မပျက်ဆီးနိုင်သော ကနဦးကောင်းကင် ၊ စကြာဝဠာထဲတွင် ခမ်းနားသောတည်ရှိမှု
Vol. 82 Ch. 1149
အခန်း (၁၁၄၉) မပျက်ဆီးနိုင်သော ကနဦးကောင်းကင် ၊ စကြာဝဠာထဲတွင် ခမ်းနားသောတည်ရှိမှု
“မင်းရဲ့ ကြယ်တာရာချီစွမ်းအားအနှစ်သာရ လှည့်ပတ်မှုက လျှင်မြန်ရုံတင်မကဘူး မင်းရဲ့ တိုက်ခိုက်မှုကလည်း လုံးဝ ပြီးပြည့်စုံပြီး စပ်ကြောင်းတစ်ချက်တောင် မရှိဘူး”
နျဲ့ကျင်းရှန်ကိုကြည့်ရင်း ချန်းဧကရာဇ်က လေးနက်စွာပြောသည်။
“ထာဝရဖြစ်တည်တဲ့ ကနဦးကောင်းကင်... မင်းရဲ့ ချီစွမ်းအားအနှစ်သာရက တကယ့်ကို ခိုင်မာတာပဲ ၊ ဘယ်ရန်သူကမှ မင်းရဲ့တိုက်ခိုက်မှုကို ခုခံတွန်းလှန်နိုင်မှာ မဟုတ်ဘူး”
ဟုတ်ပေ၏။
ထို့ကြောင့် နျဲ့ကျင်းရှန်၏တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရလျှင် ကြီးမားသောတောင်မြင့်ကြီးတစ်ခု မှောက်လှန်သွားသည့်ပမာ နောက်ပြန်လှည့်မရသော ဖြစ်စဉ်တစ်ခုအလား ဖြစ်သည်။
သူ၏ဓားဝိညာဉ်ကို ရင်ဆိုင်ရသူ မည်သူမဆို ဘာမှမတတ်နိုင်ဘဲ တောင်းမြင့်ကြီးဖြင့် ထိုးခွင်းကြိတ်ချေခြင်းကို ခံစားရမည် ဖြစ်သည်။
နျဲ့ကျင်းရှန်က ခမ်းနားထက်ရှသော ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားသိုင်း’ အား အလွန်တရာ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းအပြည့်ဖြင့် အသုံးပြုခဲ့သည်။
မပျက်ဆီးနိုင်သော ကနဦးကောင်းကင် ၊ စကြာဝဠာထဲတွင် ခမ်းနားသောတည်ရှိမှု။
နျဲ့ကျင်းရှန်က တည်ငြိမ်စွာဖြင့်...
“... ဒီ ‘နျဲ့’ က ပြိုင်ဘက်ကင်းတစ်ယောက် မဟုတ်ပါဘူး”
ကန့်သတ်ချက်များထက် ကျော်လွန်သော ပါရမီရှင်များအနေဖြင့် သူတို့၏တန်ခိုးစွမ်းအားကို အပြည့်အဝ အသုံးချမည်ဆိုလျှင် နျဲ့ကျင်းရှန်ကဲ့သို့သော ပြိုင်ဘက်ကို အနိုင်ယူနိုင်မည် ဖြစ်သည်။
သို့သော် ချန်းဧကရာဇ်က ထိုသို့သောလူမျိုး မဟုတ်ပေ။
သူ၏ကျင့်ကြံခြင်းအဆင့်က နျဲ့ကျင်းရှန်ထက်ပိုမိုမြင့်မားနေသည့်တိုင် နျဲ့ကျင်းရှန်ကို အနိုင်ယူနိုင်မည့်သူမျိုးမှာ ဤလောကတွင် များများစားစား မရှိလှပေ။
ချင်းယွမ်ဧကရာဇ်က နျဲ့ကျင်းရှန်ကိုကြည့်လိုက်ရင်း...
“ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားအပေါ် မင်းရဲ့နားလည်မှုက မင်းရဲ့ဂိုဏ်းတူညီအစ်ကိုတွေထက် အများကြီးသာလွန်တယ် ၊ ဓားကွက်ထုတ်ဖော်တဲ့နေရာမှာ လေးနက်ထက်မြက်ရုံသာမကဘူး ကျန့်ဟွမ်ဓားဧကရာဇ်ရဲ့ ထိုးထွင်းသိမြင်မှုတွေကိုလည်း မင်းက ပိုင်ဆိုင်ထားတယ် ၊ ကျန့်ဟွမ်ဓားဧကရာဇ်က မင်းကိုသင်ပြပေးခဲ့ပေမယ့် မင်းရဲ့ ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာနဲ့ ထူးခြားတဲ့မွေးရာပါအရည်အချင်းတွေက ကိုယ်ပိုင်လမ်းကြောင်းတစ်ခု ဖောက်ထွက်နိုင်စွမ်း ရှိတယ်”
သူက ဆက်ပြောသည်။
“မင်းက မွေးရာပါပင်ကိုယ်စွမ်းရည်တွင်မကဘူး နားလည်နိုင်စွမ်းကလည်း ထူးထူးခြားခြား မြင့်မားလွန်းတယ် ၊ တကယ့်ကို ပြီးပြည့်စုံတဲ့လူတစ်ယောက်လို့ ပြောလို့ရတယ်”
“မအံ့သြတော့ပါဘူး မအံ့သြတော့ပါဘူး ... အရင်တုန်းက အနောက်မြောက်’လျန်’ ပြောခဲ့တဲ့စကားက တကယ်မှန်တာပဲ ၊ မင်းက အနောက်တောင်’ပိုင်’ ထက်တောင် အများကြီးပိုတော်တယ်”
ယခင်တစ်ချိန် နျဲ့ကျင်းရှန် အမတကူးပြောင်းခြင်းအလယ်ဆင့် ရှိစဉ်အချိန် အနောက်မြောက်ထိပ်တန်းအရှင်သခင် လျန်ကျူးလင်နှင့် သိုင်းပညာဖလှယ်ခဲ့ပြီး သရေကျခဲ့ဖူးသည်။
သေခြင်းရှင်ခြင်း တိုက်ပွဲဆိုလျှင်တော့ မည်သို့သောရလဒ်ဖြစ်လာမည်လဲ မသိရှိနိုင်ပေ။
သို့သော် သူတို့နှစ်ယောက်သိုင်းပညာဖလှယ်ပြီးသည်နှင့် လျန်ကျူးလင်က စကားတစ်ခွန်း ပြောကြားခဲ့သည်။
“ကျန့်ဟွမ်ဓားဧကရာဇ်ရဲ့တပည့်တွေထဲမှာ နျဲ့ကျင်းရှန်က အတော်ဆုံးပဲ...”
ဆိုသော မှတ်ချက်စကား ဖြစ်၏။
ထိုစကားထွက်လာသည့်အခါ လူတိုင်း၏နားလည်မှုသည်လည်း ကွဲပြားသွားသည်။
နျဲ့ကျင်းရှန်က အလွန်ကြီးမားသောအလားအလာရှိပြီး အနာဂတ်တွင် အမြင့်ဆုံးအောင်မြင်မှု ရရှိလိမ့်မည်ဟု လူအချို့က ယူဆကြသည်။
သို့သော် ကိုယ်တိုင်ကြုံမှ နျဲ့ကျင်းရှန်၏ စွမ်းပကားကိုလက်ခံမည်ဆိုသော လူများလည်းရှိသည်။
ထိုသို့သော လူများထဲတွင် ချင်းယွမ်ဧကရာဇ်သည်လည်း တစ်ယောက်အပါအဝင် ဖြစ်၏။
အမှန်တော့ သူမက နျဲ့ကျင်းရှန်လောက်မတော်ကြောင်း လျန်ကျူးလင်က ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်ပင်။
သူမ သို့မဟုတ် အနောက်တောင်ထိပ်တန်းအရှင်သခင်’ပိုင်တောင်း’ တို့ နျဲ့ကျင်းရှန်နှင့် သေခြင်းရှင်ခြင်းတိုက်ပွဲ ရင်ဆိုင်တိုက်ခိုက်မည်ဆိုလျှင် သေချာပေါက် နျဲ့ကျင်းရှန်သာလျှင် အနိုင်ရပေလိမ့်မည်။
ချင်းယွမ်ဧကရာဇ်က စိတ်ရှုတ်ထွေးသည့်အမူအရာဖြင့် နျဲ့ကျင်းရှန်ကို ကြည့်လိုက်ရင်း...
“မင်းက ကျန့်ဟွမ်ဓားဧကရာဇ် ဒါမှမဟုတ် ဓားနတ်ဘုရားရဲ့ အဆက်အနွယ်ဆိုပေမဲ့...”
သူက ဆက်ပြောသည်။
“ဒီ တာအိုဆရာက ဓားနတ်ဘုရားကို မလေးမစား ပြောဆိုတာ မဟုတ်ပါဘူး ၊ ဒါပေမဲ့ အနာဂတ်မှာ မင်းက သူ့ထက်တောင်သာသွားနိုင်တာပဲ တောင်ပိုင်း’နျဲ့’”
“ကိုယ်ပိုင်လမ်းစဉ်တစ်ခု ဖန်တီးနိုင်တဲ့အခါ မင်းရဲ့အနာဂတ်က ရွှေစင်ထက်ယံအရှင်သခင်ထက်တောင် မြင့်မားနေလိမ့်မယ် ၊ မင်းသာ အသက်ငယ်ငယ်နဲ့ သေမသွားဘူးဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းနဲ့ ဓားတာအိုစွမ်းအားက ပိုပြီးသန့်စင်နက်နဲလာလိမ့်မယ်... ၊ မင်းရဲ့ အနာဂတ်က...”
နျဲ့ကျင်းရှန်က သူ၏ဓားကို ရင်ဘတ်ရှေ့တွင် အလျားလိုက်အနေအထား ကိုင်ဆောင်လိုက်ပြီး ချင်းယွမ်ဧကရာဇ်ကို တည်ငြိမ်စွာကြည့်လိုက်သည်။
“ချင်းယွမ်ဧကရာဇ်က ချီးကျူးလွန်းနေပါပြီ ၊ ဒီ ‘နျဲ့’ မခံယူဝံ့ပါဘူး”
ချင်းယွမ်ဧကရာဇ်က ခေါင်းခါယမ်းရင်း...
“ကျန့်ဟွမ်ဓားဧကရာဇ်ဆိုရင်လည်း ဒီလိုမှတ်ချက်ပေးမယ်ဆိုတာ ဒီတာအိုဆရာ ယုံကြည်ပါတယ်”
လက်ရှိွင် နျဲ့ကျင်းရှန်က ချင်းယွမ်ဧကရာဇ်နှင့် ရင်ဆိုင်တိုက်ခိုက်နေသော်လည်း သူတို့နှစ်ယောက်အနေဖြင့် သေခြင်းရှင်ခြင်းတိုက်ပွဲဆင်နွှဲရန် အခြေအနေသို့ မရောက်ရှိသေးပေ။
နျဲ့ကျင်းရှန်ဆိုသည်က ပိုမိုပြင်းထန်သည့် တိုက်ပွဲကိုရင်ဆိုင်ရလေ ပိုပြီးရဲရင့်လာလေ ဖြစ်သည်။
ဟုတ်ပေ၏။
နျဲ့ကျင်းရှန်က သိုင်းသူတော်စင်တစ်ယောက်ဖြစ်သည့်တိုင် အစစ်အမှန်နတ်ဘုရားတစ်ပါးကို ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိသူ ဖြစ်သည်။
နတ်ဘုရားများအနေဖြင့် သေမျိုးလူသားများဖြင့်တိုက်ခိုက်သည့်အခါ ဘယ်သောအခါမှ ရှုံးနိမ့်ခြင်းမရှိ ရပ်တည်နိုင်ကြသည်။
ချင်းယွမ်ဧကရာဇ်ဆိုလျှင် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် အစီအရင်တစ်ခုကို အလွယ်တကူ တည်ဆောက်နိုင်သူ ဖြစ်သည်။
သို့သော် သူက နျဲ့ကျင်းရှန်နှင့် သိုင်းကွက်အနည်းငယ် တိုက်ခိုက်ပြီးသည်နှင့် အစီအရင်ပညာအသုံးပြုပြီး ထိုလူငယ်ကို ထောက်ချောက်ဆင်ရန် လက်လျှော့လိုက်ရသည်။
သူက နှောင်းပိုင်မြေကမ္ဘာကျမ်းစာကိုရယူရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်၏။
အစီအရင်ပညာဖြင့် နျဲ့ကျင်းရှန်ကို ထောင်ချောက်ဆင်နိုင်သည့်တိုင် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို ရယူနိုင်သည်အထိ အချိန်ဆွဲထားနိုင်မည် မဟုတ်ပေ။
အစီအရင်ပညာအသုံးပြုလိုက်သည့်တိုင် ထိုအစီအရင်အပေါ် အာရုံမစိုက်နိုင်ပါက ဧကရီ’ကျဲ့မင်ခုန်’ နှင့်တိုက်ခိုက်စဉ်ကလိုပင် နျဲ့ကျင်းရှန်သည်လည်း အစီအရင်မျ ရုန်းထွက်လာနိုင်မည်ဖြစ်သည်။
သို့ဆိုလျှင် ချင်းယွမ်ဧကရာဇ် ရရှိသည့်အချိန်က အလွန်တိုတောင်းမည်ဖြစ်ရာ သူ၏ဆန္ဒအတိုင်း နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို ရယူနိုင်တော့မည် မဟုတ်ပေ။
နျဲ့ကျင်းရှန်က သူ့ကို မထိခိုက်စေနိုင်သော်လည်း နျဲ့ကျင်းရှန်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို ရယူရန်မှာ ချင်းယွမ်ဧကရာဇ်အတွက် အိပ်မက်တစ်ခုသာ ဖြစ်သွားခဲ့သည်။
ထို့ကြောင့် လက်ရှိအခြေအနေက နှစ်ဦးနှစ်ဖက် ဘေးကျပ်နံကျပ်အခြေအနေသို့ ရောက်ရှိနေသည်။
ချင်းယွမ်ဧကရာဇ်က သက်ပြင်းချလိုက်ရင်း...
“နတ်ဘုရားများကိုတုန်လှုပ်စေသော ခွန်လွန်တောင်မှနဂါး... တကယ့်ကို ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်”
သူ၏မျက်ဝန်းများက တည်ငြိမ်နေပြီး အလျင်စလို တိုက်ခိုက်ခြင်း မပြုသေးဘဲ တိတ်ဆိတ်စွာပင် နေရာတွင် မတ်တတ်ရပ်နေသည်။
ဒါကိုမြင်တော့ နျဲ့ကျင်းရှန်က မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
ချင်းယွမ်ဧကရာဇ်က သိမ်မွေ့စွာဖြင့်...
“ဝါဒတောင်အတွက်ပဲဖြစ်ဖြစ် ရန်တိအတွက်ပဲဖြစ်ဖြစ် ... မင်းက ငါ့ကို ထိန်းချုပ်ထားချင်တယ်ဆိုတာ သိပါတယ် ၊ ဒါပေမဲ့ အခုချိန် မင်းထွက်သွားမယ်ဆိုရင်လည်း ဒီတာအိုဆရာက တားဆီးမှာ မဟုတ်ပါဘူး တောင်ပိုင်း’နျဲ့’”
နျဲ့ကျင်းရှန်က မျက်ခုံးတစ်ချက်ပင့်ရင်း...
“ဒီစကားက ဘာအဓိပ္ပါယ်လဲ ချင်းယွမ်ဧကရာဇ်”
ချင်းယွမ်ဧကရာဇ်က ပြုံးလိုက်ရင်း...
“အနက်ရောင်ပိုးသားဧကရာဇ် ထျန်းကျိခန်းမကို သွားတဲ့သတင်း မင်းလည်းကြားမှာပါ”
သူက ဆက်ပြောသည်။
“မင်း မသိသေးတာက မြေကမ္ဘာထိပ်တန်းအရှင်သခင်က ‘ယင်ယန်တောင်နှင့်မြစ်ရေကားချပ်’ ကို ယူဆောင်ပြီး ချီလင်တောင်ကြားက ထွက်ခွာသွားပြီ ဆိုတာပဲ”
“သူက မင်းကိုတားဆီးဖို့ ကြံရွယ်နေတာ ၊ ဒါကြောင့် ဒီတာအိုဆရာကို ဒီနေရာကို လာခိုင်းလိုက်တာပဲ ၊ သူ့ရည်ရွယ်ချက်ကို နားလည်တယ်မဟုတ်လား ၊ သူက သူ့ကိစ္စ အောင်မြင်မှုရဖို့ ပိုပြီးသေချာစေချင်တာ”
လောလောဆယ်တွင် အဖြူရောင်ပိုးသားဧကရာဇ်ရော မိန်းမပျိုဧကရာဇ်ပါ လှုပ်ရှားနိုင်ခြင်း မရှိကြပေ။
ချင်းယွမ်ဧကရာဇ်အနေဖြင့် အဖြူရောင်ပိုးသားဧကရာဇ်နှင့် မိန်းမပျိုဧကရာဇ်တို့ကို တားဆီးရန် မစွမ်းဆောင်နိုင်သော်လည်း နျဲ့ကျင်းရှန်လက်ထဲ မူလဖါင့်လှစ်ဓားမရှိသရွေ့ သူ့အတွက်လည်း အန္တရယ်ကျရောက်မည် မဟုတ်ပေ။
ချင်းယွမ်ဧကရာဇ်က ဖြည်းညင်းစွာဖြင့်...
“ရန်တိက ဝါဒတောင်မှာ မရှိဘူး ၊ ဒါပေမဲ့ မြေကမ္ဘာထိပ်တန်းအရှင်သခင်က သူ့ကို တားဆီးမှာပဲ ၊ ဒီတော့ (၄)ယောက် (၄)ယောက် ရင်ဆိုင်ရတဲ့တိုက်ပွဲလို့ ပြောလို့ရတဘ်”
“နှင်းကြိုးကြာကတော့ ဆုံးခန်းတိုင်ရတော့မယ်ထင်တယ် ၊ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အရမ်းမမြင့်ဘူး မဟုတ်လား”
နျဲ့ကျင်းရှန်က ချင်းယွမ်ဧကရာဇ်ကို အေးစက်သည့်မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်သည်။
“ဒီတော့ ခင်ဗျားတို့က ဆရာဦးလေး’ရန်’ ရဲ့ ဇနီးကို ပစ်မှတ်ထားနေတာလား”
ချင်းယွမ်ဧကရာဇ်က အေးဆေးစွာဖြင့်...
“မြေကမ္ဘာထိပ်တန်းအရှင်သခင်က သူ့ကို ပစ်မှတ်ထားနေတာပါ ၊ ငါ့ရည်ရွယ်ချက်ကတော့ သပ်သပ်ပေါ့”
သူ၏ရည်ရွယ်ချက်က နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို ရယူနိုင်ရန်သာ ဖြစ်သည်။
ဝမ်ကျန်းချန်က နျဲ့ကျင်းရှန်ကို အရှေ့တောင်ဘက်တွင် ထိန်းချုပ်ထားနိုင်ရန် ဆန္ဒရှိသော်လည်း ၊ ရွှယ်ချူးချင်ကိုကယ်တင်ရန်အတွက် နျဲ့ကျင်းရှန်ထွက်ခွာသွားမည်ဆိုပါက ချင်းယွမ်ဧကရာဇ်က တားဆီးမည် မဟုတ်ပေ။
အနက်ရောင်ပိုးသားဧကရာဇ်က ရန်ကျောက်ကဲ၏ ထိုက်ယိလက်သီးသိုင်းကို သိရှိလိုသဖြင့် အခွင့်အရေးကိုအသုံးချကာ အချိန်ဆွဲတိုက်ခိုက်နေခြင်း ဖြစ်သည်။
သို့သော် ချင်းယွမ်ဧကရာဇ်ကတော့ နျဲ့ကျင်းရှန်ထံမှ ဘာမှရယူစရာ မရှိပေ။
ရွှယ်ချူးချင်ကို ကယ်တင်ရန်အတွက် နျဲ့ကျင်းရှန် ဤနေရာမှ ထွက်ခွာသွားပါက ချန်းဧကရာဇ်အနေဖြင့် ဝမ်းသာလုံးပင် ဆို့သွားပေမည်။
သူ့ကို မည်သူမှ မတားဆီးနိုင်သဖြင့် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကိုရယူရန် အချိန်အလုံအလောက် ရရှိနိုင်သည်။
ချန်းဧကရာဇ်က...
“ဒါကြောင့် တောင်ပိုင်း’နျဲ့’ ထွက်ခွာသွားမယ်ဆိုရင် ဒီတာအိုဆရာက တားဆီးမှာ မဟုတ်ပါဘူး”
သူက ဆက်ပြောသည်။
“’ရန်’ သားအဖက ထူးခြားတဲ့တန်ခိုးစွမ်းအားတွေ ပိုင်ဆိုင်ထားတယ်ဆိုပေမယ့်... ဒီတာအိုဆရာက ထပ်ပြီး သတိပေးလိုက်ချင်ပါတယ်”
“ဒီပွဲမှာ အထက်ရပ်’ချန်’ ကလည်း ဝင်ပြီးလှုပ်ရှားလာနိုင်တယ်”
ထို့နောက် ချန်းဧကရာဇ်က စကားပြောခြင်းရပ်တန့်လိုက်ပြီး ငြိမ်သက်စွာပင် မတ်တတ်ရပ်နေလေသည်။
ယခုလောလောဆယ်တော့ သူလည်းနျဲ့ကျင်းရှန်ကိုဘာမှမလုပ်နိုင်သလို နျဲ့ကျင်းရှန်သည်လည်း သူ့ကို ဘာမှ မလုပ်နိုင်ခဲ့ပေ။
ချန်းဧကရာဇ်စကားကိုကြားတော့ နျဲ့ကျင်းရှန်က တည်ငြိမ်စွာဖြင့်...
“ချီလင်ကမ်းပါးမှာ ယင်ယန်တောင်နဲ့မြစ်ရေကားချပ်ရှိတယ်ဆိုရင် ကျွန်တော်တို့ကျောက်စိမ်းကျောက်ဆောင်မှာလည်း မူလဖွင့်လှစ်ဓား ရှိနေတာပဲလေ...”
ခဏမျှတိတ်ဆိတ်နေပြီးမှ ချင်းယွမ်ဧကရာဇ်က...
“ယွမ်ကျိုးမြို့က ထျန်းကျိခန်းမထက်ဆာရင် ကျူတောပင်လယ်ဒေသက ကျောက်စိမ်းကျောက်ဆောင်နဲ့ ပိုဝေးတယ် မဟုတ်ဘူးလား”
“’ရန်’ သားအဖက မင်းတို့အဆက်အနွယ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် မင်းတို့အနေနဲ့ သူတို့ကို သေချာပေါက် ကာကွယ်ပေးမယ်လို့ ငါ ယုံကြည်တယ်”
နျဲ့ကျင်းရှန်က ရုတ်တရက် ရယ်မောလိုက်ရင်း...
“ဧကရာဇ်မင်း နားလည်မှုလွဲနေပြီထင်တယ် ၊ ကျွန်တော် အရှေ့တောင်ပိုင်းကိုထွက်လာကတည်းက မူလဖွင့်လှစ်ဓားကို ကျွန်တော့်ကိုမပေးဖို့ ဂိုဏ်းတူအစ်ကို’ဝမ်’ ကို အကြောင်းကြားခဲ့ပြီးပြီ”
ထိုစကားကြားတော့ ချင်းယွမ်ဧကရာဇ် မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
“ကျွန်တော့်အနေနဲ့ မူလဖွင့်လှစ်ဓားကို အသုံးမပြုဘူးဆိုရင်တောင် ဂိုဏ်းတူညီလေး’ရန်’ နဲ့ ဆရာဦးလေး’ရန်’ ကို ကာကွယ်ပေးနိုင်ပါတယ် ၊ ပြီးတော့ သူတို့ကလည်း ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်တဲ့သူတွေဖြစ်လို့ စိတ်ပူစရာ မရှိပါဘူး”
နျဲ့ကျင်းရှန်က သူ့လက်ထဲမှဓားဖြင့် ချင်းယွမ်ဧကရာဇ်ကို ထိုးညွှန်လိုက်ရင်း...
“မူလဖွင့်လှစ်ဓား ရှိစရာမလိုဘူး ၊ ကျွန်တော်တစ်ယော်ကတည်းနဲ့တင် ဒီနေရာကို ထိန်းချုပ်ဖို့ လုံလောက်နေပါပြီ”
ထိုစကားကြားတော့ ချင်းယွမ်ဧကရာဇ်က မျက်ခုံးများ တွန့်ချိုးလိုက်ရင်း...
“မင်းက ‘ရန်’ သားအဖအပေါ် အတော်လေး ယုံကြည်ထားတာပဲ”
နျဲ့ကျင်းရှန်က သိမ်မွေ့စွာဖြင့်...
“ဘာများ မယုံကြည်နိုင်စရာ ရှိနေလို့လဲ...”