာတချို့ကို ရှာဖွေနိုင်လိမ့်မည်။

ဝမ်ဝေ့က အခြေအနေကို ခေတ္တမျှ စစ်ဆေးကြည့်လိုက်၏။ ယခင်နှစ်ပိုင်းအတွင်း မူလလက်နက်တောင်က အလိုအလျောက် လက်နက်သန့်စင်ရေး ဆေးပြင်မီးဖိုကို ပြီးဆုံးခဲ့ပြီး အိပ်မက်လောကအတွင်း ထားရှိခဲ့သည်။ ယခုအခါ ဤကမ္ဘာအသိုက်အဝန်းအနှံ့မှ လူများစွာသည် လက်နက်များအတွက် လက်နက်သန့်စင်သူများကို တောင်းခံဖို့ မလိုတော့ပေ။ သူတို့က သီးသန့် သို့မဟုတ် ကိုယ်ပိုင်ပြုလုပ်ဖို့ မလိုသရွေ့ဖြစ်၏။

ဒိုင်မေးရှင်းအနိမ့်ရှိ လူများက ထိုအပြောင်းအလဲမှ အကျိုးကျေးဇူး အများဆုံး ရရှိခဲ့သူများ ဖြစ်သည်။ ကမ္ဘာအများစုတွင် ကျွမ်းကျင်အတတ်ပညာများက အသင်္ချေအင်ပါယာကမ္ဘာထက်ပင် ပိုမိုရှားပါးလေသည်။ ထိုကြောင့် သူတို့က သူတို့ကို ကျေနပ်စေသည့် ဆေးလုံး သို့မဟုတ် လက်နက်များကို လုပ်ဆောင်ဖို့ အခွင့်အရေး ရလာကြပြီ ဖြစ်၏။

ဆေးလုံး သို့မဟုတ် လက်နက် ဈေးကွက်များက ဤနှစ်များတစ်လျှောက် ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။ တခြားတစ်ဖက်တွင် အိပ်မက်လောကကို ဝင်ရောက်ခွင့် ရယူထားနိုင်သည့်သူများက သေမျိုးအဆင့်၏ အထွတ်အထိပ်သို့ ကျွမ်းကျင်အတတ်ပညာအများစုကို အလွယ်တကူ ပြုစုပျိုးထောင်နိုင်ခဲ့ကြသည်။ တခြားတစ်ဖက်တွင်မူ သူတို့က မီးပြင်းဖိုကဲ့သို့သော အရာများကို ရယူခွင့်ရှိလာသည်။

ဤနှစ်တစ်သောင်းအတွင်း ကျွမ်းကျင်အတတ်ပညာရှင်များက သိသိသာသာ အောက်ငိုက်ဆင်းလာစဉ် အင်မော်တယ်ဆေးလုံးဖော်စပ်သူ လော့ချန် ပေါ်ထွက်လာခဲ့သည်။ သူ့ပေါ်ထွက်လာမှုက ကမ္ဘာကြီးအား ယန်းလီလင်းက အစားထိုးမရသည့် အရာ မဟုတ်ကြောင်း ပြသခဲ့သည်။ သူ ပြီးနောက် သိပ်မကြာခင် ဖူချိုက်ယွင်နှင့် တခြားသောသူများကလည်း ပေါ်ထွက်လာကြ၏။

ထုံရို့ပင်း၏ ကိုယ်ပွားက အလိုအလျောက် အဆောင်မီးပြင်းဖိုကို သန့်စင်ကာ အိပ်မက်လောကအတွင်း ထားရှိခဲ့သည်။ တာအိုအခွင့်အလမ်းဂိုဏ်းက ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာမှမပြောပေ။ သူတို့က ထိုအရာကို ကြိုးပမ်းနေသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း သူမက သူတို့ထက် မြန်ဆန်သွားခဲ့သည်။ သတင်းကောင်းကမူ ချိုက်စုန့်က ရုပ်သေးရုပ်များကို စက်ရုံထုတ်ကဲ့သို့ ဖန်တီးပေးနိုင်သည့် အလိုအလျောက် မီးပြင်းဖိုကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤတီထွင်မှုက တာအိုအခွင့်အလမ်းဂိုဏ်း၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုအဖြစ် ကျန်ရှိကာ လူသိရှင်ကြားကြေညာမည် မဟုတ်ပေ။

ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက ထိုမီးပြင်းဖိုကို ဖန်တီးဖို့ ကြိုးစားနေသည့် အင်အားစုများကို စောင့်ကြည့်ဖို့တာဝန်ပေးခံထားရသည်။

နောက်ဆုံးသော လိုအပ်နေသည့်အပိုင်းက အစီအရင် မီးပြင်းဖို ဖြစ်၏။ ကမ္ဘာတစ်ဝှမ်းရှိ ပါရမီရှိသည့်လူများက ကြိုးစားနေသည့်အတွက် ကိစ္စများက အဆင်ပြေ ချောမွေ့လာခဲ့သည်။ သို့သော်လည်း အဆင့်နိမ့် သို့မဟုတ် အလယ်အလတ်အဆင့် အစီအရင်များက မြေမျက်နှာပြင်အပေါ် မူတည်နေသည့်အတွက် သူတို့က ထိုပြဿနာနှင့် ပတ်သက်၍ ဖြေရှင်းနေရသည်။ သူတို့၏ အဖြေက အားကောင်းသည့် တွက်ချက်နိုင်စွမ်းရှိသည့် စိတ်ဝိညာဉ်ကို ဖန်တီးဖို့ ဖြစ်၏။

အကယ်၍ တစ်စုံတစ်ယောက်က နေရာတစ်ခုကို ခင်းကျင်းလိုပါက သူတို့သည် အသွင်အပြင်အကြောင်း နမူနာပေးရမည် ဖြစ်ကာ သူမက အစီရင်ကို မည်သို့ခင်းကျင်းရမည်ကို တွက်ချက်ပေးမည် ဖြစ်၏။

အဲဆိုတော့ ငါက ကျင့်ကြံရေးလောကမှာ စက်မှုတော်လှန်းရေး ဖန်တီးခဲ့မိတာလား။ ဒီလိုမျိုး မီးပြင်းဖိုတွေ ကျော်ကြားလာမှုနဲ့ဆိုရင် ကိုယ်ပိုင်ဖန်တီးမှုတွေက အလျင်အမြန် အစားထိုးခံလိုက်ရတော့မှာ မဟုတ်ဘူးလား...

ထိုအပြောင်းအလဲက အဆိုးနှင့် အကောင်း ရောထွေးနေသည်။ သို့သော်လည်း ထိုအရာက ဝမ်ဝေ့၏ အဓိက စိုးရိမ်မှု မဟုတ်သေးပေ။ ဤအပြောင်းအလဲက ကမ္ဘာကြီးအား ဤစကြဝဠာအတွင်း တားမြစ်ချက်တစ်ခုဖြစ်သည့် ခေတ်မီသည့် ကမ္ဘာမြေနှင့် တူညီလာစေသည်။

ဤခေတ်ကာလ အဆုံးသတ်သွားသည့်အခါ ထိုမီးပြင်းဖိုများက ပထမဆုံး ဖျက်ဆီးခံရမည့် စာရင်းအတွင်း ရှိနေလောက်သည်။ ပြောရလျှင် သမိုင်းကြောင်းမှပင် ဖျက်ဆီးပစ်နိုင်လောက်၏။

ဝမ်ဝေ့က ထိုအရာများကို နောက်ခေတ်ကာလထဲ ထုတ်မသုံးဖို့ ဂိုဏ်းထံ သတိပေးချက် ချန်ထားဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့က ဗဟုသုတများကို ထိန်းထားနိုင်သော်လည်း သူတို့အတွက်သာ ထိန်းထားနိုင်လိမ့်မည်။ အထူးသဖြင့် ချိုက်စုန့်၏ မီးပြင်းဖို ဖြစ်၏။

All Chapters