← Chapters

ကမ္ဘာဦးတိုက်ပွဲနယ်မြေတွင် တိုက်ခိုက်ခြင်

Vol. 11-16 Ch. 214

ကမ္ဘာဦးတိုက်ပွဲနယ်မြေတွင် တိုက်ခိုက်ခြင်

Vol. 11-16 Ch. 214

အခန်း (၂၁၄) : ကမ္ဘာဦးတိုက်ပွဲနယ်မြေတွင် တိုက်ခိုက်ခြင်း

ကမ္ဘာဦးတိုက်ပွဲနယ်မြေ၏ အပြင်ဘက် မိုင်၅၀၀ အကွာရှိ သွေးနတ်ဆိုးတောင်ကြား၌…

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဝတ်စုံကို ဝတ်ဆင်ထားသော တပည့်အုပ်စုတစ်စုက တောင်ကြားထဲသို့ ဝင်ရောက်လာသည်။

“ အားလုံး သတိထားကြနော်။ ဒီသွေးနတ်ဆိုးတောင်ကြားက တိုက်ပွဲနယ်မြေရဲ့ အတွင်းပိုင်းနယ်မြေဆီ သွားဖို့အတွက် တစ်ခုတည်းသော လမ်းပဲ။ ချုံခိုတိုက်ခိုက်မှုတွေအတွက် အမြဲသတိကပ်ထားနော်” ကျန့်စန်းက သူ့အဖွဲ့ကို သတိပေးလိုက်သည်။ သူက အဖွဲ့ခေါင်းဆောင်ဖြစ်သည့်အတွက် အားကောင်းသော အရှိန်အဝါ ရှိသည်။

သူက အံ့ဖွယ်မိုးကောင်းကင်၏ အခြေတည်အဆင့် စာရင်းတွင် အဆင့်၁၀ ချိတ်ပြီး စွမ်းအားကြီးသော အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်သည်။ ရှန်ထျန်း၊ ကျောက်ဟောင်နှင့် ကွေ့ကုန်းကုန်းတို့ အထွတ်အမြတ်မြေကို ရောက်မလာခင်အထိ သူ့အဆင့်အတန်းက မြင့်မားခဲ့သည်။

ချင်ယွင်တိအပြင် သူ့ကို ယှဉ်နိုင်သောသူ နည်းနည်းသာ ရှိသည်။

သို့သော် ရှန်ထျန်းတို့ အထွတ်အမြတ်မြေကို ရောက်လာပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့ရသည်။

ထိုသူများက ာမူလနတ်မိုးကြိုးကို ပိုင်ဆိုင်ထားသည့်အတွက် နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို ကျင့်ကြံသည်နှင့်တစ်ပြိုင်နက် အခြေခံကို နားလည်ဖို့ သူတို့အတွက် လွယ်ကူသည်။

မူလနတ်မိုးကြိုးက သူတို့၏ စွမ်းအားကို မြှင့်တင်ပေးလိုက်သည့်အတွက် သူတို့ပညာရပ်များတွင် ကြီးမားသော အကျိုးအမြတ် ရှိသည်။

သူတို့က ရှန်ထျန်းနှင့် နှိုင်းယှဉ်လိုက်လျှင် အရမ်းအားနည်းပုံ ပေါ်သော်လည်း သူတို့က အထွတ်အမြတ်မြေတွင် ကျန်ရှိသော အခြေတည်အဆင့်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လိုက်လျှင် စွမ်းအားကြီးသော ကျင့်ကြံသူများ ဖြစ်ကြသည်။

အထူးသဖြင့် တော်ဝင်နေမင်းကျမ်းကို ကျင့်ကြံထားသည့် ကျောက်ဟောင်၊ ချင်ကောင်းနှင့် ကွေ့ကုန်းကုန်းတို့ပင် ဖြစ်ကြသည်။

ထိုကျင့်စဉ်တင် မကသေးဘဲ ကျောက်ဟောင်တွင် နန်မင်လီမီးတောက်နှင့် ချန်းယန်ဓားပညာရပ်လည်း ရှိသေးသည်။ ထိုအရာများက သူ့ကို အခြေတည်အဆင့် ကျင့်ကြံသူများကြားတွင် ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်လုနီးပါး ဖြစ်စေပြီး သူက ရှန်ထျန်းနှင့် ချင်ယွင်တိတို့ထက်သာ အားနည်းတော့သည်။

ချင်ကောင်းကလည်း တခြားသူတွေကို အမြန်ဆုံး အမှီလိုက်နိုင်ခဲ့သည်။ နိဗာနတော်ဝင်ရေစင်ကို သန့်စင်ပြီးနောက် သူလည်း အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာပြီး ဟရူးဂါနတ်ဆိုးကျမ်းမှာလည်း ဆရာတစ်ဆူ ဖြစ်ခဲ့သည်။

သူ၏ ဓားရေးတိုက်ခိုက်မှုကလည်း သူမတူအောင် မြန်ဆန်ပြီး သူနှင့် အဆင့်တူ ကျင့်ကြံသူများက သူ့ဆီမှ တိုက်ကွက် သုံးခါလောက်သာ ခံနိုင်မည်ဖြစ်ပြီး တချို့က သူ့ကို သုံးကွက်လူသား ဟု ခေါ်ဆိုနေကြပြီ ဖြစ်သည်။

စုန့်ဖူကွေ့၊ လျှိုထိုက်ယီ၊ လျှိုကျစ်ကျားနှင့် ရှုန်းမုန့်တို့၏ စွမ်းအားကလည်း နိဗာနတော်ဝင်ရေစင်နှင့် နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကြောင့် တိုးပွားလာခဲ့ပြီး စာရင်း၏ ထိပ်ဆုံးအယောက် ၃၀ ထဲတွင် ပါဝင်လာခဲ့သည်။

အဆင့်မြင့်နေခဲ့သော တခြားတပည့်များပင် သူတို့ကြောင့် အဆင့်အောက်ကျသွားခဲ့ရသည်။ သို့သော် သူတို့လည်း အရင်ကထက် အထူးအခွင့်အရေးပိုပြီး ရရှိသည့်အတွက် ထိုအရာနှင့်ပတ်သက်ပြီး အပြစ်မတင်ပေ။

ရှန်ထျန်း ရောက်လာကတည်းက မိုးကြိုးဖောက်ခွဲရေးအဆောင်၏ ဈေးနှုန်းက သိသာစွာ ကျဆင်းသွားခဲ့သည်။ အပြင်ဘက်နှင့် နှိုင်းယှဉ်လိုက်လျှင် ဈေးနှုန်းတစ်ဝက်သာ ရှိတော့သည်။

ဈေးချိုသော အဆောင်များကြောင့် တပည့်များ စွန့်စားခရီးသွားသည့်အခါ ပိုပြီး လုံခြုံမှု ရှိလာသည်။ တချို့က အထွတ်အမြတ်မြေမှ မဟုတ်သော မိတ်ဆွေများအတွက်ပါ အဆောင်များ ဝယ်ပေးရင်း ပိုက်ဆံဝင်အောင် လုပ်နေကြသည်။

ထို့ကြောင့် လူတိုင်းက သူတော်စင်အသစ်ကို သဘောကျကျပြီး စိတ်ပါလက်ပါ ထောက်ခံလေးစားကြသည်။

“ အစ်ကိုယွင်တိနဲ့ ကျောက်ဟောင်တို့ သူတော်စင်နဲ့အတူ ဘာတွေလုပ်နေလဲဆိုတာ သိချင်လိုက်တာ”

ကျန့်စန်းက သက်ပြင်းချကာ ရေရွတ်လိုက်သည်။

ငါ ကြားထားတာတော့ ငါတို့ရဲ့ သူတော်စင်က ကံကြမ္မာရဲ့သားတော်တဲ့။ သူက လျှောက်သွားရင်းနဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေကို ကြုံတွေ့ရတယ်တဲ့

အရမ်းအားနည်းနေတာက ငါ့အမှားပါ။ ငါ့ခွန်အားက မလုံလောက်သေးသလို သူ့ကို မျက်နှာချိုသွေးတဲ့နေရာမျာလည်း အစ်ကိုချင်နဲ့ အစ်ကိုစုန့်တို့လိုမျိုး မတော်ပြန်ဘူး။ သူတို့လိုသာ တော်ခဲ့ရင် သူတော်စင်က သူတို့နဲ့အတူ ငါ့ကိုလည်း စစ်ဆေးမှု လုပ်ဖို့ ခေါ်သွားမှာပဲ။ အခု အရမ်းမနာလိုဖြစ်တာပဲ

ကျန့်စန်းက ဒီအတွေးကို တခြားသူတွေဆီ မပြောပြဖူးသော်လည်း အားလုံးက သူ ဘာစဉ်းစားနေလဲဆိုတာကို သိကြသည်။

ကမ္ဘာဦးတိုက်ပွဲနယ်မြေရှိ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတပည့်များက ကောင်းမွန်သော အုတ်မြစ်ရှိသည့် အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ဒီလိုကျင့်ကြံသူတွေ များပြားသော်လည်း တစ်ယောက်ချင်းစီက တခြားဂိုဏ်းတစ်ခု၏ ပင်မတပည့် ဖြစ်နေနိုင်သည့်အတွက် တန်ဖိုးကျအောင် မလုပ်ကြပေ။

သူတို့က အရည်အချင်း ရှိသည့်အတွက် သူတို့သူတော်စင်က ဘယ်လောက်ထိအံ့ဩဖို့ကောင်းပြီး တခြားသူတွေထက် သာလွန်လဲဆိုတာကို သူတို့ ခံစားကြည့်လို့ ရသည်။

ကောင်းချီးပေးခံရသူများအဖွဲ့ထဲသို့ ဝင်ပြီးနောက် သူတော်စင်၏ ဆွဲဆောင်မှုနှင့် လွှမ်းမိုးမှုက သူတို့ကို ဆက်တိုက် ညှို့ယူဖမ်းစားထားသည်။ ရှန်ထျန်း၏ အပြုံးကို မြင်ပြီးနောက် မည်သည့်အမျိုးသမီးကျင့်ကြံသူများမှ သူတို့ကိုသူတို့ မထိန်းချုပ်နိုင်ကြပေ။

ကျင့်ကြံသူအမျိုးသားများကတော့ …မိုးကြိုးဖောက်ခွဲရေးအဆောင် လျှော့ဈေးကို မြင်ပြီး သူတို့ကိုသူတို့ မထိန်းချုပ်နိုင်ဖြစ်သွားကြသည်။

ကောင်းချီးပေးခံရသူများအဖွဲ့ထဲကို ဝင်ပြီးတာနဲ့ အကျိုးအမြတ်တွေ ရကြတယ်ဆိုရင် သူ့ကို ကူညီပေးရင် ဘာတွေများထပ်ပြီးတော့ ရကြဦးမှာလဲ

ကျန့်စန်းက အခု အရမ်းကို အားကျနေလေပြီ။

ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ ကံအပြောင်းအလဲ အခွင့်အရေးတွေ အများကြီးပဲ ရှိတယ်။ သူတို့ အခုလောက်ဆိုရင် အကျိုးအမြတ်ရမဲ့အရာတွေ ရှာတွေ့နေလောက်ပြီ

ငါ သူတို့ကို အရမ်းအားကျတာပဲ

ငါလည်း သူတော်စင်ကို နည်းနည်းလောက်ပိုပြီးတော့ မျက်နှာချိုသွေးခဲ့ရမှာ

အား…အခုတော့ အရမ်းကို ရင်နာနေပြီ

ကျန့်စန်းက သိုလှောင်လက်စွပ်ထဲမှာ အဖြူရောင်အရည် ပုလင်းကို ထုတ်လိုက်သည်။

“ အားလုံးပဲ သတိထားကြနော်။ တစ်ယောက်နဲ့တစ်ယောက် ကူညီပြီးတော့ ရေစင်ကို အသင့်ပြင်ထားကြ”

တပည့်ဆယ်ယောက်က လက်ထဲတွင် ယင်ယန်မိုးကြိုးဖောက်ခွဲရေး အဆောင်အချို့ကို ကိုင်ဆောင်ကာ သွေးနတ်ဆိုးတောင်ကြားထဲသို့ သတိထားကာ ဝင်သွားကြသည်။

သူတို့၏ အတွေ့အကြုံအရ အနည်းဆုံး ရွှေအမြုတေအဆင့် မိစ္ဆာဝိညာဉ် တစ်ယောက်၊ နှစ်ယောက်တော့ ရှိနေနိုင်သည်။ သူတို့ဆယ်ယောက်အတူတူ ဝိုင်းဝန်းတိုက်ခိုက်ပါက အနိုင်ရဖို့ မခက်ခဲသော်လည်း သူတို့ သတိထားမှ ဖြစ်မည်။

ပြိုင်ဘက်က သူတို့ထက် ကျင့်ကြံဆင့် တစ်ဆင့် မြင့်နေနိုင်သည်။

ကျန့်စန်းက အားလုံးကိုဦးဆောင်ကာ တောင်ကြားထဲသို့ ဖြည်းဖြည်းချင်း သတိထားကာ ဝင်သွားသည်။ သူတို့ တောင်ကြားအလယ်သို့ ရောက်ခါနီးတွင် သွေးညှီနံ့ကို စတင်ရရှိလိုက်သည်။

“ အဲဒါ သွေးနတ်ဆိုးပဲ။ သတိထား”

သူတို့ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲသို့ မဝင်ခင် စစ်ဆေးမှုအတွက် နည်းလမ်းများကို မှတ်သားထားခဲ့သည်။

ကျန့်စန်းက အော်ပြောလိုက်သည်

“ ညီအစ်ကိုတို့ အံ့ဖွယ်မိုးကောင်းကင် မိစ္ဆာသုတ်သင်ဓားကွက်ကို သုံးကြ”

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက တပည့်များကို ကောင်းကောင်း လေ့ကျင့်ပေးထားသည့်အတွက် ကျန့်စန်း၏ အမိန့်ကိုကြားသည်နှင့်တစ်ပြိုင်နက် သူတို့၏ ဓားများ ပျံထွက်လာကာ အဖွဲ့ကို စက်ဝိုင်းပုံစံ ဝိုင်းထားလိုက်သည်။

ဓားပေါ်တွင် မိုးကြိုးလက်ခနဲ ဖြစ်သွားပြီးနောက် ကာကွယ်ရေး ဒိုင်းကာ ဖြစ်သွားသည်။

သွေးညှီနံ့ ပိုမိုပြင်းထန်လာပြီးနောက် ခြေသံပြင်းပြင်းတွေ သူတို့ဆီ ချဉ်းကပ်လာသည်ကို ကြားလိုက်ရသည်။

မကြာမီမှာပင် သွေးနတ်ဆိုးကြီးတစ်ကောင် သူတို့ရှေ့မှောက် ရောက်ရှိလာသည်။ သူ့ခန္ဓာကိုယ်က ကြက်သွေးရောင်သွေးဖြင့် လုပ်ထားပြီး အနီရောင် ခေါင်းဆောင်းကို ဆောင်းထားသည်။

နတ်ဆိုး ထုတ်လွှတ်သော ပြင်းထန်သည့်ဖိအားကြောင့် ကျန့်စန်းတစ်ယောက် စိတ်ခြောက်ခြားသွားရသည်။

ဒါက ရွှေအမြုတေအဆင့် သွေးနတ်ဆိုးလုံးဝ မဟုတ်ဘူး။ သူက ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူထက်တောင် သန်မာနေသေးတယ်

ကျန့်စန်းက လျင်မြန်စွာ အမိန့်ပေးလိုက်သည်

“ သူ့ကို အနိုင်ရနိုင်မဲ့ နည်းလမ်း မရှိဘူး။ မင်းတို့ရဲ့ မိုးကြိုးဖောက်ခွဲရေး အဆောင်တွေကို အသုံးပြုပြီးတော့ လွတ်မြောက်အောင်လုပ်ကြ”

ကျန့်စန်းက ကြောက်ရွံ့မနေဘဲ ဆုံးဖြတ်ချက် မြန်မြန်ချလိုက်သလို ကျန်လူတွေကလည်း တွေဝေခြင်း မရှိ လိုက်နာကြသည်။

ဝှီး…

ဝှစ်…ဝှစ်…ဝှစ်...

ဝှစ်…ဝှစ်…ဝှစ်…ဝှစ်…

များပြားသော ယင်ယန်မိုးကြိုးဖောက်ခွဲရေးအဆောင်များ သွေးနတ်ဆိုးဆီ ပစ်လွှတ်ကာ ဖောက်ခွဲပစ်လိုက်သည်။

ကံမကောင်းစွာဖြင့် သူတို့က ချင်ယွင်တိလိုမျိုး ဖောက်ခွဲရေး မလေ့ကျင့်ခဲ့ရသည့်အတွက် ဖောက်ခွဲရေးလမ်းကြောင်းက အရမ်းလွဲချော်နေသည်။

အဆောင်များက သွေးနတ်ဆိုးကို ထိန်းရုံသာ ထိန်းထားနိုင်ပြီး နာကျင်အောင် လုပ်လို့မရ ဖြစ်နေသည်။ အဆောင်များ မပစ်လွှတ်နိုင်တော့သည့်အခါ သွေးနတ်ဆိုးက သူတို့နှင့် ခြေလှမ်းတစ်လှမ်းအကွာသို့ ရောက်ရှိနေလေပြီ။

နတ်ဆိုးက မြေပြင်ပေါ်သို့ ခြေဆောင့်လိုက်သည့်အခါ သွေးရေကန်လေး တစ်ကန်က သူတို့ကို ရွှံ့နွံများကဲ့သို့ တိုက်ခိုက်တော့သည်။

ခဏအကြာတွင် မြေပြင်တစ်ခုလုံးကို သွေးရေကန်က ဖုံးလွှမ်းသွားကာ အလယ်တွင် ဝဲဂယက်တစ်ခု ပေါ်လာသည်။ ကျင့်ကြံသူများက ထိုအထဲတွင် ပိတ်မိနေပြီး ဝဲဂယက်ဆီသို့ ဖြည်းဖြည်းချင်း စုပ်ယူခံနေရသည်။

“ သေစမ်း…သွေးနတ်ဆိုးတောင်ကြားမှာ ဘာလို့ ကနဦးဝိညာဉ်အဆင့် မိစ္ဆာရှိနေရတာလဲ”

“ ဒါက အခြေတည်အဆင့် ကျင့်ကြံသူတွေအတွက် စစ်ဆေးမှု မဟုတ်ဘူးလား။ ဒီလောက်ထိ သန်မာပြီး မသေနိုင်တဲ့ မိစ္ဆာနဲ့ဆိုရင်တော့ ရူးတော့မှာပဲ ”

“ အမှန်အတိုင်းပြောရရင် ကနဦးဝိညာဉ်အဆင့် မိစ္ဆာတွေအကုန်လုံးက ကမ္ဘာဦးတိုက်ပွဲနယ်မြေရဲ့ အလယ်မှာ ရှိနေသင့်တာလေ”

“ ငါတို့ ဂိုဏ်းတူအစ်ကိုကို လိုအပ်တယ်။ သူတော်စင် အမှတ်အသားပြားကို ခေါ်ပြီးတော့ အကူအညီ လှမ်းတောင်းလိုက်”

“ ဟုတ်တယ် သူတော်စင်ဆီမှာ ဒီမိစ္ဆာကို သတ်ဖို့အတွက် နည်းလမ်းရှိလိမ့်မယ်”

ခဏအကြာတွင် အော်သံများ၊ ငိုသံများကို သွေးရေကန်က ဝါးမြိုသွားသည်။

သွေးနတ်ဆိုးတောင်ကြားလည်း တစ်ဖန်ငြိမ်သက်သွားကာ နတ်ဆိုးလည်း ဖြည်းဖြည်းချင်း ထွက်သွားသည်။

အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသားခြောက်ယောက်လည်း အမှောင်ထုထဲမှ ထွက်ပေါ်လာကြသည်။ သူတို့က သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်သော ထူးခြားသည့် မျက်နှာဖုံးများကို ဝတ်ဆင်ထားပြီး သူတို့၏ အင်္ကျီလက်ဖျားတွင် သတ္တု၊ သစ်သား၊ မီး၊ မြေ နှင့် အားလုံး စာလုံးတို့ကို ပန်းထိုးထားသည်။

“ ဒီနေရာက အမဲလိုက်ဖို့အတွက် အကောင်းဆုံးနေရာပဲ။ အရှင်က အရမ်းပါးနပ်တာပဲနော်။ သစ်သားနက် အရှင်ကို အရမ်းလေးစားမိပါတယ်”

“ ဒါက ကျွန်တော်တို့ ဖမ်းမိတဲ့ ခုနစ်ယောက်မြောက်အဖွဲ့ပဲ။ အရှင်က အရမ်းတော်တာပဲ”

“ အရှင် ကျွန်တော်တို့ ဘာလို့ သူတို့ အကူအညီတောင်းခံတာကို မတားမြစ်ရတာလဲ”

သူ့အင်္ကျီလက်ပေါ်တွင် “ အားလုံး” ဟူသော စာလုံးပါသည့်သူက ပညာသားပါပါ ပြောလိုက်သည်

“ ငါ့မှာ အစီအစဉ်ရှိပြီးသားပါ။

ဒီစစ်ဆေးမှုနဲ့ ပတ်သက်ပြီးတော့ ကြိုတင်လေ့လာမှု လုပ်ထားပြီးသားပါ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ပင်မတပည့်တွေဖြစ်တဲ့ ရှန်ထျန်း၊ ချင်ယွင်တိ၊ ကျောက်ဟောင်တို့ ပါဝင်ပြီးတော့ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက တပည့်ရင်း ရှောင်လင်းတို့လည်း ပါလာတယ်။

သူတို့က အခြေတည်အဆင့် ကျင့်ကြံသူတွေဆိုပေမဲ့ သူတို့ဆီမှာ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတွေထက်ပိုပြီးတော့ ရတနာတွေ ပိုပြီးတော့ များပြားတယ်။ အထူးသဖြင့် ရှန်ထျန်းပေါ့။ သူ့ဆီမှာ နိဗာနတော်ဝင်ရေစင်တွေ အများကြီးရှိတယ်လို့ ငါ ကြားထားတယ်။ သူက တခြားအရည်အချင်းရှိတဲ့ ကျင့်ကြံသူတွေထက် အဆထောင်ပေါင်းများစွာ ပိုပြီးတော့ တန်တယ်”

ဟေးယွမ်က မျက်နှာဖုံး ချွတ်ကာ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီးနောက် မျက်နှာဖုံးကို ပြန်တပ်ကာ ဆက်ပြောသည်

“ သူ့ကိုသာ ဖမ်းနိုင်ရင် ငါတို့ရဲ့အစီအစဉ် အောင်မြင်ဖို့အတွက် အခွင့်အရေး ပိုများတယ်။

ငါ သွေးနတ်ဆိုးတစ်ကောင်ပဲ လွှတ်လိုက်တာက ဒီလူတွေ သူတို့မိတ်ဆွေတွေကို ကယ်ဖို့ အခွင့်အရေးရှိသေးတယ်လို့ ထင်သွားအောင်လို့လေ။ ပြီးသွားရင်  သူတို့ကို တစ်ခါတည်း ဖမ်းလိုက်မယ်လေ။ ငါ အဲဒီငှက်နတ်ဆိုးတွေကိုလည်း ဖမ်းချင်တယ်။ ဒါပေမဲ့ အဲလိုဆိုရင် အရမ်းဒုက္ခရောက်လိမ့်မယ်”

ဟေးယွမ်၏ အဖွဲ့သားများက သူ့အစီအစဉ်ကို ကြားပြီးနောက် ချီးကျူးကြသည်။

“ ဝိုး…အရှင်က အရမ်းပါရမီရှိတာပဲ။ အကုန်လုံးကို စီစဉ်ပြီးသားနော်။”

“အရှင် ရှာနေတဲ့ ရတနာကို ရမယ်ဆိုရင် အနာဂတ်အတွက် ဘာမှ ထပ်ပြီးတော့ စိတ်ပူစရာ မလိုတော့ဘူး”

“ အရှင် နောက်ကျရင် အရှင့်အပေါ်ပဲ အားကိုးပါ့မယ်”

ဟေးယွမ်က မျက်နှာချိုသွေးသောသူများကြောင့် အရမ်းကျေနပ်နေသည်။

သူက ပြုံးကာ လက်ယမ်းပြပြီး ပြောလိုက်သည်

“ ခင်ဗျားတို့က မိစ္ဆာဝိညာဉ်ရဲ့ ပင်မအဖွဲ့ဝင်တွေလေ။ အနာဂတ်မှာ သေချာပေါက် ဆုချခံရမှာပါ”

ထို့နောက် ဟေးယွမ်က မျက်မှောင်ကြုတ်ကာ တောင်ကြား၏ တခြားတစ်ဖက်ကို ကြည့်ရင်း ပြောလိုက်သည်

“ တစ်ယောက်ယောက်တော့ ဒီကိုရောက်လာပြီ”

သူတို့ခြောက်ယောက်က အမှောင်ထဲ အမြန်ပုန်းကာ လမ်းကြောင်းကို ကြည့်နေလိုက်ကြသည်။

အပေါ်ပိုင်း ကိုယ်လုံးတီးဖြစ်နေသော အမျိုးသားတစ်ယောက်က ရွှေရောင် အလင်းတန်းနှင့်အတူ ထွက်လာသည်။ သူ့ကျောပေါ်တွင် ရွှေရောင်တောင်ပံတစ်စုံ ပါရှိနေသည့်အတွက် သူက လူသားကျင့်ကြံသူ မဖြစ်နိုင်ပေ။

ဟေးယွမ်က အမှောင်ထုထဲတွင် ပြုံးလိုက်သည်။

“ မင်းပဲ…အခု မင်းတစ်ယောက်တည်းလား။ ဟင်း…ဟင်း…မင်းက ငါ့အိမ်မွေးတိရစ္ဆာန်ကို သတ်ထားဆိုတော့ အခု ငါ လက်စားချေရမဲ့အချိန်ပဲ”

All Chapters