← Chapters

နတ်ဘုရားလောကမှ မျှော်နန်းဆောင်

Vol. 11-16 Ch. 220

နတ်ဘုရားလောကမှ မျှော်နန်းဆောင်

Vol. 11-16 Ch. 220

အခန်း (၂၂၀) : နတ်ဘုရားလောကမှ မျှော်နန်းဆောင်

အနီရောင်သန်းနေသော အနက်ရောင်ပိတုန်းက ကမ္ဘာဦးတိုက်ပွဲနယ်မြေ၏ ပြင်ပနယ်မြေများကို ဖြတ်ကာ ပျံသန်းလာသည်။ တောင်ပံခတ်နှုန်းက အရမ်းမြန်ဆန်ပြီး တိုက်ပွဲနယ်မြေကို ဖြတ်သန်းသွားကာ ကန္တာရတောင်ကြားတွင် ဆင်းသက်သွားသည်။

ထိုကန္တာရတောင်ကြားတွင် အနက်ရောင်ဝတ်ရုံနှင့် လူသုံးယောက်က တင်ပျဉ်ခွေကာ ထိုင်နေကြသည်။ ပိတုန်းက လူတစ်ယောက်၏ လက်ပေါ်တွင်နားကာ နတ်မျှော်နန်းဆောင်အသိစိတ်မှတစ်ဆင့် လျှို့ဝှက်စွာ သတင်းပို့နေသည်။

အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသား၏ မျက်နှာထားက ရုတ်ချည်း ပြောင်းလဲသွားကာ ပြောလိုက်သည်

“ သတင်းဆိုးပဲ။ အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်က သခင်လေးကို ဖမ်းသွားပြီ။”

“ ဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ သခင်ကြီးက သခင်လေးကို စုစုပေါင်း အထွတ်အမြတ် သွေးဆေးလုံး ခြောက်လုံးတောင် ပေးလိုက်တာလေ။ ဒါဆိုရင် ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးခြောက်ကောင်ကို ယဉ်ပါးအောင် လုပ်ဖို့အတွက် လုံလောက်ပါတယ်။”

“ သခင်လေးက တိုက်ပွဲနယ်မြေမှာ ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်နေသင့်တာ”

“ အထွတ်အမြတ်မြေက သတင်းတွေရပြီးတော့ ထောင်ချောက် ကြိုဆင်ထားလို့များလား”

“ သခင်ကြီးဆီ မြန်မြန်သတင်းသွားပို့။ ဒီတာဝန်နဲ့ ပတ်သက်ပြီးတော့ ငါတို့ လွဲမှားလို့ မရဘူး” ထိုလူသုံးယောက်က တစ်ညီတစ်ညွတ်တည်း  မတ်တပ်ထရပ်လိုက်ကြသည်။ သူတို့ ခန္ဓာကိုယ်လေး အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ကန္တာရတောင်ကြားထဲ ပျောက်ကွယ်သွားသည်။

…………….

အရှေ့ပိုင်းလွင်ပြင်ရှိ မဟာလေဟာနယ် အထွတ်အမြတ်မြေ၏ သူတော်စင်တောင်ပေါ်တွင် ဖြစ်သည်။ ထိုနေရာက မဟာလေဟာနယ် သူတော်စင်  ကျင့်ကြံအားထုတ်သောနေရာ ဖြစ်၏။ လာရောက်လည်ပတ်သူလည်း ရှားပါးလှသည်။ အဘယ်ကြောင့်ဆိုသော် အရှေ့ပိုင်းလွင်ပြင်ရှိ မဟာလေဟာနယ်သူတော်စင်က တခြားသူများနှင့် ပြောဆိုဆက်ဆံရခြင်းကို မုန်းသောကြောင့် ဖြစ်ပြီး အရှေ့ပိုင်းလွင်ပြင်တစ်ခွင်ရှိ ရွှေအမြုတေစာရင်းတွင် အဆင့်လေး ချိတ်သော ဤပါရမီရှင်၏ စွမ်းအားက နားလည်ရခက်ခဲသည်ဆိုသော ကောလဟာလများလည်း ရှိသည်။

မဟာလေဟာနယ်သူတော်စင် ဝမ်ရှန်းယုက တခြားသူများနှင့် ယှဉ်ပြိုင်မှုမရှိဘဲ မသိမသာနေတတ်သည့်အတွက် ထိပ်ဆုံးသုံးယောက်တည်းပါအောင် မလုပ်နိုင်ခဲ့ပေ။ သူ့ဆီမှာ အံ့ဖွယ်လေဟာနယ် ကိုယ်ထည်ရှိပြီး စွမ်းအားအကြီးဆုံးသော ခန္ဓာတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသည်ဟု ပြောကြသည်။ သို့သော် ထိုအရာက ကျိန်စာတိုက်ခံထားရသော ခန္ဓာတစ်ခုလည်း ဖြစ်သည်။

ထိုကဲ့သို့သော ခန္ဓာကိုယ်မျိုးပိုင်ဆိုင်ထားသည့် ပါရမီရှင်များ အားလုံးက စွမ်းအားကြီးပြီး အာကာပြင်ကို ထိန်းချုပ်နိုင်စွမ်း ရှိသော်လည်း သူတို့၏ သက်တမ်းက ဖြည်းဖြည်းချင်း တိုသွားလိမ့်မည်။ ဝမ်ရှင်းယုက သူ၏ အံ့ဖွယ်လေဟာနယ် ကိုယ်ထည်ဖြင့် မဟာလေဟာနယ် ကျမ်းဂန်ပညာရပ်ကို အသက်သွင်းလိုက်တိုင်း သက်တမ်းတိုသွားမည် ဖြစ်၏။ သူတို့ တခြားသူများနှင့် မတိုက်ခိုက်လျှင်ပင် အံ့ဖွယ်လေဟာနယ် ကိုယ်ထည်ကို ပိုင်ဆိုင်ထားသောသူများ၏ သက်တမ်းက တခြားကျင့်ကြံသူများထက် တိုတတ်သည်။

သူတို့အကုန်လုံး စောစီးစွာ သေသွားတတ်ကြသည်။ ထို့ကြောင့် ဝမ်ရှန်းယုက တစ်ယောက်တည်းနေပြီး ကျင့်ကြံနေခြင်း ဖြစ်သည်။ သူ၏ တိုက်ပွဲမှတ်တမ်းများက မကောင်းမွန်သောကြောင့် ချီရှောက်ရွှမ်၊ ဗောဓိသတ္တဝ ကူသို့နှင့် ဖန်ချန်းတို့အောက် အဆင့်နိမ့်နေသည်။ သို့သော် သူသာ အပြင်ထွက်ပြီး တိုက်ခိုက်ပါက ချီရှောက်ရွှမ်ထက် အဆင့်မနိမ့်နိုင်ဘူးဟု လူအများက ယုံကြည်ထားကြသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက မိစ္ဆာဝိညာဉ်နှင့် တိုက်ခိုက်သော တိုက်ပွဲတွင် မဟာလေဟာနယ် သူတော်စင်က အံ့ဩမှင်သက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်ပြသခဲ့သည်။

အချိန်က ဘုရင်ဖြစ်ပြီး အာကာပြင်က ဧကရာဇ် ဖြစ်သည်။

အာကာပြင်၏ ပညာရပ်များက အလွန်အမင်းစွမ်းအားကြီးကြောင်း သံသယဝင်စရာ မရှိပေ။ ဘယ်သူမှ မလိုအပ်ဘဲနှင့် မဟာလေဟာနယ်အထွတ်အမြတ်မြေမှ လူများကို ဘယ်သူမှ သွားမရှုပ်ရဲကြပေ။

သူတို့က ပုံမှန်အားဖြင့် လက်တွေ့ကျစွာ ပြုမူပြီး လူမသိသူမသိလေးသာ နေကြသည်။ သို့သော် တိုက်ခိုက်ပြီးဆိုလျှင်လည်း အသေအကြေ တိုက်ခိုက်ကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဆီမှာ များများစားစား ဆုံးရှုံးစရာလည်း မရှိတော့ပေ။ သူတို့ဆီမှာ သက်တမ်းရာကျော်လောက်သာ ရှိပြီး သူတို့၏ ပြိုင်ဘက်ဆီမှာ သက်တမ်းထောင်ကျော် ရှိသည်။ ထိုအရာက သူတို့အတွက် စတေးမှုဟု မခေါ်ဆိုနိုင်ဘဲ တကယ်ကောင်းမွန်သော အပေးအယူဟု ပြောနိုင်သည်။

လက်ဖက်ရည်ကြမ်း ရနံ့က သူတော်စင်ကျောင်းဆောင်၏ အတွင်းတွင် ပျံ့နှံ့သွားသည်။

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က ခန်းမကြီး၏ အလယ်တွင် တင်ပျဉ်ခွေကာ ထိုင်နေသည်။ ရုပ်ရည်က ချောမောသန့်ပြန့်သော်လည်း အသားအရည်က ဖျော့တော့ပြီး မျက်ကွင်းညိုနေသည်ကိုလည်း တွေ့နိုင်သည်။ ငယ်ရွယ်သော အမျိုးသမီး လေးယောက်က သူ့ဘေးတွင် တန်းစီပြီး မတ်တပ်ရပ်နေသည်။ သူတို့က သန့်ပြန့်နေသော အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး သူ့အတွက် ဝိညာဉ်လက်ဖက်ရည်ကြမ်း နှပ်ပေးနေသည်။ ထိုအရာက သာမန်ဝိညာဉ် လက်ဖက်ရည်ကြမ်း မဟုတ်ပေ။

သွေးအဆီအနှစ်၊ ဆော်လမွန်၏ ကြေးခွံ၊ ဝိညာဉ်စွန်ပလွံသီး၊ ဂိုဂျီဘယ်ရီသီးနှင့် တခြားသော အဖိုးတန်ဆေးဖက်ဝင်အပင်များကို လက်ဖက်ရည်ကြမ်းထဲသို့ ထည့်ထားသည်။ ဆေးပင်များက အနည်းဆုံးနှစ်ပေါင်းတစ်သောင်း သက်တမ်းရှိပြီး အရမ်းအဖိုးတန်သည်

“ အစ်ကို … အဲဒီ ချီရှောက်ရွှမ်က လှည့်လည်သွားလာပြီးတော့ တခြားသူတွေကို စိန်ခေါ်နေတာ။ အရမ်းစိတ်ကြီးဝင်နေတာပဲ။ သူက လူငယ်မျိုးဆက်က ပါရမီရှင်တွေအကုန်လုံးကို စိန်ခေါ်တာ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတွေတောင် ပါတယ်တဲ့။ သူ့ကိုယ်သူ သရဖူကို လက်လွှတ်လိုက်တဲ့ဘုရင်လို့ ထင်နေတာ။”

“ ဟုတ်တယ်။ ငါတို့ရဲ့အစ်ကိုသာ ခန္ဓာကိုယ် အားနည်းမနေရင် အဲဒီလူအနေနဲ့ အရှေ့ပိုင်းလွင်ပြင်တစ်ခွင်က ရွှေအမြုတေ ကျင့်ကြံသူတွေကြားထဲမှာ နံပါတ်တစ်ချိတ်စရာ အကြောင်းကို မရှိဘူး”

“ အစ်ကိုရှန်းယု အားအင်ပြည့်လာဖို့အတွက် ရတနာငါးသွယ် လက်ဖက်ရည်ကြမ်းလေး နောက်ထပ် သောက်လိုက်ပါဦး။ အဲဒီလူ ကျွန်မတို့ကို စိန်ခေါ်ရဲတယ်ဆိုရင် သူ့ကို သတ်ပစ်လိုက်”

ဝတ်စုံဖြူဝတ်ဆင်ထားသော အမျိုးသားက သူ၏ ဂိုဏ်းတူညီမ လေးယောက်၏ ဒေါသထွက် အပြစ်တင်သံများကြောင့် ရယ်ရမလား ငိုရမလားမသိဖြစ်နေသည်။

သူ့ ဂိုဏ်းတူညီမလေးများက စိတ်တိုလွယ်သလို စိတ်လိုက်မာန်ပါလည်း ပြုလုပ်တတ်ကြသည်။

အဲဒီလူကို သတ်ဖို့အတွက် ငါ့ကို မဟာလေဟာနယ် ကျမ်းဂန်ကို သုံးခိုင်းနေတာလား။ အဲဒါဆိုရင် သူတို့ရဲ့ သက်တမ်းမတိုဘဲ သူ့သက်တမ်းပဲ တိုသွားမှာလေ

ဝမ်ရှန်းယုက လက်ဖက်ရည်ကြမ်း တစ်ငုံသောက်ကာ ပြောလိုက်သည်

“ ညီမလေးတို့ရယ် ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ။ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပြီးတော့ လိုက်လျောညီထွေနေဖို့လည်း လိုအပ်တယ်”

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးလေးများက သက်ပြင်းချကာ ပြောလိုက်သည်

“ အစ်ကို ပိုပြီးတော့ ကြမ်းတမ်းလို့ မရဘူးလား။ သူက အခု ကျွန်မတို့ရဲ့ ခေါင်းပေါ် ရောက်တော့မယ်။ သူ့ကို မသတ်ခင် ကျွန်မတို့ရဲ့ခေါင်းပေါ် ချီးတက်ပါတာကို ဒီအတိုင်းကြည့်နေမလို့လား”

ဝမ်ရှန်းယု ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်သွားသည်။

ဒီညီမလေး လေးယောက်ရဲ့ မိဘတွေက ဘာတွေ ဖြစ်ခဲ့ကြတာလဲ။ သူတို့က ရှက်တတ်တဲ့ အမျိုးသမီးလေးတွေ မဟုတ်ဘူးပဲ

ဝမ်ရှန်းယုက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်

“ ညီမလေးတို့ရယ် ချီရှောက်ရွှမ်မှ အစ်ကိုကို စိန်မခေါ်တာ”

သူ့စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် တပည့်တစ်ယောက် သူတော်စင် ကျောင်းဆောင်ထဲသို့ ဝင်လာသည်။ သူက ဝမ်ရှန်းယုကို အားကျသော အကြည့်များဖြင့် ကြည့်လိုက်သည်။ ထိုကဲ့သို့ လှပသော ညီမလေးများ၏ ခစားမှုကို ခံရသည့် သူတော်စင်တစ်ယောက်၏ ဘဝက အရမ်းအားကျဖို့ ကောင်းသည်။ သို့သော် သူ ဘယ်လောက်ပဲ အားကျပါစေ သူက သတင်းပို့သမားလေး တစ်ယောက်သာ ဖြစ်သည်။ တပည့်က စစ်ကြေညာချက်တစ်ခုကို ကိုင်ဆောင်လာပြိး လက်နှစ်ဖက်ဖြင့် ရိုသေစွာ ပေးရင်း ပြောလိုက်သည်

“ သူတော်စင်ခင်ဗျ… ... ခရမ်းစံအိမ်သူတော်စင်ဖြစ်တဲ့ ချီရှောက်ရွှမ်ကနေ ပို့လိုက်တဲ့ တိုက်ပွဲဖိတ်ခေါ်ချက်ပါ”

ဝမ်ရှန်းယု၏ အရှေ့ရှိ စားပွဲလေးက အစိတ်စိတ်အမြွာမြွာ ဖြစ်သွားပြီးနောက် ဒေါသသံများ ထွက်ပေါ်လာသည်

“ သူက ကျွန်မတို့ကို တကယ်စိန်ခေါ်ရဲတယ်ပေါ့လေ။ ခရမ်းစံအိမ်အထွတ်အမြတ်မြေက အခု အရမ်းကြီးကျယ်နေပြီပေါ့လေ။ အစ်ကို သူ့ကို သတ်ပစ်လိုက်”

“ ငါတို့အစ်ကိုရဲ့ ခန္ဓာကိုယ်က အားနည်းတယ်ဆိုပြီးတော့ သူက အနိုင်ကျင့်ရဲတယ်ပေါ့လေ။ ငါတို့ရဲ့ အစ်ကို သေရမှာကို ကြောက်တယ်များ ထင်နေလားမသိဘူး”

“ အစ်ကို အဲဒီချီရှောက်ရွှမ်ကို ဖျက်စီးပစ်လိုက်။ အများဆုံး ကျွန်မတို့ အစ်ကို အသက်ကြီးသွားရင် စောင့်ရှောက်ပေးပါ့မယ်”

“ ကျွန်မတို့ မဟာလေဟာနယ် အထွတ်အမြတ်မြေရဲ့ ဂုဏ်သိက္ခာကို ဒီအတိုင်း ပုတ်ခတ်မခံနိုင်ဘူး။ ဒါတိုက်ပွဲပဲ”  သူ့နောက်မှ မိန်းကလေး လေးယောက်၏ ဒေါသကို ခံစားမိသည့်အတွက် ဝမ်ရှန်းယု၏ နဖူးမှချွေးစေးများပင် ကျလာသည်။

ဤစိတ်တိုလွယ်သော ညီမ လေးယောက်၏ ရှေ့တွင် သူ ကူကယ်ရာမဲ့နေသည်။

အရှေ့ပိုင်းလွင်ပြင်မှာရှိတဲ့ ပါရမီရှင်တွေက ဘာလို့ တိုက်ခိုက်တာနဲ့ သတ်ဖြတ်တာကို အရမ်းကြိုက်ကြတာလဲ။ သူတို့ ကောင်းကောင်းမွန်မွန် ရိုးရိုးသားသား ရှင်သန်လို့မရဘူးလား။ ချီရှောက်ရွှမ်ကို သတ်ရမယ်တဲ့လား။ ငါအသက်ကြီးသွားရင် စောင့်ရှောက်ပေးမယ်တဲ့လား။ ငါက အသက်နှစ်ဆယ်ထဲမှာပဲ ရှိသေးတာ။ ငါ့ရဲ့ လက်တွဲဖော်ကိုတောင် ရှာမတွေ့သေးဘူး။ ငါ့ကို စောင့်ရှောက်မယ်တဲ့လား။ ဘယ်သူ့ကို လိမ်ဖို့ စဉ်းစားနေတာလဲ။ ပြဿနာမရှိပါဘူး နောက်မှ လွတ်မြောက်ဖို့ နည်းလမ်းကို စဉ်းစားလိုက်မယ်။

အင်း ငါနဲ့အတူ ပြန်လည်နုပျိုစေတဲ့ လက်ဖက်ရည်ကြမ်းကို ဆောင်သွားရမယ်။

ငါ့ရဲ့အသက်ကို နောက်ထပ် နှစ်နှစ်လောက်ပဲ ထပ်ပြီးဆွဲဆန့်နိုင်မယ်ဆိုရင်ကို ထိုက်တန်ပါတယ်လေ

…………….

အပြင်လောကမှာ မုန်တိုင်းထန်နေစေကာမူ ရှန်ထျန်းတို့အဖွဲ့ကတော့ သူတို့၏ ရိုးရှင်းကောင်းမွန်သော စွန့်စားခရီးအပေါ် အာရုံစိုက်ထားသည်။

အဖွဲ့က ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲတွင် မိုင်၉၀၀ ကျော် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီးပြီ ဖြစ်သည်။

ထိုနေရာတွင် မြေပြင်တစ်ခုလုံး အနီရင့်ရောင် ဖုံးလွှမ်းနေသည်။ သူတို့ ရွှေအမြုတေအဆင့် ဝိညာဉ်မဲ့သတ္တဝါများဖြစ်သည့် သွေးနတ်ဆိုး၊ အရိုးနတ်ဆိုးနှင့် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးများကိုလည်း ကြုံတွေ့ခဲ့ရသည်။

သို့သော် ရှန်ထျန်း၏ စွမ်းအားပြည့်အဖွဲ့နှင့်တွေ့သည့်အခါ ထိုနတ်ဆိုးများလည်း ပြန်လည်ခုခံနိုင်စွမ်းမရှိကြပေ။

သူတို့၏ အဆင့်ကို နိဗာနတော်ဝင်ရေစင်၊ နဂါးသွေးမြက်နှင့် ဓားနှလုံးသားသစ်သီးတို့ဖြင့် မြှင့်တင်ပြီးနောက် ရှန်ထျန်းဘေးရှိ တစ်ယောက်ချင်းစီ၏ စွမ်းအားက အလျင်အမြန် တိုးပွားသွားသည်။ အားအနည်းဆုံးဖြစ်သည့် ရှန်အောင်းပင် အခြေတည်အဆင့် ထိပ်ဆုံးသို့ ရောက်ရှိသွားလေပြီ။ ထို့အပြင် အလွန်အမင်း ခိုင်ခံသောအုတ်မြစ်လည်း ရှိသွားသည်။

ညီလေး (၁၃)က ငါတို့ကို ကောင်းမွန်တဲ့အရာတွေ အများကြီးပေးတာပဲ။ စုန့်ဖူကွေ့၊ လျှိုထိုက်ယီနဲ့ တခြားသူတွေကို နားလည်ပေးလို့ ရလာပြီ။

သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်လိုက်သည့်အခါ ရွှေအမြုတေအဆင့် ဝိညာဉ်မဲ့သတ္တဝါကို မြန်မြန် ဖိနှိပ်သတ်ဖြတ်လို့ ရသွားသည်။ ထိုကဲ့သို့သော တိုက်ပွဲစွမ်းရည်နှင့်ဆိုလျှင် အထွတ်အမြတ်မြေများ၊ ကောင်းချီးနယ်မြေများနှင့် ချိုင့်ဝှမ်းများရှိ အခြေတည်အဆင့် ကျင့်ကြံသူများကြားတွင် ပါရမီရှင်များအဖြစ် သတ်မှတ်ခံရနိုင်သည်။ သူတို့ ခရီးနှင်ရင်း သတ်ဖြတ်လာကြသည်။

အနှေးနှင့်အမြန် ရွှေအမြုတေအဆင့် ဝိညာဉ်မဲ့သတ္တဝါများ တစ်ဒါဇင်ကျော်ကို တစ်ခါထဲလည်း ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့် ခုံမုန့်နှင့် ရှန်ထျန်းကို တာဝန်ယူးလိုက်သည်။

ခုံမုန့်က ဒေါင်းဘိုးဘေးဘီဘင်ဆီမှ စွမ်းအားအရင်းအမြစ်ကို ရရှိပြီးနောက် သက်တံအံ့ဖွယ်အလင်းတန်းက မကျော်လွှားနိုင်‌သော အမြင့်များအထိပါ ရောက်ရှိနိုင်သည်။ သူမက တိုက်ပွဲနယ်မြေထဲတွင် အခြေတည်အဆင့်အထိ ကန့်သတ်ခံထားရသော်လည်း ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးကို အနှေးနှင့်အမြန် နှိမ်နင်းနိုင်သည်။

ရွှေအမြုတေအဆင့် ဝိညာဉ်မဲ့သတ္တဝါများက သူမအတွက် ဘာမှမပြောပလောက်ပေ။ သူမ၏ သက်တံအံ့ဖွယ်အလင်းတန်းတစ်ချက်ဖြင့် နှိမ်နင်းလို့ရနိုင်သည်။

ရှန်ထျန်းကတော့ စမ်းသပ်နေသည်။ ဓာတ်နှောနတ်မိုးကြိုးပညာရပ်ကို နတ်ဓား ဖွဲ့စည်းပုံဖြင့် ပေါင်းစပ်ကြည့်ဖို့ ကြိုးစားနေသည်။

သူ၏ နတ်မိုးကြိုးဓားအရှိန်အဝါတစ်ချက်ဖြင့် ဝိညာဉ်မဲ့သတ္တဝါများဆီ လွှတ်ထုတ်လို့ရသည်။ နောက်ထပ်တစ်ချက် ပစ်လွှတ်ပါက ဓားအရှိန်အဝါက လီမီးတောက် မိုးကြိုးဓားအရှိန်အဝါအဖြစ်သို့ ပြောင်းလဲသွားသည်။ တိုက်ခိုက်စွမ်းအားက အရမ်းမကောင်းသေးသော်လည်း ရှန်ထျန်းက သူ လုပ်နေတာ မှန်ကန်သည်ဟု ခံစားမိသည်။ အချိန်လုံလောက်မှု ရှိပါက အနာဂတ်တွင် ဓားပညာရပ်အသစ်ကိုပါ ဖန်တီးနိုင်လောက်သည်။

နတ်ဆိုးများပြည့်နှက်နေသော တိုက်ခိုက်မှုခရီးစဉ် ပြီးသွားသည့်အခါ တောင်တန်းများဝန်းရံနေသော နေရာသို့ ရောက်ရှိသွားသည်။ ရှန်ထျန်းက ကျောက်ဟောင်၏ ခေါင်းပေါ်ကို တစ်ချက်ကြည့်ပြီးနောက် ခုံမုန့်၏ ခေါင်းပေါ်သို့ ကြည့်လိုက်သည်။ ဤနေရာက နေရာအမှန်ဖြစ်ကြောင်း သေချာသည်။ ခုံမုန့်က ခရမ်းရွှေရောင် ရောင်ဝါစက်ဝန်းကို ကိုင်ဆောင်ထားသူ ဖြစ်သည်။

တိုက်ပွဲနယ်မြေတွင် ကျောက်ဟောင်နှင့် ကျင်းယုတို့၏ ခေါင်းအသီးသီးပေါ်တွင် ကံအပြောင်းအလဲ အခွင့်အရေး ပေါ်လာသည်။

သို့သော် ခုံမုန့်၏ ခေါင်းပေါ်တွင် ကံအပြောင်းအလဲ အခွင့်အရေးနှစ်ခု ပေါ်လာသည်။ အဲဒါတင် မကသေးဘဲ ထိုအရာများက ကျောက်ဟောင်နှင့် ကျင်းယုတို့၏ ကံအပြောင်းအလဲ အခွင့်အရေးနေရာနှင့် အတူတူ ဖြစ်နေသည်။

သူမက တကယ်ကို ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတာပဲ

“ ငါ့ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို အာရုံခံနိုင်စွမ်းက ပိုပြီးတော့ အားကောင်းလာပြီ။ ငါသာ မမှားဘူးဆိုရင် ဒီတောင်တန်းရဲ့ တစ်နေရာမှာရှိရမယ်”

ရှန်ထျန်း အသက်ပြင်းပြင်းရှူကာ လက်ထဲတွင် ကျောက်စိမ်းရေစင်ဓားကို ကိုင်ဆောင်ထားရင်း ပြောလိုက်သည်

“ အားလုံးပဲ ဂရုစိုက်နော်”

ရှန်ထျန်း၏ သတိပေးချက်ကြောင့် အားလုံးနိုးနိုးကြားကြား ဖြစ်သွားသည်။ သို့သော် ကျင်းယုက နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ စဉ်းစားလိုက်သည်။

ဒီနေရာက သွေးနတ်ဆိုးတောင်ကြားနဲ့ မိုင်၅၀၀ တောင် ဝေးတာလေ။ မင်းက ဒီနေရာမှာရှိတဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို အာရုံခံနိုင်တယ်တဲ့လား

ဟာသပဲ။ မင်းက ငါတို့ကို လှည့်ဖျားဖို့ ကြိုးစားနေတာလား။ မင်းက ငါ့ကို ငတုံးများ ထင်နေတာလား

ကျင်းယုက ထိုစကားများကို ထုတ်မပြောရဲသည့်အတွက် စိတ်ထဲမှာ ပြောလိုက်သည်။ ယခုသူက ရှန်ထျန်းဘေးမှာ ရှိနေသည့်အတွက် လေးစားဖို့လိုမည်ဟု ထင်မိသည်။ အဖွဲ့က တောင်တန်းအတိုင်း လမ်းလျှောက်လာကာ တောင်တစ်တောင်ကို ပတ်လိုက်သည်။

မြင့်မားပြီး ထုထည်ကြီးမားသော ခရမ်းရောင် မျှော်နန်းဆောင်တစ်ခုက သူတို့ရှေ့သို့ ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်။ မျှော်နန်းဆောင်က ခရမ်းရောင်ဖြစ်ပြီး သူ့ ပတ်ပတ်လည်တွင် ပန်းရောင်တိမ်များက ပတ်လည်ဝန်းရံနေပြီး အလွန်နူးညံ့သိမ်မွေ့သော ခံစားချက်ကို ပေးစွမ်းသည်။ ထူးဆန်းသည့်အရာက မျှော်နန်းဆောင်တစ်ခုလုံးကို ထိပ်မှ အောက်ခြေအထိ သွေးနီရောင်အက်ကြောင်းများ ရှိနေသည်။ သူတို့ကိုကြည့်ရတာ နတ်ဆိုးပုံစံများနှင့်တူပြီး ကြည့်ရသူအဖို့ ကြောက်ရွံ့စေသည်။

လေထုထဲတွင် နတ်ဆိုးများနှင့်နတ်မျှော်နန်းဆောင်များ တိုက်ခိုက်နေသော အသံခပ်ဖျော့ဖျော့၊ လက်နက်များ အချင်းချင်းပွတ်တိုက်သံနှင့် သွေးနံ့များ ရနေသည်။

ရုတ်တရက် သူတို့ ကြောက်စရာကောင်းသော ပုံရိပ်ယောင်တစ်ခုကို မြင်လိုက်ရသည်။

ခမ်းနားလှသည့် တိုက်ပွဲတစ်ပွဲဖြစ်ပြီး သွေးများဖြင့် ရွှဲနေသော နဂါးကြီးများ ကောင်းကင်မှ ပြုတ်ကျလာပြီး နတ်ဘုရားများ၏ တောင်ပံများလည်း စုတ်ဖြဲခံထားသည့်အပြင်  စုတ်ပြတ်နေသော ရွှေရောင်ဗုဒ္ဓရုပ်ထုတော် …

သွေးညှီနံ့များရလာသလို မရေတွက်နိုင်သော အက်ကြောင်းများပေါ်လာပြီး အနက်ရောင်လှိုင်းများ ထွက်ပေါ်လာသည်။

ဒေါင်…

ခေါင်းလောင်းသံ ရုတ်တရက် ထွက်ပေါ်လာသည်။

ပုံရိပ်ယောင်တစ်ခုလုံး ပျောက်ကွယ်သွားကာ အားလုံး အိပ်မွေ့ချခံထားရသလိုမျိုး အခြေအနေမှ လွတ်မြောက်လာသည်။

ခုံမုန့်က မျှော်နန်းဆောင်ကြီးကို ကြောက်ရွံ့စွာဖြင့် ကြည့်ကာ ပြောလိုက်သည်

“ အဲဒါ အဲဒီမျှော်နန်းဆောင်လား”

ရှန်အောင်းက ခေါင်းကို ကုတ်ကာ မေးလိုက်သည်

“ မင်းက ဘာကိုဆိုလိုချင်တာလဲ”

ချင်ယွင်တိက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်

“ ပေထောင်ပေါင်းများစွာ အမြင့်ရှိတယ်၊ ခရမ်းရောင်…အက်ကြောင်းတွေလည်းရှိတယ်။ ဒါက ဒဏ္ဍာရီလာ နတ်ဘုရားလောက မျှော်နန်းဆောင်ပဲ”

ချင်ယွင်တိက  နားမလည်နိုင်ဖြစ်နေသော စုန့်ဖူကွေ့၊ ရှန်အောင်းနှင့် တခြားသူများကို ကြည့်ရင်း ရှင်းပြလိုက်သည်

“ ရှေးဟောင်းတိုက်ပွဲနယ်မြေရဲ့ နောက်ဆုံးပြောင်းလဲမှုအတွင်းမှာ အဲဒီမျှော်နန်းဆောင်က ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတယ်လို့ ကောလဟာလတွေ ရှိတယ်။ အဲဒီမျှော်နန်းဆောင် ပေါ်လာတဲ့အချိန်ကတည်းက အက်ကြောင်းတွေ ရှိနေပြီးတော့ အချိန်မရွေး ပြိုလဲကျသွားနိုင်တဲ့ပုံ ရှိတယ်တဲ့။ ဒါပေမဲ့ နှစ်ပေါင်းတစ်သောင်း ကြာပြီးတာတောင် အခုလိုမျိုး မားမားမတ်မတ် ရှိနေတုန်းပဲ”

ရှန်အောင်းက မေးလိုက်သည်

“ ဘယ်သူကမှ ယူဖို့ မကြိုးစားကြဘူးလား”

ချင်ယွင်တိက ပြန်ဖြေလိုက်သည်

“ အဲဒီအချိန်တုန်းက နတ်ဘုရားတွေက အတင်းယူဖို့ ကြိုးစားခဲ့ပေမဲ့လည်း မျှော်နန်းဆောင်ရဲ့ စုပ်ယူခြင်းကို ခံရပြီးတော့ လောင်ကျွမ်းသေဆုံးသွားတယ်တဲ့။ အဲဒါက နယ်မြေငါးခုအတွက်တော့ ထိတ်လန့်စရာပဲ။ အဲဒီအချိန်ကတည်းက ဘယ်သူမှ ထပ်ပြီးတော့ မကြိုးစားရဲတော့ဘူး။ ဒီမျှော်နန်းဆောင်ကို သိမ်းယူရမဲ့နည်းလမ်း မရှိပေမဲ့ ဒါက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ အဖိုးတန်ဆုံး ကံအပြောင်းအလဲ အခွင့်အရေးထဲက တစ်ခုပဲ”

ချင်ယွင်တိက ရှန်ထျန်းအား စိတ်အားထက်သန်စွာကြည့်ရင်း ပြောလိုက်သည်

“ အစ်ကိုက တကယ်ကို ကံကြမ္မာသားတော်အစစ်ပဲ။ ဒါကို ရှာတွေ့နိုင်ခဲ့တယ်။

အစ်ကိုက ဒီမျှော်နန်းဆောင်နဲ့ ကံစပ်တယ် ထင်တယ်။ အစ်ကို သိမ်းယူဖို့ ကြိုးစားကြည့်သင့်တယ် ”

All Chapters