← Chapters

နဂါးသွဲ့ရေကန်၏ အပြောင်းအလဲ

Vol. 55 Ch. 740

နဂါးသွဲ့ရေကန်၏ အပြောင်းအလဲ

Vol. 55 Ch. 740

ဒုတိယကိစ္စအကြောင်း ကောင်းကင်နတ်အရှင်ယွီ ပြောတော့မည့်အချိန်... “ကောင်းကင်နတ်အရှင်ဟောင်”

လူငယ်တစ်ယောက်က ကောင်းကင်ယင်သား‌တော်၏‌ ခေါ်သံကို ကြားလျှင် ခေါင်းလှည့်ကြည့်သည်။ ကောင်းကင်နတ်အရှင်ယွီတို့အား မြင်သည်နှင့် ပြုံးပြပြီး နှုတ်ဆက်၏။ “ကောင်းကင်နတ်အရှင်ယွီတို့ပါလား... ဒီမိတ်ဆွေတွေကို အမိအရ ဆွဲထားပြီပြီပေါ့လေ”

ကောင်းကင်နတ်အရှင်ယွီက ရယ်ပြီး ပြောသည်။ “ဆွဲထားတာ မဟုတ်ပါဘူး... နောင်တော်ချင်နဲ့ နောင်တော်မူနှစ်ယောက်လုံးက အင်မတန်မှ ပါရမီရှိတဲ့ လူတွေပါ... အရှင်မင်းကြီးဆီ အကြံပြုစာတင်သွင်းပြီး သူတို့အတွက် ကောင်းကင်နတ်အရှင်ဘွဲ့ တောင်းခံပေးမလို့ လုပ်နေတာ... ကောင်းကင်နတ်အရှင်ကိုးပါး ဖြစ်သွားရင် မကောင်းဘူးလား... ကောင်းကင်နတ်အရှင်ဟောင်၊ ဘယ်လိုမြင်လဲ”

ချင်မူ ကောင်းကင်နတ်အရှင်ဟောင်ကို အကဲခတ်လိုက်သည်။ ကောင်းကင်နတ်အရှင်ဟောင်သည် ဓာတ်ကြီးငါးပါးကောင်းကင်ရတနာ၏ တည်ထောင်သူဖြစ်ပြီး ငှက်ရုပ်၊ သားရဲရုပ်နှင့် ငါးရုပ်များ ပုံဖော်ထားသော အဖိုးတန်အဝတ်အစားများအား ဝတ်ဆင်ထား၏။

သူ့ဦးခေါင်းနောက်၌ ရောင်ခြည်တော်စက်ဝန်းတစ်ခုလည်း ရှိနေပြီး စက်ဝန်းထဲ၌ ကြယ်ငါးစင်း ဖွဲ့တည်နေချေသည်။ ၎င်းတို့က ဓာတ်ကြီးငါးပါးကြယ်တာရာများ ဖြစ်လိမ့်မည်။ ကောင်းကင်နတ်အရှင်ဟွေ့၏ ဦးခေါင်းအနောက်က ရောင်ခြည်တော်စက်ဝန်းသည် ဘဲဥပုံစံ ဖြစ်သော်လည်း သူ၏ရောင်ခြည်တော်စက်ဝန်းက စက်ဝိုင်းသဏ္ဍာန် ရှိနေသည်။

သူ၏အပြုအမူများက ချင်မူ တွေ့ခဲ့ပြီးသော ကျန်ကောင်းကင်နတ်အရှင်များနှင့် မတူပေ။ ကောင်းကင်နတ်အရှင်လင်သည် လေ့လာမှုများတွင်သာ အာရုံစိုက်တတ်ပြီး ရုပ်ရည်သွင်ပြင်အား မပြင်ဆင်တတ်ပေ။ ကောင်းကင်နတ်အရှင်ရုံက ကလေးစိတ်ရှိသည်။ ကောင်းကင်နတ်အရှင်ဟွေ့က တည့်တိုးသမားဖြစ်၏။ ကောင်းကင်နတ်အရှင်ယွီကမူ ရေလိုက်ငါးလိုက် နေတတ်သူ ဖြစ်သည့်အတွက် သူနှင့် ဆုံတွေ့သူတိုင်းကို သူ့အပေါ် ခင်မင်စိတ် ဖြစ်ပေါ်လာစေနိုင်သည်။

ဤကောင်းကင်နတ်အရှင်ဟောင်ဆီမှ ကြမ်းတမ်းခက်ထန်သော အကျင့်စရိုက်ကို ချင်မူ ခံစားမိ၏။ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် မည်သည့်အကျိုးဆက်ကိုမှ ထည့်မတွက်မည့် လူစားမျိုး ဖြစ်ဟန်တူသည်။

ကောင်းကင်နတ်အရှင်ယွီနှင့် ယှဉ်လျှင် သူသည် ကျင့်စဉ်စွမ်းအင်၌ အားနည်းနေသေး၏။ သို့သော် သူ့ကြည့်ရသည်မှာ အင်အားအပြည့်ဖြင့် တက်တက်ကြွကြွ ရှိသောကြောင့် လျှော့တွက်မရပေ။

‘ငါ ဆုံခဲ့ရတဲ့ ကော်းကင်နတ်အရှင်အားလုံး ထူးချွန်ထက်မြက်တဲ့ လူတွေချည်းပဲ... လျှော့တွက်လို့မရဘူး’ ချင်မူ သူ့ဘာသာသူ တွေးမိသည်။ ‘ဒီခေတ်က ကြီးမားကျယ်ဝန်းလွန်းပြီး မွေးထုတ်ပေးလိုက်တဲ့ ပါရမီရှင်တွေကလည်း မများလွန်းဘူးလား’

ကောင်းကင်နတ်အရှင်ဟောင်၏ အကြည့်က ချင်မူ့အပေါ် ကျရောက်လာသည်။ ချင်မူ ခေါင်းညိတ်ပြလိုက်သော်လည်း ကောင်းကင်နတ်အရှင်ဟောင်၏ အကြည့်သည် ခိုင်ဧကရာဇ်နှင့် နွားအိုကြီးဆီသို့ ရွေ့လျားသွား၏။ “‌ကောင်းကင်နတ်အရှင်ဘွဲ့တဲ့လား.. နောင်တော်တို့နှစ်ယောက်နဲ့ ထိုက်တန်ပါတယ်.. ကျုပ် နောင်တော်တို့ အချင်းချင်း တိုက်ခိုက်နေတာ မြင်ခဲ့ပြီးပြီ... အင်မတန် ရင်သပ်ရှုမောဖွယ် ကောင်းလွန်းလို့ လေးစားမိပေမယ့်... ကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်အရှင်ဘွဲ့ကို အသိအမှတ်ပြုပါ့မလား ပြောရခက်တယ်... ကျုပ်မှာ လုပ်စရာတွေ ရှိသေးလို့ ခွင့်ပြုပါဦး” ထိုသို့ ပြောပြီးနောက် သူက လှည့်ထွက်သွားသည်။

ကောင်းကင်နတ်အရှင်ယွီက သူ ထွက်သွားသည်ကို ကြည့်ကာ ပြုံးလျက်‌ ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင်က ဒီလိုပဲ... စိတ်ထဲမထားပါနဲ့”

ကောင်းကင်ယင်သားတော်ဆီမှ အသံထွက်လာသည်။ “တကယ်တော့ ကောင်းကင်နတ်အရှင်ဟောင်က နတ်ဘုရားတစ်ပိုင်းလေ...”

ကောင်းကင်နတ်အရှင်ယွီ သူ့ကို လှမ်းကြည့်လိုက်သဖြင့် ယင်ချောင်ကျင့် ပါးစပ်ပိတ်သွားသည်။

ခိုင်ဧကရာက သိချင်စိတ်ဖြင့် မေးကြည့်လေသည်။ “ဘာကြောင့် ကောင်းကင်နတ်အရှင်ဟောင်က နတ်ဘုရားတစ်ပိုင်းလဲ... သူက ဓာတ်ကြီးငါးပါးကောင်းကင်ရတနာကို ဘယ်လို ဖွင့်နိုင်ခဲ့ပြီး ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာတာလဲ”

ချင်မူက ပြောသည်။ “ခင်ဗျား ဘာလို့ အဲဒီလောက် သိချင်နေတာလဲ”

ခိုင်ဧကရာဇ် သူ့ကို စိုက်ကြည့်လိုက်၏။ “မင်းလည်း မသိချင်ဘူးလား”

ချင်မူက နှာခေါင်းရှုံ့၍ သိချင်နေသော မျက်နှာဖြင့် လှည့်မေးသည်။ “ဟုတ်သားပဲနော် ကောင်းကင်နတ်အရှင်ယွီ... နတ်ဘုရားတစ်ပိုင်း ဖြစ်တာတောင် ကောင်းကင်နတ်အရှင်ဟောင်က ဓာတ်ကြီးငါးပါးကောင်းကင်ရတနာကို ဘာကြောင့် ဖွင့်နိုင်ခဲ့တာလဲ”

ခိုင်ဧကရာဇ်မှာ ဓားဆွဲထုတ်ပြီး သူ့ကို နုပ်နုပ်စင်းပစ်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာ၏။ သူလည်း ကောင်းကင်နတ်အရှင်ယွီဆီသို့ ကြည့်လိုက်သည်။

ကောင်းကင်နတ်အရှင်ယွီမှာ ချီတုံချတုံ ဖြစ်နေပြီးနောက် ရှင်းပြပေးသည်။ “အကြောင်းရင်းက ဒီလိုပါ... ကောင်းကင်နတ်အရှင်ဟောင် ဓာတ်ကြီးငါးပါးကောင်းကင်ရတနာ ဖွင့်နိုင်တာက ရှေးဟောင်းနတ်ဘုရားတွေရဲ့ စမ်းသပ်မှု တစ်ခုပဲ... သူက လူသားတစ်ယောက်နဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးကနေ မွေးလာတဲ့ သား”

ခိုင်ဧကရာဇ်နှင့် ချင်မူ အနည်းငယ် မှင်သက်သွားသည်။

ကောင်းကင်နတ်အရှင်ယွီက သူတို့ကို ကောင်းကင်နတ်ဧကရီ၏ အရန်နန်းဆောင်ဆီသို့ ဦးဆောင်ခေါ်သွားသည်။ နန်းဆောင်တွင် လူများ ပြည့်နေသဖြင့် သူက တိုးဝှေ့ရင်း ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင်က လူတစ်ပိုင်း၊ နတ်ဘုရားတစ်ပိုင်း.. သူ့မှာ လူသားခန္ဓာ ရှိပေမယ့် သွေးက နတ်ဘုရားသွေး... သူက ဘာကြောင့် အစမ်းသပ်ခံဖြစ်တာလဲဆိုရင် ကျွန်တော် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို ဖွင့်လိုက်ပြီးနောက်ပိုင်း ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအို ပြောင်းလဲသွားပြီး လူတိုင်း ကျင့်ကြံအားထုတ်နိုင်တာကြောင့်ပဲ... အဲဒီတုန်းက အခြားကောင်းကင်ရတနာတွေ ရှိသေးမှန်း ကျွန်တော် ရှာတွေ့ခဲ့တယ်... ရှေးဟောင်းနတ်ဘုရားတွေက သူတို့မျိုးဆက် နတ်ဘုရားတစ်ပိုင်းတွေ သိုင်းမကျင့်နိုင်ရင် နောင်တစ်ချိန်မှာ ကျွန်တော်တို့လူသား ကောင်းကင်နတ်သိုင်းပညာရှင်တွေရဲ့ လွှမ်းမိုးတာ ခံရမှာ စိုးရိမ်လာကြတယ်... အဲဒါနဲ့ နတ်ဘုရားတစ်ပိုင်းတွေ သိုင်းကျင့်နိုင်မယ့် နည်းလမ်းရှာဖို့ ကြိုးစားကြပြီး ကောင်းကင်နတ်အရှင်ဟောင် မွေးဖွားလာတာပဲ”

ချင်မူနှင့် ခိုင်ဧကရာဇ်မှာ သူ့နောက်မှ လိုက်နေရင်း သူ့စကားကြားသည့်အခါ အံ့အားသင့်သွားကြသည်။

“နတ်ဘုရားတစ်ပိုင်းတွေ လူအသွင် ဖန်ဆင်းလိုက်ရင် မကျင့်ကြံနိုင်သွားဘူးလား”

“နောင်တော်မူက ဒီအကြောင်း သိထားတယ်ပေါ့”

ကောင်းကင်နတ်အရှင်ယွီသည် ရင်ထဲတွင် ပြင်းထန်စွာ လှုပ်ခတ်သွားပြီး အံ့ဩသွားပုံရ၏။ အတော်လေးကြာမှ သူက ဆက်ပြောသည်။ “နတ်ဘုရားတစ်ပိုင်းတွေ လူအသွင်ဖန်ဆင်းလိုက်ရင် လူသားတွေလို ကောင်းကင်ရတနာတွေ ပိုင်ဆိုင်သွားပြီး သိုင်းကျင့်နိုင်ကြလိမ့်မယ်... ဒါပေမဲ့ နတ်ဘုရားတစ်ပိုင်းတွေက ဇာတ်မြင့်မျိုးနွယ်တွေဆိုတော့ လူအသွင် ဖန်ဆင်းရမှာကို ရွံ့ကြတယ်လေ... ပြီးတော့လည်း အဲဒီတုန်းက ဒီနည်းလမ်းကို သူတို့ ရှာမတွေ့ကြသေးဘူး... နတ်ဘုရားတစ်ပိုင်းတွေအတွက် လူအသွင်ဖန်ဆင်းနိုင်မယ့် ကျင့်စဉ်တွေလည်း မရှိခဲ့ဘူး... မကြာသေးမီကမှ ကောင်းကင်နတ်အရှင်ဟောင်က အဲဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့တာ... သူက နတ်ဘုရားတစ်ပိုင်းတွေ လူအသွင် ဖန်ဆင်းနိုင်မယ့် ကျင့်စဉ်တစ်ခုကို တီထွင်ထားတယ်... အခုထိ မကြေညာရသေးတာတောင် နောင်တော်မူက သိနေတယ်ဆိုတော့ အမှန်တကယ် ထူးချွန်ပေတာပဲ”

ချင်မူမှာ သူ့ဟာကွက်သူ ဖော်လိုက်မိမှန်း သဘောပေါက်လိုက်သဖြင့် ကြိတ်ညည်းလိုက်မိသည်။

အနာဂတ်တွင် လူအသွင်ဖန်ဆင်းနိုင်သော နည်းလမ်းများမှာ မြင်တွေ့နေကျ ဖြစ်သောကြောင့် ချင်မူ ဇဝေဇဝါ ဖြစ်သွားခြင်းပင်။ ဤခေတ်တွင် ထိုကဲ့သို့ကျင့်စဉ်မျိုး မရှိမှန်း သူ မေ့သွားခဲ့၏။

ကောင်းကင်နတ်အရှင်ယွီက ဆက်ပြောသည်။ “ရှေးဟောင်းနတ်ဘုရားတွေက ရှေ့ရေးကို ကြိုတွေးကြတယ်... နတ်ဘုရားတစ်ပိုင်းတွေက ကြီးထွားမှုကို အားကိုးကြပြီး အရွယ်ရောက်လာတဲ့အခါ ရှေးဟောင်းနတ်ဘုရားတွေအောက် မနိမ့်ကျတော့မယ့် သက်တမ်းမရှည်ကြဘူး... အသက်ကြီးပြီး သေရတဲ့ သံသရာကနေ သူတို့ မလွတ်မြောက်ကြဘူး... ကျွန်တော်ဆိုလည်း ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို ဖွင့်ပြီးနောက်ပိုင်း ကျန်တဲ့ကောင်းကင်ရတနာတွေကို ဖွင့်ဖို့ အာရုံမရှိဘူး.. ကောင်းကင်နတ်သိုင်းပညာရှင်တွေ မသေနိုင်တဲ့ မသေမျိုးတွေ ဖြစ်လာနိုင်အောင် ဘယ်လိုလုပ်ပေးရမလဲ တွေးနေခဲ့တာ... ကျွန်တော် မသေနိုင်တာက မသေမျိုးလမ်းစဉ်ကြောင့် မဟုတ်ဘူး... မြေအောက်ဘုံအရှင်သခင်က ကျွန်တော့်အသက်ကို ကင်းလွှတ်ပေးထားရုံသက်သက်ပဲ... ကျန်တဲ့လူတိုင်းအတွက်လည်း မသေမျိုးလမ်းစဉ် ရှာရမယ်လို့ ကျွန်တော် ခံစားခဲ့ရတယ်.... ဆယ်နှစ်ကျော်ကြာလို့ ကောင်းကင်နတ်အရှင်ဟောင် ဓာတ်ကြီးငါးပါးကောင်းကင်ရတနာ ဖွင့်လိုက်တဲ့ အချိန်ကျမှ ကျွန်တော် သတိပြန်ဝင်သွားတာ... ဒါပေမဲ့ ကျွန်တော် ဓာတ်ကြီးငါးပါးကောင်းကင်ရတနာကိုတောင် အပြည့်အစုံ မလေ့လာရသေးခင် ကောင်းကင်နတ်အရှင်လင်က အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ဖွင့်လိုက်ပြီးပြီ”

သူက ကောင်းကင်နတ်အရှင်လင်ဆီသို့ ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်လင်က ဓာတ်ကြီးငါးပါးကောင်းကင်ရတနာကို ကျွန်တော်နဲ့ တစ်ပြိုင်တည်း လေ့လာခဲ့တာပဲ... ဒါပေမဲ့ ကျွန်တော်ထက် အလျင် အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ဖွင့်နိုင်ခဲ့တယ်... ဒါကြောင့် ကောင်းကင်နတ်အရှင်လင်က ကျွန်တော့်ထက် အများကြီး ဉာဏ်ပိုကောင်းတယ်”

ကောင်းကင်နတ်အရှင်လင်က သူ့ကို လောလိုက်၏။ “နေစရာ နေရာသာ မြန်မြန် ရှာပေးပါ... နောင်တော်ချင်နဲ့ နောင်တော်မူနဲ့အတူ ကောင်းကင်နတ်သိုင်းတွေ စဉ်းစားရဦးမယ်”

ကောင်းကင်နတ်အရှင်ယွီသည် နန်းဆောင်ငယ်ကို ဖြတ်၍ ခေါ်သွားပေးပြီး အနောက်ဘက်ခြံဝင်းဆီသို့ ရောက်သည့်အခါ အဆောက်အဆုံတစ်ခုဆီ လျှောက်သွားသည်။ “အဲဒီနောက်ပိုင်း ကောင်းကင်ရတနာတွေ တစ်ခုပြီးတစ်ခု ပွင့်လာခဲ့တယ်... ကောင်းကင်နတ်အရှင်ယွင် ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖွင့်လိုက်တဲ့အချိန်မှာ ကျွန်တော် သဘောပေါက်သွားပြီး လူသားတိုင်း မသေနိုင်မယ့် နည်းလမ်း၊ နတ်ဘုရားတွေနဲ့ တန်းတူရပ်တည်နိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားတာပဲ”

သူက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်သည်။ “နောင်တော်တို့ ဒီကျက်သရေအဆောင်မှာ အရင်ဆုံး နေလိုက်ကြပါဦး... ကျွန်တော် ကျန်တဲ့ဧည့်သည်တွေကို ကြိုစရာရှိသေးလို့ ပြန်လိုက်ဦးမယ်... ဒီတစ်ခေါက် ကောင်းကင်နတ်အရှင်ဟောင်က နတ်ဘုရားတစ်ပိုင်းတွေ ကျင့်ကြံနိုင်မယ့် ကျင့်စဉ်ကို ကြေညာမှာ.... ကျွန်တော်ကလည်း လူသားတွေ နတ်ဘုရားဖြစ်လာနိုင်မယ့် ကျင့်စဉ်ကို ကြေညာမယ်”

သူ့မျက်ဝန်းများသည် စူးရဲတောက်ပနေပြီး သူက ကျယ်လောင်စွာ ပြော၏။ “အနာဂတ်မျိုးဆက်သစ်အားလုံး နတ်ဘုရားတွေနဲ့ တန်းတူ ရပ်တည်နိုင်စေရမယ်... ရှေးဟောင်းနတ်ဘုရားတွေနဲ့ ယှဉ်နိုင်စေရမယ်... ဒီခေတ်က ရွှေခေတ်ပဲ... နောင်တော်တို့နှစ်ယောက် ရောက်လာတာကလည်း ကောင်းကင်နတ်သိုင်းတွေကို နောက်တစ်ဆင့်ဆီ တွန်းပို့ပေးနိုင်လိမ့်မယ်... နောင်တော်တို့ကြောင့် ကျွန်တော် အလားအလာတွေ အများကြီး မြင်လိုက်ရပါပြီ... ကဲ နောင်‌တော်ယင်၊ သွားကြစို့”

သူက ပြန်ရန် ထလိုက်သည်။ ချင်မူနှင့် ခိုင်ဧကရာဇ်လည်း သူ့ကို လိုက်ပို့လိုက်ပြီး ချင်မူက ပြုံးကာ ပြောလေသည်။ “ကောင်းကင်နတ်အရှင်ယွီ၊ ကျွန်တော့်စာအုပ်မှာ လက်မှတ်မထိုးရသေးဘူးနော်”

ကောင်းကင်နတ်အရှင်ယွီက ရယ်မောပြီး စုတ်တံမြှောက်ကာ ချင်မူ၏စာအုပ်အပေါ်တွင် စာလုံးတချို့ ရေးလိုက်သည်။ ထို့နောက် ချင်မူ့ထံ စုတ်တံ ပြန်ပေး၏။ “နောင်တော်တို့နှစ်ယောက်လည်း ကပ်စေးမနည်းဘဲ ကျင့်စဉ်၊ လမ်းစဉ်တွေနဲ့ ကောာင်းကင်နတ်သိုင်းတွေကို ထုတ်ပြပြီး ရွှေခေတ်တစ်ခေတ် မြန်မြန်ရောက်လာအောင် ဝိုင်းတွန်းပေးဖို့ မျှော်လင့်ပါတယ်” ထိုသို့ပြောပြီးနောက် သူသည် ကောင်းကင်ယင်သားတော်နှင့်အတူ ထွက်သွား၏။

ချင်မူ ကျက်သရေအဆောင်၏ တံခါးအရှေ့တွင် ရပ်၍ စာအုပ်လေးပေါ်ရှိ နာမည်အား ကြည့်လိုက်သည်။ စာလုံးများသည် ရှေးဟောင်းစာလုံးများဖြစ်သော်လည်း သူ ဖတ်နိုင်သေးသည်။

လန်ယွီထျန်း

ကောင်းကင်နတ်အရှင်ယွီ၏ နာမည်အရင်း ဖြစ်လိမ့်မည်။

သူက သူတို့ ထွက်သွားသည်ကို ကြည့်နေပြီး ရုတ်တရက် ပြောလိုက်၏။ “ချင်ခိုင်၊ ဒီကောင်းကင်နတ်အရှင်ယွီကို ခင်ဗျား ဘယ်လိုမြင်လဲ”

ခိုင်ဧကရာဇ်က လေးနက်တည်ကြည်သော အမူအရာဖြင့် ပြောသည်။ “ငါတို့သာ ခေတ်တစ်ခေတ်တည်းမှာ မွေးလာခဲ့ရင် ငါ သူနဲ့ယှဉ်ပြီး ကမ္ဘာကြီးကို ပြိုင်မအုပ်ချုပ်ရဲဘူး.... သူ့လက်အောက်မှာ အညံ့ခံမိလိမ့်မယ်”

ချင်မူ မှင်သက်သွားကာ ပြောလိုက်သည်။ “ကိုယ့်ကိုယ်ကို အဲဒီလောက် ယုံကြည်ချက်မရှိဘူးလား”

ခိုင်ဧကရာဇ်က အလေးအနက် ပြော၏။ “ရည်မှန်းချက်၊ သတ္တိ၊ လုပ်ရည်ကိုင်ရည်၊ အပြုအမူ၊ ပြဿနာတွေကို ကိုင်တွယ်နိုင်မှု... ကောင်းကင်နတ်အရှင်ယွီက ငါ့ထက် သာတယ်... သူ့ရဲ့ အမှုထမ်းလုပ်ဖို့ ငါ ဝန်မလေးဘူး”

ချင်မူ တခဏ စဉ်းစားကြည့်ပြီး သဘောတူမိသည်။ ကောင်းကင်နတ်အရှင်ယွီသည် အတိတ်နှင့် ပစ္စုပ္ပန်တွင် ရှာရခက်သော ပါရမီရှင်တစ်ယောက် ဖြစ်၏။

သူ ဆုံတွေ့ခဲ့ဖူးသော လူများတွင် အံ့အားသင့်ဖွယ် ပါရမီရှင်များ၊ ရည်မှန်းချက်မြင့်မားသူများ၊ ရဲရင့်သူများ၊ ကောင်းမွန်စွာ ဖြေရှင်းကိုင်တွယ်တတ်သူများစွာ ပါရှိခဲ့သော်လည်း တစ်ယောက်မှ ကောင်းကင်နတ်အရှင်ယွီလောက် မပြည့်စုံကြပေ။

“အဲဒါဆို ကောင်းကင်နတ်အရှင်ဟောင်ကရော” သူ ဆက်မေးလိုက်သည်။

ခိုင်ဧကရာဇ်သည် စိတ်အားတရှိန်းရှိန်း တက်ကြွလာပြီး အပြုံးတစ်ခုဖြင့် ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင်နဲ့ ငါ တစ်ခါပဲ တွေ့ခဲ့ရ‌ပေမပယ့် အဲဒီလူက ခေါင်းမာပြီး သူ့အတွေးကမှ အမှန် ထင်တတ်တဲ့ လူမှန်း မြင်ခဲ့ရတယ်... ကောင်းကင်နတ်အရှင်ဟောင်နဲ့ ရင်ဆိုင်ရရင် ငါ ကမ္ဘာကြီးနဲ့ ပြည်သူပြည်သားတွေရဲ့ နှလုံးသားကို အုပ်စိုးဖို့ သူနဲ့ ယှဉ်ပြိုင်မယ်... ဘယ်သူ အနိုင်ရမလဲတော့ မပြောတတ်ဘူး”

ချင်မူက ရုတ်တရက် ပြုံးလိုက်ကာ မေးသည်။ “ကျွန်တော့်ဆိုရင်ရော”

ခိုင်ဧကရာဇ်က သူ့ကို စိုက်ကြည့်နေပြီး အတန်ကြာသည်အထိ စကားမပြောပေ။ ချင်မူလည်း မျှော်လင့်တကြီးဖြင့် သူ့ကို ပြန်စိုက်ကြည့်လိုက်သည်။

ခိုင်ဧကရာဇ် ချောင်းဟန့်ကာ ပြောလိုက်သည်။ “မင်း... မင်းရဲ့အကျင့်စရိုက်က အားနည်းချက်များလွန်းတယ်... မင်းတစ်ကိုယ်လုံး ဟာကွက်တွေ ပြည့်နေလို့ လေတွေ စိမ့်ထွက်နေတဲ့အတိုင်းပဲ...”

ချင်မူ့မျက်နှာသည် မီးသွေးတုံးကဲ့သို့ မည့်ခြစ်သွားတော့၏။

ခိုင်ဧကရာဇ်က အပြုံးတစ်ခုဖြင့် ပြောသည်။ “ဒေါသမထွက်ပါနဲ့ ... ငါတို့က တစ်ခေတ်တည်း ဆိုရင် ရန်သူမဟုတ်ဘဲ မိတ်ဆွေတွေ ဖြစ်မယ်ထင်တယ်... မင်းက အမြဲ ငါ့ကို အပြစ်တင်နေတတ်ပေမယ့် ငါ့အပေါ် မကောင်းကြံလိုစိတ်ရှိတာတော့ မခံစားမိဘူး.. အဲဒီအစား ဘယ်လိုပြောရမလဲ...”

သူ့အမူအရာမှာ တစ်မျိုးတစ်မည် ဖြစ်သွားသည်။ “ငါ မကြိုးစားတော့လို့ အားမလိုအားမရဖြစ်ပြီး ဒေါသထွက်နေသလိုပဲ”

ချင်မူ ဆွံ့အသွား၏။

ခိုင်ဧကရာဇ်က ဆက်ပြောသည်။ “မင်းရဲ့ အထုံပါရမီနဲ့ အရည်အချင်းက ငါ့အောက် မနိမ့်ကျပေမယ့် မင်းက အခုထိ မတည်ငြိမ်သေးဘူး... ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ရင်တော့ အမှန်တကယ် ထက်မြက်လာမှာပါ... အဲဒီနေရာက မင်း ငါ့အောက် နိမ့်ကျနေတဲ့ နေရာပဲ... နောင်ကျရင်တော့ ငါ့ထက်တောင် သာရင်သာသွားနိုင်လောက်ပေမယ့် အခုတော့ နိမ့်ကျနေသေးတယ်”

ချင်မူ အသာအယာ ခေါင်းညိတ်လိုက်ပြီး တွေဝေရှုပ်ထွေးနေသော အမူအရာဖြင့် သူ့ကို ကြည့်နေမိသည်။ သူ့ဘာသာသူ တွေးနေမိသည်။ ‘တကယ်တော့ ခင်ဗျားက ကျုပ် စံနမူနာထား သင်ယူနေတဲ့လူပါ... ကျုပ် ခင်ဗျားလို ဖြစ်ချင်ပေမယ့် ရာနှုန်အပြည့်တော့ မဖြစ်ချင်ဘူး”

“အဆောင်ထဲ သွားကြအောင်”

ခိုင်ဧကရာဇ်က ပြောသည်။ “ကောင်းကင်နတ်အရှင်လင် ငါတို့ကို စောင့်နေတယ်”

ချင်မူ ခံစားချက်များကို တည်ငြိမ်အောင် လုပ်ကာ သူနှင့်အတူ အဆောင်ထဲ ဝင်လိုက်၏။

ကောင်းကင်နတ်အရှင်လင်မှာ အလွန်တရာ စိတ်လှုပ်ရှားနေသည်။ “နောက်ဆုံး‌တော့ စိတ်ရှုပ်စရာကိစ္စတွေနဲ့ ဝေးဝေးနေပြီး လေ့လာဖို့ပဲ အာရုံစိုက်လို့ရပြီ... ကျွန်မက လူတွေနဲ့ အဆက်အဆံလုပ်ရတာ အမုန်းဆုံးပဲ... ကောင်းကင်နတ်အရှင်ယွီရဲ့ ဖိတ်ခေါ်မှုကြောင့်သာ မဟုတ်ရင် လာဖို့တောင် ပျင်းနေမှာ... မြန်မြန် စကြစို့”

ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “မမကြီးလင်၊ မမကြီးပဲ ဦးဆောင်လုပ်ရမှာ... ကျွန်တော်တို့က ဘေးကနေပဲ ကူညီပေးမယ်... မမကြီး နားမလည်တာ၊ မတွက်နိုင်တာ ရှိရင် ကျွန်တော်တို့ ဖြေရှင်းပေးမယ်... ကျန်တာတွေတော့ မပြောတတ်ပေမယ့် ဖန်ဆင်းကောင်းကင်နတ်သိုင်းနဲ့ ကျန်တဲ့နယ်ပယ်တွေမှာ ကျွန်တော်တို့နှစ်ယောက်လုံး အားသန်တယ်.... အနည်းဆုံးတော့ ဒီကမ္ဘာပေါ်က လူတိုင်းထက် အားသန်တယ်”

ခိုင်ဧကရာဇ်မှာ ချီတုံချတုံဖြစ်နေပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ “မူချင်းက နည်းနည်း ဘဝင်မြင့်ပေမယ့် သူ ပြောသွားတာ အမှန်ပဲ... ဒီစကြဝဠာမှာ အရှေ့နှစ် တစ်သောင်းပြန်သွားသွား၊ အနောက်နှစ်တစ်သောင်း ပြန်သွားသွား ကျွန်တော်တို့နှစ်ယောက်ထက် တော်တဲ့လူ မရှိဘူး... ကောင်းကင်နတ်အရှင်လင်၊ အရင်ဆုံး တွေးခေါ်ကြည့်ပါ.. ကျွန်တော်တို့က ကူညီပြီး မွမ်းမံပေးမယ်”

ကောင်းကင်နတ်အရှင်လင် အကြီးအကျယ် ဝမ်းသာသွား၏။

သံးယောက်သား စတင်အလုပ်လုပ်ကြသည်။ ကောင်းကင်နတ်အရှင်လင်က ဒြပ်ဝတ္ထုများ ထာဝရတည်မြဲနိုင်မည့် ကောင်းကင်နတ်သိုင်းကို ဖန်တီးရန် ကြိုးစားနေသည်။ သွားရမည့်လမ်းကြောင်းကို သိပြီး ပထမဆုံးခြေလှမ်းလည်း လှမ်းပြီးသော်လည်း လိုအပ်သော အသိအမြင်ဗဟုသုတများမှာ များပြားရှုပ်ထွေးလွန်း၏။ ဖန်ဆင်းကောင်းကင်နတ်သိုင်းမှာ လိုအပ်သည့် နယ်ပယ်လေးတစ်ခုသာ ရှိသေးသည်။

ကံကောင်းစွာဖြင့် ချင်မူနှင့် ခိုင်ဧကရာဇ်သည် နယ်ပယ်တိုင်းနီးပါး လေ့လာထားကြသည့်အပြင် သူတို့၏သင်္ချာစွမ်းရည်မှာလည်း ယှဉ်နိုင်သူ ရှား၏။ ကောင်းကင်နတ်အရှင်လင်၏ မေးခွန်းများအား သူတို့က တစ်ခုပြီးတစ်ခု ဖြေရှင်းပေးလေသည်။

သုတေသန စလိုက်သည်နှင့် လဝက်သည် ကုန်မှန်းမသိ ကုန်သွားတော့သည်။ နွားအိုကြီးက စိတ်ရှည်လက်ရှည်ဖြင့် ရေနွေးကြမ်းလေး သောက်လိုက်၊ ဆေးတံလေး ဖွာလိုက် နေ,နေသည်။ တစ်ခါတရံ သူ့မှာ ပျင်းပျင်းဖြင့် တွေးမိ၏။ ‘ကောင်းကင်နတ်ဧကရီရဲ့  အရန်နန်းဆောင်က တော်တော် ခြောက်ကပ်တာပဲ... ဘာလို့ လယ်တွေဘာတွေလည်း မရှိတာပါလိမ့်... လယ်မထွန်ရတာ ကြာတော့ ငါ့အရိုးတွေ ပျင်းနေကြပြီ...’

တွေ့ဆုံပွဲအတွက် လာရောက်ကြသော ကောင်းကင်နတ်သိုင်းပညာရှင်များ တစတစ များပြားလာကြသည်။ ကျက်သရေအဆောင်၏ အနားပတ်ဝန်းကျင်၌ ထိုင်နေကြသော ကောင်းကင်နတ်သိုင်းပညာရှင်များလည်း ရှိကြ၏။ သူတို့က ပင်ပန်းလာလျှင် သစ်ပင်အောက်၌ လှဲအိပ်ကြသည်။

နွားအိုကြီးသည် ဆေးတံဖွာရင်း ကျင့်စဉ်၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများအကြောင်း ဆွေးနွေးနေကြသော ကောင်းကင်နတ်သိုင်းပညာရှင်များအား ကြည့်နေ၏။ နတ်ဘုရားတစ်ပိုင်းများလည်း နဂါးသွဲ့ရေကန်သို့‌ ရောက်လာကြပြီး တချို့က မြေပြင်ပေါ် မဆင်းသက်ဘဲ ကောင်းကင်ယံ၌သာ ပျံဝဲနေကြလေသည်။

ဤအချိန်တွင် သတင်းတစ်ခုကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ “ကောင်းကင်နတ်မင်းခုနစ်ပါးက သင်ခန်းစာပို့ချဖို့ အသင့်ဖြစ်နေပြီတဲ့”

“ကောင်းကင်နတ်အရှင်ယွီက နတ်ဘုရားဖြစ်လာနိုင်မယ့် နည်းလမ်း ပြောပြတော့မယ် ကြားတယ်...  အရန်နန်းဆောင်ရဲ့ ပင်မခန်းမဆီ မြန်မြန်သွားကြစို့”

“စောစော သွားပြီး နေရာဦးရမယ်... နောက်ကျသွားလို့ကတော့ အပြင်မှာပဲ နေပြီး ရာတီဥတုအေးအေးနဲ့ ငတ်ပြတ်နေလိမ့်မယ်”

အားလုံး ပင်မခန်းမဆီ အပြေးအလွှား သွားနေကြသဖြင့် ကျွက်ကျွက်စီစီ ညံနေတော့သည်။ နွားအိုကြီးလည်း အလျင်အမြန် ထကာ တွေးလိုက်သည်။ ‘ခိုင်ဧကရာဇ်နဲ့ ချင်မူ့ကို ဒီအကြောင်း အသိပေးမှပဲ... သူတို့ ဒီအကြောင်း ပြောနေကြတာ ကြာပြီ...’

သူ့အတွေး ဤနေရာ ရောက်သည့်အချိန်မှာပဲ ရုတ်တရက် ကမ္ဘာမြေ အက်ကွဲသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အထိတ်တလန့် အော်ဟစ်သံများ ထွက်လာသည်။

အသံများက ဆူလွန်းသဖြင့် မည်သို့‌အော်ဟစ်နေကြကြောင်း နွားအိုကြီး မသိပေ။

‘ဒီလူတွေ မဆူလွန်းဘူးလား...‌ ရှေးခေတ်က လူတွေ တော်တော် အလိုက်မသိတာပဲ’

နွားအိုကြီး ခေါင်းယမ်းရင်း အဆောင်ဆီ လျှောက်နေစဉ် အော်ဟစ်သံများက တဖြည်းဖြည်း ပြတ်သားလာချေသည်။

တစ်စုံတစ်ယောက်က အပြင်၌ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ကောင်းကင်နတ်အရှင်ယွီ သေသွားပြီ”

၎

င

၎

၎

၎

င

၎

၎

All Chapters