← Chapters

အစ်ကိုရှန်က ကံကြမ္မာသားတော်အစစ်ပဲ

Vol. 11-16 Ch. 213

အစ်ကိုရှန်က ကံကြမ္မာသားတော်အစစ်ပဲ

Vol. 11-16 Ch. 213

အခန်း (၂၁၃) : အစ်ကိုရှန်က ကံကြမ္မာသားတော်အစစ်ပဲ

အကဲဖြတ်မှုကို သေချာအာရုံစိုက်နေပြီး  ပြုံးရယ်နေသော ရှန်ထျန်းကို ကြည့်ကာ ကျင်းယု ရင်နာလာမိသည်။

ဒါပေမဲ့ သူ ဘယ်လိုလုပ်ပြီးတော့ ရှန်ထျန်းရဲ့ အကဲဖြတ်မှုကို ကန့်ကွက်နိုင်ပါ့မလဲ။ သူ့ ရှေ့ကလူတွေရဲ့ ခြေလှမ်းအတိုင်း မသွားချင်သရွေ့ သူ လုပ်လို့မဖြစ်ဘူး

ပြိုင်ဘက်က အားသာနေတဲ့အခြေအနေဆိုရင် အခြေအနေကို လိုက်ပြီးတော့ ပြုမူနေထိုင်တာပဲ ကောင်းတယ် … အသက်ရှင်နေသေးရင် မျှော်လင့်ချက်ဆိုတာ ရှိနေဦးမှာပဲ

အခုတော့ လှောင်ပြောင်တာကို သည်းခံပြီးတော့ နောက်မှ အနိုင်ရတဲ့ လင်းယုန်အဖြစ် ပေါ်ထွက်လာစေရမယ်

ကျင်းယုက ကိုယ့်ကိုယ်ကို စိတ်ထိန်းကာ အံကြိတ်ရင်း ပြောလိုက်သည်

“ ညီအစ်ကိုရှန်ရဲ့ အကဲဖြတ်မှုက တိကျမှန်ကန်ပါတယ်။ ဒါပေမဲ့…ကျွန်တော် အကြွေးစာချုပ်လေး အရင်ယူထားလို့ရမလားဟင်”

ကျင်းယုက ရှန်ထျန်း တန်ဖိုးဖြတ်သော ဈေးနှုန်းတွေကို လက်မခံနိုင်ဖြစ်နေသည်။ သူ ဒီလောက်ထိ စိတ်ပုတ်သောသူကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပေ။

ရှန်ထျန်းက ကျင်းယုကို တည်ငြိမ်စွာ စိုက်ကြည့်ကာ ပြောလိုက်သည်

“ အကြွေးစာချုပ်က ညီအစ်ကို အခု ချက်ချင်း မပေးနိုင်တဲ့အရာတွေ အတွက်လေ။ ကျွန်တော်က ညီအစ်ကိုနဲ့ စကားပြောပြီးနေမှတော့ ဘာလို့ အကြွေးစာချုပ် လိုအပ်နေဦးမှာလဲ။ ခင်ဗျားတို့ လင်းယုန်မျိုးနွယ်က ဒီအကြွေးပေါ်မှာ ကတိပြန်ရုတ်သိမ်းချင်နေတယ်လို့တော့ မပြောနဲ့နော်”

ရှန်ထျန်း၏ တည်ငြိမ်သော မျက်နှာထားကို ကြည့်ပြီး ကျင်းယု ကြက်သီးမွေးညင်းထလာရသည်။

ရှန်ထျန်းက ကြာပြာကောင်းကင်အသျှင် ပြုမူသလိုမျိုး တစ်ပုံစံတည်း ပြုမူနေသည်။

ဤကောင်လေးက ကြာပြာ ကောင်းကင်အသျှင်လိုမျိုး ပြုမူရင်း သူ့ကို သတ်ပစ်မှာ ကျင်းယု တကယ် ကြောက်ရွံ့နေမိသည်။

“ ညီအစ်ကိုရှန် ကျွန်တော်ကို အထင်လွဲနေပြီထင်တယ်။ ရွှေတောင်ပံ လင်းယုန်မျိုးနွယ်က ကျယ်ပြန့်တဲ့ အင်ပါယာကြီးတစ်ခုကို ပိုင်ဆိုင်ထားပြီးတော့ ဝိညာဉ်ကျောက်တုံး သန်း၅၀ တတ်နိုင်ပါတယ်။ ကျေးဇူးပြုပြီးတော့ ဒေါသမထွက်ပါနဲ့ဗျာ”

ရှန်ထျန်းက အလေးအနက် တွေးတောကာ ပြောလိုက်သည်

“ ကျယ်ပြန့်တဲ့ အင်ပါယာတဲ့လား။ ဒါဆိုရင် ဝိညာဉ်ကျောက်တုံး ၅၂ သန်း လုပ်လိုက်ရအောင်”

ကျင်းယု တကယ် ငိုချင်နေလေပြီ။

ဒီလူယုတ်မာကတော့ ငါ့ဆီကနေ အများကြီးယူပြီးနေပြီကို ဈေးကို ထပ်မြှင့်ချင်နေသေးတာလား။ သူ ဘာလို့ ဒီလောက်ထိ ယုတ်မာရတာလဲ

ဝိညာဉ်ကျောက်တုံး ၅၂ သန်းတဲ့…ဒါက အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းတွေ အများကြီး ဝယ်ဖို့တောင် လုံလောက်နေပြီ

သူက ရွှေတောင်ပံလင်းယုန်မျိုးနွယ်၏ ပါရမီရှင် ဖြစ်သော်လည်း ထိုကဲ့သို့သော များပြားသည့် ကြွယ်ဝမှုမျိုးကို လက်လွှဲပေးဖို့ မဖြစ်နိုင်ပေ။

သူ ဒီတစ်ခေါက် လွတ်မြောက်အောင် လုပ်နိုင်ပါက ရွှေတောင်ပံ လင်းယုန်မျိုးနွယ်ဆီသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ကျင်းယု ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်သည်။

ကျင်းယု သောကရောက်နေသော်လည်း ရှန်ထျန်းကတော့ ကျင်းယု၏ သိုလှောင်လက်စွပ်ကို ချွတ်ယူပြီး ပိတ်ဆို့ထားသည်ကို ဖျက်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေသည်။

သိုလှောင်လက်စွပ်က ပိုင်ရှင်၏ ဆန္ဒမပါပါက တခြားအပြင်လူများ ဖွင့်လျှင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိသည်။ သို့သော် ယခု ကျင်းယုက ဘယ်လိုနည်းနဲ့မှ မခုခံနိုင်သော အနေအထားသို့ ရောက်ရှိနေသည်။

“ ဝိုး…ညီအစ်ကိုကျင်းက အရမ်းချမ်းသာတာပဲနော်။ လက်စွပ်ထဲမှာ ဝိညာဉ်ကျောက်တုံးထဲမှာ တစ်သန်းတောင် ရှိတယ်နော်။ ညီအစ်ကိုက တကယ်ကို ချမ်းသာတဲ့ငှက်ပဲ။

ညီအစ်ကိုဆီမှာ တောင်ပိုင်းနယ်မြေက ထူးခြားတဲ့ ရတနာတွေ အများကြီး ရှိတာပဲ။ အဲဒါတွေကို ဝိညာဉ်ကျောက်တုံး တစ်ထောင်နဲ့ တန်ဖိုးဖြတ်တယ်။ လင်းယုန်မျိုးနွယ်ရဲ့ ရှေးဟောင်းအမွေအနှစ် ပညာရပ်ဖြစ်တဲ့ ကောင်းကင်လင်းယုန် တောင်ပံတိုက်ကွက်က ဝိညာဉ်ကျောက်တုံး တစ်ထောင် တန်တယ်။

လင်းယုန်မျိုးနွယ်ရဲ့ ကုသဆေးလုံးဖြစ်တဲ့ ရွှေလင်းယုန်ဆေးလုံးက ဝိညာဉ်ကျောက်တုံး ၅၀၀ တန်တယ်”

အလျင်အမြန် စူးစမ်းလေ့လာပြီးနောက် ရှန်ထျန်းက ကျင်းယု၏ လက်စွပ်ကို ဝတ်ဆင်ကာ ပြောလိုက်သည်

“ ကျွန်တော်က ကျိုးကြောင်းမဆင်ခြင်တတ်တဲ့သူ မဟုတ်ပါဘူး။ လက်စွပ်ထဲက ရတနာတွေနဲ့ လက်စွပ်ကို ဝိညာဉ်ကျောက်တုံး ၁ သန်းခွဲ တန်ဖိုးဖြတ်တယ်။

ညီအစ်ကိုရဲ့ ဓားရှည်နဲ့ ချပ်ဝတ်တန်ဆာကိုပါ ပေါင်းထည့်လိုက်ရင် အကုန်လုံးကို ဝိညာဉ်ကျောက်တုံး ၂ သန်းအထိ တန်ဖိုးဖြတ်ပေးနိုင်ပါတယ်။ ကျွန်တော်က အဲလောက်ထိ ရက်ရောပါတယ်။

ကျန်တဲ့ ဝိညာဉ်ကျောက်တုံး သန်း၅၀ အတွက်တော့ အကြွေးစာချုပ် တစ်ခုပေးမယ်။ ရွှေတောင်ပံလင်းယုန်မျိုးနွယ်ရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို အပေါင်ထားသလို ဖြစ်နေလိမ့်မယ်။ အကြွေးပေးရမဲ့အချိန်ရောက်ရင် ဆရာဦးလေးကြာပြာကို အကြွေးလာသိမ်းခိုင်းလိုက်ပါ့မယ်။

ညီအစ်ကိုကျင်း ကန့်ကွက်တာ မရှိဘူးဆိုရင် ဒီမှာ လက်မှတ်ထိုးလို့ရပါပြီ”

ကြာပြာ ကောင်းကင်အသျှင်က အကြွေးလာသိမ်းမယ်တဲ့လား။ ဟား…ဟား…ဟား…

ကျင်းယုက အသက်ပြင်းပြင်းရှူကာ အံကြိတ်ပြီး ပြောလိုက်သည်

“ ဟုတ်ကဲ့ပါ … ကျွန်တော် လက်မှတ်ထိုးလိုက်ပါ့မယ်”

ကြာပြာက တောင်ပိုင်းနယ်မြေမှာရှိတဲ့ လင်းယုန်မျိုးနွယ်ရဲ့ ပိုင်နက်ထဲကိုလာပြီး အကြွေးသိမ်းမယ်ဆိုရင် သူတို့ ဘာဆင်ခြေမှမပေးပဲ အကြွေးပေးလိုက်မှာပါ

ဝိညာဉ်ကျောက်တုံး သန်း၅၀ လေးပဲဆိုတော့ ငါတို့ လင်းယုန်မျိုးနွယ်တွေ တတ်နိုင်ပါသေးတယ်

အဲဒီအကြွေးတွေကို သိမ်းပြီးတော့‌ တောင်ပိုင်းနယ်မြေကနေ ထွက်သွားနိုင်မလား ထွက်မသွားနိုင်ဘူးလားဆိုတာကတော့ နောက်ထပ် ပြဿနာတစ်ခုပေါ့။ မင်းတို့ရဲ့ အထွတ်အမြတ်မြေက ဘယ်လောက်ထိတော်လဲဆိုတာကို ကြည့်လိုက်ရအောင်

မင်းတို့တွေ တောင်ပိုင်းနယ်မြေမှာရှိတဲ့ လင်းယုန်မျိုးနွယ်ရဲ့ ပိုင်နက်ထဲကို ဝင်လာရဲသရွေ့ လင်းယုန်မျိုးနွယ်အပေါ် အခုလိုမျိုးဆက်ဆံခဲ့တာအတွက် ပြန်ပေးဆပ်စေရမယ်

မျှတမှု လုံးဝမရှိသော အကြွေးစာချုပ်ကို လက်မှတ်ထိုးပြီးနောက် ကျင်းယုလည်း တောင်ကြားမှ အမြန်အဆန် ထွက်ခွာသွားသည်။ သူ့က ဤနေရာ၌ နောက်ထပ်တစ်စက္ကန့်လေးပင် နေချင်စိတ် မရှိပေ။

ဒီတစ်ခေါက်တော့ သူ ပြင်းထန်သော ဝေဖန်မှုများ မလုပ်ခဲ့သလို အသံတစ်သံတောင် မထွက်ခဲ့ဘဲ ထွက်သွားသည်။

အင်း…တကယ်ကို ဆူညံသံ နည်းနည်းလေးတောင် မရှိဘူး

သူ့မှာ ဝတ်စရာတောင် မကျန်လောက်တော့တဲ့အထိ အားလုံးကို ဆုံးရှုံးလိုက်ရပြီ

ခုံမုန့်က ရှန်ထျန်းကို ကူကယ်ရာမဲ့စွာဖြင့် စိုက်ကြည့်နေသည်။

ရွှေတောင်ပံ လင်းယုန်မျိုးနွယ်နှင့် ဒေါင်းမျိုးနွယ်တို့က တူညီသော ငှက်မွေးမိသားစုမှ ဆင်းသက်လာခဲ့သည်။ မျိုးနွယ်နှစ်ခုလုံးကလည်း တစ်ယောက်နှင့်တစ်ယောက် အမြဲတမ်း ရင်းနှီးနေခဲ့ကြသည်။

ခုံမုန့်က ရှန်ထျန်းအနေဖြင့် ကျင်းယုဆီမှ ပစ္စည်းများကို မျက်နှာပြောင်တိုက်ကာ ယူနေသည်ကို ကြည့်ပြီး စိတ်ရှုပ်ထွေးနေမိသည်။ သို့သော် တစ်ခုခုလုပ်ဖို့အတွက် အငြိုးအတေးမျိုးကိုတော့ သူမ မခံစားရပေ။

အကြောင်းအရင်းက ရိုးရှင်းလှသည်။ ကျင်းယုက အရင်ဆုံး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ပြဿနာရှာခဲ့ခြင်းကြောင့် ဖြစ်သည်။ ကျင်းယုကို အသက်ဆက်ရှင်နိုင်အောင် သူမ ကူညီနိုင်သလောက် ကူညီပြီးလေပြီ။

ကျင်းယုက ရှန်ထျန်းနှင့် အသေခံတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ရုံနှင့်တင် သူမကိုယ်သူမ တိုက်ပွဲထဲ ဝင်မပါနိုင်ပေ။

“ အစ်ကိုရှန်ရဲ့ ရက်ရောမှုအတွက် ကျွန်မ အရမ်းကျေးဇူးတင်ပါတယ်”

ခုံမုန့်က ကျောက်စိမ်းဆွဲပြားကို ထုတ်ကာ ပြုံးရင်း ပြောလိုက်သည်

“ ဒီ အံ့ဖွယ်အလင်းတန်းဆွဲပြားမှာ အံ့ဖွယ်အလင်းတန်းပညာရပ်တွေ အများကြီးကို မှတ်တမ်းတင်ထားတယ်။

ဒီထဲမှာ ကျမ်းစာတွေနဲ့ တားမြစ်ကျင့်စဉ်တွေ မပါပေမဲ့ ဓာတ်ငါးပါးအံ့ဖွယ်အလင်းတန်း၊ ဓာတ်ငါးပါးအံ့ဖွယ်အလင်းတန်း အကာအကွယ်နဲ့ ပတ်သက်ပြီးတော့ အခြေခံမှတ်တမ်းတွေတော့ ပါတယ်။

ဒါက ကျွန်မ ပေးနိုင်တာပါပဲ။ အဲဒါကို ကျင့်ကြံပြီးလို့ အစ်ကိုရှန် နားလည်နိုင်သွားပြီဆိုရင် တောင်ပိုင်းနယ်မြေ ဒေါင်းမျိုးနွယ်ရဲ့ ပိုင်နက်ဆီကို ဧည့်သည့်တစ်ယောက်အဖြစ် လာဖို့အတွက် အချိန်မရွေး ဖိတ်ခေါ်ပါတယ်နော်။ ကျွန်မကတော့ အစ်ကိုရှန်ကို ဒေါင်းကျမ်းစာ အပြည့်အစုံကို ပေးနိုင်ဖို့အတွက် အကြီးအကဲတွေကို စည်းရုံးဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်”

နဂါးနက် အိမ်ရှေ့စံမင်းသမီး ဖြစ်သည့် အောင်းပင်းနှင့်မတူဘဲ ခုံမုန့်တွင် သူတို့၏ ဒေါင်းမျိုးနွယ် ကျမ်းစာကို ဘယ်လူသားတွဲဖက်က ရရမည်ဟု ပြောထားခြင်း မရှိပေ။

သို့သော် ရှန်ထျန်းက အံ့ဖွယ်အလင်းတန်းပညာရပ်များကို ရရုံနှင့်ပင် ကျေနပ်နေလေပြီ။

သူတို့တိုက်ခိုက်နေစဉ်က ရှန်ထျန်း၏ ဓာတ်နှော နတ်မိုးကြိုးလက်သီးက ခုံမုန့်၏ သက်တံအံ့ဖွယ် အလင်းတန်းကို ချိုးဖောက်ဖို့အတွက် ကျရှုံးလုဆဲဆဲ ဖြစ်ခဲ့ရသည်။

ရှန်ထျန်း၏ ဓာတ်နှော နတ်မိုးကြိုးလက်သီးကို ထူးခြားအံ့ဖွယ်ပစ္စည်း လေးခုဖြင့် ထပ်မံပေါင်းစပ်ထားသည့်အတွက် ပထမဆုံး သုံးသော နတ်မိုးကြိုးလက်သီးထက် ပိုပြီး စွမ်းအားကြီးနေခြင်းဖြစ်သည်။

ခုံမုန့်၏ သက်တံအံ့ဖွယ် အလင်းတန်းက ထာဝရ ဓာတ်နှောသတ္တုဖြင့် စွမ်းအားတိုးမြှင့်ထားသည့်အတွက် အရမ်းစွမ်းအားကြီးလေ၏။

အဲဒါကို ဓာတ်ငါးပါး ထူးခြားအံ့ဖွယ်ပစ္စည်းတွေနဲ့ အဆင့်မြှင့်လိုက်ရင် အရမ်းကြောက်ဖို့ကောင်းသွားမှာ

“ မိန်းကလေးခုံက အရမ်းရက်ရောတာပဲနော်။ ဒီလိုမျိုး အရမ်းကောင်းလွန်းတဲ့ လက်ဆောင်ကို လက်ခံရလို့ ရှက်တောင် ရှက်မိပါတယ်”

ရှန်ထျန်းက ကျောက်စိမ်းဆွဲပြားကိုယူကာ ခန်းမင်လက်စွပ်ထဲ ထည့်လိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက် ဝိညာဉ်ကျောက်တုံး သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။

သေတ္တာကို ဝိညာဉ်ကျောက်တုံးများဖြင့် သွင်းလုပ်ထားပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ နတ်အစောင့်အရှောက်သားရဲ ဆယ်ကောင်ပုံစံကိုလည်း ထွင်းထားသည်။

သေတ္တာအတွင်းတွင် ဝိညာဉ်ရွှေ သုတ်လိမ်းထားသော ဝိညာဉ်ကျောက်စိမ်း တစ်ပုလင်း ရှိနေသည်။

ပုလင်းတစ်ခုတည်းကပင် ဝိညာဉ်ကျောက်တုံး တစ်ထောင် တန်ဖိုးရှိပြီး အရမ်း တန်းဖိုးကြီးသည့် အကောင်းဆုံးပစ္စည်းတစ်ခု ဖြစ်သည်။

ရှန်ထျန်း ပြုံးကာ ပြောလိုက်သည်

“ ဒီပုလင်းထဲမှာ ဝိညာဉ်သစ်ပင်စာရင်းမှာ အဆင့် ၉ ချိတ်တဲ့ သူတော်စင်အဆင့် အံ့ဖွယ်ဝါးမျိုနွယ်ပင်ကနေ ရထားတဲ့ နိဗာနတော်ဝင်ရေစင် လီတာ ၅၀ ပါတယ်။ သူ့မှာ အရမ်းအံ့ဩဖို့ကောင်းတဲ့ ကုစားနိုင်စွမ်းတွေကို ပိုင်ဆိုင်ထားတယ်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနဲ့ ဒေါင်းမျိုးနွယ်တို့ မဟာမိတ်ဖွဲ့လိုက်တဲ့အနေနဲ့ ဒါလေး ဒီနေ့ မင်းကို လက်ဆောင် ပေးလိုက်မယ်။ မိန်းကလေးခုံအနေနဲ့ ကျွန်တော်ရဲ့ သေးနုပ်တဲ့ လက်ဆောင်လေးကို လက်ခံမယ်လို့ မျှော်လင့်ပါတယ်”

ဝိညာဉ်သစ်ပင်စာရင်းမှာ အဆင့်၉ ချိတ်တဲ့ အံ့ဖွယ်ဝါးမျိုနွယ်ပင်တဲ့လား…ပြီးတော့ သူတော်စင်အဆင့်လည်း ဖြစ်တယ်တဲ့လား

အဲလိုမျိုး နိဗာနတော်ဝင်ရေစင်က တန်ဖိုးမဖြတ်နိုင်ဘူးလေ

တောင်ပိုင်းနယ်မြေရှိ ငှက်နတ်ဆိုးမျိုးနွယ်များက ရှန်ထျန်း၏ ကြီးကျယ်သောပုံစံကြောင့် အံ့ဩမှင်သက်သွားကြသည်။

ဟယ်ဝူရွှမ်းနှင့် ကျန်လူများက ရှန်ထျန်းအနေဖြင့် ကျင်းယုဆီမှ ဝိညာဉ်ကျောက်တုံး သန်း၅၀ တောင်းခံသည့်အတွက် စိတ်ညစ်နေကြသည်။ သူတို့ကလည်း တောင်ပိုင်းနယ်မြေ၏ ငှက်နတ်ဆိုးမျိုးနွယ်များဖြစ်သည့်အတွက် သူတို့မျိုးနွယ်အတွက် ကိုယ်ချင်းမစာနာဘဲ မနေနိုင်ပေ။

သို့သော် အခုအခိုက်အတန့်တွင် သူတို့ခံစားမိသည့်အရာက ထိတ်လန့်ခြင်းပင် ဖြစ်၏။

ဒါဆို အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အတွက် ဝိညာဉ်ကျောက်တုံး သန်း၅၀ က ဘာမှမဟုတ်ဘူးပေါ့။ နိဗာနတော်ဝင်ရေစင် ၅၀လီတာကို အခုလိုမျိုး ပေးလိုက်နိုင်တယ်ဆိုတော့ ဝိညာဉ်ကျောက်တုံးတွေက အဲလိုမျိုး အဖိုးဖြတ်မရတဲ့ ပစ္စည်းကို ဘယ်လိုလုပ်ပြီးတော့ ယှဉ်နိုင်ပါ့မလဲ

သေဆုံးခါနီးဖြစ်နေသော ပါရမီရှင်များအတွက် ဝိညာဉ်ကျောက်တုံး ဘယ်လောက်ပဲ ပမာဏများနေပါစေ နိဗာနတော်ဝင်ရေစင် ၅၀ လီတာ၏ တန်ဖိုးကို မယှဉ်နိုင်ပေ။ ထိုအရာက ရှားပါးသော ထာဝရအဆင့် ကျမ်းနေရာမှာ အစားထိုးလို့ရသည့် အဖိုးဖြတ်မရသော ရတနာတစ်မျိုးဖြစ်ပြီး အံ့ဖွယ်အလင်းတန်းဆွဲပြား နှင့် တန်ဖိုးချင်း တူညီသည်။

သူက တကယ့်ကို အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်ပဲ။ အရမ်းကြင်နာပြီးတော့ ရက်ရောတယ်

“ ဒါက… ကျွန်မ ဒီလောက်ထိ ကြီးမြတ်တဲ့ လက်ဆောင်ကို ဘယ်လိုလုပ်ပြီးတော့ လက်ခံလို့ ဖြစ်ပါ့မလဲ”

ခုံမုန့်က ရှန်ထျန်းကိုယ်တိုင် လက်ရေးဖြင့် ရေးထားသော စာများပါသည့် သေတ္တာကို ငေးစိုက်ကြည့်နေသည်။

အစ်ကိုရှန်က တစ်ခုခုတော့ တစ်ခုခုပဲ။ သူ့ရဲ့ လက်ရေးက အရမ်းကို ခမ်းနားတယ်။ ဒီလက်ဆောင်နဲ့ ပတ်သက်နေတဲ့ အရာအားလုံးကလည်း ပြီးပြည့်စုံနေတယ်

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ မိန်းကလေးခုံက သူမရဲ့ မျိုးနွယ်စုကို ကိုယ်စားပြုပြီးတော့ ကျွန်တော်နဲ့ မဟာမိတ်ဖွဲ့ချင်နေတာလေ။ ကျွန်တော်ရဲ့ မိတ်ဆွေတွေနဲ့ ပတ်သက်လာပြီဆိုရင် ဘယ်တုန်းကမှ ကပ်စေးနည်းတာမျိုး မရှိခဲ့ဖူးပါဘူး။

မင်း တောင်ပိုင်းနယ်မြေဆီ ပြန်ရောက်သွားတဲ့အခါ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ရင်းနှီးဖော်ရွေတဲ့အကြောင်းတွေကို ပြန်ပြောပေးရင် ကောင်းပါမယ်။ လူသားနဲ့ နတ်ဆိုးရဲ့ လိုက်လျောညီထွေတဲ့ ဆက်ဆံရေးပုံစံမျိုးပေါ့။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရော ဒေါင်းမျိုးနွယ်ရော ဓာတ်ငါးပါးကျင့်စဉ်ကို အသုံးပြုတဲ့အတွက် ကျွန်တော်တို့ လဲလှယ်မှုတွေမှာ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ရှိသင့်တယ်လေ”

ဟုတ်တယ် …

အမှန်တော့ ရှန်ထျန်းက သက်တံအံ့ဖွယ်အလင်းတန်းပညာရပ် အပြည့်အစုံကို လိုချင်စိတ်ပြင်းပြနေခြင်း ဖြစ်၏။

ထူးခြားအံ့ဖွယ်ပစ္စည်းများကို ပိုင်ဆိုင်သော ရှန်ထျန်းလိုလူမျိုးအတွက် သက်တန့်အံ့ဖွယ် အလင်းတန်းပညာရပ်က အထူးသင့်တော်သည်ဆိုသော ခုံမုန့် ပြောစကားက မှန်ကန်ပေသည်။

သူသာ သက်တံအံ့ဖွယ် အလင်းတန်းပညာရပ်  အပြည့်အစုံကို သင်ယူနိုင်ပါက ဓာတ်နှောနတ်မိုးကြိုးဖြင့် တိုက်ခိုက်လို့ရပြီး သက်တံအံ့ဖွယ်အလင်းတန်းကို အကာအကွယ်အဖြစ် အသုံးပြုလို့ရသည်။ ထိုအခါ ဇာမဏီ တိုက်ကွက်များပင် အချိန်တိုအတွင်း ကျရှုံးသွားလိမ့်မည်။

ထို့အပြင် ရှန်ထျန်းက ခုံမုန့်၏ ခေါင်းအထက်မှ ခရမ်းရောင်ပြေးနေသော ရောင်ဝါစက်ဝန်းကိုလည်း သွားရည်ကျနေသည်။ ထိုအရာက သူ့အတွက်တော့ ထူးခြားကြွယ်ဝသည့် အကျိုးအမြတ်တစ်ခု ဖြစ်သည်။

စာချုပ်တွင် လက်မှတ်ထိုးပြီး ခုံမုန့်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားပါက သူ့အနာဂတ် တိုးတက်မှုအတွက်လည်း ကြီးမားသော အကျိုးအမြတ်ကို ရရှိလိမ့်မည်။

နိဗာနတော်ဝင်ရေစင် ၅၀ လီတာကို လက်ခံပြီးသွားသည်နှင့်တစ်ပြိုနက် ခုံမုန့်၏ ခေါင်းပေါ်ရှိ ခရမ်းရောင် ရောင်ဝါစက်ဝန်းကလည်း ပိုမိုတောက်ပလာသည့်အတွက် ရှန်ထျန်း၏ ခန့်မှန်းချက် မှန်ကန်သည်ဟု သက်သေပြပြီးသား ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပဲ သူမ၏ ခေါင်းပေါ်ရှိ ကံအပြောင်းအလဲ အခွင့်အရေးထဲရှိ ပုံရိပ်များကလည်း ပိုမိုရှင်းလင်းလာသည့်အတွက် ရှန်ထျန်း၏ နှလုံးသားလည်း ဆန္ဒပြင်းပြမှုတို့ဖြင့် တောက်လောင်လာမိသည်။

ဟုတ်တာပေါ့ တစ်ယောက်ယောက်ပျော်နေတဲ့အချိန် ဒေါသထွက်ပြီး ဝမ်းနည်းနေတဲ့ တစ်ယောက်ကလည်း အမြဲတမ်းရှိတယ်လေ

သူ့ဘေးရှိ နဂါးနက်ဥက ဒေါသများဖြင့် တောက်လောင်နေလေပြီ။

အနက်ရောင် ဂါဝန်ဝတ်ဆင်ထားသော အောင်းပင်းက အတော်လေး စိတ်ဆိုးနေသည်

“ ရှန်ထျန်း အသည်းနှလုံးမရှိတဲ့ ကောင်စုတ်လေး။

ငါက မင်းနဲ့ နဂါးနတ်ဘုရားစာချုပ်ကို ချုပ်ပြီးတော့ တားမြစ်အခန်းကလွဲလို့ နဂါးစစ်တော်ဝင်ကျမ်းစာရဲ့ အစိတ်အပိုင်းအားလုံးကို မျှဝေပေးပြီးပြီလေ။

ဒါပေမဲ့ မင်းက ငါ့ကို နိဗာနတော်ဝင်ရေစင် တစ်စက်လေးတောင် မပေးခဲ့ဘူးလေ။ ဒီရင်ဘတ်ပြားမက မင်းကို ဒေါင်းကျမ်းစာ တစ်စိတ်တစ်ပိုင်းလေးပဲ ပေးရသေးတာကို ဘာလို့ သူမကို ဒီလောက်ထိ များပြားတဲ့ နိဗာနတော်ဝင်ရေစင်တွေကို ပေးလိုက်ရတာလဲ။  ဘာလို့ ငါ့ကို ဒီလိုမျိုး ဆက်ဆံနိုင်ရတာလဲ။ မင်းက ငါတို့ နဂါးမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို စော်ကားနေတာပဲ။

ငါ ဂရုမစိုက်ဘူး။ ငါလည်း အဲဒါကို လိုချင်တယ်။ ငါ အဲဒီမိန်းကလေးကို ပေးထားထက် များတဲ့ နိဗာနတော်ဝင်ရေစင် လိုချင်တယ်”

ရှန်ထျန်း မခံမရပ်နိုင်ဖြစ်ကာ ပြောလိုက်သည်

“ စီနီယာက အခုထိ ဥခွံထဲကနေမှ ထွက်မလာသေးတာ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး ပေးရမလဲဟင်”

အနက်ရောင်ဥက စိတ်လှုပ်ရှားပြီး တုန်ခါလာသည်

“ ကျင်းတူးပြီးတော့ နိဗာနတော်ဝင်ရေစင်ကို လောင်းထည့်လိုက်။ ပြီးတော့မှ ငါ စုပ်ယူနိုင်ဖို့အတွက် အထဲကို ထည့်ပေး။ ငါ့ကို ရေစင်ထဲ မြုပ်နေအောင် လုပ်ပေးမှရမယ် ဒါမှ လုံလုံလောက်လောက် စုပ်ယူနိုင်မှာမလို့။

ဒါမှ ဥခွံထဲကနေ ထွက်လာဖို့အတွက် စွမ်းအားအလုံအလောက် ရှိလာမှာ။ ဒါဆိုရင် ငါကလည်း မင်းဘေးနားမှာ အမြဲတမ်း မားမားမတ်မတ် ရပ်တည်ပေးလို့ရသလို မင်းလည်း နယ်မြေငါးခုလုံးကို လွှမ်းမိုးချုပ်ကိုင်လို့ ရပြီ။ ပြီးတော့ ငါ့ကို စီနီယာလို့ မခေါ်ဘဲနဲ့ အစ်မကြီးလို့ ခေါ်လို့ ပြောထားတယ်လေ”

ရှန်ထျန်းက တုန်ခါနေသော အောင်းပင်းကို ကြည့်ကာ နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

ဒါက တကယ်ပဲ ရှေးဟောင်းနဂါးမျိုးနွယ်က မင်းသမီးရောရော ဟုတ်ရဲ့လား

နိဗာနအဆင့်ကို ရောက်သွားတဲ့အခါ နတ်ဆိုးတွေက ပိုပြီးတော့ တုံးအသွားကြတာလား ဒါမှမဟုတ် လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက ထျန်းကျူဓားက သူမရဲ့ ခေါင်းမှာ စိုက်သွားလို့ ဦးနှောက်ထိသွားတာလား

ဒါပေမဲ့ အောင်းပင်းပြောတာကလည်း အဓိပ္ပာယ်တော့ ရှိပါတယ်

သူမက သူ့ကို နဂါးစစ် တော်ဝင်ကျမ်းစာရဲ့ အခန်းတိုင်းကို ပေးခဲ့ပြီးတော့ ဂိုဏ်းချုပ်တွေပဲ သင်ယူနိုင်တဲ့ တားမြစ်အခန်းကိုပဲ မပေးခဲ့တာ

အဲဒါကြောင့် ရှန်ထျန်းအနေနဲ့ ဘက်မလိုက်သင့်ဘူး

ထို့ကြောင့် ရှန်ထျန်းလည်း ခန်းမင်လက်စွပ်ထဲမှ နိဗာနတော်ဝင်ရေစင် တစ်ပုလင်းကို ထုတ်ကာ မြေကြီးတွင် တွင်းတူးလိုက်ပြီးနောက် ရေစင်ကို လောင်းထည့်လိုက်သည်။

စွမ်းအင်များပြည့်လျှံနေသော နိဗာနတော်ဝင်ရေစင်များ ထွက်လာသည်ကို ကြည့်ခြင်းအားဖြင့် တံတွေးပင် မျိုချမိစေသည်။

“ သူက အဲဒီလောက်များပြားတဲ့ ရေစင်တွေကို ပေးပစ်ပြီးတာတောင် သူ့ဆီမှာ နောက်ထပ် အများကြီး ကျန်နေသေးတယ်တဲ့လား”

ပိုင်လင်းက တံတွေးမျိုချလိုက်မိသည်။

အမှန်အတိုင်းပြောရရင် သူမလည်း နည်းနည်းတော့ လိုချင်တယ်

သို့သော် မတောင်းဆိုရဲပေ။

နဂါးနက်ဥက တွင်းထဲရှိ နိဗာနတော်ဝင်ရေစင်ကို မြင်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းခုန်ချသွားသည်။

ပလုံ

ပလုံ…ပလုံ…ပလုံ…

နိဗာနတော်ဝင်ရေစင်က ဥထဲသို့ စီးဝင်ကာ အောင်းပင်း၏ လောဘကြီးစွာ စုပ်ယူခြင်းကို ခံနေရသည့်အတွက် နဂါးဥမှ ရေပွက်သံများထွက်ပေါ်နေသည်။

နိဗာနတော်ဝင်ရေစင် ၅၀လီတာသည် နဂါးနက်ဥ၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး အလျင်အမြန် ကုန်ဆုံးသွားသည်။

အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော ပုံရိပ်တစ်ခုပေါ်လာကာ လေချဉ်တက်ပြီး ပြောလိုက်သည်

“ အရမ်းများတယ်။ အရမ်းသန့်စင်တယ်။ အရမ်းကျေနပ်တယ်။

ဒါဆိုလည်း ငါ့ကို ဒီလိုအရမ်းများတဲ့ နိဗာနတော်ဝင်ရေစင်တွေပေးမှတော့ မင်းကို ခွင့်လွှတ်ပေးလိုက်ပါမယ်။အခု အရမ်းပင်ပန်းနေပြီဆိုတော့ အိပ်ဖို့ လိုအပ်တယ်။ ငါ့ကို မလိုအပ်ဘဲနဲ့ မနှောင့်ယှက်ပါနဲ့”

ထို့နောက် နဂါးမယ်လေး၏ ပုံရိပ်က နဂါးနက်ဥထဲသို့ ပြန်ဝင်သွားသည်။

သောက်ပြီးတော့ တန်းအိပ်သွားတာလား။ မင်းက နဂါးဖြစ်ပြီးတော့ ဝက် မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်နော်

ရှန်ထျန်း စိတ်ထဲမှာ မရေရွတ်ဘဲ မနေနိုင်တော့ပေ။ ထို့နောက် နဂါးဥကို ဂရုတစိုက် ထပ်မံထုပ်ပိုးကာ ခုံမုန့်ကို ကြည့်ပြီး ပြောလိုက်သည်

“ မိန်းကလေးခုံ ကျွန်တော် ကမ္ဘာဦးတိုက်ပွဲနယ်မြေမှာရှိတုန်းက ထူးခြားတဲ့ပုံရိပ်တွေကို မတော်တဆ ဖြတ်လာခဲ့တယ်။ အဲဒါတွေက ဒေါင်းမျိုးနွယ်ရဲ့ ဘိုးဘေးဘီဘင်တွေနဲ့ ပတ်သက်နေမယ်လို့ ထင်တယ်။

အဲဒါကို စူးစမ်းလေ့လာဖို့အတွက် ကျွန်တော်နဲ့ အတူတူသွားဖို့ စိတ်ဝင်စားလားဆိုတာလေး သိချင်လို့ပါ။”

အံ့ဖွယ်မိုးကောင်းကင်သူတော်စင်က ငါ့ကို ချိန်းတွေ့ဖို့အတွက် တောင်းဆိုနေတာလား

ခုံမုန့်၏ မျက်နှာ ပန်းရောင်သန်းသွားသည်။

“ ဒါက ကျွန်မတို့ မျိုးနွယ်တွေရဲ့ ဘိုးဘေးဘီဘင်တွေနဲ့ ဆက်စပ်နေတဲ့ ကိစ္စဆိုတော့ ကျွန်မ ရှင်နဲ့ အတူလိုက်ဖို့အတွက် ဆန္ဒရှိပါတယ်”

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ချင်ယွင်တိတို့ကို လှည့်ကြည့်ကာ ပြောလိုက်သည်

“ ညီလေးတို့ အထွတ်အမြတ် နဂါးတောင်ကြားမှာပဲ စောင့်နေနော်။ မကြာခင် ပြန်လာခဲ့မယ်”

ချင်ယွင်တိက မျက်လုံးများမှိတ်သွားသည်အထိ ပြုံးပြကာ ပြောလိုက်သည်

“ အစ်ကို စိတ်ချသွားနော်။ ကျွန်တော် ခံတပ်ကို ထိန်းထားပြီးတော့ အဖွဲ့ကို ကာကွယ်ထားလိုက်ပါ့မယ်”

ကွေ့ကုန်းကုန်းကလည်း ဖော်ရွေစွာ ပြုံးပြကာ ပြောသည်

“ အရှင့်သားရဲ့ အိမ်ထောင်ရေးသုခက ကျွန်တော်တို့ထက် ပိုပြီးအရေးကြီးပါတယ်။ ကျွန်တော်တို့အတွက် စိတ်မပူနဲ့နော်”

အရှင့်သားက နောက်ဆုံးတော့ မိန်းကလေးတစ်ယောက်ကို ချိန်းတွေ့ဖို့ အရင်ဆုံး ကမ်းလှမ်းလိုက်ပြီ။ ပြီးပြည့်စုံသွားပြီ။ အစကတည်းက ဒီလိုလေးဖြစ်သင့်တာ အရှင့်သားရဲ့ ရာထူး၊ အရည်အချင်းနဲ့ ရုပ်ရည်အရဆိုရင် အရှင့်သားဘက်က ပထမဆုံးခြေလှမ်း လှမ်းလိုက်တာနဲ့ ကိုယ်လုပ်တော်တစ်ယောက် ရလာဖို့က အနှေးနဲ့ အမြန်ပဲ

ပထမဆုံးတစ်ယောက်က နဂါးမျိုးနွယ်ရဲ့ အကြီးဆုံးမင်းသမီးနဲ့ အခု ဒေါင်းမျိုးနွယ်ရဲ့ မင်းသမီးလေး။ သူတို့နှစ်ယောက်လုံးကလည်း အရှင့်သားကို သဘောကျတဲ့ပုံပေါ်တယ်

ကိုယ်လုပ်တော်လန်သာ ဒီနေရာမှာ ရှိနေရင် သူမလည်း အရမ်းပျော်နေမှာပဲ … အခု ဖြစ်ပျက်သွားတဲ့ကိစ္စအတွက်  မပျော်တဲ့သူတော့ ရှိတာပေါ့

ဥပမာအားဖြင့် ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက ပါရမီရှင်တစ်ယောက်တော့ အရမ်းကို မနာလိုဖြစ်နေလောက်ပြီ

ဘာလို့ အဲဒီနတ်ဆိုးက အစ်ကိုရှန်နဲ့ အပြင်အတူတူသွားနိုင်ပြီးတော့ သူ့ရဲ့အရင်းနှီးဆုံးအဖော် ဘာလို့ ဖြစ်လာရတာလဲ

နဂါးမကတော့ တကယ်ကို ရက်စက်ပြီး ယုတ်မာတဲ့အတွက် သူ့မကို ခွင့်လွှတ်လို့ရခဲ့ပါတယ်။ သူမ အစ်ကိုရှန်ကို နဂါးသူရဲကောင်းဖြစ်လာဖို့ တိုက်တွန်းတော့ ဘာမှမတတ်နိုင်ခဲ့ဘူး

ဒါပေမဲ့ ဒီ သက်တံရောင် ဒေါင်းမက ဘယ်သူလဲ။ အစ်ကိုရှန်က ဘာလို့ သူမနဲ့အတူ ရှုခင်းကြည့်ဖို့ သွားရတာလဲ

လင်းအာက အစ်ကို့အတွက် မလုံလောက်လို့လားဟင်

အင်း…ဒါက ငါ့ရဲ့ကျင့်ကြံဆင့်နဲ့ စွမ်းအားတွေ မလုံလောက်လို့ပဲ ဖြစ်ရမယ်

ဝိညာဉ်နတ်မိမယ်လေးက အနှစ်ချုပ် စဉ်းစားကြည့်လိုက်သည်

ဒီလိုမျိုး အချင်းချင်းပြိုင်ဆိုင်နေကြတဲ့ ကျင့်ကြံရေးလောကမှာ ငါက စွမ်းအားမကြီးသေးဘူးပဲ

စွမ်းအားကြီးတဲ့သူတွေပဲ အသိအမှတ်ပြုခံရမယ်။ ဒါမှလည်း သူမက အစ်ကိုရှန်ကို အဲဒီနတ်ဆိုးတွေဆီကနေ ကာကွယ်နိုင်မယ်

ငါ ဒီထက်ပိုပြီးတော့ စွမ်းအားကြီးတဲ့သူ ဖြစ်လာရမယ်။ ငါ ကျောက်စိမ်းရေကန်ရဲ့ သူတော်စင်မ နေရာကို သေချာပေါက် ရရမယ်

သူမ စိတ်ဓာတ်ပြင်းထန်နေလေပြီ။

ဝိညာဉ်နတ်မိမယ်လေးက စတင်ကျင့်ကြံဖို့အတွက် တောင်ကြားမှာ တင်ပျဉ်ခွေထိုင်ချလိုက်သည်။

ရှန်ထျန်းနှင့် ခုံမုန့်ကလည်း အထွတ်အမြတ် နဂါးတောင်ကြားမှ ထွက်ခွာသွားကြပြီဖြစ်သည်။

ခုံမုန့်၏ ကံအပြောင်းအလဲ အခွင့်အရေးမှ ညွှန်ပြရာအတိုင်း လိုက်သွားသည့်အခါ တောင်ကြားမှ မိုင်ပေါင်းတစ်ရာကျော်အထိ ပျံသန်းလာခဲ့ပြီးပြီ ဖြစ်သည်။

သူတို့နှစ်ယောက်ကြားရှိ သက်တံအံ့ဖွယ်အလင်းတန်းနှင့် နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကြောင့် အနိုင်မခံအရှုံးမပေးသော စုံတွဲကဲ့သို့ဖြစ်နေပြီး ဘယ်သူမှ သူတို့ကို မတားမြစ်နိုင်ပေ။

သူတို့ ဝိညာဉ်မဲ့သတ္တဝါများနှင့် ကြုံတွေ့တိုင်း ထိုအရာကို ထိန်းချုပ်ဖို့အတွက် ခုံမုန့်က သူမ၏ သက်တံအံ့ဖွယ် အလင်းတန်းကို အရင်သုံးပြီးနောက် ရှန်ထျန်းက ထိုအရာကို ဖျက်စီးပစ်ဖို့အတွက် သူ၏ ကြာပွတ်ကို အသုံးပြုလိမ့်မည်။

ထိပ်သီး ရွှေအမြုတေအဆင့်တွင်ရှိသော ဝိညာဉ်မဲ့သတ္တဝါဆန်းများပင် ရှန်ထျန်းနှင့် ခုံမုန့်ရှေ့တွင် မခုခံနိုင်သော သိုးငယ်လေးလိုမျိုး ဖြစ်သွားကြလိမ့်မည်။

ထိုအရာက စွမ်းအားအကြီးဆုံးသော ထိန်းချုပ်ပညာရပ်ဖြစ်သည့်အတွက် ရှန်ထျန်းကို သက်တံအံ့ဖွယ်အလင်းတန်းအပေါ် စိတ်ဝင်စားမှု မြင့်တက်သွားစေသည်။

ထို့ကြောင့် အံ့ဖွယ်အလင်းတန်းပညာရပ်များကို သင်ယူနိုင်ဖို့အတွက် အံ့ဖွယ်အလင်းတန်းဆွဲပြားကို အသက်သွင်းလိုက်သည်။

ရှန်ထျန်းတွင် ရှိနေသော ထူးခြားအံ့ဖွယ်ပစ္စည်းများကြောင့် ဓာတ်ငါးပါး အံ့ဖွယ်အလင်းတန်းကျင့်စဉ်ကို ကျင့်ဖို့အတွက် အသင့်တော်ဆုံးသူ ဖြစ်သည်။

သူတို့ ခရီးနှင်နေသော တစ်နာရီကျော်အချိန်တွင် ရှန်ထျန်းက အနီရောင် အံ့ဖွယ်အလင်းတန်း၊ အဖြူရောင် အံ့ဖွယ်အလင်းတန်း၊ အစိမ်းရောင် အံ့ဖွယ်အလင်းတန်းနှင့် အနက်ရောင် အံ့ဖွယ်အလင်းတန်းတို့အကြောင်းကို အခြေခံနားလည်နေပြီ ဖြစ်သည်။

သူက အခုထိ ကျင့်စဉ်များနှင့် ကျွမ်းဝင်ခြင်းမရှိဘဲ ထပ်မံလေ့ကျင့်ဖို့ လိုသေးသော်လည်း ရှန်ထျန်းက ကျင့်စဉ်များကို ၁၀ရက်မှ ၁၄ ရက်အတွင်း အပြည့်အဝ နားလည်နိုင်သည်ဟု ယုံကြည်မှု ရှိသည်။

ခုံမုန့်က သူ့နားလည်နိုင်စွမ်းက သွေးသန့်ဒေါင်းများထက်ပင် ပိုမို မြန်ဆန်နေသည့်အတွက် မအံ့ဩဘဲ မနေနိုင်တော့ပေ။

ဒီအံ့ဖွယ်မိုးကောင်းကင်သူတော်စင်က ကျင့်ကြံရေးမှာ ပါရမီပါတယ်

ထင်ထားတဲ့အတိုင်း ရုပ်ချောတဲ့အမျိုးသားတွေက တကယ်ကို ပါရမီပါကြတာပဲ

သူတို့နှစ်ယောက် ဘေးချင်းယှဉ်ကာ တိုက်ခိုက်ပြီးနောက် သက်တန့်ရောင် ချောက်ကမ်းပါးကြီးဆီသို့ ရောက်ရှိလာကြသည်။

ချောက်ကမ်းပါးက မီတာပေါင်း ရာကျော်အမြင့်ရှိပြီး ထိုချောက်ကမ်းပါးပေါ်တွင် ကြီးမားသော ဒေါင်းတစ်ကောင် ပုံစံကိုလည်း ဆွဲထားသည်။

“ ဒါက…ကျွန်မတို့မျိုးနွယ်ရဲ့ စွမ်းအားကြီးကျင့်ကြံသူတွေ သေဆုံးသွားတဲ့နေရာ ဖြစ်လိမ့်မယ်။ သူတို့ရဲ့ စွမ်းအင်လက်ကျန်ကို အသုံးပြုပြီးတော့ ဒီအပိတ်ကို ဖန်တီးပြီး ဟင်းလင်းပြင်ထဲမှ ပျောက်ကွယ်သွားတာ ဖြစ်မယ်”

ခုံမုန့်က ချောက်ကမ်းပါးကို ကြည့်ကာ ရေရွတ်လိုက်သည်

“ ဒီသက်တံအံ့ဖွယ်အလင်းတန်းနဲ့ဆိုရင်တော့ ကျွန်မတို့ အဲဒီဟင်းလင်းပြင်ထဲကို ဝင်လို့ရလောက်တယ်”

ထို့နောက် သက်တံအံ့ဖွယ်အလင်းတန်းက ခုံမုန့်နောက်မှ ထွက်ပေါ်လာကာ ချောက်ကမ်းပါးဆီသို့ ဦးတည်သွားသည်။

ချောက်ကမ်းပါးက ရေကန်မျက်နှာပြင်လိုမျိုး တုန်ခါသွားပြီးနောက် သက်တံအလင်းတန်းများ အဆက်မပြတ်ထွက်လာပုံက ခမ်းနားကြီးကျယ်ပြီး ချစ်ဖွယ်ကောင်းသော ပုံရိပ်မျိုးကို ဖန်တီးပေးနေသည်။

“ ကျွန်မတို့ အခုဝင်သွားသင့်ပြီ ထင်တယ်”

ခုံမုန့်က ရှန်ထျန်း၏ လက်ကို ဆွဲကိုင်ကာ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည်။

ရှန်ထျန်း ချောက်ကမ်းပါးထဲသို့ ဝင်သွားသည့်အခါ ရောင်သွေးစုံသော ကမ္ဘာတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။

အလယ်တွင် တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်နှစ်ခု ရှိသည်။ ဘယ်ဖက်တွင် ရောင်စုံဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရှိသည်။ သူမက အရိုးခြောက် ဖြစ်နေပြီဖြစ်သော်လည်း သူမ၏ ရင်ဘတ်တစ်နေရာတွင် သက်တံအလင်းတန်းလုံးလေး တစ်ခု ရှိနေသည်။

ထိုအလင်းတန်းထဲတွင် မြောနေသော ယပ်တောင်တစ်ခုကိုလည်း ‌တွေ့ရပြီး သာမန်ပစ္စည်း တစ်ခုမဟုတ်မှန်း သေချာသိနိုင်သည်။

ညာဘက်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်လည်း ရှိနေသည်။ သူ၏ အရိုးတည်ဆောက်ပုံအရ အရပ်ရှည်ပြီး သန်မာသောသူတစ်ယောက်ဆိုတာကို သိနိုင်သည်။

ကျိုးနေသော ရွှေရောင်အံ့ဖွယ် ပုစိန်လှံသွားက သူ့နှလုံးသားတည့်တည့်မှ ထိုးဖောက်ထွက်နေသည်။

ရွှေရောင်လှံတံကို ဆုံချက်အဖြစ် ထားကြည့်ပါက ဒီအမျိုးသားအနေဖြင့် ပြင်းထန်သော ထိုးစိုက်ခြင်းကို ခံစားခဲ့ရကြောင်း ထင်ရှားလှသည်။

“ ကျွန်မ ထင်တာ မမှားဘူးဆိုရင်တော့ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်တုန်းက ကျွန်မတို့မျိုးနွယ်နဲ့ လင်းယုန်မျိုးနွယ်က ချစ်သူစုံတွဲဟောင်း ဖြစ်လိမ့်မယ်။

အဲဒီအချိန် တိုက်ပွဲဖြစ်တုန်းက လင်းယုန်မျိုးနွယ်က ရန်သူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရသလို ကျွန်မတို့မျိုးနွယ်ကိုလည်း ချောက်ကမ်းပါးအစွန်းထိ တွန်းပို့ခံခဲ့ရတယ်။ အဲဒါကြောင့် ဒီဟင်းလင်းပြင်ထဲမှာ ကျွန်မတို့မျိုးနွယ်တွေ ကိုယ့်ကိုယ်ကို ပိတ်ဆို့ထားဖို့အတွက် တားမြစ်သက်တန့်အံ့ဖွယ် အလင်းတန်းပညာရပ် အသက်သွင်းခဲ့ကြတာ။

နှစ်ပေါင်းထောင်ချီကြာပြီးတော့ သူတို့က တိုက်ပွဲနယ်မြေမှာ ပြန်ပေါ်လာပြီးတော့ ကျွန်မတို့က ရှာတွေ့ခဲ့တာ”

ခုံမုန့် တခြားတစ်ခုခုကို တွေးမိသွားပုံပေါ်သည်။ သူမနောက်ရှိ သက်တံအံ့ဖွယ်အလင်းတန်းက အမျိုးသမီး၏ အရိုးစုအပေါ်သို့ အလင်းထင်ဟပ်နေသည်။

ရုတ်တရက် အရိုးစု၏ သက်တံအံ့ဖွယ်အလင်းတန်းလုံးက  နိုးထလာပြီး ခုံမုန့်ဆီ အလင်းတန်း ပစ်လွှတ်တော့သည်။

ထိုအံ့ဖွယ်အလင်းတန်း ခုံမုန့်၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားပြီးနောက် သူမ၏ အရှိန်အဝါလည်း အလျင်အမြန် မြင့်တက်လာသည်။ သူမ၏ သက်တံအံ့ဖွယ် အလင်းတန်းကလည်း ချက်ချင်းသိပ်သည်းလာကာ စွမ်းအားပြင်းထန်လာသည်။

“ ဒါက ကျွန်မရဲ့ ဘိုးဘေးဘီဘင် နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံထားတဲ့ သက်တံအံ့ဖွယ်အလင်းတန်းရဲ့ စွမ်းအားအရင်းအမြစ်ပဲ။ သူမက ကျွန်မရဲ့ မျိုးဆက်ကို သိသွားပြီးတော့ ကျွန်မကို ခွင့်ပြုချက် ပေးလိုက်တာ။

ဘိုးဘေးဘီဘင်ရဲ့ သက်တန့်အံ့ဖွယ် အလင်းတန်းယပ်တောင်လက်နက်က ဒေါင်းမျိုးနွယ်ရဲ့ အခြေတည် အထွတ်အမြတ် အသုံးအဆောင်ပစ္စည်းလေ။ အဲဒါကို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက တိုက်ပွဲနယ်မြေထဲမှာ ပျောက်သွားခဲ့တာ”

သက်တန့်ရောင် ယပ်တောင်က ခုံမုန့်၏ လက်ထဲတွင် ပေါ်လာသည်။ ယပ်တောင်က အံ့ဖွယ်အလင်းတန်းဖြင့် သက်ဝင်လှပနေသည်။

အသက်ပြင်းပြင်းရှူပြီးနောက် အမျိုးသမီး၏ အရိုးစုကို သုံးကြိမ် အရိုအသေပြုလိုက်သည်။

ထို့နောက် ခုံမုန့်က သူမ၏ သိုလှောင်လက်စွပ်ထဲမှ ခေါင်းတလားကို ထုတ်ကာ ထိုအမျိုးသမီး၏ အရိုးစုကို အထဲသို့ သေချာထည့်လိုက်သည်။

ထို့နောက် သူမ ရှန်ထျန်းကို ပြောလိုက်သည်

“ သက်တံအံ့ဖွယ် အလင်းတန်းယပ်တောင်က အရမ်းအရေးပါတယ်။ အစ်ကိုရှန်က ဒေါင်းမျိုးနွယ်ကို နိဗာနတော်ဝင်ရေစင် ပေးတဲ့အပြင် ဒီယပ်တောင် ရှာတွေ့အောင်လည်း ကူညီခဲ့တယ်။

ကျွန်မက ကူညီပေးတာကို ဘယ်လိုပြန်ဆပ်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့သူ တစ်ယောက်မလို့ စိတ်မပူပါနဲ့နော်။ ရှေ့လျှောက် ရှင် အကူအညီလိုလာရင် ကျွန်မ ပြန်ပြီးကူညီဖို့အတွက် အကောင်းဆုံး ကြိုးစားမှာပါ”

ခုံမုန့်၏ ရိုးသားသော မျက်နှာထားကို ကြည့်ကာ ရှန်ထျန်း ခေါင်းယမ်းကာ ပြုံးရင်း ပြောလိုက်သည်

“ မိန်းကလေးခုံမုန့် ဒီလောက်ကြီးထိ ယဉ်ကျေးစရာမလိုပါဘူး”

သူက စွမ်းအားကြီး ရွှေတောင်ပံလင်းယုန်၏ အရိုးစုရှေ့သို့ လမ်းလျှောက်သွားကာ ပြောလိုက်သည်

“ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့အရာပါ”

ထို့နောက် ရှန်ထျန်းက ညာဘက်လက်ညှိုးမှ သွေးတစ်စက်ကို ညှစ်ထုတ်ကာ ထိုအမျိုးသား၏ မှိုင်းနေသော ချပ်ဝတ်တန်ဆာပေါ်  ချလိုက်သည်။

ရှန်ထျန်း၏ သွေးက ချပ်ဝတ်တန်ဆာထဲသို့ ဝင်သွားပြီးနောက် တောက်ပသောရွှေရောင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်လာပြီးနောက် နတ်လင်းယုန်၏ ပုံရိပ်သဏ္ဌာန်က မှိန်ပြပြပေါ်လာသည်။

ချပ်ဝတ်တန်ဆာက ရွှေရောင်ငှက်မွေးများဖြင့် အစိတ်စိတ်အမြွာမြွာ ကွဲသွားကာ ရှန်ထျန်းဆီ ဦးတည်သွားသည်။

ငှက်မွေးတစ်မွေးချင်းစီက အသံထက်မြန်သော အမြန်နှုန်းဖြင့် ပျံသန်းနေကြသည်။

ခုံမုန့်က ငှက်မွေးများကို ကြည့်ရင်း အံ့ဩမှင်သက်စွာဖြင့် ပြောလိုက်သည်

“ ဒါက…ထာဝရသတ္တုစာရင်းမှာ အဆင့် ၈ ချိတ်တဲ့ ငှက်မွေးထာဝရသတ္တုမလား”

ငှက်မွေးထာဝရသတ္တုက ထာဝရသတ္တုစာရင်းတွင် အဆင့် ၈ ချိတ်တာကလည်း မှန်ကန်သည့်အပြင် ကမ္ဘာပေါ်မှာ အပေါ့ပါးဆုံး၊ အမြန်ဆန်ဆုံးနှင့် အချွန်ထက်ဆုံးသော ထာဝရသတ္တုလည်း ဖြစ်သည်။

ငှက်မွေးထာဝရသတ္တုက ငှက်မွေးပုံသဏ္ဌာန် ဖြစ်ပြီး စွမ်းအင်များလည်း ပါဝင်သည်။ ငှက်မွေးထာဝရသတ္တုဖြင့် လုပ်ထားသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်ပါက သာမန်လူပင် ပျံသန်းနိုင်သည်ဟူသော ကောလဟာလများလည်း ရှိဖူးသည်။

ထာဝရ ဓာတ်နှောသတ္တုက ဒေါင်းမျိုးနွယ်၏ တန်ဖိုးအထားရဆုံးသော ရတနာဖြစ်ပါက ငှက်မွေးထာဝရသတ္တုသည် ရွှေတောင်ပံလင်းယုန် မျိုးနွယ်၏ မြတ်နိုးရဆုံးသော ဆုလာဘ် ဖြစ်၏။

ရွှေတောင်ပံလင်းယုန်မျိုးနွယ်၏ မွေးရာပါအမြန်နှုန်းကို ငှက်မွေးထာဝရသတ္တုဖြင့် အပြည့်အဝ ပြသနိုင်သည်။

သူတို့၏ တိုက်ပွဲစွမ်းရည်ကလည်း အဆမတန် တိုးလာမည် ဖြစ်သည်။

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက ငှက်မွေးထာဝရသတ္တုက သူ့ပိုင်ရှင်နဲ့အတူ ပျောက်သွားတာတော့ နှမြောစရာပဲ

“ သူတို့က လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက ငှက်မွေးမျိုးနွယ်စု နှစ်ခုမှာရှိတဲ့ ပါရမီရှင်နှစ်ယောက် ဖြစ်လိမ့်မယ်။ မဟုတ်ရင် သူတို့က အံ့ဖွယ်အလင်းတန်းယပ်တောင်နဲ့ ငှက်မွေးထာဝရသတ္တုကို ပိုင်ဆိုင်နိုင်စရာအကြောင်း မရှိဘူး”

ခုံမုန့်က ရှန်ထျန်းကို စိတ်ထဲမှ ကြောက်ရွံ့ရိုသေမိသည်

“ တောင်ပိုင်းနယ်မြေမှာ ကျွန်မရဲ့ အရည်အချင်းနဲ့ ကံကြမ္မာက ဂိုဏ်းရဲ့ ထိပ်ဆုံးမှာ ရောက်နေပြီလို့ ထင်ထားခဲ့တာ။

ဒါပေမဲ့ အမြဲတမ်း ကိုယ့်ထက်သာတဲ့သူ တစ်ယောက်တော့ တစ်နေရာရာမှာ ရှိနေတယ်ဆိုတဲ့အတိုင်းပဲ အစ်ကိုရှန်ရဲ့ ကံကြမ္မာကိုတော့ နှိုင်းယှဉ်လို့မရနိုင်ပါဘူး”

ဤအရာက ထိပ်ဆုံး ထူးခြားအံ့ဖွယ်ပစ္စည်းစာရင်း ၁၀ခုထဲတွင် ပါဝင်သော ရတနာတစ်ပါး ဖြစ်သည်။ အထွတ်အမြတ်မြေများပင် အလုအယက် တိုက်ခိုက်ကြလိမ့်မည်။

ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဖြစ်သလို အခြေတည်အဆင့် စစ်ဆေးမှုလေးတစ်ခုမှာ ပါဝင်လိုက်ရုံနဲ့တင် ဒီလိုမျိုး တန်ဖိုးမဖြတ်နိုင်တဲ့ရတနာကို အလွယ်တကူ ရှာတွေ့ခဲ့တာတဲ့

အစ်ကိုရှန်က တကယ်ကို ကောင်းကင်တာအိုရဲ့သားတော်ပဲ

ရှန်ထျန်းနှင့် စာချုပ်ချုပ်ရန်အတွက် သူမ၏ အကြီးအကဲများကို စည်းရုံးရမည်ဟု ခုံမုန့်၏ စိတ်ထဲတွင် တေးမှတ်ထားလိုက်သည်။

အခုလိုမျိုး ကောင်းကင်တာအိုရဲ့သားတော်ကို လက်လွှတ်လိုက်ရမယ်ဆိုရင် ဒေါင်းမျိုးနွယ်အနေနဲ့ နောင်တရနေရမှာ သေချာတယ်

ခုံမုန့် အရာအားလုံးကို နားမလည်သေးခင်မှာပဲ ရှန်ထျန်းက အမျိုးသားအရိုးစုအတွက် ခန်းမင်လက်စွပ်ထဲမှ ခေါင်းတလားတစ်ခုကို ထုတ်ယူလိုက်သည်။

လင်းယုန်မျိုးနွယ်နဲ့ အစ်ကိုရှန်က သေချာပေါက် တစ်ယောက်နဲ့ တစ်ယောက် ပြဿနာဖြစ်နေကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ အတိတ်ရယ်လက်ရှိ မလိုမုန်းထားမှုရယ်ကို ခွင့်လွှတ်ပြီးတော့ လင်းယုန်မျိုးနွယ်ဝင်တစ်ယောက်ရဲ့ ရုပ်ကြွင်းကို ယူလာမလို့လား။ သူက တကယ်ကို သဘောထားကြီးတဲ့ အမျိုးသားတစ်ယောက်ပဲ

ခုံမုန့် တစ်ယောက် ချစ်မြတ်နိုးမိသွားလေ၏။

ကံမကောင်းစွာဖြင့် ရှန်ထျန်းက ခုံမုန့် ထင်ထားသလိုမျိုး သဘောထားကြီးသည့်သူ မဟုတ်ပေ။ ပြောရလျှင် အကျိုးပြုသည်မှာ တစိတ်တပိုင်းမျှသာ ဖြစ်သည်။

အရိုးသားဆုံးပြောရလျှင် ရှန်ထျန်းက လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကတည်းက မိစ္ဆာဝိညာဉ်နှင့် တိုက်ခိုက်ခဲ့သော လင်းယုန်မျိုးနွယ်၏ ဘိုးဘေးဘီဘင်ကို အတော် လေးစားမိသည်။

ပြောရလျှင် သူက ယခုလေးတင် ဘိုးဘေးဘီဘင်၏ အမွေကို လက်ခံရရှိလိုက်ခြင်း ဖြစ်သည်။

ရတနာပေးလိုက်တဲ့သူရဲ့ မကောင်းကြောင်းတော့ ပြောလေ့ မရှိကြဘူးလေ … ဒါက အကြောင်းအရင်းတွေထဲက တစ်ခုဆိုပေမဲ့ အဓိကအကြောင်းအရာတော့ မဟုတ်ဘူး

အဓိကအကြောင်းအရင်းက ကျင်းယုက ရှန်ထျန်းနဲ့ ဝိညာဉ်ကျောက်တုံး သန်း၅၀ အကြွေးစာချုပ်ချုပ်ထားခဲ့တယ်

ကျင်းယုသာ တောင်ပိုင်းနယ်မြေကို ပြန်ရောက်သွားရင် သူ့ကတိကို ပြန်ရုတ်သိမ်းသွားမယ်လို့ ရှန်ထျန်းက သံသယရှိနေတယ်

ကျင်းယုသာ အကြွေးမပေးဘူးပြောရင် ဒီလင်းယုန်မျိုးနွယ်ရဲ့ ရုပ်ကြွင်းက အသုံးဝင်လာလိမ့်မယ်

လင်းယုန်မျိုးနွယ်သာ ရိုးသားဖြောင့်မတ်ပါက ရှန်ထျန်းက ရုပ်ကြွင်းနှင့် ချပ်ဝတ်တန်ဆာကို ကျင်းယုတို့ဆီ ပြန်ပေးမည်ဖြစ်သည်။

လင်းယုန်မျိုးနွယ်က တာဝန်ယူဖို့ ငြင်းဆိုပါက ရုပ်ကြွင်းနှင့် ချပ်ဝတ်တန်ဆာကို လူမသိသောနေရာတွင် မြှုပ်နှံပစ်မည်။ ခုံမုန့်နှင့် ကျင်းယုတို့၏ မူလကံအပြောင်းအလဲ အခွင့်အရေးပုံရိပ်ထဲတွင် ဤဟင်းလင်းပြင်ကို ခုံမုန့်နှင့်ကျင်းယုတို့က ရှာတွေ့ရမည် ဖြစ်၏။

ရှန်ထျန်း၏ လမ်းညွှန်မှုကြောင့် ခုံမုန့်က အံ့ဖွယ်အလင်းတန်း စွမ်းအားအရင်းအမြစ်နှင့် သက်တံအံ့ဖွယ် အလင်းတန်းယပ်တောင်ကို ရရှိခဲ့ပြီး သူမ၏ ကံကြမ္မာကလည်း ထပ်မံ မြင့်တက်သွားခဲ့သည်။

ကျင်းယု၏ ငှက်မွေးထာဝရသတ္တုက ရှန်ထျန်း၏ လက်ထဲသို့ ရောက်ရှိသွားသည့်အတွက် သူ့ကံကြမ္မာက သေချာပေါက် နိမ့်ကျသွားမှာ သေချာလှသည်။

ယခင်အတွေ့အကြုံများအရ သူသာ ကျင်းယုဆီသို့ ရုပ်ကြွင်းနှင့် ချပ်ဝတ်တန်ဆာကို ပေးလိုက်ပါက သူ့ကံကြမ္မာလည်း ယခင်ထက် မြင့်တက်လာမည် ဖြစ်သည်။

ရှန်ထျန်းသာ ကျင်းယု၏ လက်ထဲသို့ မထည့်ဘဲ မြှုပ်နှံပစ်လိုက်ပါက…...

ဟား…ဟား…ဟား…ချင်ကောင်း၊ ဖန်ချန်း၊ ချန်ကျုံးထျန်းအပြင် လေးယောက်မြောက် စမ်းသပ်ခံလူလည်း ဒီကမ္ဘာပေါ်မှာ ပေါ်ပေါက်လာတယ် ပြောရမှာပေါ့

အချင်းချင်း ရန်မူလေ့ရှိသော ကျင့်ကြံရေးလောကတွင် ရှန်ထျန်း ဘယ်သူ့ကိုမှ သနားနေမည် မဟုတ်ပေ။

ငါ့ရန်သူဖြစ်ဖို့ ဆုံးဖြတ်ပြီးရင် စမ်းသပ်ခံ ဖြစ်ဖို့လည်း ပြင်ဆင်ထား...

All Chapters