← Chapters

မင်းကတော့အလကားပဲ

Vol. 82 Ch. 1153

မင်းကတော့အလကားပဲ

Vol. 82 Ch. 1153

အခန်း (၁၁၅၃) မင်းကတော့အလကားပဲ

ရန်တိက သူ၏တစ်ဖက်သွားဓားကို ခမ်းနားစွာဝှေ့ယမ်းလိုက်ပြီး ပြင်းထန်သော ၊ မရပ်တန့်နိုင်သော အရှိန်အဟုန်ဖြင့် ရှေ့ဆက်တိုးသွားသည်။

အထက်ဘုံကမ္ဘာ၏ စွမ်းအားအကြီးမားဆုံး သိုင်းသူတော်စင်များဖြစ်သော မြေကမ္ဘာထိပ်တန်းအရှင်သခင်နှင့် အထက်ရပ်ထိပ်တန်းအရှင်သခင်တို့အား ဆက်တိုက်ဆိုသလို တိုက်ခိုကနေရသည့်တိုင် သူ၏ ဓားသိုင်းစွမ်းအားက တစ်ချက်မျှ အားနည်းသွားခြင်း မရှိသေးပေ။

ချန်ချန်းဟွာက...

“မင်းရော နျဲ့ကျင်းရှန်ရောက ဓားသိုင်းမှာအတော်လေး အစွမ်းထက်တာပဲ ၊ မင်းတို့နှစ်ယောက်သာ တိုက်ခိုက်ရင် ဘယ်လိုဖြစ်မလဲ ငါ သိချင်လိုက်တာ”

သူ၏ နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင် ကျင့်ကြံခြင်းအခြေခံက ရန်တိ၏ဓားချက်ဖြင့် ချိုးဖျက်ခံလိုက်ရသည့်တိုင် ချန်ချန်းဟွာက ထိတ်လန့်တုန်လှုပ်သွားခြင်း မရှိပေ။

သူက အခြားလက်တစ်ဖက်ကိုအသုံးပြုပြီး ရန်တိအား ရိုက်ချလိုက်သည်။

သူ၏လက်ဝါးရိုက်ချက်က စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြစ်ပြီး ကောင်းကင်တစ်ခုလုံးပြိုကျကာ မိုးနှင့်မြေ ပြောင်းပြန်လန်သွားသည့်အလား ခံစားရသည်။

ရန်တိသည်လည်း စစ်မှန်သောတာအိုစွမ်းအားစုဆောင်းပြီး သူ၏ဓားသိုင်းနှင့်ပေါင်းစပ်အသုံးပြုရန်အတွက် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို ကျင့်ကြံခဲ့ဖူးသူ ဖြစ်၏။

ထို့ကြောင့် ချန်ချန်းဟွာက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကိုအသုံးပြုလိုက်သည့်အခါ ထိုတိုက်ကွက်၏အသေးစိတ်အနေအထားကို ရန်တိက သိမြင်နိုင်စွမ်း ရှိနေသည်။

သို့သော် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က ရန်တိထံသို့ ဦးတည်လာခြင်းမရှိဘဲ အခြားသောလက်တစ်ဖက်မှ လက်ဝါးရိုက်ချက်ဖြင့်ပဲ့တင်ထပ်ကာ ပေါင်းစည်းသွားသည်။

မိုးနှင့်မြေကို ပြောင်းပြန်လှန်နိုင်စွမ်းရှိသော စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်၏ နက်နဲသော တန်ခိုးစွမ်းအားအောက်တွင် ချန်ချန်းဟွာ၏ ပြိုကျလုနီးပါးဖြစ်နေသော နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင် ကျင့်ကြံခြင်းအခြေခံက ပျက်ဆီးခြင်းမရှိတော့ဘဲ ပြန်လည် တည်ငြိမ်လာသည်။

ပျက်ဆီးခြင်းမရှိတော့ရုံသာမက ၎င်းအခြေခံအိတ်မြစ်မှ ဝိညာဉ်စွမ်းအားစီးဆင်းမှုက ပြောင်းပြန်လှည့်ပတ်သွားသည်။

ရန်တိ၏ဓားချက်ကြောင့် အဆုံးသတ်လုနီးပါးဖြစ်သွားသော ချန်ချန်းဟွာ၏ နှောင်းပိုင်း ကော်းကင်ကျမ်းစာ (၆)စောင် ကျင့်ကြံခြင်းအခြေခံက မူလကနဦးအချိန်သို့ လှည့်ပတ်သွားပြီး ကနဦးကောင်းကင်သို့ ပြန်လည် ရောက်ရှိသွားသည်။

ဤသို့ပြုလုပ်ခြင်းက ရန်ကျောက်ကဲ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကိုအသုံးပြုပြီး နှောင်းပိုင်းကောင်းကင်မှ ကနဦးကောင်းကင်သို့ ပြန်လည်လှည့်ပတ်သည့်နည်းပညာနှင့် ဆင်တူသည်။

တူညီသောနည်းလမ်းမဟုတ်သည့်တိုင် အကျိုးသက်ရောက်မှုတူညီသည်ဖြစ်ရာ ချန်ချန်းဟွာအသုံးပြုသည့်နည်းပညာကို  ‘နောက်ပြန်လှည့်ခြင်း’ နည်းပညာဟု ခေါ်ဆိုနိုင်သည်။

သို့သော် ရန်ကျောက်ကဲအသုံးပြုသည့် ‘ကနဦးကောင်းကင်သို့ပြန်လှည့်ခြင်း’ နည်းပညာကဲ့သို့ လွှမ်းမိုးနိုင်စွမ်းမြင့်မားပြီး ကြီးကျယ်ခမ်းနားစွာ အစွမ်းထက်ခြင်းမျိုးမရှိပေ။ နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင် အခြေခံအုတ်မြစ်၏ ခိုင်မာမှုကြောင့်သာ ကြောက်မက်ဖွယ်ရာ ခံစစ်စွမ်းအား ထွက်ပေါ်လာခြင်း ဖြစ်၏။

ဒါကိုမြင်တော့ ရန်တိက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

သူက ဓားကိုဝှေ့ယမ်းကာ ထပ်မံတိုက်စစ်ဆင်လိုက်ပြီး သူ၏တိုက်ခိုက်မှုက ပိုမိုအားကောင်းလာသည်။

ရက်စက်ကြမ်းတမ်းပြီး ပြိုင်ဘက်ကင်းသော ‘ဖန်ဆင်းခြင်းဓားသိုင်း’ အောက်တွင် ချန်ချန်းဟွာ၏ နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင့် ကျင့်ကြံခြင်းအခြေခံက ချက်ချင်းပင် တစ်ဖန်ပြန်လည် ပြိုကျအက်ကွဲသွားသည်။

ဓားအလင်းတန်းဖြတ်သန်းသွားရာနေရာတိုင်းတွင် ဖန်ဆင်းခြင်းဒီရေလှိုင်းများစီးဆင်းသွားပြီး အပြုသဘောဆောင်သော ပြောင်းလဲမှုဖြစ်စဉ်က ‘နောက်ပြန်လှည့်ခြင်း’ နည်းပညာကို တားဆီးထားလိုက်သည်။

ချန်ချန်းဟွာမှာ ရန်တိ၏ ဖန်ဆင်းခြင်းဒီရေလှိုင်းများကို ဖိနှိပ်နိုင်ခြင်းမရှိတော့ဘဲ ခမ်းနားသောဓားအလင်းတန်းက လမ်းတစ်လျှောက်ရှိအရာအားလုံးကို တိုက်စားသွားခြင်းအား ဤအတိုင်းကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

ချန်ချန်းဟွာက နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင် တန်ခိုးစွမ်းအားကို စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်နှင့် ပေါင်းစပ်ထားသော်လည်း သူ၏တိုက်ကွက်က တဖြည်းဖြည်းနှေးကွေးလာပြီး ရန်တိ၏ ဓားအလင်းတန်း ဒီရေလှိုင်းများကို ရပ်တန့်ရန် မဖြစ်နိုင်ခဲ့ပေ။

မည်မျှဟန့်တားပါစေ ရန်တိ၏ဓားအလင်းတန်းက ဘယ်သောအခါမှ ရပ်တန့်မည် မဟုတ်ပေ။

ချန်ချန်းဟွာက ရုတ်တရက် အသက်တစ်ချက် ရှူထုတ်လိုက်သည်။

ထိုအခါ သူ၏နှာခေါင်းပေါက်အတွင်းမှ ချီစွမ်းအားစီးကြောင်း (၂)ခု ထွက်ပေါ်လာပြီး တစ်ခုက အဖြူရောင် တစ်ခု အနီရောင်ဖြစ်သည်။ ထိုချီစွမ်းအားစီးကြောင်း (၂)ခုက သူ၏ခန္ဓာကိုယ်အား လှည့်ပတ်သွားသည်။

ဤသည်က စန့်ချင်အဆက်အနွယ်မှဆင်းသက်လာသည့် လျှို့ဝှက်ပညာတစ်ရပ်ဖြစ်သော သွေးနီရောင်ကပ်ဘေးကျမ်းစာတန်ခိုးစွမ်းအားပင် ဖြစ်၏။

ထို့နောက် ချန်ချန်းဟွာ၏ ခန္ဓာကိုယ် သွေးကြောဆုံချက်များအားလုံးမှ ကြည်လင်သည့်တိမ်တိုက်ချီစွမ်းအားများထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်အား အပြည့်အဝ ဝန်းရံသွားသည်။

ရန်တိမျက်ဝန်းများကျဉ်းမြောင်းသွားပြီး...

“အတိုင်းအဆမဲ့ထိုက်စုခန္ဓာ...”

ချန်ချန်းဟွာက ရယ်မောလိုက်ရင်း...

“မအံ့သြပါနဲ့... ဒီပညာရဖို့ အနက်ရောင်ပိုးသားဧကရာဇ်ဆီမှာ ကျိုင်းတံသိုင်းပညာနဲ့ အလဲအလှယ်လုပ်ခဲ့တာလေ...”

စကားပြောနေရင်းပင် သူ၏ရုပ်သွင်က ပုံရိပ်ယောင်အဖြစ်ပြောင်းလဲသွားပြီး ထိုက်ရှီခုန်မင်ခန္ဓာ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

ထိုက်စုနှင့် ထိုက်ရှီ တို့၏ ကြီးမားသော တန်ခိုးစွမ်းအားနှစ်ခု ပေါင်းစပ်လိုက်သည်နှင့် ချန်ချန်းဟွာ၏ ခံစစ်စွမ်းအားက လျှင်မြန်စွာ မြင့်တက်လာသည်။

ပိုပြီးအရေးကြီးသည်မှာ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းနေရာတွင် ‘သွေးနီရောင်ကပ်ဘေးကျမ်းစာ’ ဖြင့် ယာယီအစားထိုးပြီး ထိုက်ရှီနှင့် ထိုက်စုစွမ်းအားကို လှည့်ပတ်စေကာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့် ချိတ်ဆက်လိုက်သည့်အခါ ‘နောက်ပြန်လှည့်ခြင်း’ နည်းပညာက အလုံးစုံ ပြီးမြောက်သွားခြင်းပင် ဖြစ်၏။

ထိုက်ယိနှင့် ထိုက်ချူးတို့က နောက်ပြန်လှည့်ရန် မဖြစ်နိုင်သော်လည်း ကမ္ဘာလောကတစ်ခုလုံးက သက်ရှိပုံစံများ ဖြစ်တည်လာခြင်းမရှိသေးသော မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဤနည်းဖြင့် ရန်တိ၏ ဖန်ဆင်းခြင်းဓားကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်ပေမည်။

ဟုတ်ပေ၏။

ရန်တိ၏ဓားအလင်းတန်းက နှောင်းပိုင်း ကောင်းကင်ကျမ်းစာ (၆)စောင် အခြေခံအုတ်မြစ်ကို ထိုးဖောက်နိုင်စွမ်းရှိသော်လည်း ရပ်တန့်မရသည့်အရှိန်အဟုန်က အနည်းငယ် နှေးကွေးသွားသည်။

ဘက်ပေါင်းစုံချဉ်းကပ်သည့်နည်းလမ်းကိုအသုံးပြုနေသည့် ချန်ချန်းဟွာက မိုးကောင်းကင်၏အလိုတော်ကို ပြောင်းပြန်လှန်နေသည့်အလား ထင်မှတ်ရသည်။

ရန်တိက တည်ငြိမ်စွာဖြင့်...

“ငါ့သား ရန်ကျောက်ကဲ ဒီလိုပညာအသုံးပြုမယ်ဆိုရင်တော့ ငါ့ကိုနိုင်ဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်တယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မင်းကတော့ အလကားပဲ...”

ပြောပြီးသည်နှင့် သူက လက်ထဲမှဓားရှည်ကို ပင့်မြှောက်လိုက်သည်။

ထို့နောက်...

ဓားချက်ပေါင်းများစွာက မိုးကြိုးမုန်တိုင်းပမာ အဆက်မပြတ် ကျရောက်လာသည်။

လွှမ်းမိုးနိုင်စွမ်းမြင့်မားလှသော ဓားအလင်းတန်းတစ်ခုစီတိုင်းက ကမ္ဘာကြီးကိုဖွင့်လှစ်လိုက်သလို ကမ္ဘာကြီးကို ဖျက်ဆီးလိုက်သည့်ပမာ ဖြစ်သည်။

တစ်ဖက်သွားဓားအလင်းတန်းက ချန်ချန်းဟွာ၏ လက်သီးသိုင်ဝိညာဉ်အသေးစိတ်အတိအကျနေရာများသို့ ထိမှန်သွားပြီး သူ၏ တိုက်ခိုက်မှုကို အလကားဖြစ်သွားစေခဲ့သည်။

ရန်ကျောက်ကဲရော ချန်ချန်းဟွာပါ လျှို့ဝှက်သိုင်းပညာရပ်များစွာကို တတ်ကျွမ်းနားလည်သူများဖြစ်ကြသည့်တိုင် ယခုအချိန်မှာတော့ သူတို့နှစ်ယောက်၏ အကြီးမားဆုံးကွာခြားချက်ကို ထုတ်ဖော်ပြသလိုက်သည့်အလား ဖြစ်သည်။

ရန်ကျောက်ကဲက သိုင်းပညာရပ်များအားလုံးကို ထုံးလိုမွှေ ရေလိုနှောက် ရောစပ်ပစ်လိုက်ခြင်းဖြစ်ပြီး ချန်ချန်းဟွာကတော့ ထိုသိုင်းပညာများကို တစ်ခုနှင့်တစ်ခု ပေါင်းစပ်ခြင်းသာ ဖြစ်သည်။

ထိုသို့ပြုလုပ်သည့်နည်းလမ်းနှစ်ခုက တူညီသည်ဟု ထင်မှတ်ရသော်လည်း ၊ ဤနည်းလမ်းကိုအသုံးပြုခြင်း၏ရလဒ်က (၁)နှင့် (၁)ပေါင်းလျှင် (၂)ဖြစ်လာမှသာ စစ်မှန်သည်ဟု ဆိုနိုင်သည်။

ချန်ချန်းဟွာက တိုက်ပွဲ၏အကျပ်အတည်းကာလတွင် များပြားလှစွာသော သိုင်းပညာများကို တပြိုင်တည်းထုတ်ဖော်အသုံးပြုလိုက်သည်ဖြစ်ရာ ထိုသိုင်းပညာရပ်များအားလုံးကို ချောချောမွေ့မွေ့ပေါင်းစပ်ပြီး လွတ်လပ်ထုတ်ဖော်နိုင်ရန် ခက်ခဲသွားသည်။

အမျိုးမျိုးသော သိုင်းပညာရပ်များဆိုသည်က တစ်ခုနှင့်တစ်ခု ရှင်းလင်းပြတ်သားစွာ ခြားနားကြသည်ဖြစ်ရာ ၊ သိုင်းပညာ တစ်ခုနှင့်တစ်ခုပေါင်းစပ်ထားသည့် စပ်ကြားနယ်နိမိတ်များက ရန်သူပစ်မှတ်ထားနိုင်သော အဓိကဟာကွက်များ ဖြစ်ပေါ်လာသည်။

ချန်ချန်းဟွာ၏သိုင်းပညာပေါင်းစည်းမှုတွင် ထိုသို့‌သော ဟာကွက်များထွက်ပေါ်လာသဖြင့် (၁)နှင့် (၁) ပေါင်းစပ်သည်က (၂)ဖြစ်မလာဘဲ (-၂) ကဲ့သို့ ဖြစ်သွားခဲ့သည်။

သို့သော် ဤသို့ တူညီသောအခြေအနေတွင် ရန်ကျောက်ကဲဆိုလျှင်တော့ (၁)နှင့် (၁) ပေါင်းစပ်ခြင်းရလဒ်က (၂) ထက်ပင် ကြီးမားပေဦးမည်။

ဟုတ်ပေ၏။

ရန်ကျောက်ကဲသာ ဤသို့သောနည်းလမ်းအသုံးပြုမည်ဆိုလျှင် ချန်ချန်းဟွာလောက် ကျင့်ကြံခြင်းအဆင့် မမြင့်မားသည့်တိုင် တန်ခိုးစွမ်းအားက ပိုမိုကြီးမားမည် ဖြစ်သည်။

ချန်ချန်းဟွာ၏ အရည်အချင်းက အတုအယောင်ဖြစ်သည်ဟု အထက်ဘုံကမ္ဘာတွင် မည်သူမှ မပြောရဲကြပေ။

သို့သော် ရန်တိကတော့ ချန်ချန်းဟွာ၏ အားနည်းချက်ကို အခြားသူများထက် လွယ်လွယ်သတိပြုမိပြီး အခွင့်ကောင်းယူနိုင်သူ ဖြစ်သည်။

ချန်ချန်းဟွာမျက်နှာထက် စိတ်ပျက်လက်ပျက် အမူအရာထွက်ပေါ်လာပြီး...

“မင်းရဲ့ဓားက တကယ့်ကိုထိန်းချုပ်ရ ခက်ခဲတာပဲ”

ထို့ပြင် ချန်ချန်းဟွာကြည့်ရသည်မှာ မကျေမနပ်ဖြစ်နေဟန်လည်း ရှိသည်။

“ဒီအတိုင်းဆိုရင် ငါတော့ တိုက်စစ်ကို တိုက်စစ်နဲ့ တန်ပြန်ရတော့မယ်”

ပြောပြီးသည်နှင့် သူက ခန္ဓာကိုယ်ကိုတစ်ချက်လှည့်လိုက်၏။

ယွိချင်အဆက်အနွယ်မှ ဗလာနယ်ကောင်းကင်ကျမ်းစာနှင့် ထာဝရအလင်းကောင်းကင်ကျမ်းစာအား ထိုက်ချင်အဆက်အနွယ်မှ ထိုက်ရှီခုန်မင်မရှိမှုခန္ဓာနှင့် ပေါင်းစပ်လိုက်သည့်အခါ ချန်ချန်းဟွာ၏ရုပ်သွင်က ပုံရိပ်ယောင်ပမာ ပြောင်းလဲသွားသည်။

သူက နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်ပေါင်းစပ်ခြင်းဖြင့် ခံစစ်မကာကွယ်တော့လေရာ ဗလာနယ်ကောင်းကင်ကျမ်းစာနှင့် ထာဝရအလင်းကောင်းကင်ကျမ်းစာတို့၏ နက်နဲသောတန်ခိုးစွမ်းအားက ပိုမိုတိုးပွားလာခဲ့သည်။

ရန်တိ၏ဓားချက်ကို ပိတ်ဆို့မည့်အစား ရှုထောင့်အမျိုးမျိုးမှ စတင်တိုက်စစ်ဆင်လာသည့်အခါ သူ၏စွမ်းအားက ပိုမိုသွက်လက်မြန်ဆန်လာသည်။

ရန်တိက မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ဓားအလင်းတန်းများက ပတ်ဝန်းကျင်တစ်ခွင်ပျံ့နှံ့သွားပြီး ကောင်းကင်တစ်ခုလုံးအား ဖြိုခွင်းပစ်လိုက်သည်။

သူတို့နှစ်ယောက်လုံး ဆက်လက်တိုက်ခိုက်ရင်း အထက်ဘုံကမ္ဘာနှင့် တဖြည်းဖြည်းဝေးကွာသွားပြီး အာကာဗလာနယ်ထဲသို့ ရောက်ရှိလာသည်။

တိုက်ခိုက်သည့်ဧရိယာ ပိုမိုကျယ်ပြန့်လာသော်လည်း ရန်တိ၏ ဓားအလင်းတန်းကတော့ ဗလာနယ်တစ်ခုလုံးအား သိမ်းပိုက်ထားသည့်အလား ပို၍ပင် ခမ်းနားကြီးကျယ်လာသည်။

သိုင်းပညာစတင်ကျင့်ကြံကတည်းက ရန်တိ မကြောက်ရွံ့ဆုံးသောအရာမှာ ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း ဖြစ်သည်။

ယခု သူ့တွင် ထိုက်ယိဟွာတိမ်တိုက်ရှနေပြီဖြစ်ရာ ပို၍ပင် ကြောက်ရွံ့ခြင်းကင်းသွားသည်။ ထိုက်ယိဟွာတိမ်တိုက်က သူနှင့်အတူ မွေးဖွားလာသည့် ရတနာပစ္စည်းဖြစ်ပြီး အလွန်တရာ လျှို့ဝှက်ဆန်းကျယ်သလို အစွမ်းလည်းထက်လှသည်။

ကြာပန်းပမာတိမ်တိုက်က ရန်တိ၏ဦးခေါင်းထက်တွင် လှည့်ပတ်လျှက် တည်ရှိနေသည်။

ချန်ချန်းဟွာ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် ၊ ကျိုင်းတံသိုင်းပညာ ၊ သွေးနီရောင်နတ်လက်ဝါးသိုင်းနှင့် ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ__ တိုက်ခိုက်မှုများအားလုံးက ထိုက်ယိဟွာတိမ်တိုက်အပေါ် ကျရောက်လာသော်လည်း သက်ရောက်ခြင်း မရှိခဲ့ပေ။

ချန်ချန်းဟွာမှာ ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားများဖြစ်သော ချင်းယွမ်ဧကရာဇ် သို့မဟုတ် လွှမ်းခြုံဧကရာဇ်တို့ကဲ့သို့ ဧကရာဇ်တစ်ပါးနှင့် တိုက်ခိုက်နေရသည့်ပမာ ခံစားနေရသည်။

သို့သော် ထိုသို့ခက်ခဲလေ ချန်ချန်းဟွာက ပိုပြီးစိတ်ဝင်စားလေပင်။

ရန်တိ၏တိုက်ခိုက်မှုကိုစမ်းသပ်ပြီးနောက် သူက ထိုက်ယိဟွာတိမ်တိုက်၏ ခံစစ်စွမ်းအားကို ထပ်မံစမ်းသပ်ကြည့်ချင်နေသေးသည်။

ရန်တိက ချန်ချန်းဟွာကို အေးစက်စွာကြည့်လိုက်သည်။

ချန်ချန်းဟွာဘက်မှ ထျန်းရှင်းပေတံ အသုံးပြုတိုက်ခိုက်လျှင်ပင် ရန်တိ၏စွမ်းအားကို အပြည့်အဝ ထိခိုက်စေနိုင်မည် မဟုတ်ပေ။

ရန်တိက ချန်ချန်းဟွာစိတ်ထဲမှအတွေးများကို စိတ်မဝင်စားသလို ထိုသူနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်လည်း မရှိပေ။

သူက အသက်အန္တရယ်ရင်ဆိုင်နေရသည့် ဇနီးဖြစ်သူကိုကယ်တင်ရန် အလျင်စလို ကြိုးစားရုန်းကန်နေရသည်။

တစ်စုံတစ်ယောက်က ကစားပွဲတစ်ခုပမာ အပျော်သဘော တိုက်ခိုက်နေသည်ဆိုလျှင်တော့ ဤသည်က အပျော်ဆော့ကစားရန်မသင့်သော စကားပွဲဟု ထိုသူကို သတိပေးရပေမည်။

ရန်တိ၏စိတ်ကတော့ ရိုးရှင်းသည်ပင်။

သူ့လမ်းတွင်တားဆီးသမျှ အရာအားလုံးကို ရှင်းပစ်မည် ဖြစ်၏။

ချန်ချန်းဟွာ၏ အချိန်နှင့်ဗလာနယ် ရွေ့လျားမှု ကြိမ်နှုန်းပုံစံကို တဖြည်းဖြည်းအသားကျလာပြီးနောက် ရန်တိက သူ၏ တစ်ဖက်သွားဓားကို အောက်သို့ အသာနှိမ့်လိုက်သည်။

ရုတ်တရက်ပင်...

သူ၏ဓားသွားထက်မှ လျှပ်စီးစက်ဝန်းတစ်ခု လှိမ့်ဆင်းလာကြောင်း တွေ့မြင်လိုက်ရလေသည်။

All Chapters