ဝိညာဉ်ချီ သန်းအနည်းငယ်လောက်ပဲ
Vol. 11-16 Ch. 223
အခန်း (၂၂၃) : ဝိညာဉ်ချီ သန်းအနည်းငယ်လောက်ပဲ
အလင်းတန်းက ကျင်းယုကို ဖုံးလွှမ်းသွားကာ သူ့ကို မျှော်နန်းဆောင်ထဲ ခေါ်ဆောင်သွားသည်။ သူ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ စင်မြင့်တစ်ခုပေါ်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
စင်မြင့်တွင် လေးထောင့်များ၊ စက်ဝိုင်းများပါရှိပြီး သူတို့ဆီမှ တောက်ပသော ခရမ်းရောင်အလင်းတန်းများကို ထုတ်လွှတ်နေသည်။ ထိုအရာက ရင်သပ်ရှုမောစရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်၏။
“ ရွှေလင်းယုန် လူငယ်လေး… စစ်နတ်ဘုရား မျှော်နန်းဆောင်မှ ကြိုဆိုလိုက်ပါတယ်။ စိန်ခေါ်မှုကို လက်ခံဖို့ အသင့်ဖြစ်ပြီလား”
ရင်းနှီးဖော်ရွှေသော အမျိုးသမီးတစ်ယောက်၏ အသံက စင်မြင့်ကို ဖြတ်ကာ ပျံ့လွင့်လာသည်။
ကျင်းယုရှေ့တွင် အလင်းလုံးတစ်ခုပေါ်လာပြီး လည်ပတ်နေကာ အငွေ့အသက်တစ်ခု ထုတ်လွှင့်နေလေ၏။ သူ့ညာဘက်ဘေးတွင် ရှေးဟောင်းအစိမ်းရောင် ကျောက်ပြားတစ်ခု မြင့်တက်လာသည်။ ငါးပေးအမြင့်ရှိပြီး နာမည်များကို ရေးထွင်းထားသည်။
“ ပထမ ... ဟွမ်ရှစ် ကြယ်ခြောက်ပွင့် ပါရမီရှင်”
“ ဒုတိယ… ... ပေချန်းရွှမ် ကြယ်ငါးပွင့် ပါရမီရှင်”
“ တတိယ… ... ယောင်ယုရှီး ကြယ်ငါးပွင့် ပါရမီရှင်”
“ အဆင့်၄… ချူးလုံဟယ် ကြယ်ငါးပွင့် ပါရမီရှင်”
“ အဆင့် ၃၁… ခုံမုန့် ကြယ်လေးပွင့် ပါရမီရှင်”
“ အဆင့်၃၂… ချန်းပေသို့ ကြယ်လေးပွင့် ပါရမီရှင်”
“ အဆင့်၃၃… ရမ်ယင်းရန် … ကြယ်လေးပွင့် ပါရမီရှင်”
ကျင်းယုက ကျောက်ပြားပေါ်မှ နာမည်များကို ကြည့်ပြီး သံသယဖြစ်လာသည်
“ ဒီနာမည်စာရင်းက ဘာကို ကိုယ်စားပြုတာလဲ”
အမျိုးသမီး၏ အသံ ထပ်မံ ထွက်ပေါ်လာသည်
“ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက မျှော်နန်းဆောင်ကို ဝင်လာပြီးတော့ စမ်းသပ်မှုကို အောင်မြင်သွားတဲ့ ပါရမီရှင်တွေရဲ့ အဆင့်တွေလေ။ အဲဒါက မျှတတဲ့ အဆင့်တွေပါ”
လွန်ခဲ့တဲ့နှစ်တစ်သောင်းက မျှော်နန်းဆောင်ထဲကို ဝင်ခဲ့သူတွေအားလုံးရဲ့ နာမည်က ဒီရှေးဟောင်းကျောက်ပြားပေါ်မှာ ရှိနေတာပေါ့
ဒါဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းကျောက်က ပါရမီရှင်တွေအကုန်လုံးရဲ့ စာရင်းပေါ့
ကြာပြာက အဆင့်လေးတဲ့ မိုက်တယ်
ကျင်းယု စာရင်းကို ကြည့်လိုက်သည့်အခါ အယောက်တစ်ရာတွင် အဆုံးသတ်သွားသည်ကို မြင်လိုက်ရသည်။
“ ဒီအဆင့်တစ်ရာထဲမှာ မိန်းကလေးခုံမုန့်ပဲ ရှိပြီးတော့ ဘာလို့ ရှန်ထျန်းက စာရင်းထဲ မပါရတာလဲ”
ကျင်းယုက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
အမျိုးသမီး၏က ရှင်းမပြခင် တွေဝေသွားပုံပေါ်သည်
“ သူ့ စမ်းသပ်မှုက မစရသေးဘူး။ အဆင့်တွေက ပြောင်းလဲနိုင်တယ်။ လုံးဝ မျှတပါတယ်”
သူမ ရှင်းပြပြီးနောက် စာရင်းပေါ်ရှိ ခုံမုန့်၏ နာမည်က စတင်ပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။
ထို့နောက် ခုံမုန့်၏ နာမည်က အဆင့်၃၁ နေရာမှ ပျောက်သွားကာ အဆင့် ၁၂ နေရာတွင် ပေါ်လာသည်။
“ အဆင့် ၁၂… ခုံမုန့် … ကြယ်ငါးပွင့်ပါရမီရှင်”
ကျင်းယုက ပြောင်းလဲသွားသော အဆင့်သတ်မှတ်ချက်များ၏ ဆွဲဆောင်ခြင်းကို ခံနေရသည်။
ဒါက ပါဝင်သူတွေရဲ့ တိကျတဲ့ အဆင့်တွေပဲ။ သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်တွေအတွက် မှန်ကန်ပြီးမျှတတဲ့ အဆင့်ပြသချက်ပဲ
သူသာ ဒီစစ်နတ်ဘုရား ကျောက်ပြားပေါ်မှာ သူ့ နာမည်ပေါ်လာအောင် လုပ်နိုင်ရင် အနာဂတ်မှာ ဒီမျှော်နန်းဆောင်ဆီ ရောက်လာတဲ့သူတွေက သူ့နာမည်ကို အံ့ဩတကြီးနဲ့ ကြည့်နေကြမှာ မဟုတ်လား
ခုံမုန့်ရဲ့ စွမ်းအားက သူ့အပေါ်မှာပဲ ရှိတယ်။ ဒါပေမဲ့ သူမက အဆင့် ၁၂ ရနိုင်ခဲ့တယ်ဆိုတော့ ငါ့အနေနဲ့ အဆင့် ၃၅ ရဖို့အတွက် အရမ်းမခက်ခဲသင့်ဘူး
အမျိုးသမီး၏ အသံက ထပ်မံထွက်ပေါ်လာသည်။ အလင်းလုံးများအတွင်း ပုံရိပ်များ ဖြည်းဖြည်းချင်း ထွက်ပေါ်လာကာ ာ်ပညာရပ်များနှင့် တိုက်ကွက် အမည်များကို ပြသနေသည်။ ကျင်းယုက လင်းယုန်မျိုးနွယ်၏ ပျောက်ဆုံးနေပြီဖြစ်သော လင်းယုန် နဂါးဖမ်း ကျင့်စဉ်ကို တွေ့လိုက်ရသည်။ ဤသည်မှာ လင်းယုန်မျိုးနွယ်စုအတွင်း အားကောင်းသည့် တိုက်ကွက် ဖြစ်ပေသည်။ အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်ပါက အမှန်တကယ် နဂါးအစစ်နှင့်ပင် ယှဉ်တိုက်နိုင်လာလိမ့်မည်။
ကျင်းယု အရမ်းစိတ်လှုပ်ရှားသွားသည်။
“ မျှော်နန်းဆောင်ဝိညာဉ်…ဒါက လင်းယုန် နဂါးဖမ်းတိုက်ကွက် အစစ်လား”
ပျော့ပျောင်းနူးညံ့သော အသံတစ်သံ ထွက်ပေါ်လာပြန်သည်
“လင်းယုန် နဂါးဖမ်းတိုက်ကွက်က ကြယ်သုံးပွင့်အဆင့်ဆိုတော့ မင်း ကြယ်သုံးပွင့်ပါရမီရှင်ကို စိန်ခေါ်ပြီး အနိုင်ရမှ ရရှိနိုင်မယ်”
သူ ကြယ်သုံးပွင့်ပါရမီရှင်ကို အနိုင်ရရင် သူ အဲဒါကို ရရှိနိုင်မယ်တဲ့လား
ကျင်းယု၏ မျက်နှာတွင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ခုံမုန့်တောင် ကြယ်လေးပွင့် ပါရမီရှင်ကို အနိုင်ယူပြီး ကြယ်ငါးပွင့်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ကျင်းယုက သူ့ဘာသာ အရမ်းနိမ့်ကျသည်ဟု မထင်ထားပေ။
ကြယ်သုံးပွင့်ပါရမီရှင်ကို အနိုင်ယူဖို့ သူ့အတွက် ပြဿနာ မရှိသင့်ပေ။
“ မျှော်နန်းဆောင် ဝိညာဉ် ကြယ်သုံးပွင့်ပါရမီရှင်ကို ထုတ်ပေးပါ။ ကျွန်တော် ဒီနေ့ သူ့ကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်မယ်”
“ ကြယ်သုံးပွင့် ပါရမီရှင်ကို စိန်ခေါ်ဖို့အတွက် စစ်နတ်ဘုရားအမှတ် တစ်ထောင် အရင်ပေးချေဖို့လိုအပ်တယ်။ အဲဒီအမှတ်တွေ ရဖို့အတွက်တော့ ဝိညာဉ်ကျောက်တုံး၊ ရတနာတွေနဲ့ လဲလှယ်လို့ ရပါတယ်ရှင့် …
ပြီးတော့ စစ်နတ်ဘုရားအမှတ်တွေကို ဒဏ်ရာကုသမှု၊ လမ်းညွှန်မှု၊ အသက်ပြန်လည် ဖြည့်တင်းခြင်းနဲ့ တခြားအရာတွေအတွက် လဲလှယ်လို့ ရတယ်။ မင်းမှာ စစ်နတ်ဘုရားအမှတ်တွေ လုံးဝ မရှိဘူးဆိုတာ သိထားပါတယ်။ အခု ချက်ချင်း လဲလှယ်ချင်ပါသလား”
မျှော်နန်းဆောင်က ပါရမီရှင်တစ်ယောက်ကို စိန်ခေါ်နိုင်ဖို့အတွက် စစ်နတ်ဘုရားအမှတ်တွေကို အသုံးပြုရမယ်တဲ့လား
ကျင်းယု စိတ်ပျက်အံ့အားသင့်သွားသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူ့ကို ပစ္စည်းတွေ ပြန်ပေးထားလို့ တော်သေးတာပေါ့
သူ ဒီစစ်နတ်ဘုရား မျှော်နန်းဆောင်ထဲကို ခက်ခက်ခဲခဲနဲ့ ဝင်ထားပြီးမှ စိန်ခေါ်တာမျိုး မလုပ်နိုင်ရင် အလကား ဖြစ်သွားတော့မှာ
သူက သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံး ၁ သန်းကို ချက်ချင်းထုတ်ယူကာ ကြီးကျယ်သော အမူအရာဖြင့် ပြောလိုက်သည်
“ ဒါက ဝိညာဉ်ကျောက်တုံးလေးပဲလေ။ ဘာမှ ပြဿနာ မရှိပါဘူး။
ဒီဝိညာဉ်ကျောက်တုံး ၁ သန်းနဲ့ဆိုရင် စစ်နတ်ဘုရားအမှတ် ဘယ်လောက်ထိရနိုင်မလဲ။ စိန်ခေါ်ဖို့အတွက် လုံလောက်ရဲ့လား”
အမျိုးသမီးက ပြန်ဖြေလိုက်သည်
“ ဝိညာဉ်ကျောက်တုံး ၁ သန်းဆိုရင် စစ်နတ်ဘုရားအမှတ် ၁၀၀ နဲ့ လဲလှယ်လို့ရပါတယ်။ ကြယ်သုံးပွင့် ပါရမီရှင်ကို စိန်ခေါ်နိုင်ဖို့အတွက် နောက်ထပ် စစ်နတ်ဘုရားအမှတ် ၉၀၀ လိုနေပါသေးတယ်။
စိန်မခေါ်ခင် စစ်နတ်ဘုရားအမှတ်တွေ အရင်လုံလောက်အောင် စုဆောင်းလိုက်ပါ။ မင်း နိုင်ရင် အမှတ်တွေအကုန်လုံး ပြန်ပေးမှာပါ။
ရှုံးသွားရင်တော့ စစ်နတ်ဘုရား အမှတ်တွေကို လက်လွှတ်ရလိမ့်မယ်။ သူတို့ကို ပြန်ပြီး ပြောင်းလဲလို့လည်း မရတော့ဘူး”
အသေးစိတ်ရှင်းပြမှုက ကျင်းယု၏ နားထဲတွင် ပဲ့တင်ထွက်နေသည်။
“ ဝိညာဉ်ကျောက်တုံး ၁ သန်းက စစ်နတ်ဘုရားအမှတ် ၁၀၀ပဲ လဲလှယ်လို့ရတာလား။ ဒါဆိုရင် ကြယ်သုံးပွင့် ပါရမီရှင်ကို စိန်ခေါ်ဖို့အတွက် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၁၀ သန်း ရင်းနှီးဖို့ လိုတာပေါ့။
ဒီစုတ်ပြတ်နေတဲ့ မျှော်နန်းဆောင်ကလည်း လောင်းကြေး အရမ်းမြင့်တာပဲ”
ကျင်းယု မငြီးတွားဘဲ မနေနိုင်တော့ပေ။
အမျိုးသမီးအသံထွက်လာကာ မေးမြန်းလိုက်သည်
“လင်းယုန်မျိုးနွယ်ရဲ့ ပျောက်ဆုံးနေတဲ့ အမွေအနှစ် လင်းယုန် နဂါးဖမ်းတိုက်ကွက်ကို ဝိညာဉ်ကျောက်တုံး ၁၀သန်းနဲ့ ဝယ်လို့ရလား”
ကျင်းယုက ချက်ချင်းပြန်ဖြေလိုက်သည်
“ မရဘူးလေ”
အမျိုးသမီး၏ အသံက ထပ်မံ ထွက်ပေါ်လာသည်
“ ဒါဆိုရင် လင်းယုန်နဂါးဖမ်း တိုက်ကွက်ကို ရဖို့အတွက် အခွင့်အရေးမှာ ဝိညာဉ်ကျောက်တုံး ၁၀ သန်းသုံးလိုက်တာ မတန်ပဲ နေပါ့မလား”
ရှင်းပြချက်ကြောင့် ကျင်းယုအတွေးထဲ နစ်မြောသွားသည်။
သူ ဝိညာဉ်ကျောက်တုံး ၁၀ သန်းကို ဆုံးရှုံးသွားနိုင်သလို လင်းယုန် နဂါးဖမ်းတိုက်ကွက် ကိုလည်း ရသွားနိုင်တယ်
ဖြစ်နိုင်ချေက တစ်ဝက်စီပဲ။ ပြီးတော့ သူက အမွေအနှစ်ပညာရပ်ကို သူ့မျိုးနွယ်တွေအတွက် ပြန်ယူသွားဖို့ အရမ်းယုံကြည်မှုရှိတယ်
ပြဿနာ မရှိပါဘူး
ထိုအတွေးကြောင့် ကျင်းယု စိတ်လှုပ်ရှားလာသည်။
သူက သိုလှောင်လက်စွပ်ကို ချွတ်ကာ ရတနာများကို ထုတ်ယူပြီး သူတို့၏ အသုံးပြုပုံနှင့် တန်ဖိုးကို သေချာရှင်းပြနေသည်။
သူ့ရတနာများကို အလင်းတန်းမှ သယ်ဆောင်သွားပြီး ကျင်းယု၏ ခေါင်းပေါ်တွင် စစ်နတ်ဘုရားအမှတ်များ လျင်မြန်စွာ ပေါ်လာသည်။
စစ်နတ်ဘုရားအမှတ် တစ်ထောင် စုဆောင်းနိုင်ပြီးတော့ ကြယ်သုံးပွင့်ပါရမီရှင်ကို စိန်ခေါ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်နော်”
“ တိုက်ပွဲကို ချက်ချင်း စတင်ချင်ပါသလား”
ကျင်းယုက နိဗာနတော်ဝင်ရေစင် ထည့်ထားသော ကျောက်စိမ်းပုလင်းကို ထုတ်ကာ တစ်ငုံသောက်လိုက်သည်။
မျိုချပြီးနောက် ပုလင်းအစို့ကို လျှာဖြင့် လျက်လိုက်သည်။
ဆူပွက်နေသော စွမ်းအင်များက ကျင်းယု၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကာ သူ့အခြေအနေကို ထိပ်ဆုံးအဆင့်သို့ ရောက်ရှိအောင် မြှင့်တင်ပေးလိုက်သည်
“ စလိုက်ရအောင်”
သူ့မျက်စိရှေ့တွင် အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် အနီရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ကြံ့ခိုင်သော လူငယ်တစ်ယောက် ကျင်းယုရှေ့သို့ ရောက်ရှိလာသည်။
“လေးသည်တော် မျိုးနွယ်က ယန်ဆယ်ပါ တွေ့ရတာ ဝမ်းသာပါတယ်”
ထိုအမျိုးသား၏ နောက်ကျောတွင် မီးတောက် လေးအရှည်ကြီးတစ်ခုရှိပြီး ခါးတွင် ရွှေနီရောင် မြားကိုးချောင်းကို ချိတ်ဆွဲထားသည်။ သူ့ဆီမှ အရမ်းအားကောင်းသော အငွေ့အသက်တစ်ခုကို ခံစားနေရသည်။
ထိုအမျိုးသားပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျင်းယု နက်နဲသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ ထိုအမျိုးသားကို အနိုင်ရနိုင်ချေနှင့် ပတ်သက်ပြီး အနည်းငယ် စိုးရိမ်ပူပန်မိသွားသည်။
ယန်ဆယ်ဆီမှ ထုတ်လွှတ်နေသော အရှိန်အဝါက အရမ်းစွမ်းအားကြီးသည့်အတွက် ကျင်းယု၏ အရှိန်အဝါအောက် မနိမ့်တာ သေချာသည်။
ဒီထက်ပိုပြီး အရေးကြီးသည်က ကျင်းယုက ငှက်တစ်ကောင် ဖြစ်သည်။
သူ့ရဲ့ ပြိုင်ဘက်အဖြစ် ဘာလို့ လေးသည်တော်ကို သတ်မှတ်ပေးရတာလဲ။ ဒါက တကယ်ရော သင့်တော်ရဲ့လား
ထို့အပြင် သူက ရွှေတောင်ပံ လင်းယုန်မျိုးနွယ်မှ ဖြစ်သည့်အတွက် သတ္တုဓာတ် ပိုင်ဆိုင်ထားပြီး ထိုအမျိုးသားကတော့ မီးဓာတ် ပိုင်ဆိုင်ထားသည်။
တရုတ်အယူအဆအရ မီးက အမြဲတမ်း သတ္တုကို နိုင်သည်။
“ တိုက်ပွဲကို အခု စတင်ပါပြီ ”
ထိုအချိန်တွင် ယန်ဆယ်၏ နောက်တွင် အားကောင်းသည့် ပုံသဏ္ဌာန် တစ်ခုပေါ်လာပြီး လေးကို အသင့်ပြင်ပြီးနေပြီ ဖြစ်သည်။
အားပြင်းသော မီးတောက်များဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ မျက်လုံးတစ်မှိတ်အတွင်း မြားကို လေးတွင် တပ်ကာ ချိန်ရွယ်ထားလိုက်သည်
“ တောက်ပနေတဲ့ ငှက်တစ်ကောင်အတွက် မြားတစ်ချောင်းဆိုရင် လုံလောက်ပါတယ်”
သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျင်းယုဆီသို့ မီးမြားမိုးများ ကျလာပြီး သူ၏ တိုက်ခိုက်မှုနှင့် လွတ်မြောက်ရေး လမ်းကြောင်းများကို အကုန်ပိတ်ဆို့ထားလိုက်သည်။
“ အား…”
တစ်နာရီကြာသွားသည့်အခါ စိတ်ပျက်အားလျော့နေသော ကျင်းယု အရေးနိမ့်သွားသည်။
စစ်နတ်ဘုရား အမှတ်တစ်ထောင်လည်း ချက်ချင်း ပျောက်ဆုံးသွားရသည်။ ဆုံးရှုံးမှုအတွက် ရင်နာသည့်အတွက် ကျင်းယု နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
အမျိုးသမီး၏ အသံ ထပ်မံ ထွက်ပေါ်လာသည်
“ လင်းယုန်လူငယ်လေး … တိုက်ခိုက်ချင်စိတ်ကို ပျောက်မသွားစေနဲ့နော်။ ဆက်ပြီးတော့ တိုက်ခိုက်ပါ။
မင်းက ယန်ဆယ်ထက် လုံးဝ မနိမ့်ကျဘူး။ မင်း သူ့ရဲ့မျိုးနွယ်နဲ့ ဓာတ်သဘာဝကြောင့် ဖိနှိပ်ခံလိုက်ရတာ။ မင်း မတော်လို့ မဟုတ်ပါဘူး။
ထပ်ပြီးတော့ ကြိုးစားပါ။ နောက်ထပ်ပြိုင်ဘက်က သစ်သားဓာတ် ဖြစ်နေနိုင်တယ်။ အဲလိုဆိုရင် မင်း သူ့ကို အလွယ်တကူလေး အနိုင်ယူလို့ရပြီ။ လင်းယုန် နဂါးဖမ်းတိုက်ကွက်က မင်းနဲ့ လက်တစ်ကမ်းအကွာမှာ ရှိတယ်နော်။
ဒီလိုမျိုး ကောင်းတဲ့အခွင့်အရေးကို တကယ်ပဲ လက်လွတ်ခံချင်လို့လား။ သတ္တိရှိပါ…လုံးဝ စိတ်မပျက်သွားနဲ့နော်။ စိတ်အားထက်သန်မှုကို ပြသတဲ့အနေနဲ့ မျှော်နန်းဆောင်ဘက်က မင်းကို အမှတ် ၅၀ တန်တဲ့ ဒဏ်ရာကုစားခြင်းကို အလကား ပေးမယ်”
ကျင်းယုပေါ်သို့ အလင်းတန်းကျရောက်လာကာ သူ့ဒဏ်ရာများကို အမြန်ကုစားသွားသည်။
ဒီသိမ်မွေ့တဲ့ မျှော်နန်းဆောင် ဝိညာဉ်မလေးက လင်းယုန်ကို အားပေးနေတာက တကယ် စိတ်ရင်းအမှန်လား
သူမက ဒဏ်ရာတွေကိုတောင် အလကား ကုသပေးလိုက်သေးတယ်
ကျင်းယု တကယ် စိတ်လှုပ်ရှားသွားသည်။
စစ်နတ်ဘုရား မျှော်နန်းဆောင် ဝိညာဉ်က ငါ့ကို မြင့်မြင့်မှန်းထားတာ ဖြစ်နိုင်မလား
ကျင်းယု၏ စူးရှသောမျက်လုံးတို့ စိတ်အားထက်သန်မှုဖြင့် ထပ်မံ လောင်ကျွမ်းလာပြန်သည်
“ ငါက လင်းယုန်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာပဲ။ တစ်ခါလောက် ရှုံးသွားတာနဲ့တင် နောက်မဆုတ်နိုင်ဘူး”
ကျင်းယုက သူ၏ လင်းယုန်ချပ်ဝတ်တန်ဆာကို ချွတ်ကာ ဒေါသထွက်စွာဖြင့် ပြောလိုက်သည်
“ ဒါက အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းပဲ။ ဒါနဲ့ဆိုရင် စစ်နတ်ဘုရားအမှတ် ဘယ်လောက်ထိ ရနိုင်မလဲ။ လင်းယုန် နဂါးဖမ်းတိုက်ကွက်ကို ရမှ ဖြစ်မယ်”
“ လဲလှယ်ခြင်း အောင်မြင်ပါတယ်။ အခု ပြိုင်ဘက်အသစ် တစ်ယောက် ချပေးလိုက်ပါပြီ”
“ လုပ်ငန်းပြီးဆုံးသွားပါပြီ”
ယန်ဆယ် ပျောက်ကွယ်သွားပြီးနောက် အနီရင့်ရောင် မီးတောက်များ ဖုံးလွှမ်းနေသော အံဖွယ်ငှက်တစ်ကောင် ထွက်လာသည်။
ဒါက ဇာမဏီမျိုးနွယ်က ပါရမီရှင်ပဲ။ နောက်ထပ် မီးဓာတ်ပဲပေါ့
တိုက်ပွဲစတင်ပါပြီ
စစ်နတ်ဘုရားမျှော်နန်းဆောင်၏ ခုနစ်ထပ်မြောက်ရှိ ဝင်ပေါက်မှန်ရှေ့တွင်…
ရှန်ထျန်းက ရတနာပင်လယ်ကြားတွင် မတ်တပ်ရပ်နေသော ယဲ့ချန်းခန်ကို ကြည့်ကာ ဘာမှမပြောနိုင်ဖြစ်နေသည်။
ဒီလူကို ပိုက်ဆုံစုဆောင်းသော သူဌေးဟုပင် သံသယဝင်လာမိသည်။
စစ်နတ်ဘုရား စင်မြင့်ကို အမှီပြုပြီးတော့ နှစ်ပေါင်းတစ်သောင်းအတွင်း ပါရမီရှင်တွေဆီကနေ ဒီလောက်ထိများတဲ့ ရတနာတွေကို စုမိခဲ့တယ်။ ဒါက ဂိမ်းဆော့တဲ့အတွက် အပ်ပလီကေးရှင်းကနေ တစ်ဆင့် ငွေချေရတာနဲ့ အတူတူလောက်ပဲ
ရှန်ထျန်း၏ ထူးဆန်းသော မျက်နှာထားကို ကြည့်ပြီး ယဲ့ချန်းခန်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်
“ ငါ့ကို အဲလိုမျိုး မကြည့်ပါနဲ့။ စစ်နတ်ဘုရား မျှော်နန်းဆောင်ကို ပြုပြင်ဖို့အတွက် ဒီရတနာတွေကို လိုအပ်တယ်။”
နတ်ဘုရားလောကက စစ်နတ်ဘုရား မျှော်နန်းဆောင်က ပျက်စီးနေပြီ။ အဲဒါကို နှစ်ပေါင်းတစ်သောင်းကျော် ထိန်းသိမ်းနိုင်ဖို့အတွက် ဘယ်လောက်များတဲ့ အရင်းအမြစ်တွေကို သုံးထားရလဲဆိုတာ နတ်ဘုရားမတွေပဲ သိမယ်။
ရှန်ထျန်းက ခေါင်းကို အသာယမ်းရင်း မေးလိုက်သည်
“ အဲဒီ စင်မြင့်ပေါ်က ပြိုင်ဘက်တွေက တကယ်ရော ကျပန်းနည်းနဲ့ ချပေးတာ ဟုတ်ရဲ့လား”
ယဲ့ချန်းခန်က ရှန်ထျန်းကို ကျေနပ်စွာဖြင့် စိုက်ကြည့်လိုက်ပြီး ပြောသည်
“ မင်းက သင်ယူတာမြန်တဲ့သူပဲ။ ငါ့ရဲ့ လမ်းညွှန်မှုနဲ့ ထိုက်တန်တယ်”
ဒီမယ် ခင်ဗျားက ဘာလို့ ကျွန်တော်တို့နှစ်ယောက်က တူညီသလိုမျိုး လာကြည့်နေရတာလဲ
ကျွန်တော်က ရိုးသားတဲ့သူတစ်ယောက် ခင်ဗျားလိုမျိုး လူလိမ်မဟုတ်ဘူး
ခင်ဗျားရဲ့ လမ်းညွှန်မှုနဲ့ ထိုက်တန်တယ် ဟုတ်လား။ စိတ်မဝင်စားပါဘူးနော်
ယဲ့ချန်းခန်က ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားတော့ တော်ဝင်ဆန်ပြီး မြင့်မြတ်ပေမဲ့ ပါးစပ်မှ ပေါက်ပန်းလေးဆယ် လျှောက်ပြောနေသည်။
သို့သော် သူနှင့် တစ်ခန်းထဲမှာ အတူရှိနေသည့်အတွက် စိတ်မလုံခြုံပေ။ ဤလူက သူ့ကို ရုတ်တရက် ကျွန်အဖြစ် ရောင်းစားနိုင်သည်ဟု သူ ခံစားနေရသည်။
နေပါဦး…တစ်ခုခုမှားနေသလို ခံစားလိုက်ရပြီ
ရှန်ထျန်းက ယဲ့ချန်းခန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ စီနီယာ စောစောကပြောတော့ ဒီစစ်နတ်ဘုရား မျှော်နန်းဆောင်က ကျွန်တော်အပိုင်ဆို။ ကျွန်တော်လုပ်ရမှာက အဲဒါအတွက် တောင်းဆိုလိုက်ရုံပဲဆို … သဘောတူညီချက်ကရော ”
ယဲ့ချန်းခန်က စိတ်မရှည်သည့်ပုံစံဖြင့် ပြောလိုက်သည်
“ ဘာ သဘောတူညီချက်မှ မရှိဘူး”
ရှန်ထျန်းက ငြိမ်သွားသော်လည်း ယဲ့ချန်းခန်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။
ထိုကဲ့သို့သော စိုက်ကြည့်မှုကြောင့် ယဲ့ချန်းခန် ကြက်သီးထသွားရသည်။
နောက်ဆုံးအနေဖြင့် စိတ်ဆုံးဖြတ်ကာ ပြောလိုက်သည်
“ ကောင်းပြီလေ ဒါဆိုရင်လည်း မင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။
တကယ်ကို ဘာသဘောတူညီချက်မှ မရှိဘူး။ ဒါပေမဲ့ ဒီစစ်နတ်ဘုရား မျှော်နန်းဆောင်က နတ်ဘုရားလောကမှာ အဓိကအပိုင်းမှာ ပျက်စီးနေတာ။ ပြီးတော့ နန်းဆောင်တစ်ခုလုံး အက်ကြောင်းတွေနဲ့ ပြည့်နှက်နေတာ။ မင်းအနေနဲ့ အဲဒါကို ပြုပြင်ဖို့အတွက် ဝိညာဉ်ချီအနည်းငယ်ကို ထည့်သွင်းပေးရလိမ့်မယ်။
မင်း ဒီစစ်နတ်ဘုရား မျှော်နန်းဆောင်ကို တကယ်ပဲ လက်လွှဲယူမယ်ဆိုရင် အချိန်မှန် မင်းရဲ့ ဝိညာဉ်ချီအနည်းငယ် ပေးဖို့ လိုအပ်လိမ့်မယ်။
အများကြီး မလိုအပ်ပါဘူး။ ပြိုကျမသွားတာ သေချာရင် ရပါပြီ။ မလုံလောက်ရင်တော့ ပိုပြီးတော့ ပျက်စီးလာမှာ”
အဓိကအပိုင်း ပျက်စီးနေတယ်…ငါ့ရဲ့ဝိညာဉ်ချီကို အချိန်မှန်ပေးရမယ်…မဟုတ်ရင် ဆက်လက် ပျက်စီးနေမယ်တဲ့လား
ယဲ့ချန်းခန်၏ စဉ်းလဲသော အကြည့်ကြောင့် အမှန်တရားတစ်ခုလုံးကို မပြောသေးကြောင်း ရှန်ထျန်း ခံစားလိုက်ရသည်။
ဒီလိုမျိုးကြီးမြတ်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုကို ထိန်းသိမ်းဖို့အတွက် ဝိညာဉ်ချီနည်းနည်းပဲ ကုန်မယ်တဲ့လား ဒါမှမဟုတ် နည်းနည်းလေးဆိုတာ သန်းချီနေတဲ့ဝိညာဉ်ချီကို ပြောတာလား
သူက ငါ့ကို ငတုံးလို့များ ထင်နေတာလား
ရှန်ထျန်းက သူ့အဆုတ်ထဲမှာ ထျန်းကျူဓားကို တစ်ချက်ကြည့်လိုက်သည်။ ထာဝရအသုံးအဆောင်ပစ္စည်းများက အသိအမှတ်ပြုခံရပြီးနောက် ပိုင်ရှင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားမည် ဖြစ်သည်။
သူသာ ဒီစစ်နတ်ဘုရားမျှော်နန်းဆောင်ကို သိမ်းယူလိုက်မယ်ဆိုရင် အဲဒါကလည်း သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားမှာ မဟုတ်လား။ သူ ဝိညာဉ်ချီ မပေးရင် ပြိုလဲသွားမှာဆိုတော့ ဘယ်နေရာမှာ ပြိုလဲသွားမှာလဲ။ ပြိုလဲသွားမှာလား ပေါက်ကွဲသွားမှာလား… သေစမ်း … မလိုဘူး ကျေးဇူးပါ