← Chapters

အသင့်တော်ဆုံးသော အကဲဖြတ်ချက်

Vol. 11-16 Ch. 212

အသင့်တော်ဆုံးသော အကဲဖြတ်ချက်

Vol. 11-16 Ch. 212

အခန်း (၂၁၂) : အသင့်တော်ဆုံးသော အကဲဖြတ်ချက်

အောင်းပင်း၏ အသံ ပဲ့တင်ထွက်လာပြီးနောက် နဂါးကြေးခွံများဖြင့် ဖုံးလွှမ်းနေသော အနက်ရောင်ဥတစ်လုံးက ရှန်ထျန်း၏ နောက်ကျောဘက် အိတ်ထဲမှ ခုန်ထွက်လာသည်။ ထိုအရာက အောင်းပင်းမှ ပြောင်းလဲသွားသော နဂါးဥ ဖြစ်၏။

နဂါးဥပေါ်တွင် ပုံရိပ်အနက်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်က အောင်းပင်းနှင့် အများကြီး ဆင်တူသော်လည်း ရှန်ထျန်း သူမကို နဂါးအရိုးစုပေါ်မှာ တွေ့ခဲ့တုန်းကထက် ပိုပြီးငယ်ရွယ်နေပုံ ပေါ်သည်။ ထိုအချိန်တုန်းက အောင်းပင်းသည် အသက်၂၀ ကျော် ရင့်ကျက်သည့် အမျိုးသမီးလေးတစ်ယောက် ဖြစ်ခဲ့ပြီး ယခုအခါ နဂါးဥပေါ်တွင် ပုံရိပ်ထင်နေသော မိန်းကလေးက အသက် ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ဖြစ်ပြီး အနက်ရောင် ဂါဝန်လေးကို ဝတ်ဆင်ထားသည်။ သူမက ခါးထောက်ကာ ပွစိပွစိပြောရင်း မကျေမနပ် ဖြစ်နေသည်။ သူမကို ကြည့်ရတာ မုန့်လုခံလိုက်ရသည့် ကလေးတစ်ယောက်လိုမျိုး ဖြစ်နေသည်။

ရှန်ထျန်းကို ဆွံ့အသွားစေသည့်အရာက သူမ၏ အရပ်နှင့် အသွင်အပြင်အားလုံး အရွယ်အစား သေးသွားသော်လည်း သူမ၏ ရင်သားကတော့ လုံးဝ ပြောင်းလဲမှု မရှိပေ။

သူလည်း မတတ်နိုင်ဘဲ သူမ၏ ခန္ဓာကိုယ်သေးသေးလေးက မခံသင့်သည့် ဖိအားကို ခံထားရသည်ဟု စိတ်ထဲမှာ ကြွေးကြော်လိုက်မိသည်။

ရှန်ထျန်းက အောင်းပင်း၏ ပုံရိပ်ကို ကြည့်ရင်း မြေခွေးမလေး တစ်ကောင်ကို သတိရသွားသည်။ အောင်းပင်းသာ အနီရောင်ဂါဝန်လေး ဝတ်ပြီး ကျောပေါ်မှာ ဘူးသီးလေးတစ်လုံးကို သယ်ကာ သူမ၏ ပန်းရောင်နဂါးဦးချိုများကို မြေခွေးနားရွက်များအဖြစ်သို့ ပြောင်းလဲလိုက်ပါက ယာယာနှင့်ပင် အတော်လေး တူသွားလိမ့်မည်။

မာတာနွယ်ပင်၏ အရည်အချင်းများက နိဗာနဖြတ်သန်းပြီးလျှင် အများကြီး လျော့ကျသွားသည့်အတွက် အောင်းပင်းလည်း နိဗာနဝင်ပြီး ဥအဖြစ် ပြောင်းလဲသွားသည့်အခါ သူမ၏ စွမ်းအားလည်း လျော့နည်းသွားမလားဆိုတာကို သိချင်နေသည်။

တကယ်သာ လျော့နည်းသွားမယ်ဆိုရင် သူ့အနေနဲ့ သူမအပေါ် လွှမ်းမိုးဖို့ ဖြစ်နိုင်မလား

ရှန်ထျန်းက သူမကို စီးနင်းနိုင်ဖို့အတွက် စိတ်ကူးယဉ်နေမိသည်။ နဂါးသူရဲကောင်းတစ်ယောက် ဖြစ်လာဖို့က ယောက်ျားတော်တော်များများ၏ အိပ်မက်တစ်ခု ဖြစ်သည်။

ရှန်ထျန်း လျှောက်ပြီး တွေးတောနေစဉ် အောင်းပင်းနှင့် ခုံမုန့်တို့က စတင် ငြင်းခုန်နေကြလေပြီ။

အောင်းပင်းက ဘယ်ဖက်လက်ဖြင့် ခါးထောက်ထားကာ ညာဖက်လက်ဖြင့် ခုံမုန့်ကို လက်ညှိုးထိုးကာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်

“ ဒေါင်းမျိုးနွယ်က ကလေးစုတ် … ရှန်ထျန်းက ငါ့အပိုင်။ သူက ငါနဲ့ စာချုပ် ချုပ်ထားပြီးသား။ သူက ငါတို့ နဂါးနက်ကျွန်းရဲ့ လူသားတွဲဖက်ဖြစ်နေပြီ။ နင်တို့ ဒေါင်းမျိုးနွယ်နဲ့ ထပ်ပြီးတော့ စာချုပ် ချုပ်ဆိုလို့ မရနိုင်တော့ဘူး”

ခုံမုန့်က အေးဆေးပြီး ကွဲပြားသူ တစ်ယောက်ဖြစ်သော်လည်း တောင်ပိုင်းနယ်မြေ၏ အသန်မာဆုံး ပါရမီရှင် ဖြစ်တာကြောင့် သူမမှာလည်း ကိုယ်ပိုင်မာန ရှိသေး၏။

သူမက အောင်းပင်းကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်

“ မြောက်ပင်လယ် နဂါးနက်ကျွန်းက နဂါးမယ်လေးလား။ တိုက်ဆိုင်လိုက်တာနော်။

ဒါပေမဲ့ အစ်ကိုရှန် နဂါးနက်ကျွန်းနဲ့ နဂါးနတ်ဘုရား စာချုပ်ကို ချုပ်ဆိုလိုက်လို့ ကျွန်မတို့မျိုးနွယ်နဲ့ စာချုပ် ချုပ်တဲ့ နေရာမှာ သူ့စွမ်းရည်အပေါ် အကျိုးသက်ရောက်တာမျိုး မရှိဘူးလေ။

နင် သိထားရမှာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁သောင်းတုန်းကဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲထဲမှာ မျိုးနွယ်အမျိုးမျိုးနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ အများကြီးရှိတယ်။ တချို့ဆို တစ်ယောက်ချင်းစီကို မျိုးနွယ်ခြောက်ခုလောက်နဲ့ စာချုပ် ချုပ်ဆိုထားကြတာ”

ထို့နောက် ခုံမုန့်က ရှန်ထျန်းကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်

“ အစ်ကိုရှန်ဆီမှာ များပြားတဲ့ ထူးခြားအံ့ဖွယ်ပစ္စည်းတွေရှိတော့ သူက ဓာတ်ငါးပါးတာအိုနဲ့ ဓာတ်ငါးပါးစွမ်းအားကို ကျင့်ကြံဖို့အတွက် အသင့်တော်ဆုံးပဲ။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ နတ်မိုးကြိုးငါးပါး ကျင့်စဉ်ပြီးသွားရင် အစ်ကိုရှန် ကျင့်ကြံဖို့သင့်တော်မဲ့ ဒုတိယကျင့်စဉ်က သက်တန့်အံ့ဖွယ်အလင်းတန်းအပြင် တခြားကျင့်စဉ် မရှိတော့ဘူးဆိုတာကို ကျွန်မ ရဲရဲကြီး ပြောရဲတယ်။

အစ်ကိုရှန်သာ ဆန္ဒရှိမယ်ဆိုရင် ကျွန်မ ခြွင်းချက်ထားပေးပြီးတော့ အစ်ကိုရှန်ရဲ့ ဒုတိယစာချုပ်ဖြစ်လာဖို့အတွက် ကျွန်မမျိုးနွယ်ရဲ့ အကြီးအကဲတွေက စည်းရုံးနိုင်ဖို့အတွက် ယုံကြည်မှု ရှိတယ်။

အစ်ကိုရှန်ရဲ့ ခွန်အား၊ အရည်အချင်းနဲ့ ကျက်သရေရှိလှတဲ့ ကိုယ်နှုတ်အမူအရာကြောင့် နဂါးမျိုးနွယ်နဲ့ စာချုပ်ကို ဝေမျှဖို့အတွက် စိတ်ထဲမထားပါဘူး”

ထိုအရာက အခြေတည်အဆင့် ကျင့်ကြံသူဖြစ်သော ရှန်ထျန်းက သူမ၏ သက်တန့်အံ့ဖွယ်အလင်းတန်းအလွှာကို ဖျက်စီးနိုင်သည့်အတွက် လုံးဝ အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။

သူသာ အရည်အချင်း မရှိပါက ရှန်ထျန်း ဘယ်လောက်ပဲ ချောမောနေပါစေ ခုံမုန့်က သူနှင့် စာချုပ်ချုပ်ဖို့အတွက် လိုလားမည် မဟုတ်ပေ။ နတ်ဆိုးတစ်ယောက်က လူသားတစ်ယောက်နှင့် စာချုပ်ချုပ်ဆိုခြင်းက နတ်ဆိုးမျိုးနွယ်အနေဖြင့် လူသားမျိုးနွယ်အပေါ် ပြသနိုင်သည့် အကြီးကျယ်ဆုံးသော လေးစားမှု ဖြစ်သည်။

လူသားတွဲဖက်ကသာ နောက်ထပ်နတ်ဆိုးနှင့် စာချုပ်ထပ်မံ ချုပ်ဆိုလိုပါက သဘောတရားအရ ပြဿနာ မရှိသော်လည်း နတ်သားရဲများမှာ သူတို့၏ မာန မရှိဘူးဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။

ရှေးယခင်ကတည်းက ပြိုင်ဘက်ကင်း ပါရမီရှင်အနည်းငယ်သာ မြင့်မြတ်သော နတ်သားရဲအချို့၏ အသိအမှတ်ပြုမှုကို ရရှိပြီး စာချုပ်ကို မျှဝေနိုင်ခြင်း ဖြစ်သည်။

ရှန်ထျန်း၏ အပြုအမူ၊ ခွန်အားနှင့် အရည်အချင်းတို့ကို လေ့လာကြည့်ပြီးနောက် သူက ထိုသို့ဆက်ဆံမှုမျိုး ခံယူထိုက်သည်ဟု ခုံမုန့် ခံစားမိသည်။

ကံမကောင်းစွာဖြင့် ဒေါင်းမင်းသမီးလေးက သဘောတူသော်လည်း နဂါးမယ်ပေါက်စလေးက သဘောမတူပေ။

အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားသော အောင်းပင်းလေးက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ ရှန်ထျန်းကို နင်နဲ့ စာချုပ်ချုပ်ဖို့ ငါ ဘယ်တော့မှ သဘောမတူနိုင်ဘူး”

ခုံမုန့်က လှောင်ရယ်ကာ ပြောလိုက်သည်

“ ညီအစ်မနဂါးမယ်သာ အဲလို မလုပ်ချင်ဘူးဆိုရင် အစ်ကိုရှန်နဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်လေ။ လူသားတစ်ယောက်နဲ့ နတ်ဆိုးတစ်ယောက် ကြားက စာချုပ်က စိတ်ဆန္ဒအရပဲလေ။ ဘယ်သူက နင့်ကို ဖိအားပေးလို့ ရမှာလဲ”

အောင်းပင်းက မာန်ဖီရင်း ပြောလိုက်သည်

“ နင်…”

ခုံမုန့်က ပြုံးကာ သူမ၏ နောက်ဘက်ရှိ သက်တန့်အံ့ဖွယ်အလင်းတန်းကို ဖြည်းဖြည်းချင်း လှုပ်ယမ်းကာ ပြောလိုက်သည်

“ နင်က နင့်ရဲ့ ဥထဲကနေတောင် ထွက်မလာနိုင်သေးပဲနဲ့ တခြားသူတွေနောက်ကို လိုက်ပြီးတော့ နဂါးနတ်ဘုရားစာချုပ်ကို ချုပ်တယ်တဲ့လား။ နဂါးညီမလေးက အရွယ်ရော ရောက်ပြီလား။

သတိထားဦးနော် နင်သာ နင့်ရဲ့ မိသားစုဝင်တွေကို အသိမပေးဘဲ စာချုပ် ချုပ်ဆိုခဲ့တာဆိုရင် သူတို့က နင့်ဖင်ကို ဆောင့်ကန်လိမ့်မယ်”

အောင်းပင်း အရမ်းဒေါသထွက်နေသည့်အတွက် သူမ၏ ရင်ဘတ်နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။ သို့သော် သူမ စိတ်ကို မြန်မြန်လျှော့လိုက်သည်။

သူက ခုံမုန့်ကို ယုံကြည်မှုရှိသော အပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်

“ ဒီမယ် ဒေါင်းမတွေ အကုန်လုံးက မဖွံ့ဖြိုးတာလား။

နင်က အရွယ်ရောက်နေပြီဆိုပေမဲ့ ဘာလို့ ရင်ဘတ်က ပြားနေရသေးတာလဲ။ နင့်ကို ဒေါင်းမင်းသမီးလေးလို့ သိပြီးသားသူတွေကတော့ ထားပါတော့။ မသိသေးတဲ့သူတွေဆိုရင် နင့်ကို ဒေါင်းမင်းသားလို့ ထင်သွားလောက်တယ်။

နင့်ကိုသာ ယောက်ျားအဖြစ် ရုပ်ပြောင်းလိုက်မယ်ဆိုရင် နင့်ရဲ့ ရင်ဘတ်ကိုတောင် ကာဖို့ မလိုတော့ဘူးလေ ဟုတ်တယ်မလား”

အောင်းပင်းက စကားပြောရင်း ရင်ဘတ်ကို ရည်ရွယ်ချက်ရှိရှိ ကော့ပြကာ ပြောလိုက်သည်

“ ငါက နိဗာနကြောင့် ငယ်ရွယ်တဲ့သူအဖြစ် ပြောင်းသွားပေမဲ့လည်း နင့်ထက်တော့ ကြီးနေတုန်းပဲ”

ဝုန်း… အထိအခိုက်ပြင်းပြင်း တိုက်ခိုက်မှု

လွန်ကဲသော လူသတ်ချင်စိတ်က အထွတ်အမြတ်တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ခုံမုန့်က အံကြိတ်ကာ သူမနောက်ရှိ သက်တန့်အံ့ဖွယ်အလင်းတန်းကို ထပ်မံ ဖြန့်ကျက်လိုက်သည်

“ ငါ နင့်ကို သတ်ပစ်တော့မယ်”

ဘီလုံးငှက် နတ်ဆိုးမလေး ပိုင်လင်းက ခုံမုန့်ကို အလျင်အမြန် တားဆီးလိုက်သည်

“ အစ်မမုန့် စိတ်လိုက်မာန်ပါမလုပ်နဲ့နော်။ သူမက နဂါးနက်မျိုးနွယ်”

တောင်ပိုင်းနယ်မြေ၏ ခေါင်းဆောင်က ဇာမဏီမျိုးနွယ်ဖြစ်ပြီး မြောက်ပင်လယ်က နဂါးနက်မျိုးနွယ်ကို သူတို့၏ ခေါင်းဆောင်များအဖြစ် သတ်မှတ်ထားသည်။ ထိုမျိုးနွယ်နှစ်စုက နတ်ဆိုးမျိုးနွယ်များ၏ အင်အားအကြီးဆုံးသော မျိုးနွယ်နှစ်ခု ဖြစ်၏။

ခုံမုန့်၏ ဒေါင်းမျိုးနွယ်ကလည်း နတ်ဆိုးမျိုးနွယ်များ၏ ထိပ်ဆုံးမျိုးနွယ်များတွင် တစ်ခုအပါအဝင်ဖြစ်သော်လည်း နဂါးမျိုးနွယ်နှင့် ဇာမဏီမျိုးနွယ်များဖြင့် နှိုင်းယှဉ်လျှင် အနည်းငယ် နိမ့်ကျနေသေးသည်။

အောင်းပင်းက လက်ဦးမှု ပြန်လည်ရယူပြီးနောက် ပြုံးကာ ပြောလိုက်သည်

“ ဘာလဲ…အခုကတည်းက စိတ်တိုနေပြီလား။ ငါ ပြောခဲ့တာတွေ အကုန်လုံးကလည်း အမှန်တွေချည်းပဲလေ။

အရွယ်ရောက်ပြီလားတဲ့လား။ ဟား…ဟား…ငါက လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းကတည်းက နာမည်ကြီးခဲ့တာ။ နင့်ရဲ့အဖေသာ ငါ့ကို မြင်ရင် သူလည်း ငါ့ကို စီနီယာလို့ ခေါ်သင့်တာ။  နင် ငါ့ရှေ့မှာ အရမ်းရဲတင်းလွန်းနေတယ်။ နင်က အရမ်းမိုက်မဲတာပဲ”

နိဗာနတဲ့လား

ခုံမုန့် ခဏလောက် ကြောင်အသွားပြီးနောက် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။

ဟုတ်တယ်…ဒါက ဥပေါက်ဖို့စောင့်နေတဲ့ နဂါးနက် မဟုတ်ဘူးလား။ သူမက ဘာလို့ အငြင်းပွားတဲ့နေရာမှာ အရမ်းတော်နေရတာလဲ

သူက ဒဏ်ရာအပြင်းအထန် ရခဲ့တဲ့ နဂါးတစ်ကောင်ဖြစ်လို့ နိဗာနတော်ဝင်ပညာရပ်ကို အသုံးပြုပြီးတော့ သက်သာအောင် လုပ်ခဲ့တာမလို့ သူမ ငယ်ငယ်တုန်းက ပုံစံမျိုး ပြန်ဖြစ်သွားတာပေါ့

ထိုကဲ့သို့သော အခြေအနေမျိုးက ကျင့်ကြံရေးလောကတွင် မရှားပါးပေ။ စတုတ္ထအဆင့် နတ်ဘုရားကိုယ်ထည်မာ ကျင့်စဉ်ဖြစ်သော နိဗာနနယ်ပယ်အဆင့်တွင် အင်မတန် အဖြစ်များသည်။

နတ်ဘုရားကိုယ်ထည်မာ ကျင့်စဉ်တွင် ချီကျင့်ကြံဆင့် ခုနစ်ဆင့်နှင့် တူညီသော နယ်ပယ်အဆင့် ခုနစ်ခု ရှိသည်။ ချီသန့်စင်ခြင်းအဆင့်၊ အခြေတည်အဆင့်၊ ရွှေအမြုတေအဆင့်၊ ကနဦးဝိညာဉ်အဆင့်၊ ဝိညာဉ်အသွင်ပြောင်းအဆင့်၊ အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့်နှင့် မဟာယနအဆင့်တို့ ဖြစ်ကြသည်။

နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံဆင့်များမှာ ကိုယ်ထည်မာအဆင့်၊ သာလွန်ကိုယ်ထည်အဆင့်၊ ရွှေရောင်ကိုယ်ထည်အဆင့်၊ နိဗာနအဆင့်၊ ဧရာမစွမ်းပကားရှင်အဆင့်၊  သေခြင်းရှင်ခြင်း ကပ်ဘေးအဆင့်နှင့် နတ်ဘုရားနယ်ပယ်အဆင့်တို့ ဖြစ်ကြသည်။

ရွှေကိုယ်ထည် နယ်ပယ်အဆင့်ဆိုသည်မှာ ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို မသန့်စင်မှုများ မရှိတော့အောင်အထိ လုပ်ပြီး အားနည်းချက် မရှိသော နတ်ဘုရားကိုယ်ထည်မာ ရွှေကိုယ်ထည် ဖန်တီးဖို့အတွက် ကျင့်ကြံခြင်း ဖြစ်သည်။

ထို့နောက် နတ်ဘုရား ရွှေကိုယ်ထည်က အံ့ဖွယ်စွမ်းအား ဖွဲ့စည်းကာ ကျင့်ကြံသူ၏ ခန္ဓာအတွင်း ဆုံမှတ်များ ဖန်တီးပေးပြီး သူတို့အသက်ဓာတ်တို့ သိုလှောင်ပေးနိုင်လိမ့်မည်။ ထိုအဆင့်အထိ ရောက်သွားပါက အံ့ဖွယ်ဆုံမှတ်များ ပိုများလာလေလေ သူတို့ခန္ဓာကိုယ်ကြား ဆက်သွယ်မှုက ပို၍ ခိုင်မာတင်းကြပ်လာလေလေ ဖြစ်၏။

ကနဦးဝိညာဉ်အဆင့်ကျင့်ကြံသူများ အသတ်ခံရလျှင် သူတို့၏ ကနဦးဝိညာဉ်က ခန္ဓာကိုယ်၏ အပြင်ဘက်သို့ လွတ်မြောက်သွားကာ အသက်ပြန်လည် ရှင်သန်နိုင်ဖို့အတွက် တခြားခန္ဓာကိုယ်များကို လုယူရသည်။

နိဗာနအဆင့်ကျင့်ကြံသူများ အပိုင်းပိုင်း ဖြတ်ခံလိုက်ရပါက သူတို့၏ ခန္ဓာကိုယ်ကို ပြန်လည်ဆက်နွယ်နိုင်ဖို့အတွက် အံ့ဖွယ်ဆုံမှတ်များအပေါ် မှီခိုအားထားလို့ ရသည်။

ကောလဟာလများအရ တစ်စုံတစ်ယောက်တွင် လုံလောက်သော အံ့ဖွယ်ဆုံမှတ်များရှိပါက နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူတစ်ယောက်အနေဖြင့် သွေးတစ်စက် အသုံးပြုရုံဖြင့် ပြန်လည်ရှင်သန်လာနိုင်သည်ဟု ဆိုကြသည်။

ထို့ကြောင့် နိဗာနအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်ဖို့က စိန်ခေါ်မှု တစ်ရပ်ဖြစ်သည့်အတွက် များသောအားဖြင့် ဖမ်းဆီးခြင်းမျိုးသာ ပြုလုပ်နိုင်ကြသည်။

ဒီအနက်ရောင်ဥကသာ နိဗာနကျင့်ကြံထားတဲ့ နဂါးနက်သာဆိုရင် သူမ၏ မူလပုံစံက အရမ်းကြောက်ဖို့ ကောင်းမှာ သေချာလှသည်။

ဒေါင်းမင်းသမီးတစ်ယောက်ဖြစ်သော ခုံမုန့်က ရင်သားကြီးသူ မဟုတ်ပေမဲ့ ဦးနှောက် မရှိသောသူတော့ မဟုတ်ပေ။

သူမရဲ့ ရင်သားမကြီးဘူးလို့တော့ မပြောနဲ့…

သူမက ရှေးယခင်ကတည်းက စွမ်းအားကြီးတဲ့ နဂါးနက်ဆိုတာ တကယ်ဟုတ်တယ်ဆိုရင် အစ်ကိုရှန်ထျန်းကို သူမ တစ်ယောက်တည်း အပိုင်ယူခွင့် မပေးနိုင်ဘူး

ခုံမုန့်က ပိုပြီးတော့ နိုးနိုးကြားကြား ဖြစ်လာရသည်။ မြောက်ပင်လယ်နှင့် တောင်ပိုင်းနယ်မြေတို့က နတ်ဆိုးမျိုးနွယ်၏ ပိုင်နက်များဖြစ်သော်လည်း သူတို့၏ ဆက်ဆံရေးက မကောင်းမွန်ပေ။

အကယ်၍ မြောက်ပင်လယ် နဂါးနက်ကျွန်းမှာသာ ရှန်ထျန်းလိုမျိုး လူသားတွဲဖက် ရှိနေပါက လူသားမျိုးနွယ်၏ အထွတ်အမြတ်မြေများနှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ပြီး သူတို့၏ စွမ်းအားလည်း တိုးတက်သွားပေလိမ့်မည်။

တောင်ပိုင်းနယ်မြေ၏ ထိပ်သီး နတ်ဆိုးမျိုးနွယ်အနေဖြင့် ခုံမုန့်က နဂါးမျိုးနွယ်ကို ထိုသို့ များပြားသော အကျိုးအမြတ်ကို ရယူခွင့် မပေးနိုင်ပေ။

ခုံမုန့်က ပြုံးကာ ပြောလိုက်သည်

“ ဒါဆို အစ်မက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ နှစ်ပေါင်းတစ်သောင်း ပိတ်လှောင်ခံထားရတဲ့  စီနီယာနဂါးနက်ပေါ့။ စီနီယာ… အစ်ကိုရှန်က အရမ်းငယ်သေးပေမဲ့ အစ်မက နှစ်ပေါင်းတစ်သောင်းတောင် သက်တမ်း ရှိနေပြီလေ … အစ်မပေါ် တက်စီးခိုင်းစေချင်သေးတာလား။ အသက်အရမ်းငယ်တဲ့သူကို လက်ထပ်ထားသလို ဖြစ်မနေဘူးလား”

အောင်းပင်း အတော်လေး ဒေါသထွက်နေပြီ ဖြစ်၏။ သူမသာ နိဗာနအဆင့်ကို ဖြတ်ကျော်နေဆဲ မဟုတ်ပါက ခုံမုန့်ကို သူမ၏ အနက်ရောင်ဥဖြင့် ထုပစ်မည် ဖြစ်သည်။ သူမ နိဗာနအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်ပြီးသွားပါက သူမက သေချာပေါက် ဒေါင်းမျိုးနွယ်၏ ပိုင်နယ်ထဲကို ဝင်ရောက်ပြီး ဒီကောင်မစုတ်လေးကို ရိုက်နှက်ပြမည်ဟု ကျိန်ဆိုလိုက်သည်။

နင်က ငါ့ကို အသက်ကြီးတယ်ဆိုပြီး အပြစ်ပြောရဲတယ်ပေါ့လေ။ ငါက အခုငါ့ရဲ့ အကောင်းဆုံးအရွယ်ကို ရောက်နေတာ ရပြီလား

အသက်နှင့် ရင်သားအတိုင်းအတာက အမြဲတမ်း အထိမခံနိုင်သော အကြောင်းအရာများပင် ဖြစ်သည်။

အောင်းပင်း ဒေါသထွက်နေသည့်ပုံစံကို ကြည့်ပြီး ခုံမုန့် ကြိတ်ပြုံးလိုက်မိသည်။

“ အစ်ကိုရှန်က ဒီလောက်ထိ တော်ပြီးတော့ နတ်မိုးကြိုးငါးပါး ဖွဲ့စည်းပုံကိုလည်း ပိုင်ဆိုင်ထားတယ်လေ။ အဲဒီတော့ အစ်ကိုကသာ သက်တန့်အံ့ဖွယ်အလင်းတန်း ပညာရပ်ကို သင်ယူဖို့အတွက် အသင့်တော်ဆုံးပဲ။

ပြီးတော့ အစ်ကိုအနေနဲ့ တခြားနတ်ဆိုးတွေရဲ့ တွဲဖက်ဖြစ်လာမှာကိုလည်း မတားတဲ့အပြင် မိတ်ဆက်တာမျိုးပါ လုပ်ပေးနိုင်ပါသေးတယ်။ ဇာမဏီမျိုးနွယ်က မင်းသမီးလေးဆိုရင်ရော ဘယ်လိုသဘောရလဲ။ ပြီးတော့ ရွှေတောင်ပံလင်းယုန်မျိုးနွယ်ရဲ့…”

ခုံမုန့် ပြောလို့မပြီးသေးခင် ဒေါသသံတစ်ခုက သူမကို ရပ်တန့်သွားစေသည်။ ဒီတစ်ခေါက်တော့ အောင်းပင်း မဟုတ်ဘဲ ဆက်ပြီးနားမထောင်နိုင်တော့သည့် ကျင်းယုပင် ဖြစ်သည်။

“ တော်လိုက်ပါတော့”

ချင်ယွင်တိကို ရှုံးထားသောသူ တစ်ယောက်အနေဖြင့် ကျင်းယုက သူတို့ပြောတာကို နားထောင်ရင်း တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူ ပြန်လည်ကုစားနေသည်။

ခုံမုန့်နှင့် အောင်းပင်းတို့က ရှန်ထျန်း၏ စာချုပ်ချုပ်ဆိုထားသော သားရဲ ဖြစ်လာဖို့အတွက် ရန်ဖြစ်နေကြပုံကိုကြည့်ပြီး ကျင်းယု ကိုယ့်ကိုယ်ကို ပြန်မေးမိသည်။

သူ ခုံမုန့်ကို အရှေ့ပိုင်းလွင်ပြင်ကို ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက သူတော်စင်ကို ပြန်ပေးဆွဲဖို့ မဟုတ်ဘူးလား

သူက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို တောင်ပိုင်းနယ်မြေဆီ ပြန်ပေးဆွဲဖို့ လုပ်တာ ကျရှုံးခဲ့သည့်အတွက် ကြာပြာ ကောင်းကင်အသျှင်ကိုလည်း ထိုသို့လိုက်လာပြီး ထောင်ချောက်ထဲဝင်အောင် လုပ်ဖို့အတွက် မဖြစ်နိုင်တော့ပေ။ တစ်ချိန်တည်းမှာပဲ ရှန်ထျန်းက ဒေါင်းမျိုးနွယ်၏ ပါရမီရှင်ဖြစ်သော ခုံမုန့်ကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။

ယခုခုံမုန့်က ရှန်ထျန်းနှင့် စာချုပ် ချုပ်ဆိုဖို့အတွက် စိတ်အားထက်သန်နေသည်။

ခုံမုန့်က တောင်ပိုင်းနယ်မြေရှိ မရေမတွက်နိုင်သော နတ်ဆိုးများ၏ သဘောကျနှစ်သက်ရသော မိန်းကလေးဖြစ်သည်။

နတ်ဆိုးပါရမီရှင်များစွာက သူမအား လိုက်ပိုးပန်းကြသော်လည်း ဘာတုံ့ပြန်မှုမှ မရရှိခဲ့ပေ။

သို့သော် ရှန်ထျန်းနှင့် ပတ်သက်လာသည့်အခါ သူက တခြားနတ်ဆိုးနှင့် စာချုပ် ချုပ်ပြီးသွားသော်လည်း သူမက သူနှင့် စာချုပ် ထပ်ချုပ်ချင်နေသေးသည်။ သူမက ရှန်ထျန်းနှင့် ရင်းရင်းနှီးနှီးလည်း ရှိနေသေးသည်။

ထို့ကြောင့် အားကောင်းသော ပြိုင်ဘက်က ကျင်းယုကို စိတ်မသက်မသာဖြစ်စေပြီး လောကကြီးက သူ့အပေါ် အရမ်းရက်စက်နေသလို ခံစားနေရသည်။

ပိုပြီးဆိုးတာက ခုံမုန့်က ရှန်ထျန်းကို ဇာမဏီမင်းသမီးလေးနဲ့ပါ မိတ်ဆက်ပေးဖို့ ကြံစည်နေတယ် မဟုတ်လား။ ပြီးတော့ ရွှေတောင်ပံလင်းယုန်မျိုးနွယ်ရဲ့ မင်းသမီးလေးလည်း ပါသေးတယ်။

အဲဒါက ကျင်းယုရဲ့ ညီမအရင်းကြီးလေ

“ ခုံမုန့် မင်းအရမ်းလွန်သွားပြီ။ စာချုပ် ချုပ်ချင်တာက မင်းတစ်ယောက်ထဲလေ။ ဘာလို့ တခြားသူတွေကိုပါ ဆွဲထည့်နေရတာလဲ”

ကျင်းယု၏ မခံမရပ်နိုင်ဖြစ်နေသော မျက်နှာထားဖြင့် ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်…မင်း သေရင်သေ ဒါမှမဟုတ် ငါ သေမှပဲ ရမယ်။

ငါ့ရဲ့ စွမ်းအားအပြည့်အဝကို ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ ထုတ်သုံးလို့ မရဘူး။ ဒါကြောင့် မင်းကို ဒီနေ့ လွှတ်ပေးလိုက်မယ်။ ရှေ့လျှောက် ငါနဲ့မတွေ့ဖို့ ဆုတောင်းနေလိုက် မဟုတ်ရင် မင်းကို တစ်စစီဖြစ်အောင် လုပ်ပစ်မယ်လို့ ကျိန်တယ်”

ထို့နောက် ကျင်းယုက ဒဏ်ရာရထားသော ခန္ဓာကိုယ်ကို တရွတ်တိုက်ကာ အထွတ်အမြတ် နဂါးတောင်ကြားမှ ထွက်သွားသည်။

သို့သော် ကျင်းယု အထွတ်အမြတ် နဂါးတောင်ကြားမှ ပျံသန်းထွက်သွားဖို့ ပြင်နေစဉ် ရုတ်တရက် ကြက်သွေးမွေးညင်းများ ထသွားသည်ကို ခံစားလိုက်ရသည်။

ကျင်းယု နောက်လှည့်ကြည့်လိုက်သည့်အခါ ရှန်ထျန်းက ဒူးကိုကွေးထားကာ တိုက်ခိုက်ဖို့ အသင့်အနေအထား ပြင်လိုက်သည့်အခါ သူ ထိတ်လန့်သွားရသည်။

ရှန်ထျန်းက သူ့လက်တွေကို ကြာဖူးသဏ္ဌာန် ပြုလုပ်ထားသည်။ ကျင်းယုက ဒီလိုပုံစံမျိုးကို တွေ့ဖူးထားတာ သိပ်မကြာသေးသည့်အတွက် ဒီလိုစတင်မှုမျိုးကို ကျင်းယု အင်မတန် ရင်းနှီးနေသည်။

ဒါက သက်တန့်အံ့ဖွယ်အလင်းတန်းကိုတောင် ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အဆုံးစွန်သော လူသတ်ပညာရပ်ပဲ။ အဲဒါသာ သူ့ကို ထိသွားရင် သူ အသက်ရှင်သန်နိုင်ဖို့ အခွင့်အရေးရော ရှိပါ့မလား

“ ကောင်စုတ်လေး…အလစ်ဝင်တိုက်ခိုက်မလို့လား။ မင်းက ဘယ်လိုယောက်ျားမျိုးလဲ”

ကျင်းယုက အရမ်းကြောက်လန့်နေသည့်အတွက် တောင်ပံများကို အစွမ်းကုန်သုံးကာ ခတ်ပြီး တောင်ကြားမှ လွတ်မြောက်အောင် ကြိုးစားနေသည်။ သို့သော် ကံမကောင်းစွာဖြင့် ချင်ယွင်တိက သူ့ကို ထိခိုက်အောင် လုပ်ထားသည့်အတွက် အခြေအနေက အစကတည်းက ဆိုးရွားနေပြီ ဖြစ်သည်။ ယခု ရှန်ထျန်းကပါ သူ့ကို ပစ်မှတ်အဖြစ် သတ်မှတ်နေပုံရသည်။

“ မင်းက ငါ့ကို သတ်ဖို့အတွက် ခြိမ်းခြောက်ပြီးတာတောင် ထွက်ပြေးချင်နေတုန်းပဲလား။ မင်း ဒဏ်ရာရနေတုန်းမှာ ငါ မင်းကို သတ်မယ်”

ရောင်စုံမိုးကြိုးများက ရှန်ထျန်းကို လွှမ်းခြုံထားကာ သူ့လက်ဖဝါးထဲမှာလည်း မရေမတွက်နိုင်သော မိုးကြိုးဓားအရှိန်အဝါများ ထွက်ပေါ်လာသည်။

“ မင်းဒီမှာပဲနေရမယ်။ ဓာတ်နှော နတ်မိုးကြိုးဓား”

အေးစက်သောအသံက အထွတ်အမြတ် နဂါးတောင်ကြားတစ်ခွင် ပျံ့နှံ့သွားပြီးနောက် ရှန်ထျန်းက သူ့လက်ဖဝါးထဲရှိ မိုးကြိုးဓားအရှိန်အဝါများကို ပစ်လွှတ်လိုက်သည်။

မူလက တစ်လက်မအရွယ်သာ ရှိသော ဓားအရှိန်အဝါများက လေထုနှင့် ထိတွေ့ပြီးနောက် သုံးပေအရှည်ဖြစ်သွားကာ အနက်ရောင်၊ အဖြူရောင်၊ အနီရောင်၊ အဝါရောင်နှင့် အစိမ်းရောင် ဓားသွားများက ကျင်းယုနောက်သို့ လိုက်သွားကြသည်။

ထိုအရာများက ကျားဖြူသတ္တမ နတ်မိုးကြိုး (သတ္တု)ဓားအရှိန်အဝါ၊ နဂါးစိမ်း ပထမ နတ်မိုးကြိုး (သစ်သား) ဓားအရှိန်အဝါ၊ ကြက်သွေးရောင် ဇာမဏီ တတိယ နတ်မိုးကြိုး(မီး) ဓားအရှိန်အဝါ၊ လိပ်နက် နဝမ နတ်မိုးကြိုး (ရေ) ဓားအရှိန်အဝါနှင့် စွမ်းပကားရှင် ချီလင် ပဉ္စမ နတ်မိုးကြိုး (မြေ) ဓားအရှိန်အဝါတို့ပင် ဖြစ်သည်။

သူတို့၏ စွမ်းအားက ဓာတ်နှောနတ်မိုးကြိုးလောက် မပြင်းထန်သော်လည်း ပမာဏက ကျင်းယုကို တိုက်ခိုက်ဖို့ လုံလောက်သည်။

“ သေနာကောင် … မင်း အရမ်းလွန်သွားပြီ”

ကျင်းယု၏ ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်မီးတောက်များဖြင့် တောက်လောင်နေကာ ရုတ်တရက် လက်ထဲရှိ ဓားရှည်ကို လွှဲယမ်းနေသည်။

ဓားရှည်က လေထုကို ခွင်းကာ ဓားအရှိန်အဝါများနှင့် သွားရောက်ပွတ်တိုက်မိသည်။ သို့သော် မိုးကြိုးက ရွှေဓားရှည်ကို ဖြတ်ပြီး စီးဆင်းသွားသည်။

ကျင်းယု၏ ဆံပင်များ ထောင်သွားတာကို သေချာမြင်နေရပြီး ဓားရှည်ကို ကိုင်ထားရင်း သူ့ခန္ဓာကိုယ်လည်း စတင်တုန်လှုပ်လာသည့်အပြင် မီးခိုးလုံးများပါ ထွက်လာသည်။

ခုံမုန့်က ကူကယ်ရာမဲ့စွာ တောင်းဆိုလိုက်ရသည်

“ အစ်ကိုရှန်…ရွှေတောင်ပံ လင်းယုန်နဲ့ ဒေါင်းတွေက ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတာမလို့။ ကျွန်မကို ငဲ့ပြီးတော့ သူ့အသက်ကို ချမ်းသာပေးလို့ ရမလားဟင်”

ရှန်ထျန်းက မျက်မှောင်ကြုတ်မိသွားသော်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည်

“ ဒါဆိုလည်း ပြီးရောလေ။ မင်းကို မိန်းကလေးခုံက အသက်ချမ်းသာပေးဖို့ တောင်းဆိုလို့နော်”

ရှန်ထျန်း လက်ဟန်လုပ်လိုက်ပြီးနောက် ဓားအရှိန်အဝါများက ရောင်စုံပိုက်ကွန်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကျင်းယု၏ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားကာ တွန့်လိမ်သွားသည်အထိ လျှပ်စီးဖြင့် လျှော့တိုက်လိုက်သည်။

ရှန်ထျန်းက ကျင်းယု၏ ဘေးသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။ သူက ဘေးမှာရပ်နေသော တခြား ငှက်နတ်ဆိုးပါရမီရှင်များဖြစ်သည့် ဟယ်ဝူရွှမ်း၊ လင်းတပုံစံာ အမျိုးသားနှင့် ပိုင်လင်းတို့ကို တစ်ချက်ကြည့်လိုက်သည်။

ဟယ်ဝူရွှမ်းနှင့် လင်းတပုံစံာ အမျိုးသားတို့က တုန်ရီနေကြပြီး တခြားဘက်သို့ အကြည့်လွှဲကာ ဘာမှမမြင်ခဲ့သလိုမျိုး ဟန်ဆောင်နေသည်။

ပိုင်လင်း၏ မျက်လုံးများကတော့ အရောင်တောက်ပနေသည်။ သူမ၏ ဘီလုံးငှက်မျိုးနွယ်လည်း လူသားတွဲဖက် ရလာနိုင်ရန်အတွက် မိန်းကလေးခုံမုန့်ကို တောင်းဆိုဖို့အတွက် စဉ်းစားနေသည်။

ရှန်ထျန်းက ကျင်းယုဘေးတွင် ထိုင်ကာ တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်

“ ညီအစ်ကိုကျင်း ကျွန်တော်တို့ နှစ်ယောက်ကြားမှာ နားလည်မှု လွဲနေတာလေး တချို့ရှိမယ်ထင်တယ်”

ကျင်းယုက ပြင်းထန်သော စကားများကို ပြောဖို့ ပြင်လိုက်စဉ် ယခင်ပြောလိုက်သော စကား၏ အကျိုးဆက်ကို မှတ်မိသွားသည့်အတွက် အပြုအမူကို ဆင်ခြင်လိုက်သည်။ ငိုနေသောမျက်နှာထက် ပိုပြီးကြည့်ရဆိုးသော အပြုံးတစ်ခုကို ပန်ဆင်ကာ ပြောလိုက်သည်

“ ဟုတ်တယ် … ဒါတွေအားလုံးက နားလည်မှုလွဲတာပါ”

ရှန်ထျန်းက ကျင်းယု၏ ခေါင်းပေါ်ကို ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်

“ အရာအားလုံးက နားလည်မှုလွဲတာဆိုမှတော့ ပြန်လည်သင့်မြတ်ဖို့အတွက် ဆွေးနွေးကြည့်ရင် ဘယ်လိုလဲ”

ကျင်းယု သူ့ခန္ဓာကိုယ်က မိုးကြိုးကြောင့် ကြွပ်ရွသည့်အဆင့် ရောက်ပြီး မွှေးကြိုင်သော အနံ့အသက်များပင် ထွက်နေသည်ကို သူ ခံစားမိသည့်အတွက် တံတွေးကို မျိုချလိုက်မိသည်။

“ ကျွန်တော်တို့ ဘယ်လိုမျိုး လုပ်ရင် ပြန်လည်သင့်မြတ်နိုင်မလဲ”

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ အစတုန်းကတော့ ကျွန်တော် ကျင့်ကြံနေတာပါ။ ဒါပေမဲ့ ညီအစ်ကိုကျင်းက တောင်ကြားထဲကို အတင်းထိုးဖောက်ဝင်ရောက်လာလို့ ကျွန်တော် ချီဖောက်ပြန်ခြင်းကို ခံစားလိုက်ရတယ်။ ကျွန်တော်ကို နှောင့်ယှက်ခဲ့တဲ့အတွက် လျော်ကြေးသာ ပေးပါ။

ညီအစ်ကိုကျင်းက ညီလေးယွင်တိကို မဆင်မခြင် တိုက်ခိုက်လိုက်လို့ သူ့ကို မိုးကြိုးအဆောင်တွေ အများကြီး သုံးစွဲရအောင် လုပ်လိုက်တယ်လေ။ သူလည်း ဒဏ်ရာအပြင်းအထန် ရသွားတာမလို့ သူ ကုသဖို့အတွက်ရယ် ဆုံးရှုံးသွားတဲ့ အဆောင်တွေအတွက်ရယ် လျော်ကြေးပေးဖို့ လိုအပ်တယ်။

ပြီးတော့ ညီအစ်ကိုက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို မလေးမစား ပြုမူပြီးတော့ ကျွန်တော်တို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို စော်ကားခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဆုံးရှုံးသွားတဲ့ ဂုဏ်သိက္ခာအတွက် အလျော်ပေးရမယ်။

ပြီးတော့ ကျွန်တော်ရဲ့ ရုပ်ရည်အသွင်အပြင်၊ အာဟာရ၊ ဓမ္မအသုံးအဆောင် ထိန်းသိမ်းမှု၊ ကုစားဆေးလုံးနဲ့ ပြန်လည်သင့်မြတ်ဖို့အတွက် လျော်ကြေးလည်း ရှိတယ်…

အားလုံးပေါင်း…ဝိညာဉ်ကျောက်တုံး သန်း ၅၀ ကို ညီအစ်ကိုကျင်းယုဆီကနေ ယူချင်ပါတယ်”

ရှန်ထျန်းက တောက်ပသောအပြုံးကို ပန်ဆင်ထားကာ ပြောလိုက်သည်

“ ဝိညာဉ်ကျောက်တုံး၊ ဝိညာဉ်သလင်းကျောက်နဲ့ ဝိညာဉ်အဆီအနှစ်တွေ ပေးလို့ရတယ်။ ဒါမှမဟုတ် ကာကွယ်ရေး ချပ်ဝတ်တန်ဆာ၊ လက်နက်တွေနဲ့ သိုလှောင်ဆေးလုံးတွေကိုလည်း သုံးလို့ ရတယ်နော်။ သူတို့ရဲ့ တန်ဖိုးကို ကျွန်တော် အကဲဖြတ်ပေးမယ်။ မျှတစေရမယ်လို့ အာမခံပါတယ်။

ညီအစ်ကိုကျင်းမှာ အဲဒီလောက်များတဲ့ ဝိညာဉ်ကျောက်တုံးတွေ မရှိဘူးဆိုရင် ရွှေတောင်ပံ လင်းယုန်မျိုးနွယ်ရဲ့ နာမည်ကို သုံးပြီး အကြွေးစာချုပ် ရေးလိုက်လေ။ နောက်မှ ပြန်ဆပ်ပေါ့။

ညီအစ်ကိုကျင်းသာ လုံလောက်တဲ့ ဝိညာဉ်ကျောက်တုံးတွေ ပေးမယ်ဆိုရင် ဒီအထွတ်အမြတ် နဂါးတောင်ကြားကနေ ထိခိုက်ဒဏ်ရာမရှိဘဲ ထွက်သွားနိုင်အောင် လုပ်ပေးမယ်လို့ အာမခံတယ်။ ဒီနေ့ကစပြီးတော့ ညီအစ်ကိုကျင်းသာ အတိတ်အကြောင်း ပြန်ပြောချင်တယ်ဆိုရင် ကျွန်တော်ကို အချိန်မရွေး လာရှာလို့ ရတယ် ”

ရှန်ထျန်း၏ လျော်ကြေးတောင်းဆိုမှုက ကျင်းယုကို အံ့ဩမှင်သက်သွားစေသည်။

ဝိညာဉ်ကျောက်တုံး သန်း၅၀ တဲ့လား။ အဲဒီလောက်များပြားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဘာလို့ သွားပြီး မလုယူတာလဲ

သေစမ်း…သူက ငါ့ကို နေ့ဘက်မှာ ဓားပြတိုက်နေတာပဲ

ကျင်းယုက ခုံမုန့်ကို မကျေနပ်စွာဖြင့် ကြည့်ကာ ပြောလိုက်သည်

“ မိန်းကလေးခုံမုန့် ငါတို့ငှက်မွေးမျိုးနွယ်တွေ အခုလိုမျိုး လှောင်ပြောင်ခံနေရတာကို ဒီအတိုင်း ကြည့်နေတော့မှာလား”

ခုံမုန့်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်

“ ကျွန်မ တိုက်ခိုက်မယ်ဆိုရင်တောင် အစ်ကိုရှန်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အစ်ကိုရှန် ကျွန်မတို့ မျိုးနွယ်ရဲ့ လူသားတွဲဖက် ဖြစ်လာတော့မှာ ဖြစ်သလို မျိုးနွယ်ရဲ့မဟာမိတ်လည်း ဖြစ်သွားပြီလေ။ မဟုတ်ရင် ကျင်းယု ရှင် ဒီနေ့ သူ့ကို လျော်ကြေးပေးရုံနဲ့တင် ပြီးသွားမှာ မဟုတ်ဘူးလေ။ ပိုက်ဆံလား… ရှင့်အသက်လား …ကိုယ့်ဘာသာကို သေချာစဉ်းစားပေါ့”

ခုံမုန့်က ကူညီချင်သော်လည်း မကူညီနိုင်ဖြစ်နေတာကို ကြည့်ပြီး ကျင်းယု စိတ်ဆင်းရဲနေသည်။

ဒေါင်းမျိုးနွယ်နဲ့ ရွှေလင်းယုန်မျိုးနွယ်တွေက မျိုးနွယ်တစ်ခုထဲက ဆင်းသက်လာတာ မဟုတ်ဘူးလား။ ငါတို့ ဒုက္ခတွေ့ရင် တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ စွန့်မပစ်ကြဘူးလေ

ဒါဆို မင်းက ငါ အတင်းအကြပ် ဓားပြတိုက်ခံနေရတာကို ဒီအတိုင်းပဲ ကြည့်နေတော့မယ်ပေါ့လေ

ခုံမုန့်ပြောတာကလည်း မှန်တော့ မှန်ပါတယ်။ သူမ ခုခံမယ်ဆိုရင်ရော ဘာဖြစ်လဲ

အံ့ဖွယ်မိုးကောင်ကင် သူတော်စင်က သူမရဲ့ သက်တန့်အံ့ဖွယ်အလင်းတန်းကို ချိုးဖောက်ပြီးတော့ သူမကို လုံးဝ ဆွဲဆောင်နိုင်ခဲ့တာလေ။ သူမက သူ့ကို ဘယ်လိုလုပ်ပြီးတော့ တိုက်ခိုက်နိုင်မှာလဲ

ကျင်းယုလည်း ကူကယ်ရာမဲ့စွာဖြင့် ဂုဏ်မောက်နေသာ ဦးခေါင်းကို ညွှတ်ချိုးကာ ပြောလိုက်သည်

“ ရှန်ထျန်း … ဒီနေ့ ငါ ရှုံးတာကို ဝန်ခံပါတယ်”

ရှန်ထျန်းက ကျင်းယု၏ ရောင်ဝါစက်ဝန်းကို ကြည့်ကာ ဖျော့တော့စွာ ပြုံးလိုက်ရင်း ပြောလိုက်သည်

“ ကောင်းပြီလေ။ ဒါဆိုရင် ကျွန်တော် စတင် အကဲဖြတ်တော့မယ်နော်”

သူက ကျင်းယုဘေးရှိ ရွှေရောင်ဓားရှည်ကို ယူကာ ခေါင်းညိတ်ရင်း ပြောလိုက်သည်

“ ဒီဓားရှည်က အတော်လေး ကောင်းတဲ့ပုံပဲ။ ဈေးနှုန်းက ဝိညာဉ်ကျောက်တုံး တစ်ထောင်လောက် တန်တယ်။ ညီအစ်ကိုကျင်း မျှတတယ်လို့ ထင်လား”

ဘာ…ဝိညာဉ်ကျောက်တုံး တစ်ထောင်တဲ့လား

ကျင်းယု အံကြိတ်လိုက်မိသည်။

ဒါက မင်းအတွက်တော့ ‘မျှတတဲ့’အကဲဖြတ်မှု ဖြစ်ချင် ဖြစ်နေမှာပေါ့။ ဒါက အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်း…အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းကွ။ ဘယ်လောက်ထိ ဈေးချိုနေပါစေ အနည်းဆုံး ဝိညာဉ်သလင်းကျောက် တစ်သောင်းနဲ့ ညီမျှတဲ့ ဝိညာဉ်ကျောက်တုံး ၁၀သန်း အဖိုးတန်တယ်

ဒါကို မင်းက ဝိညာဉ်ကျောက်တုံး တစ်ထောင်လို့ တန်ဖိုးဖြတ်တယ်ပေါ့ ဟုတ်လား။ ငါ မင်းကို ဝိညာဉ်ကျောက်တုံး တစ်သောင်းပေးမယ်ဆိုရင် မင်း ငါ့ကို ဓားအလက် ၁၀၀ ပေးမလား

ကျင်းယုက အံကြိတ်ကာ ရှန်ထျန်းကို ပုန်ကန်သော အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်

“ ဟား…ဟား…ဟား..ဈေးနှုန်းက အရမ်းသင့်တင့်တာပေါ့။ ညီအစ်ကိုရှန်က ပစ္စည်းတွေရဲ့ တန်ဖိုးကို အကဲဖြတ်တဲ့နေရာမှာ အရမ်းတော်တာပဲနော်”

ရှန်ထျန်း ပြုံးကာ ခေါင်းညိတ်ပြရင်း ပြောလိုက်သည်

“ ဟုတ်တာပေါ့…ညီအစ်ကိုကျင်း ဝတ်ထားတဲ့ ရွှေငှက်မွေးဝတ်ရုံက ကျွန်တော် မှန်းတာသာ မှန်မယ်ဆိုရင် ကန့်သတ်ထုတ်ကုန် မလား။ အဲဒါရဲ့ တန်ဖိုးကို ဝိညာဉ်ကျောက်တုံး တစ်သောင်းဝန်းကျင် ခန့်မှန်းထားတယ်။ ညီအစ်ကိုကျင်းရော ဘယ်လိုထင်လဲ”

ဖွီး

ကျင်းယု ဒေါသထွက်လွန်းလို့ သွေးအန်ခါနီးနေလေပြီ။

ဘာ…ဝိညာဉ်ကျောက်တုံး တစ်သောင်းဟုတ်လား။ ဒါက ရွှေတောင်ပံ လင်းယုန်ရဲ့ ငှက်မွေးဝတ်ရုံကွ။ ဒါက ဝိညာဉ်အသွင်ပြောင်းအဆင့် ရွှေတောင်ပံ လင်းယုန် ကျွတ်သွားတဲ့ ငှက်မွေးတွေကို အသုံးပြုပြီးတော့ လုပ်ထားတဲ့ အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းလေ။ အဲလိုပစ္စည်းမျိုးကို ဝိညာဉ်ကျောက်တုံးတစ်သောင်းနဲ့ တန်ဖိုးဖြတ်တယ်ပေါ့လေ

မင်းရဲ့ အသိစိတ် ပျက်စီးသွားတာလား။ မဟုတ်သေးဘူး …မင်းမှာ အသိစိတ်ရော ရှိရဲ့လား

ငါ သိပြီ။ မင်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဂိုဏ်းချုပ်ရဲ့ တပည့် မဟုတ်ဘဲ ကြာပြာ ကောင်းကင်အသျှင်ရဲ့ တပည့်ပဲ ဖြစ်ရမယ်

ရှန်ထျန်းကတော့ သူ့ အကဲဖြတ်မှုကို ဆက်လုပ်နေဆဲဖြစ်ကာ ကျင်းယုကတော့ ကြောက်လန့်နေလေပြီ။

All Chapters