← Chapters

ဝိညာဉ်လမ်းစဉ် ပြန်လည်ပေါ်ထွက်လာခြင်း

Vol. 75 Ch. 1049

ဝိညာဉ်လမ်းစဉ် ပြန်လည်ပေါ်ထွက်လာခြင်း

Vol. 75 Ch. 1049

ဝမ်ဝေ့က သူမနှင့် နာရီပိုင်းကြာပြောဆိုခဲ့ပြီး အစားကြူးသူကိုလည်း စစ်ဆေးကြည့်လိုက်သည်။ သူက သူမ၏ ဆရာထံ သူမကို စောင့်ရှောက်ပေးမည်ဟု ကတိပေးထားသည့်အတွက် သူကတိကို ချိုးဖောက်မည် မဟုတ်ပေ။ သူက သူ့မဟာမိတ်များနှင့် တူညီသည့် အရေးသားချက်များကို ပေးအပ်ခဲ့၏။

စကားဝိုင်း အဆုံးသတ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူအိပ်မက်ပြီးမြောက်ဖို့ရာအတွက် မည်မျှဖြတ်ကျော်ခဲ့ရကြောင်း စဉ်းစားနေမိသည်။ သူက ဒိုင်မေးရှင်းအနိမ့်တွင် အားအကောင်းဆုံးလူထဲမှ တစ်ယောက် ဖြစ်နေသော်လည်း သူခေတ်ကာလာကြာရှည်မှုကို ကာကွယ်ဖို့အတွက် မိစ္ဆာမျိုးနွယ်နှင့် ဒေါသတို့ဖြင့် လူသိရှင်ကြား မတွေ့မိဖို့ရာ ဂရုစိုက်နေရဆဲ ဖြစ်သည်။

ဤသို့သော အပြုအမူက အတားအဆီး၊ အဟန့်အတား ဖြစ်နေပြီး သူက သဘောမကျပေ။ သို့သော်လည်း ကိစ္စများက ဤသို့သာ လုပ်ဆောင်ရမည် ဖြစ်၏။ အကယ်၍ သူသာ အားကောင်းနေပြီး အစွဲကင်းတစ်ပိုင်းအဆင့်ကို မြန်မြန်ရောက်ရှိသွားပါက အစစ်အမှန်ကောင်းကင်တာအို၏ သက်ရောက်မှုကို စိုးရိမ်စရာ လိုမည် မဟုတ်တော့ပေ။

ဒီစကားတွေက ဖန်တလဲလဲဖြစ်နေပေမဲ့ အရာအားလုံးက ငါလုံလုံလောက်လောက် အားမကောင်းသေးလို့ ဖြစ်လာရတာပဲ...

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သူက ခေါင်းအသာရမ်းပြီးသည့်နောက်တွင် လျန့်ရှစ်ရှန်းကို ဆက်သွယ်ဖို့ ပြင်လိုက်၏။

"အားလုံး အဆင်သင့်ပဲလား" ဒုတိယမျိုးဆက် နတ်မျိုးနွယ်က မေးလာသည်။

"အင်း။ ဒါပေမဲ့ မင်းကြည့်ရတာအလျင်လိုနေတဲ့ပုံပဲ"

"ဒီလိုအားနည်းနေတာမျိုးကို အတော်လေး ငြီးငွေ့နေလို့ပါ။" သူက ပြန်‌ဖြေလိုက်သည်။

"ပြီးတော့ ကျုပ်ရဲ့ အခြေအနေက နည်းနည်းလေး အန္တရာယ်များတယ်။ တစ်ယောက်ယောက်ကို ကျုပ်ကို လာခေါ်ခိုင်းလို့ ရမလား။"

"ကောင်းပြီလေ" အတွေးတစ်ချက်ဖြင့် လျန့်ရှစ်ရှန်းက ခုံရုံးအတွင်း ပေါ်ထွက်လာခဲ့သည်။

သူက ဘေးပတ်လည်ကို ကြည့်ပြီး ဤနေရာကို အလျင်အမြန် ရောက်ရှိလာသည့် အကြောင်းအရင်းကို စဉ်းစားနေမိ၏။

"စိတ်အေးအေးထားပါ။ အဖန်ရည်တစ်ခွက်လောက် သောက်လိုက်ဉီး။ ဘာတွေဖြစ်လာတာလဲဆိုတာကို ပြောစမ်းပါဦး" ဝမ်ဝေ့က ပလ္လင်အခန်းမှ ဧည့်သည်များ တွေ့ဆုံဖို့ ပိုမိုသင့်တော်သည့် အခန်းဆီ ပြောင်းလိုက်သည်။

လျန့်ရှစ်ရှန်းက ထိုင်ကာ အဖန်ရည်သောက်သုံးပြီး သူ့အတွေ့အကြုံများကို ပြန်လည်ပြောပြလာ၏။

"ခင်ဗျား သိတဲ့အတိုင်း အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအား လျော့လာတော့ ကျုပ်တို့ နတ်မျိုးနွယ်ရဲ့ ကမ္ဘာငယ်လေးက ဒုတိယမျိုးဆက်နတ်ဘုရားတွေကိုပဲ အက်ကြောင်းကနေတဆင့် သွားခွင့်လာခွင့်ပြုထားတာလေ။ အကြီးအကဲတွေက ကျုပ်တို့ကို တခြားကမ္ဘာတွေဆီ စေလွှတ်ပြီးတော့ ထာဝရဧကရာဇ်တွေ ဖြစ်အောင် ပြုစုပျိုးထောင်ဖို့ ကြိုးစားနေကြတာ။ ပြီးတော့ အဲဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်ပေါ့။

လူနှစ်ယောက်က အောင်မြင်ခဲ့ပြီးတော့ အတုအယောင်ထာဝရဧကရာဇ် ဖြစ်လာခဲ့တယ်။ ပြီးတော့ အိမ်ကို ပြန်လာခဲ့တယ်။ ဒါပေမဲ့ သူတို့ပြန်ရောက်ရောက်ချင်း လူတချို့ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်လေ"

"အတွင်းရေးပဋိပက္ခလား" ဝမ်ဝေ့က မေးလိုက်၏။

"ဟုတ်တယ်။ သူတို့က အဲဒီလူနှစ်ယောက်ကို အားနည်းအောင် လုပ်ပြီးတော့ လူငယ်မျိုးဆက် အာဏာ မရသွားအောင် ကာကွယ်ချင်ကြတာ။ ကံဆိုးတာက သူတို့တွေ ကျဆုံးသွားတယ်လေ။ အဲဒီနှစ်ယောက်က လက်စားပြန်ချေပြီးတော့ သူတို့တွေကလည်း ရက်စက်တယ်။ သက်ညှာမှုတောင် မပြခဲ့ဘူး"

လျန့်ရှစ်ရှန်းက သက်ပြင်းချလိုက်၏။

"အဲဒီအရိပ်အမြွက်တွေ အားလုံးက အကြွင်းမဲ့ စတင်ခြင်းမှော်စွမ်းအား ရုတ်တရက် ပျောက်ကွယ်မသွားခင် ဒုတိယနတ်ဘုရားမျိုးဆက်တွေက အကြွင်းမဲ့ထိန်းချုပ်မှု ရယူနေပြီဆိုတာကို ပြသနေတာပဲ။"

" နက်နဲတဲ့ အုတ်မြစ် ရှိထားတဲ့ ပထမမျိုးဆက် နတ်ဘုရားတွေက ရုတ်တရက် ထွက်ပေါ်လာတယ်ဆိုပါတော့" ဝမ်ဝေ့က ပြောလိုက်သည်။

"အတိအကျပဲ။ သူက ကမ္ဘာငယ်လေးထဲမှာတောင် တိုက်ခိုက်နိုင်တဲ့ အားကောင်းတဲ့ ဘိုးဘေးတစ်ယောက်ပဲ။ ဒါပေမဲ့ အခု သူက လွတ်လပ်သွားပြီ။ သူ တစ်ယောက်တည်နဲ့တင် ဧကရာဇ်နှစ်ယောက်ကို ချုပ်ကိုင်ထားနိုင်တယ်။ ပြီးတော့ စစ်ပွဲကိုလည်း အချိန်ဆွဲထားနိုင်တယ်။ အခု လူတော်တော်များများက စစ်ပွဲကို ရှောင်ဖို့ စတင်ထွက်ပြေးလာကြပြီ။ အခု ကျုပ်တို့မျိုးနွယ်က အားနည်းလာတော့မှာ"

ဝမ်ဝေ့က ထိုစကားကို နားထောင်ရင်း တာအိုအခွင့်အလမ်းဂိုဏ်း သို့မဟုတ် တခြားသော အင်အားစုများသည်လည်း ယခင်မျိုးဆက်ဟောင်းက သူတို့ကိုယ်သူတို့ အာဏာထိန်းသိမ်းထားပါက ဖြစ်လာမည့် အရေးကို သဘောပေါက်သွားခဲ့သည်။ အဆုံးစွန် သိမ်းပိုက်ခြင်းက ကျင့်ကြံရေးလောကအတွက် ဖွံ့ဖြိုးတိုးတက်ရေးကို ကင်းမဲ့သွားစေသည့် ဖြစ်ရပ်များကို ဦးတည်နေသည်။ အကယ်၍ ယခင်မျိုးဆက်ဟောင်းက အာဏာကို လုခဲ့ပါက အခြေအနေက ပိုမိုဆိုးရွားနေလိမ့်မည်။

"အဲဒါဆို မင်းက ဧကရာဇ်လမ်းစဉ်နဲ့ ပတ်သက်ပြီး အခုထိ စိတ်မပြောင်းသေးဘူးလား။" ဝမ်ဝေ့က မေးလိုက်သည်။

"ဟုတ်တယ်။ အဲဒါကိုအခုထိ သဘောမကျသေးဘူး။"

ဝမ်ဝေ့က ခေါင်းအသာရမ်းလိုက်၏။

"အရင်ကလည်း အိပ်မက်လောကအကြောင်း ပြောခဲ့ဖူးတယ်။ အခု မင်းကို ပြမယ်။ ငါတို့မစခင် အဲဒါကို ရက်နည်းနည်းလောက် လေ့လာကြည့်ပေါ့"

"ကောင်းပါပြီ"

ဝမ်ဝေ့က အိပ်မက်လောကကို မည်သို့ဝင်ရောက်မည်နှင့် ကိစ္စများကို စစ်ဆေးကြည့်ဖို့ ပြသလိုက်သည်။ အိပ်မက်လောကကို ဆာဗာသန်းပေါင်းများစွာအဖြစ် ခွဲထွက်ထားခြင်း မဟုတ်ပေ။ ကမ္ဘာအားလုံးမှ လူတိုင်း တွေ့ဆုံဆက်သွယ်နိုင်သည့် ပင်မဆာဗာ သို့မဟုတ် အကြီးမားဆုံး ဆာဗာတစ်ခု ရှိထားပြီး အလွှာတစ်ခုချင်းစီအလိုက် ဆာဗာငယ်များအဖြစ် ပြန်လည်ခွဲထားသည်။

နမူနာအနေဖြင့် အသင်္ချေအင်ပါယာကမ္ဘာ၏ နယ်ခံများက သူတို့ မွေးရပ်မြေမှ လူများနှင့်သာ ဆက်သွယ်လိုပါက ဤသီးသန့်ဆာဗာအတွင်း ဝင်ရောက်ရမည်။ အကယ်၍ သူတို့က အလွှာနိမ့်မှ တခြားသူများနှင့် ဆက်သွယ်လိုပါက ထိုသူ၏ ကမ္ဘာ့ဆာဗာထဲ ဝင်ရောက်ဖို့ ဖိတ်ကြားချက်ကို လက်ခံခြင်း သို့မဟုတ် ထူးကဲသည့် ဆာဗာတစ်ခုအတွင်း ဝင်ရောက်ရမည် ဖြစ်သည်။

တိုက်ပွဲမျှော်စင်ကိုတော့ ကွဲပြားသည့် အဆင့်ဇယားများဖြင့် ဆာဗာများ ပိုင်းခြားထားသည်။ နမူနာအနေဖြင့် တိုင်လေးလုံးကမ္ဘာတွင် အားအကောင်းဆုံး ကျင့်ကြံသူက ချိုက်ရန်ရှု ဖြစ်ကာ အသင်္ချေအင်ပါယာကမ္ဘာတွင် ထိုဂုဏ်ပုဒ်က ဝမ်ဝေ့ဆီ ရောက်ရှိလာသည်။

လီကျွင်းက ပင်မဆာဗာနှင့် အသင်္ချေအင်ပါယာကမ္ဘာ၏ အားကောင်းဆုံး ကောင်းကင်ရွေးချယ်ခံ ဂုဏ်ပုဒ်ကို ဆုပ်ကိုင်ထား၏။ ချိုက်ရန်ရှုကမူ အဆင့် ၂၈ ဖြစ်၏။ ကမ္ဘာသန်းချီ ပါဝင်နေသည့် အဆင့်ဇယားကို ထည့်သွင်းစဉ်းစားလိုက်လျှင် အတော်လေး အံ့ဩဖို့ကောင်းလေသည်။ တိကျားယင်၊ ဝမ်ဝေ့၏ အဖေနှင့် အမေ သို့မဟုတ် သုံ့လီဖန်းလိုမျိုး ပါရမီထူးကဲသည့်သူ တချို့က ဝင်ရောက်မယှဉ်ပြိုင်သေးသည့်အတွက် အဆင့်ဇယားထဲ ရောက်မလာသေးပေ။

ဝမ်ဝေ့က အဆင့်ဇယားကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် လီကျွင်းနှင့် ယန်းလီလင်းတို့က ဆာဗာနှစ်ခုအထက် ထိပ်သီးရောက်ရှိနေသည်ကို မြင်လိုက်ရသည်။ ထျဲ့ကန်ကပင် အကောင်းဆုံး တပ်ဖွဲ့စာရင်းအတွက် ထိပ်ဆုံးရောက်ရှိနေပြီး လီကျွင်း၏ သတ်ဖြတ်ရေးတပ်ဖွဲ့ကို အနိုင်ယူထားနိုင်သည်။

ဝမ်ဝေ့က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ ကြယ်တာရာသားရဲကမ္ဘာက သူတို့၏ ကိုယ်ပိုင်ဆာဗာကို ရရှိကာစဖြစ်သည့်အတွက် စာရင်းများက ရှုပ်ယှက်ခတ်နေသည်။ သိပ်မကြာခင် နတ်ဆိုးဖိနှိပ်ရေးကမ္ဘာ၊ ဟွင်သွမ်းခေါင်းလောင်းကမ္ဘာ၊ ကျိလန်ဖန်း၏ မသေမျိုးတက်လှမ်းခြင်းကမ္ဘာနှင့် ရှစ်ချီအန်းနှင့် ရှီရှန်းရန်တို့၏ ကမ္ဘာများအတွက်လည်း ကိုယ်ပိုင်ဆာဗာအသီးသီး ရှိလာကြလိမ့်မည်။

နောက်ထပ် မဟာမိတ် မဟုတ်တဲ့ထဲက ဆာဗာရမဲ့သူက သိုင်းပညာအုပ်စိုးသူကမ္ဘာပဲ...

ဒါက ငါတို့ရဲ့ ချဲ့ထွင်မှု စတင်မယ့်အချိန်ပဲ။ ဒါပေမဲ့ အဲ့လိုကမ္ဘာမျိုးက ခေါင်းကိုက်နိုင်တယ်။ ရှုရှစ်က အကူအညီတချို့ ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတာပဲ...

ဝမ်ဝေ့က တွေးလိုက်မိသည်။

ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် လျန့်ရှစ်ရှန်းက အဆင်သင့်ဖြစ်သည့်အတွက် ဝမ်ဝေ့က သူ့ကို အိပ်မက်လောကရှိ သီးသန့်နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ ဒုတိယမျိုးဆက် နတ်မျိုးနွယ်က နေရာတိုင်းတွင် မျောလွင့်နေသည့် ရွှေရောင်အလင်းကို ကြည့်ကာ အကြည့်များ တောက်ပလာလေ၏။

"ဒီလို ယုံကြည်မှု စွမ်းအားအများကြီးပဲ" သူက ရေရွတ်လိုက်သည်။ သူက ဤသို့ပမာဏအများကြီးကို မြင်တွေ့ဖူးသည်ဟု မထင်ပေ။

"ကမ္ဘာအသိုက်အဝန်းတစ်ခုလုံးဆီကဆိုတော့ ဒါကပုံမှန်ပါပဲ။ အစီအစဉ်ကို သိတယ်မလား။ စလိုက်ကြရအောင်" ဝမ်ဝေ့က တည်ငြိမ်စွာပြောလိုက်သည်။

လျန့်ရှစ်ရှန်းက ကြမ်းပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံလိုက်၏။ သူက ဝမ်ဝေ့ ဖန်တီးထားသည့် ကျင့်ကြံရေးနည်းလမ်းကို အသုံးပြုကာ သူဝိညာဉ်စက်ကွင်းနှင့် နတ်မီးတောက်ကို စတင်ဖွဲ့စည်းခဲ့သည်။ ဝိညာဉ်က အင်မော်တယ် အဆီအနှစ်ဖြစ်သည့် ပင်ကိုစွမ်းရည် ရှိထားလေသည်။ ကျင့်ကြံသူတစ်ယောက်၏ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ သေမျိုးတစ်ယောက်၏ ဝိညာဉ်က သေဆုံးနိုင်မည် မဟုတ်သလို ဖျက်ဆီးနိုင်မည် မဟုတ်ဘဲ ပြန်လည်ဝင်စားခြင်းစက်ဝန်းထဲ အဆုံးမဲ့သံသရာ လည်ပတ်နေလိမ့်မည်။

ထိုနည်းစနစ်၏ ပထမအပိုင်းက ဝိညာဉ်၏ မသေမျိုးဂုဏ်သတ္တိမှ ဝိညာဉ်စက်ကွင်းကို ဖွဲ့စည်းဖို့ ဖြစ်၏။ ထိုဖြစ်စဉ်က အင်မတန်ခက်ခဲလှပြီး သေမျိုးအများစုအတွက် အဆင့်မြင့်သက်ရှိများ၏ အကူအညီ မရှိဘဲ မဖြစ်နိုင်သလောက် ဖြစ်၏။ သို့သော်လည်း လျန့်ရှစ်ရှန်းက နတ်မျိုးနွယ်ဖြစ်ကာ ဝိညာဉ်စည်းမျဉ်းကို ကျင့်ကြံထားသည်။

အကြိမ်များစွာကြိုးပမ်းပြီးသည့်နောက် သူက နတ်ဝိညာဉ်အထက် ဝိညာဉ်စက်ကွင်းကို ဖွဲ့စည်းနိုင်ခဲ့သည်။ နောက်တစ်ဆင့်ကမူ ယုံကြည်မှုစွမ်းအားကို စုပ်ယူပြီး စက်ကွင်းနှင့် ပေါင်းစပ်ဖို့ ဖြစ်၏။ ယုံကြည်မှုက နတ်ဘုရားများအတွက် စွမ်းအားအရင်းအမြစ်အနေဖြင့် ကိုးကွယ်ရေးဂုဏ်သတ္တိတို့ ပါဝင်နေသည့်အတွက် မသေမျိုးနှင့် စွမ်းအားတို့ဖြင့် ယှဉ်နိုင်သည်။

လျန့်ရှစ်ရှန်းက နတ်မီးတောက်ကို ဖွဲ့စည်းဖို့ အာရုံအပြည့်အဝ စိုက်ထားလိုက်သည်။ လှည့်ဖျားရေး စစ်ဆေးမှုပြီးကတည်းက ပြဿနာများစွာ ရှိနေခဲ့သော်လည်း ထိုနည်းစနစ်ကို လေ့ကျင့်ခဲ့၏။ သူက ယခင်ရက်ပိုင်းအတွင်း လှုံ့ဆော်မှု အားလုံးဖြင့် ယုံကြည်ချက် ရှိနေသည်။

ဝမ်ဝေ့က သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။ သူက ထိုအစိတ်အပိုင်းတွင် ဝင်ရောက်ကူညီပေးသင့်သော်လည်း လျန့်ရှစ်ရှန်း၏ မာနကြီးမှုကို သိထားသည့်အတွက် ကြည့်ပဲကြည့်နေလိုက်သည်။ အမည်မသိ အချိန်တစ်ခုကြာမြင့်ပြီးသည့်နောက်တွင် လျန့်ရှစ်ရှန်း၏ အသိစိတ်ပင်လယ်အတွင်း ဝိညာဉ်စက်ကွင်းအထက် ရွှေရောင်မီးတောက်တစ်ခု ပေါ်ထွက်လာခဲ့၏။

နတ်မီးတောက်က တောက်ပပြီး မြင့်မြတ်ကာ ထူးဆန်းအံဖွယ်ဖြစ်၏။ ထိုအရာက လျန့်ရှစ်ရှန်း၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်အနှံ့ကို ဆေးကြောပေးသည့် စွမ်းအားတစ်ခု ထုတ်လွှတ်လာခဲ့၏။ ယခုအခါ သူ့ဝိညာဉ်သည် မသေမျိုးဖြစ်ရုံသာမက သူ့ခန္ဓာကိုယ်သည်လည်း ထိုဂုဏ်သတ္တိများကို မျှဝေထားသည်။

"ဘယ်လိုခံစားရလဲ"

"အားကောင်းပေမဲ့ နည်းနည်းတော့ စိတ်ပျက်ဖို့ကောင်းတယ်" လျန့်ရှစ်ရှန်းက ပြောလိုက်သည်။ သူက သူ့စွမ်းအားသည် ဒုတိယတန်းစားဧကရာဇ်ဖြင့်သာ ယှဉ်နိုင်ကြောင်း ပြောနိုင်လေ၏။

"မင်း ဂုဏ်ယူသင့်တယ်။ တခြားသူတွေကဆိုရင် နတ်ဘုရားဘုရင် ဖြစ်လာပြီးတဲ့နောက်မှာ ဒီအဆင့်ကို ရနိုင်တာ မဟုတ်ဘူး။ ယုံကြည်မှုစွမ်းအားအပေါ် ရင်းနှီးကျွမ်းဝင်မှု‌ကြောင့်နဲ့ ဒုတိယမျိုးဆက် နတ်ဘုရားအနေနဲ့ ပါရမီ‌ကြောင့်သာမဟုတ်ရင် တတိယတန်းစားအဆင့်လောက်ပဲ ရှိလိမ့်မယ်။"

လျန့်ရှစ်ရှန်းက ခေါင်းအသာရမ်းလိုက်သော်လည်း ဝမ်ဝေ့က ဘာမှမပြောပေ။ သူက ကြိုတင်သတိပေးထားပြီး ရလဒ်ကို မှန်းဆထားပြီးသား ဖြစ်၏။

"အခု ဘာလုပ်မှာလဲ"

"အကာအကွယ်တွေ အကုန်လုံးကို ဖြတ်ကျော်ပြီးတော့ ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်မယ်။ မဟာတာအိုအရင်းအမြစ်ဆီကနေ စွမ်းအားကို ဌားယူနိုင်တဲ့ပုံပဲ" သူက ပြန်ဖြေလိုက်သည်။

"အဲဒါက အဓိပ္ပာယ်တော့ရှိတယ်။ မင်းရဲ့ ဝိညာဉ်က အဲဒီစွမ်းအားကို တောင့်ခံနိုင်လောက်အောင် အားကောင်းနေပြီလေ။ ဒါပေမဲ့ ကြာချိန်က တာအိုဘိုးဘေးတွေနဲ့ ယှဉ်လိုက်ရင်တော့ တိုတောင်းလောက်တယ်"

နတ်ဘုရားတစ်ပိုင်း၏ နတ်မီးတောက်က တာအိုဘိုးဘေး၏ အတွင်းကမ္ဘာ သို့မဟုတ် ထာဝရအရှင်များ၏ မသေမျိုးနန်းဆောင်နှင့် တူညီလေသည်။ အကယ်၍ ဖျက်ဆီးခံလိုက်ရပါက သူတို့၏ စွမ်းအားကို ဆုံးရှုံးသွားမည်ဖြစ်ကာ ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်။

"ဟုတ်တယ်။ အချိန်ကြာတဲ့တိုက်ပွဲတွေဆိုရင်တော့ သိပ်ပြီး အဆင်မပြေဘူး။"

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

"အခု ဝိညာဉ်လမ်းစဉ် ပြန်လည်ပေါ်ထွက်လာတဲ့အကြောင်းကို ချက်ချင်းကြေညာချင်လား"

"မဟုတ်သေးဘူး။ ကျုပ်က အခု အရမ်းအားနည်းနေသေးတယ်။ တည်ထောင်သူတစ်ယောက်အနေနဲ့ အရေးသားချက်တော့ ရှိတယ်လေ။ အခု သူတို့ကို ထာဝရတန်းစားအဆင့် ရောက်အောင် အသုံးပြုမယ်။ အဲဒီအခါကျမှ ကြေညာလိုက်မယ်"

"အဲဒါက ကြာမှာလား" ဝမ်ဝေ့ကမေးလိုက်၏။

"တကယ်တော့ သိပ်မကြာပါဘူး။ ယုံကြည်မှုစွမ်းအားနည်းနည်းပဲ ပိုလိုအပ်ရုံပါ"

"မင်း တန်ကြေးပေးသရွေ့ အဆင်ပြေပါတယ်"

လျန့်ရှစ်ရှန်းအနေနှင့် ထိုသူသည် သူတို့၏ သဘောတူညီချက်ကို ဖြည့်ဆည်းပြီးသား ဖြစ်သလို သူ့အပေါ် အကြွေးတင်မနေသည့်အတွက် ထိုကိစ္စကို စိတ်ထဲမထားပေ။

All Chapters