← Chapters

ဆရာက ပြိုင်ဘက်ကင်းပဲ ငါသူ့ရှေ့မှာ အရှုံးပေးမယ်

Vol. 11-16 Ch. 224

ဆရာက ပြိုင်ဘက်ကင်းပဲ ငါသူ့ရှေ့မှာ အရှုံးပေးမယ်

Vol. 11-16 Ch. 224

အခန်း (၂၂၄) : ဆရာက ပြိုင်ဘက်ကင်းပဲ ငါသူ့ရှေ့မှာ အရှုံးပေးမယ်

ယဲ့ချန်းခန်က ရှန်ထျန်း၏ မအီမသာဖြစ်နေသော မျက်နှာထားကို မြင်လိုက်ရသည့်အခါ လှောင်ရယ်ကာ ပြောလိုက်သည်

“ ဘာလဲ။ မင်းရဲ့ ဝိညာဉ်ကျောက်တုံးတွေကို လိုချင်လို့ ငါက မင်းဆီကို ဒီစစ်နတ်ဘုရား မျှော်နန်းဆောင် ပေးချင်တယ်လို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်”

ယဲ့ချန်းခန်က မကျေနပ်စွာဖြင့် ပြောလိုက်သည်

“ မင်း သိထားရမှာက ဒီစစ်နတ်ဘုရားမျှော်နန်းဆောင်က နတ်ဘုရားလောကမှာတော့ လူအများ လိုချင်တပ်မက်နေတဲ့ ရတနာတစ်ပါးပဲ။ သူ့တန်ဖိုးက မင်းစိတ်ကူးထားတာထက် အများကြီး ပိုမြင့်တယ်”

ရှန်ထျန်းက ယဲ့ချန်းချန်ကို စိုက်ကြည့်လိုက်သည်။ သူ့ကို အရှက်ရအောင် လုပ်သည့်အတွက် စိတ်တိုနေပုံပေါ်သည်ဟု သူ ခံစားလာရသည်။

သို့သော် ရှန်ထျန်းက သူ့ပိုင်နက်ထဲမှာသာ ရှိသေးသည့်အတွက် သူ့ကို မစော်ကားတာ ပိုကောင်းလိမ့်မည်။

စော်ကားမိပါက သူ့ပိုင်ဆိုင်မှုများကို လုယူခံရနိုင်သည်။

ထို့ကြောင့် ရှန်ထျန်းက ဖော်ရွေသောပုံစံဖြင့် မေးလိုက်သည်

“ စီနီယာက ဒီမျှော်နန်းဆောင်ကို ရတနာတစ်ပါးလို့ ပြောတယ်ဆိုတော့ သူ့ကို ဘယ်နေရာတွေမှာ အသုံးပြုလို့ရလဲဆိုတာ သိချင်ပါတယ်”

ယဲ့ချန်းခန်က စိတ်အားထက်သန်စွာဖြင့် ပြန်ဖြေလိုက်သည်

“ ဒီနေရာက စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ ပထမဆုံးသခင်ဖြစ်သူက သူရဲ့ ခရမ်းရောင်အရှိန်အဝါကို ကျင့်ကြံအားထုတ်တဲ့နေရာလေ။ အဲဒီအရှိန်အဝါက ကမ္ဘာပေါ်မှာရှိတဲ့ စွမ်းအင်ပုံစံအားလုံးကို ဖိနှိပ်သန့်စင်နိုင်တယ်။

စစ်နတ်ဘုရား မျှော်နန်းဆောင်က ပျက်စီးနေတယ်ဆိုပေမဲ့လည်း နှစ်ပေါင်းတစ်သောင်းကြာ ဝိညာဉ်ချီ စုပ်ယူထားတဲ့အတွက် စွမ်းအင်အချို့ကို ထိန်းသိမ်းထားနိုင်ပါသေးတယ်။

ဒါပေမဲ့ ယခုလက်ရှိ စစ်နတ်ဘုရား မျှော်နန်းဆောင်ကတော့ သုံးဆတိုက်ကွက် ထုတ်နိုင်ပြီးတော့ ထာဝရအရှင်ကိုတောင် ဖျက်စီးနိုင်တုန်းပဲ”

အဲဒါက ထာဝရအရှင်ကိုတောင် ဖျက်စီးနိုင်တယ်ပေါ့လေ …

ရှန်ထျန်း အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။

ထာဝရအရှင်က ဘာလဲဆိုတာ အရင်ပြောရဦးမယ်…သူက သူတော်စင်တစ်ယောက်ထက် ပိုပြီးတော့ စွမ်းအားကြီးတဲ့ ဖြစ်တည်မှုပဲ

မိုးကြိုးအတိဒုက္ခစမ်းသပ်ချက် ၁၂ ခါကို အောင်မြင်စွာ ကျော်ဖြတ်ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပြီး ထာဝရရှင်သန်သူ ဖြစ်လာအောင် လုပ်နိုင်တာ

ပြီးတော့ ကျင့်ကြံသူတစ်ယောက်က ထာဝရအရှင်တစ်ပါးဖြစ်မလာခင် သာမန်သေမျိုးတစ်ယောက်ရဲ့အရှိန်အဝါတွေကို ဆေးကြောပစ်ရမယ်

သူတို့၏ ခန္ဓာကိုယ်ကို ထာဝရရှင်သန်သူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲပြီးတာတောင် ထာဝရရှင်သန်သူ အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်တာကို ခံရမယ်။ သူတို့ အများဆုံး နှစ်သုံးထောင်လောက် ရည်မှန်းချက်မဲ့စွာ အချိန်ကုန်ဆုံးရတယ်

အဲဒီနှစ်သုံးထောင်အတွင်း သူတို့က နတ်ဘုရားလောကဆီ ထွက်သွားရမယ်။ မဟုတ်ရင် သူတို့ကို  ကောင်းကင်စည်းမျည်းတွေက သတ်ပစ်နိုင်တယ်

အခု နယ်မြေငါးခုအနားမှာ ထာဝရအရှင်တွေ ရှိနေသေးရဲ့လားဆိုတာ ဘယ်သူမှ သေချာမသိနိုင်ဘူး

ဒီမျှော်နန်းဆောင်က အဖိုးတန်အရင်းအမြစ်လို့ ပြောလို့ရတယ်

ရှန်ထျန်း ဆွဲဆောင်ခံလိုက်ရလေပြီ။

သူတို့ရဲ့ဘဝအတွက် အထောက်အကူပေးမဲ့အရာကို ဂရုမစိုက်ဘဲ ဘယ်နေပါ့မလဲ

ယဲ့ချန်းခန်က ရှန်ထျန်း၏ တုံ့ပြန်မှုကို ကြည့်ပြီး အရမ်းကျေနပ်နေသည်။

သူ ဆက်ပြောလိုက်သည်

“ အလွယ်တကူ ဆွဲဆောင်ခံလိုက်ရတယ်မလား။ သိပ်ကို အသုံးမကျတာပဲ။

မင်း ထာဝရအရှင်တစ်ယောက်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ စစ်နတ်ဘုရား မျှော်နန်းဆောင်က သူ့ရဲ့ အကောင်းဆုံးအခြေအနေကို ရောက်နေတဲ့အခါ ထာဝရအရှင် အုပ်စုတစ်ခုလုံးကို လက်ဖျောက်လေး တစ်ချက်တီးလိုက်ရုံနဲ့တင် သတ်နိုင်တယ်။

စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ အသုံးဝင်ဆုံးပညာရပ်က ဒီမျှော်နန်းဆောင်ထဲမှာ တိုက်ခိုက်တဲ့သူတိုင်းရဲ့ တိုက်ခိုက်စွမ်းရည်ကို ကူးယူထားနိုင်တာပဲ။

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက ပါရမီရှင်တွေအားလုံးနဲ့ လေ့ကျင့်ပြီးတော့ ဒီမျှော်နန်းဆောင်ထဲမှာရှိတဲ့ အမျိုးမျိုးသော သေစေလောက်တဲ့ ပညာရပ်တွေကို ရင်းနှီးကျွမ်းဝင်လာအောင် လေ့လာထားလို့ ရတယ်။

စစ်ပွဲ ၁၀၀ တိုက်ခိုက်ပြီး အသက်ရှင်ရင် စစ်သူကြီးဖြစ်လာမယ်။ စစ်ပွဲတစ်ထောင် တိုက်ခိုက်ပြီး အသက်ရှင်ရင်တော့ ဘုရင် ဖြစ်လာမယ်။

ယခုပါရမီရှင်အစစ်ရဲ့ ကျင့်ကြံဆင့်က ဒုတိယဦးစားပေးပါ။ အရေးကြီးဆုံးအရာက ကိုယ်နဲ့အဆင့်တူ တခြားကျင့်ကြံသူတွေကြားထဲမှာ ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်နေဖို့ပဲ။

တခြားပါရမီရှင်တွေနဲ့ ဆက်တိုက် တိုက်ခိုက်နေတာက ထိပ်ဆုံးကို ရောက်ရှိဖို့အတွက် အမြန်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းပဲ”

ယဲ့ချန်းခန်က ပြောရင်း ပိုမို စိတ်အားထက်သန်လာသည့်အတွက် လက်ကို ဝှေ့ယမ်းလိုက်သည်။ ဝင်ပေါက်မှန်တစ်ချပ် သူတို့ရှေ့တွင် ထပ်မံပေါ်လာပြီး ခုံမုန့်နှင့် တခြားသူတို့၏ တိုက်ခိုက်မှုမြင်ကွင်းများကို ပြသနေသည်။

“ ကိုးရက်နဲ့ကိုးညတိုက်ခိုက်ပြီးတော့ မင်းရဲ့ရဲဘော်ရဲဘက်တွေ တိုးတက်လာတာကို တွေ့ရလိမ့်မယ်။ ဒါတွေက စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့အပြင်ဘက်မှာ မရရှိနိုင်တဲ့အရာတွေပဲလေ”

တခြားမျိုးနွယ်တွေက ပါရမီရှင်တွေက ခင်ဗျားနဲ့ ထပ်ခါထပ်ခါ အချိန်ကုန်ဆုံးနေရတာကို ဘာလို့ မပင်ပန်းနိုင်ကြတာလဲဟင်

ရှန်ထျန်းက သက်တံအံ့ဖွယ်အလင်းတန်းဖြင့် ကြယ်လေးပွင့်ပါရမီရှင်ကို အနိုင်ယူလိုက်သည့် ခုံမုန့်ကို အံ့ဩတကြီးဖြင့် ကြည့်နေမိသည်။

ထို့နောက် သူ မေးလိုက်သည်

“ ခုံမုန့်လိုမျိုး အမြဲတမ်းနိုင်နေတဲ့ ပါရမီရှင်လိုမျိုးလူနဲ့ တွေ့ရင် စောစောက စီနီယာပြောခဲ့တဲ့ တိုက်ပွဲတွေအရဆိုရင် စီနီယာ အကျိုးယုတ်သွားမယ် မဟုတ်လား”

ယဲ့ချန်းခန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်

“ ငါက ဘာလို့ အကျိုးယုတ်ရမှာလဲ။ ကျင့်ကြံသူတစ်ယောက် သူတို့စိန်ခေါ်တဲ့ အဆင့်က ပါရမီရှင်တိုင်းကို နိုင်ပြီး ဆုရဖို့အတွက် အခွင့်အရေးနှစ်ခါပဲ ရှိတယ်။

တခြားတစ်နည်းနဲ့ပြောရရင် ခုံမုန့်က ကြယ်လေးပွင့်ပါရမီရှင်ကို ဘယ်နှစ်ခါပဲ အနိုင်ရပါစေ သူမအနေနဲ့ ကြယ်လေးပွင့် ပညာရပ်နှစ်ခုကိုပဲ ရွေးချယ်နိုင်လိမ့်မယ်။ အနိုင်ရသူကပဲ အဲဒီပညာရပ်တွေကို သင်ယူနိုင်တယ်ဆိုတဲ့ သဘောတူညီချက်လည်း ရှိတယ်။ သူတို့ကနေတစ်ဆင့် တခြားသူတွေဆီ ပြန်ပြီး လွှဲပြောင်းပေးလို့ မရဘူး။

သူမသာ ပိုပြီးတော့ အဆင့်မြင့်တဲ့ အမွေအနှစ်ပညာရပ်တွေကို ရယူချင်တယ်ဆိုရင် ဒီထက်ပိုပြီးတော့ စွမ်းအားကြီးတဲ့ ပါရမီရှင်တွေကို စိန်ခေါ်ရမယ်။

သူတို့က တိုက်ပွဲကနေ တစ်ခုခုရရှိဖို့အတွက် သွေး၊ ချွေး၊ မျက်ရည်တွေအားလုံးကို ပေးဆပ်ထားရတာလေ။ ဒါပေမဲ့ ငါကတော့ ဘယ်တော့မှ ဆုံးရှုံးရမှာ မဟုတ်ဘူး”

ရှန်ထျန်းက အတွေးထဲ နစ်မြောသွားသည်။

ဒါဆိုရင် ခုံမုန့်က ဘာလို့ ကြယ်လေးပွင့် ပါရမီရှင်တွေနဲ့ပဲ တိုက်ခိုက်နေရတာလဲ

ယဲ့ချန်းခန်၏ နှုတ်ခမ်းတို့ ကွေးညွတ်သွားကာ ပြောလိုက်သည်

“ ဒီမိန်းကလေးက မျှော်နန်းဆောင်ထဲမှာ တိုက်ခိုက်နေတာ ဆယ်ရက် ရှိပြီ။ သူမရဲ့ သက်တံအံ့ဖွယ်အလင်းတန်းက အဆင့်တွေ မြင့်သွားခဲ့ပေမဲ့လည်း ကြယ်ငါးပွင့် ပါရမီရှင်အောက်တော့ နိမ့်ကျနေသေးတယ်။ စောစောက သူမက ကြယ်ငါးပွင့် ပါရမီရှင်နဲ့တိုက်ခိုက်ပြီးတော့ မိနစ်ပိုင်းအတွင်း ရှုံးသွားခဲ့တာ။

သူမရဲ့ သက်တံအံ့ဖွယ်အလင်းတန်းကို နောက်တစ်ဆင့် မြှင့်နိုင်အောင် သူမက ဒီကြယ်လေးပွင့် ပါရမီရှင်တွေနဲ့ ကျင့်ကြံနေတာ ဖြစ်လိမ့်မယ်။ ဒါမှ သူမ ထပ်ပြီးတော့ စိန်ခေါ်နိုင်မှာလေ”

ဒါဆို…

သူမက ဒီတိုက်ပွဲတွေကို စွဲလမ်းသွားတာလား

ရှန်ထျန်း တခြားသူများကို ကြည့်လိုက်သည့်အခါတွင်လည်း အနည်းနှင့် အများ တူညီကြသည်။

တိုက်ပွဲတစ်ခုပြီးသွားတိုင်း ကစားသူများက သူတို့လိုချင်သလောက် အမှတ်ပြန်ဖြည့်လို့ရသည့်အတွက် တိုက်ခိုက်ပြီး လောင်းကြေးထပ်သည့်ကိစ္စက လုပ်ရင်လုပ်သလောက် ပိုမိုစွဲလမ်းလာနိုင်သည်။

တိုက်ပွဲများက တိုးတက်ဖို့အတွက် အမြန်ဆုံးနည်းလမ်း ဖြစ်သည်။ သို့သော တကယ်လက်တွေ့ဘဝတွင် ပါရမီရှင်၏ ဂုဏ်သိက္ခာနှင့် ရာထူးမြင့်လေလေ ပါရမီရှင်တစ်ယောက်အတွက် တိုက်ခိုက်မှုမှာ မွေ့လျော်ဖို့အတွက် ခက်ခဲလေလေ ဖြစ်သည်။

မင်းသာ သူတော်စင် တစ်ယောက်ဖြစ်ပြီး တခြားသူတော်စင်တစ်ယောက်ကို ရှုံးသွားမယ်ဆိုရင် သေချာပေါက် အရှက်ရရမှာပဲလေ

သို့သော် စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲတွင် ကျင့်ကြံသူတစ်ယောက်က သူတို့စိတ်ထဲ ကျေနပ်တင်းတိမ်သည်အထိ တိုက်ခိုက်လို့ ရနိုင်သည်။

အရာအားလုံးပုံပေးရသည့် တိုက်ခိုက်ပွဲမျိုးတွင် ကျင့်ကြံသူအနေဖြင့် သူတို့၏ ချို့ယွင်းချက်ကို အလွယ်တကူ ရှာတွေ့နိုင်မည်ဖြစ်သည်။

ခုံမုန့်၏ စိတ်အားထက်သန်သော အကျင့်စရိုက်အရ သူမအနေဖြင့် ဤလေ့ကျင့်ရေးစနစ်ကို ငါးတစ်ကောင် ရေကူးသလိုမျိုး မရပ်မနားလုပ်နေတာက သဘာဝကျသည်။

ယဲ့ချန်းခန်က ရှန်ထျန်း၏ သိချင်စိတ်ပြင်းပြနေသော မျက်နှာထားကြောင့် ပြောလိုက်သည်

“ ဒါဆို ဘယ်လိုလဲ … မင်းရော စမ်းသပ်ကြည့်ချင်လား”

ရှန်ထျန်းက ယဲ့ချန်းခန်၏ မရိုးသားသော အပြုံးကိုမြင်လိုက်ရသည့်အတွက် နှုတ်ခမ်းကို တင်းတင်းစေ့ပြီးနောက် ပြောလိုက်သည်

“ စီနီယာက ကျွန်တော်ကို စွဲလမ်းအောင် လုပ်ပြီးတော့ ဒီစစ်နတ်ဘုရားမျှော်နန်းဆောင်ကို သိမ်းယူအောင်လို့ ဒီစစ်နတ်ဘုရား မျှော်နန်းဆောင်ထဲကနေ ထွက်မသွားနိုင်အောင် လုပ်ချင်နေတာမလား”

“ အဟင်း…ဟင်း…ဟင်း… မင်း နားလည်မှုလွဲနေပြီ” ယဲ့ချန်းခန်က လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်

“ မင်းမှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု နည်းနည်းလေးတောင် ဘာလို့ မရှိရတာလဲ”

ရှန်ထျန်း ပြုံးပြကာ ပြောလိုက်သည်

“ ဒါဆိုလည်း ကျွန်တော် စမ်းသပ်ကြည့်မယ်လေ။ ကျွန်တော်ရော စစ်နတ်ဘုရားအမှတ်အတွက် လဲလှယ်ဖို့လိုသေးလား”

ယဲ့ချန်းခန်က ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ မလိုပါဘူး။ မင်းက ငါ ရွေးချယ်ထားတဲ့သူပဲလေ။ ငါ့ရဲ့စစ်နတ်ဘုရားစင်မြင့်မှာ တိုက်ခိုက်ဖို့အတွက် မင်းရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဘယ်လိုလုပ်ပြီးတော့ သုံးခိုင်းရက်မှာလဲ”

ထို့နောက် ယဲ့ချန်းခန်က သူ့အင်္ကျီလက်ကို အသာဝေ့ယမ်းလိုက်သည်။

ရှန်ထန်း၏ မျက်စိရှေ့တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

သူ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ စင်မြင့်ကြီးတစ်ခုပေါ်သို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။

ကျောက်စိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ချစ်စရာကောင်းသော အမျိုးသမီးငယ်လေးက သူ့ရှေ့တွင် မတ်တပ်ရပ်နေသည်။

သူမ၏ ခေါင်းပေါ်ရှိ ကြယ်လေးပွင့်က သူမ၏ အဆင့်ကို ပြသနေသည်။

“ ကြယ်တာရာစုဆောင်းနွယ်ပင် မျိုးနွယ်က ရှင်းချင်ယီပါ။ တွေ့ရတာဝမ်းသာပါတယ်”

ထို့နောက် ရုတ်တရက် ရှည်လျားသည့် အစိမ်းရောင်နွယ်ပင်က မြွေစိမ်း၏ ခေါင်းလိုမျိုး အမျိုးသမီးငယ်လေး၏ ညာဘက်အင်္ကျီလက်ထဲမှ ထွက်လာပြီး ရှန်ထျန်းဆီ  ဦးတည်သွားနေသည်။

ရှန်ထျန်းက အမြန်ရှောင်ရှားလိုက်သော်လည်း ကြယ်လေးပွင့် ပါရမီရှင်အမျိုးသမီး၏ အရည်အချင်းကလည်း တော်ရုံတော့ မဟုတ်ပေ။

နွယ်စိမ်းက သူ့နောက်သို့ အရိပ်လိုမျိုး လိုက်နေသည့်အတွက် ရှောင်တိမ်းရန် အင်မတန် ခက်ခဲလှသည်။ ရှန်ထျန်း ဘယ်လောင်ပဲ တိမ်းရှောင်ပါစေ ထိုနွယ်ပင်ဆီမှ မလွတ်မြောက်နိုင် ဖြစ်နေမိသည်။

ဝှီး…

ရှည်လျားသော နွယ်ပင်တစ်ပင်က မြေပြင်မှ ရုတ်တရက် ထွက်လာကာ ရှန်ထျန်း၏ ညာဘက် ခြေထောက်ကို ရစ်ပတ်ထားလိုက်သည်။ ထို့နောက် နွယ်ပင်က သူ့ခြေထောက်ကို အလျင်အမြန် ရစ်ပတ်နေသည်။

ရှင်းချင်ယီက မြေအောက်တွင် မြှုပ်နှံထားသော ထိုနွယ်ပင်ပေါ်သို့ ရှန်ထျန်း တခြားနွယ်ပင်များ၏ တိုက်ခိုက်မှုကို ရှောင်ရှားရင်း တက်နင်းမိဖို့အတွက် စောင့်နေခဲ့သည်။

ရှန်ထျန်း၏ ညာဘက်ခြေထောက်ကို လုံးဝ ထိန်းချုပ်ထားသည့်အတွက် မူလနွယ်ပင်ကလည်း သူ့ကို ဖမ်းမိသွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ချည်နှောင်ထားလိုက်သည်။

ရှင်းချင်ယီက ပြီတီတီဖြင့် ပြုံးလိုက်သည်။ ထို့နောက် သူမ၏ ဘယ်ဖက်အင်္ကျီလက်ထဲမှ နွယ်ပင်တစ်ပင် ထပ်ထွက်လာပြန်သည်။

နွယ်ပင်က မာကျော်ပြီး လင်းလက်တောက်ပနေသည်။ ထိုအရာက ရှန်ထျန်း၏ နဖူးအလယ်သို့ ဦးတည်လာနေသည်။

“ ပြိုင်ဘက်က တိုက်ပွဲတွေမှာ အရမ်းအတွေ့အကြုံ ရှိတယ်။ ကျွန်တော် မယှဉ်နိုင်ပါဘူး”

ရှန်ထျန်းက သူ့အမြင်ကို ပြောပြပြီး သူ့တိုက်ပွဲအတွေ့အကြုံက လိုအပ်သေးကြောင်း ရိုးသားစွာ ဝန်ခံလိုက်သည်။

တိုက်ခိုက်ဖို့အတွက် နွယ်ပင်များကို အသုံးပြုသော ရှင်းချင်ယီလိုမျိုး ပါရမီရှင်ကို တွေ့ဆုံပြီးနောက် သူ့သတ္တိကို စမ်းသပ်နိုင်ဖို့အတွက် မျှမျှတတ တိုက်ခိုက်ချင်ခဲ့သည်။

သို့သော် အဆုံးသတ်တွင် ရှင်းချင်ယီ၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် ရှန်ထျန်း လုံးဝ ပြန်လည်ခုခံနိုင်စွမ်းမရှိတော့ဘဲ သူမ၏ ထိန်းချုပ်မှုကို ခံလိုက်ရသည်။

ဒါက ရှန်ထျန်း တခြားပညာရပ်တွေကို အသုံးမပြုဘဲ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကိုပဲ အသုံးပြုရင်ဖြစ်လာမဲ့ကိစ္စပါ

သူ့ရဲ့ လက်နက်တွေကိုသာ အကုန်ထုတ်သုံးလိုက်ရင် ရလဒ်က ပြောင်းလဲသွားနိုင်တယ်

“ ကြက်သွေးရောင် ဇာမဏီမိုးကြိုး ချပ်ဝတ်တန်ဆာ အသက်သွင်းခြင်း”

သူ့အမိန့်အောက်တွင် ရှန်ထျန်း၏ ခန္ဓာကိုယ်က နန်မင်လီ မီးတောက်ဖြင့် ဖုံးလွှမ်းသွားကာ သူ့ကို ချည်နှောင်ထားသော နွယ်ပင်များလည်း ပြာဖြစ်သည်အထိ လောင်ကျွမ်းခံလိုက်ရသည်။

ထို့နောက် ရှန်ထျန်း ချပ်ဝတ်တန်ဆာ၏ မီးတောက်ငှက်မွေးတောင်ပံများကို ဖြန့်ထုတ်လိုက်ပြီးနောက် သူ့လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာသည်။

ဝှီး…

တောက်ပသော အနီရောင်ပုံရိပ်က ကောင်းကင်တွင် လင်းလက်နေသည်။ ရှင်းချင်းယီ၏  မျက်နှာထား ချက်ချင်းပြောင်းလဲသွားသည်။ သူမ၏ ခန္ဓာကိုယ်မှ နွယ်ပင် ၁၀ ပင်ထွက်လာကာ ပိုက်ကွန်တစ်ခု ဖန်တီးလိုက်သည်။

သို့သော် ထိုပိုက်ကွန်က သူ၏ ထျန်းကျူဓား အရှိန်အဝါနှင့် တွေ့သည့်အခါ လုံးဝ မခုခံနိုင်တော့ဘဲ အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။

ချွင်…

သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ရှင်းချင်ယီ၏ ပုံရိပ်လည်း ပျောက်ကွယ်သွားရသည်။

ယဲ့ချန်းခန်က အံ့ဩတကြီးဖြင့် ပြောလိုက်သည်

“ အမလေး လုံးဝမိုက်တယ်။ ငါက ဘယ်သူက ဘယ်သူ့ကို ချည်နှောင်ပြီးတော့ ပြီးသွားမလဲဆိုတာ မြင်ချင်နေတာ…လုံးဝ မတူညီတဲ့ တိုက်ကွက်တစ်ခုနဲ့ ထွက်လာမယ်လို့ မမျှော်လင့်ခဲ့မိဘူး”

ရှန်ထျန်းက စိတ်ပျက်အားငယ်စွာဖြင့် ပြောလိုက်သည်

“ ဒီနွယ်ပင်မျိုးနွယ် ပါရမီရှင်က နွယ်ပင်သုံးပြီး တိုက်ခိုက်တဲ့နေရာမှာ ကျွန်တော်ထက် အများကြီး အတွေ့အကြုံ ရှိတယ်။ သူမကို မဖမ်းချုပ်နိုင်မှာ အရမ်းစိုးရိမ်ခဲ့တာ”

ယဲ့ချန်းခန်က ဆွဲဆောင်မှု ရှိရှိ ပြောလိုက်သည်

“ အဲလိုလား။ ဒါဆိုရင် မင်း ကြယ်တာရာစုဆောင်းနွယ်ပင်မျိုးနွယ်ရဲ့ နွယ်ပင်ထိန်းချုပ်ရေး ပညာရပ်ကို သင်ယူချင်လား။ တောင်းသာ တောင်းဆိုလိုက် မင်းကို ပေးနိုင်ပါတယ်။”

ခင်ဗျားက တကယ်ကို ဉာဏ်နီဉာဏ်နက်များတဲ့သူ မဟုတ်လား

ယဲ့ချန်းခန်က ရှန်ထျန်းကို ပြုံးပြကာ ပြောလိုက်သည်

“ကြည့်ရတာ ဒီကြယ်လေးပွင့် ပါရမီရှင်က မင်းအတွက် သိပ်မကောင်းသေးဘူး ထင်တယ်။ ပြဿနာ မရှိပါဘူး။ မင်းကို အဆင့်တက်အောင် လုပ်ပေးနိုင်ပါတယ်။ မင်းကို ကြယ်ငါးပွင့် ပါရမီရှင်နဲ့ တိုက်ခိုက်လို့ရအောင် လုပ်ပေးမယ်”

ယဲ့ချန်းခန်ပြောပြီးနောက် ပုံရိပ်တစ်ခု စင်မြင့်ပေါ်တွင် ပေါ်လာသည်။

ထိုသူကို မြင်လိုက်ရသည့်အခါ ရှန်ထျန်း၏ မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။

ကြီးကျယ်ခမ်းနားသည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အသက် ၁၅၊ ၁၆ သာရှိသော ကောင်လေးတစ်ယောက် ဖြစ်နေသည်။

ရှန်ထျန်းက ထိုချပ်ဝတ်တန်ဆာကို ရှန်ထျန်း ရင်းရင်းနှီးနှီး မြင်ဖူးနေသည်။ ထိုချပ်ဝတ်တန်ဆာက ကျန်းလုံယွမ် သူ့ကိုပေးခဲ့သည့် လုံယွမ်နတ်ချပ်ဝတ်တန်ဆာနဲ့ အရမ်းတူနေသည်။

ဒီထက်ပိုပြီးအရေးကြီးသည်က ဒီလူငယ်လေးကိုလည်း အရမ်းရင်းနှီးနေသည်။ သူ့ကို ကြည့်ရတာ ကျန်းယွင်ထင်နှင့် တူနေသည်။ ဒီထက်ပိုပြီး တိတိကျကျပြောရမည်ဆိုပါက သူ့အဖေနှင့် ပိုတူသည်။

ထိုလူငယ်လေး၏ ခေါင်းပေါ်တွင် ကြယ်ငါးပွင့် ရှိနေသည်။

ထိုလူငယ်လေး၏ ညာဖက်လက်ထဲတွင် ခရမ်းရောင်ဓားကို ကိုင်ဆောင်ထားပြီး ဘယ်ဖက်လက်ထဲတွင် ရွှေရောင်ထာဝရကျမ်းကို ကိုင်ဆောင်ထားသည်။

“ စာအုပ်ဖတ်တာ ကောင်းတယ်။ စာအုပ်က လူတစ်ယောက်ကို ပိုပြီးတော့ ထက်မြက်စေတယ်”

လူငယ်လေးက ရှန်ထျန်းကို စိုက်ကြည့်လိုက်သည်။

“ညီအစ်ကိုရှန်လည်း စာအုပ်တွေ အများကြီး ဖတ်သင့်တယ် ”

ရှန်ထျန်းက ကိုယ့်နဖူးကို ကိုင်ကာ ပြောလိုက်သည်

“ စီနီယာ … ကျွန်တော်ကို စနောက်ဖို့ ကြိုးစားနေတာလား”

ယဲ့ချန်းခန်၏ အသံက ထွက်ပေါ်လာသည်

“ မင်းရော အဲဒီကလေးရော မိုးကြိုးပညာရပ်မှာ တော်ကြတယ်။ မင်းမှာ နတ်ဓားဖွဲ့စည်းပုံရှိပြီးတော့ အဲဒီကလေးက ဓားတိုက်ခိုက်မှုမှာ အရမ်းကျွမ်းကျင်တယ်။ မင်းရဲ့အရည်အချင်းကို စစ်ဆေးဖို့အတွက် သူက အသင့်တော်ဆုံးပဲ။

တူညီတဲ့ ပါရမီရှင်တွေနဲ့ လေ့ကျင့်ရင် အချင်းချင်း အပြန်အလှန် သင်ယူလို့ရတယ်လေ…မင်းကို စောင့်ကြည့်နေမယ်နော်။

မင်းရဲ့ စွမ်းအား အစစ်အမှန်ကို အမြန်ပြသပါတော့

လေ့ကျင်တယ်တဲ့လား…အချင်းချင်း အပြန်အလှန် သင်ယူလို့ရတယ်တဲ့လား

ဒါက ငါ့ဆရာရဲ့ ပုံရိပ်ယောင်လေ ... ကျွန်တော် သူ့ကို အနိုင်ယူလိုက်ရင် ဘယ်လိုဖြစ်မလဲ။ အဲဒါကို ခင်ဗျားက မှတ်တမ်းတင်ထားရင် ဘယ်လိုလုပ်မလဲ

ဒီမြေခွေးအိုကြီးက တော်တော်စိတ်ပုတ်တာပဲ။ အဲဒါကို အသုံးပြုပြီးတော့ ငါ့ကို ခြိမ်းခြောက်ဖို့အတွက် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေလောက်တယ်

ကျွန်တော်က ခင်ဗျားရဲ့ထောင်ချောက်ထဲကို ဝင်လိမ့်မယ်များ ထင်နေလား

ရှန်ထျန်း သူ့အမြင်ကို မပြောခင် လူငယ်လေးက စတင် တိုက်ခိုက်လိုက်သည်။

“ ကောင်းကင်နဲ့ကမ္ဘာမြေကြီးဆိုတာက တာအိုသဘောတရားရဲ့ မူလအစပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးက တူညီတဲ့ အရင်းအမြစ်ကနေ လာတာ။ သန်းချီနေတဲ့ စမ်းသပ်မှုတွေကို ဖြတ်ကျော်ပြီးတော့ ငါတို့ရဲ့ စွမ်းအားပြည့် ယုံကြည်မှုကို ပြသပေးပါ”

ဂိုဏ်းချုပ်ကိုယ်ပွား လက်ထဲရှိ ရွှေရောင်ထာဝရကျမ်းဂန်ကို ဝှေ့ယမ်းလိုက်သည်။

ရွှေရောင်စာအုပ်ထဲရှိ စာမျက်နှာများက လျင်မြန်စွာ လှုပ်ခတ်လာကာ ပဟေဠိဆန်သော ရွှေရောင်စာတန်းများ ထွက်လာသည်။

ထိုစာတန်းများက ဂိုဏ်းချုပ်၏ ချပ်ဝတ်တန်ဆာပေါ်တွင် စွဲထင်သွားပြီးနောက် အနောက်ဖက်မှ နတ်သားရဲငါးကောင်၏ ပုံရိပ်သဏ္ဌာန်ထွက်ပေါ်လာသည်။

ယခု ဂိုဏ်းချုပ်က ရောင်စုံမိုးကြိုးများ လွှမ်းခြုံခြင်းကို ခံထားရသည့်အတွက် ငယ်ရွယ်သော မိုးကြိုးနတ်ဘုရားနှင့် သဏ္ဌာန်တူလှသည်

“ သူက တကယ်ကို ငါ့ဆရာပဲ။ ဒီလိုမျိုး ငယ်ရွယ်တဲ့အချိန်မှာတောင် အရမ်းစွမ်းအားကြီးတယ်”

ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ ပုံရိပ်ဖမ်းသလင်းကျောက်ကို တည်ငြိမ်စွာ ထုတ်ယူလိုက်သည်။

ရှန်ထျန်းက ကျန်းလုံယွမ်၏ ငယ်ရွယ်သော ပုံရိပ်ယောင်ကို ကြည့်ကာ လေးစားစွာ ပြောလိုက်သည်

“ ဒီနေ့ တပည့်က ဆရာနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပါ့မယ်”

ရှန်ထျန်းစကားဆုံးသည်နှင့် တစ်ပြိုင်နက် လူငယ်က သူ့ကို စတင် တိုက်ခိုက်တော့သည်။ ခရမ်းရောင်မိုးကြိုးများ လွှမ်းခြုံနေသည့် ဓားဖြင့် သူ့ဆီတိုးလာပြီး နောက်တွင် ဓားအရိပ်များကို ချန်ထားခဲ့သည်။

လူငယ်၏ ဓားရေးက အရမ်းပြတ်သားပြီး စွမ်းအားကြီးလှသည်။ ဓားချက်တစ်ချက်ချင်းစီက သေစေနိုင်လောက်သည့် မျက်လုံး၊ လည်ပင်း၊ နှလုံး၊ ကျောက်ကပ်နှင့် ပေါင်ကြားထဲသို့ပါ တိုက်ခိုက်နေသည်။

ရှန်ထျန်းသာ နတ်ဓားဖွဲ့စည်းပုံ ကို မပိုင်ဆိုင်သလို ဓားရေးအတွက် ထူးခြားသောအသိစိတ်သာ မရှိပါက တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဖို့က သူ့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပေလိမ့်မည်။

“ ဆရာရဲ့ ဓားရေးက တကယ်ကို အဆင့်မြင့်တယ်။ ကျွန်တော်ကတော့ အဆင့်နိမ့်ပါသေးတယ်”

ရှန်ထျန်းက တွေဝေစွာဖြင့် လူငယ်လေး၏ တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် ကျောက်စိမ်းရေစင်ဓားကို ထုတ်ယူကာ ပြောလိုက်သည်

“ ဆရာ…ဂိုဏ်းချုပ်စံအိမ်တော်မှာရှိတဲ့ ဆရာရဲ့ဂုဏ်သိက္ခာက ဟန်လုပ်ရုံအတွက်ပဲ မဟုတ်ပါဘူး။ ဆရာက တကယ်ကို တော်တဲ့ စစ်သည်တစ်ယောက်ပါ။

ဒါပေမဲ့ ကျွန်တော် ရှုံးတာကို လွယ်လွယ်နဲ့ ဝန်ခံမှာ မဟုတ်ဘူး။ ဆရာ ကျွန်တော်ရဲ့ တိုက်ခိုက်မှုအတွက် အသင့်ပြင်ထားပါ” နတ်မိုးကြိုးငါးပါး သားရဲချပ်ဝတ်တန်ဆာက ရှန်ထျန်း၏ ကိုယ်ပေါ်တွင် ပေါ်လာသည့်အတွက် ရွှေရောင်များ တောက်ပနေသည်။

သူက ခန်းမင်လက်စွပ်ထဲမှ ခရမ်းရွှေတူကို ထုတ်ပြီးနောက် တူက ချက်ချင်းအဆပေါင်းများစွာ ကြီးမားသွားသည်။ သူက တူဖြင့် လူငယ်လေးဆီ လွှဲယမ်းလိုက်သည်။

ဒုန်း…

လူငယ်လေး၏ ထာဝရကျမ်းမှ ထွက်ပေါ်လာသော ရွှေရောင်စာတန်းများက သူ့ပတ်ပတ်လည်တွင် ရွှေရောင်အံ့ဖွယ်အလွှာ အကာအရံအဖြစ် ပြောင်းလဲသွားသည်။

ခရမ်းရွှေတူက ထိုအကာအကွယ်နှင့်တိုက်မိသွားသည့်အခါ အကာအကွယ်ချက်ချင်း ကွဲသွားကာ လူငယ်လေး အဝေးသို့ လွင့်ထွက်သွားသည်။

ရှန်ထျန်းက ဒဏ်ရာရသွားသော လူငယ်လေးကို ကြည့်ကာ ကြောင်အနေသည်။

ဒါမဖြစ်နိုင်ဘူး

ဆရာ အခြေတည်အဆင့်မှာရှိတုန်းက ငါ့ထက် စွမ်းအားကြီးတယ်ဆိုပြီးတော့ ငါ့ကို ပြောခဲ့တယ်မဟုတ်လား

ဒါက ခရမ်းရွှေတူကို ရိုးရိုးလေး လွှဲယမ်းလိုက်ရုံပဲလေ။ ငါက ရှေးဦးအဆီအနှစ် လေးလံရေစင်ကိုတောင် မသုံးရသေးဘူးလေ။ ဒါပေမဲ့ အခုကတည်းက သူ ခံနိုင်ရည် မရှိတော့ဘူးတဲ့လား

ဒီကောက်ကျစ်တဲ့ ယဲ့ချန်းခန်က ဆရာရဲ့ တိုက်ခိုက်စွမ်းရည်တွေကို တိတ်တဆိတ် လျှော့ပစ်နေတာများလား

ဒီဟာကို မှတ်တမ်းတင်ထားပြီးတော့ အနာဂတ်မှာ ကျွန်တော်ကို ခြိမ်းခြောက်တာမျိုးလုပ်နိုင်မဲ့ အခွင့်အရေးကို လုံးဝ မပေးနိုင်ဘူး

ထိုအခိုက်အတန့်တွင် ဂိုဏ်းချုပ်၏ ပုံရိပ်ယောင်က ထပ်မံ တိုက်ခိုက်ပြန်သည်

“ နတ်ဘုရား တစ်သောင်းဆင့်ခေါ်ခြင်း … မိုးကြိုးရဲ့ အစေခံ … နတ်ဆိုးတွေက ကြောက်ဒူးတုန်ပြီး မကောင်းဆိုးဝါးတွေက ပျောက်ကွယ်ရမယ်။ နတ်ဘုရားတွေက ဓားကိုင်ကာ လွှမ်းမိုးကြမယ် ”

နောက်ထပ်ဂါထာတစ်ခုကို ရွတ်ဆိုပြီးနောက် လူငယ်လေးက ခုနစ်စဉ်ကြယ်ပေါ်ရှိ ကြယ်ခုနစ်လုံးကို နင်းဖြတ်ကာ သူ့အရှိန်အဝါတို့ ထိုးဖောက်ထွက်လာသည်။ နတ်သားရဲငါးကောင်၏ ပုံရိပ်သဏ္ဌာန်တို့က သူ့လက်ထဲရှိ ဓားနှင့် ပေါင်းစပ်သွားကာ စင်မြင့်ပတ်လည်ရှိ မိုးကြိုးတို့ကလည်း ရုတ်တရက်ပိုမို ကျယ်ပြန့်လာသည်။

ကျန်းလုံယွမ်၏ ငယ်ရွယ်စဉ်က တိုက်ခိုက်စွမ်းရည်သည် တကယ် မြင့်မားသည်ဟု ဆိုနိုင်သည်။ သူ ယခုပြသလိုက်သော စွမ်းအားက ရွှေအမြုတေအဆင့် ကျင့်ကြံသူအများစုကို သတ်ဖို့ လုံလောက်သည်။ ရှန်ထျန်း၏ မျက်နှာထားက လေးနက်သွားကာ အနက်ရောင်ဒိုင်းကာ တစ်ခုပေါ်လာပြီး ကြီးမားသည့် မိုးကြိုးအလွှာတစ်ခုကို ဖန်တီးပေးလိုက်သည်။

ဝုန်း…

မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်သော ခရမ်းရောင် မိုးကြိုးလှိုင်းက ရှန်ထျန်းဆီသို့ ဦးတည်လာနေသည်။ မိုးကြိုးလှိုင်းနှင့် ဒိုင်းကာတို့ တွေ့ဆုံသွားပြီးနောက် ထိတ်လန့်စရာကောင်းပြီး ပင့်ကူအိမ်ကဲ့သို့သော သေးငယ်သည့် မိုးကြိုးလေးများ ဘေးသို့ပျံ့နှံ့သွားသည်။

မိုးကြိုးများ လွင့်ပြယ်သွားသည့်အခါ ရှန်ထျန်းက ရင်ဘတ်ပေါ်တွင် လက်တင်ထားကာ လေးစားသောမျက်နှာထားဖြင့် ပြောလိုက်သည်

“ ပြိုင်ဘက်ကင်း ဓားထာဝရမိုးကြိုးပဲ။ တကယ်ကို ကျွန်တော်ရဲ့ဆရာပဲ။ ကျွန်တော်က နောက်မှာ ကျန်နေခဲ့ပါပြီ။

ကျွန်တော် ဒီတိုက်ပွဲမှာ ရှုံးပါတယ်။ ဒါပေမဲ့ ကျွန်တော် ကြိုးစားလေ့ကျင့်ပြီးတော့ ဆရာနဲ့ထပ်ပြီး တိုက်ခိုက်ဖို့အတွက် အခွင့်အရေး ရချင်ပါသေးတယ်”

ထို့နောက် ရှန်ထျန်းက သူ့နောက်ရှိ ပုံရိပ်ဖမ်း သလင်းကျောက်ကို သိမ်းလိုက်သည်။

စစ်နတ်ဘုရားမျှော်နန်းဆောင်၏ ခုနစ်ထပ်မြောက်ရှိ ဉာဏ်အလင်းပွင့် သစ်ပင်အောက်တွင်…

ယဲ့ချန်းခန်၏ နဖူးမှ အကြောများထောင်နေသည်။

“ ဒါလား…ဒါက မင်းလုပ်နိုင်တာ အကုန်ပဲလား

ဆရာရဲ့နောက်မှာ ကျန်နေခဲ့တာလား။ အနည်းဆုံးတော့ မျက်နှာလေး ဖြူဖပ်ဖြူလျော် ဖြစ်တဲ့အထိ လုပ်ရဦးမှာလေ။ အရှုံးကို အခုလိုမျိုး ဝန်ခံလိုက်ပြီလား”

ယဲ့ချန်းခန်က ရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ ပြုံးရင်း ခေါင်းယမ်းလိုက်မိသည်။

“မီးစာကျမ်းကို ကျင့်ကြံပြီးတော့ အခုလိုမျိုး ရင့်ကျက်ပြီး တည်ငြိမ်တဲ့သူမျိုးက ရှားပါးတယ်။ စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ပိုင်ရှင်ဖြစ်လာဖို့ သူ့အပြင် တခြားသင့်တော်တဲ့သူ မရှိတော့ဘူး ထင်တယ်”

All Chapters