← Chapters

ပြင်းထန်သော တိုက်ပွဲ

Vol. 006 Ch. 561

ပြင်းထန်သော တိုက်ပွဲ

Vol. 006 Ch. 561

ဒီမွန်းနတ်ဘုရားများကား ရုန့်ရင်းကြမ်းတမ်းသော စွမ်းအားများကို အထူးပြုသော်လည်း ယခု ဒီမွန်းနတ်ဘုရား ကလန်မှ ချီခွန်းကား ယူချင်း၏ အပြည့်အဝ ဖိနှိပ်ခြင်းကို ခံရသည်။ ယူချင်း၏ ကျစ်လျစ်ကာ ပေါက်ကွဲနိုင်စွမ်းသော အားအင်များက ပရိသတ်များကို အံ့အားသင့် စေခဲ့သည်။

ပိုမို၍ အံ့အားသင့်ဖွယ်ရာကား သူက အကာနာ အဆင့်မျှသာ ရှိသေးသည်။ အကယ်၍ သူသာ အဋ္ဌမ သို့မဟုတ် သတ္တမအတန်းအစား နိုဘယ်ဖြစ်နေပါက မည်မျှ အားကောင်းမည်ကို တွေးကြည့်၍ ရသည်။

အာရုဏ်လမ်းမှ လူများ၏ စိတ်နှလုံးများက အလွန်အမင်း လှုပ်ရှား နေကြသည်။ လူအများအပြားက ကျန်ရှောင်မြို့ ဂိတ်တံခါးမှ​ မြင်ကွင်းကို ပြန်သတိရကြသည်။ ဤစွမ်းဆောင်ရည်ကား သူ မိစ္ဆာပုံစံ မပြောင်းမီ ဖြစ်သည်။ သူက မိစ္ဆာပုံစံကို လုံးဝ ပြောင်းလဲ သွားပြီးနောက် နန်ဟောင်ကို သတ်ဖြတ်နိုင်ခြင်းက အံ့အားသင့်စရာ မဟုတ်တော့ပေ။ နန်ဟောင်က ယူချင်း၏လက်ထဲတွင် အမှန်တကယ် သေဆုံးခဲ့ရသည်ဟု လူအများအပြားက ယုံကြည်ကြသည်။

တိုက်ပွဲများ ဆက်လက် ဖြစ်ပျက်ပြီးနောက် ယူချင်းပြသခဲ့သော စွမ်းဆောင်ရည်က နောက်ပိုင်း ပိုမိုပြင်းထန်သော တိုက်ပွဲများ အောက်တွင် မှေးမှိန် သွားပြန်သည်။ ယခု တိုက်ခိုက်နေသူများ အားလုံးက အကောင်းဆုံးထဲမှ အကောင်းဆုံးများ ဖြစ်ကြသည်။ လူဝံကြီး ယန်ကျန်းသည်လည်း ယူချင်းကဲ့သို့ပင် ရု့န်ရင်းကြမ်းတမ်းကာ သူ၏ပြိုင်ဘက်ကို အထက်စီးမှ အနိုင်ယူခဲ့သည်။

သည်တစ်ကျော့အပြီးတွင် လူလေးဆယ်ခန့်သာ ကျန်တော့သည်။ တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲများက နောက်တစ်ကျော့မစမီ သူတို့အား အနားယူရန် ခွင့်ပြုထားသည်။

လူအများအပြားက နောက်ဆုံး ကျန်ရစ်နေသူများကို အကဲခတ်နေကြကာ အားနည်းသူ ဟူ၍ သူတို့ ရှာဖွေ၍ပင် မတွေ့တော့ပေ။ ရီဖူရှင်းနှင့် ယူချင်းပင်လျှင် ဤအဆင့်သို့အထိ ရောက်လာခြင်းက သူတို့၏ အရည်အချင်းကို သိသာစေသည်။

တော်ဝင် ကိုးလမ်းထဲမှ ထွက်လာသော မရေမတွက်နိုင်သော လူများထဲတွင် ယခု လူလေးဆယ်ခန့်သာ ကျန်တော့သည်။ မှန်သည်… ထိုလူလေးဆယ်ခန့်တွင် အာရုံလမ်းနှင့် မြေရိုင်းလမ်းမှ အများဆုံး ဖြစ်သည်။ မြေရိုင်းလမ်းမှ တကယ့် ပါရမီရှင်များမှာလည်း ကျုံးကျိုးမြို့မှ ဖြစ်ကြသည်။ သို့သော်လည်း အာရုဏ်လမ်းမှ ဤမျှ လူများနေခြင်းမှာ ပုံမှန်မဟုတ်ပေ။ ရီဖူရှင်း၊ ယူချင်း၊ ယိရှောင်ရှီတို့ ထွက်ပေါ်လာခြင်းက အာရုဏ်လမ်းအား တခြားလမ်းများထက် အရေအတွက် ပိုမိုများပြားစေသည်။ အာရုဏ်လမ်းတွင် ရီဖူရှင်းတို့ အဖွဲ့အပြင် ထိုက်ချွန်တောင်မှ ယန်ကျန်း၊ နန်ထျန်း အိမ်တော်မှ နန်ဟို၊ ဓားကျေးရွာမှ ယန်ချူ၊ ရှောင်ကျွန်ရီတို့လည်း ကျန်ရစ်သေးသည်။

“အာရုဏ်လမ်းက တကယ်ပဲ အံ့အားသင့်စရာပဲ… သူတို့က တခြားလမ်းက လူ အရေအတွက်ထက် အများကြီး သာနေတယ်…”

“အမှန်ပဲ… ရီဖူရှင်းတို့အုပ်စုက အကောင်းဆုံး လူလေးဆယ်ထဲကိုတောင် ရောက်လာတယ်… ဒါပေမဲ့ တကယ့်ထိပ်သီး ပါရမီရှင်တွေနဲ့ ယှဉ်ရင် အာရုဏ်လမ်းက ဘာမှ မဟုတ်ပါဘူး… သူတို့က ဒီတစ်ဆင့်မှာပဲ ပြုတ်ဖို့ သေချာသလောက် ရှိတယ်…”

“ပြီးတော့ မြေရိုင်းလမ်းမှာ ဟောင်ကျူဂီ၊ ရွယ်ချွဲနဲ့ ပိုင်ဇီတို့ရီတယ်… မြေအောက်လမ်းမျာဆို ကျူးကော့ရှင်း၊ ချီမင်နဲ့ တခြားလူတွေ… သူတို့အားလုံးက တကယ့်ထိပ်သီးတွေပဲ… ဒါပေမဲ့ အာရုဏ်လမ်းက ရှောင်ကျွမ်ရီကိုတော့ လျှော့တွက်လို့ မရဘူး… ယန်ချူ၊ နန်ဟိုနဲ့ ယန်ကျန်းတို့ကလည်း တော်တော် အားကောင်းတယ်…”

လူအများအပြားက ရီဖူရှင်းတို့အဖွဲ့အပေါ် အမြင်မျိုးမျိုး ကွဲပြားကြသည်။ အထူးသဖြင့် ရီဖူရှင်း၊ ဟွာဂျီယူနှင့် ယူချင်းတို့က နောက်တစ်ဆင့်တွင် ပြုတ်သွားမည်လား သိလိုကြသည်။ သူတို့က အလွန် အားကောင်းသောလည်း နောက်တစ်ဆင့်တွင် သူတို့တွေ့ဆုံမည့်လူများ အားလုံးက သတ္တမအတန်းအစား နိုဘယ်များ ဖြစ်ကြသည်။

ဟွာဂျီယူက ယန်ချူထံတွင် ဤမတိုင်မီက ရှုံးနိမ့်ဖူးရာ သူမက နောက်တစ်ဆင့်ကို တက်ရန် လွယ်ကူမည် မဟုတ်သည်ကို အားလုံးက သိကြသည်။

သည်အဆင့်တွင် လူတိုင်းက ထိပ်သီးပါရမီရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် မည်သူကမှ ပြိုင်ဘက်ကို ပေါ့ပေါ့လျော့လျော့ ရွေးချယ်ရဲခြင်း မရှိကြပေ။

ရီဖူရှင်းက မျက်လုံးကို မှိတ်ကာ လေ့ကျင့်နေသည်။ သူ လေ့ကျင့်နေသည် ကိုလည်း အားလုံးက သတိထားမိကြသည်။ သူက အမှန်ပင် ဤသို့သော အချိန်အခါတွင် လေ့ကျင့်နေသည်။ ထိုအရာက အသုံးဝင်သလော…။ သူ၏တန်ခိုးအဆင့်က နိမ့်ကျင်နေသည်က ပြောင်းလဲသွားမည် မဟုတ်ပေ။

အနားယူချိန်က မြန်ဆန်စွာပင် ကုန်ဆုံးသွားသည်။ လှေကားထစ်ပေါ်မှ အကြီးအကဲက တိုက်ပွဲကို ဆက်လက်ရန် အချက်ပြသည်။ လူနှစ်ယောက်က တစ်ပြိုင်နက်တည်းတွင် ရှေ့ကို ထွက်လာကြသည်။

“ယွန်စီနဲ့ ကျောင်းလီ…” လူအများအပြား၏ မျက်လုံးများ အရောင်လက် သွားကြသည်။ တကယ့် တိုက်ပွဲများက စတင်လေပြီ။

တိမ်ဖြူမြို့ကား မြေရိုင်းဒေသ၏ အဓိကမြို့ အနည်းငယ်ထဲတွင် ပါဝင်သော မြို့တစ်မြို့ဖြစ်သည်။ ထိုမြို့ထဲတွင် ပိုင်ကလန်နှင့် ယွန်ကလန်ဟူ၍ အဓိကလန် နှစ်ခုရှိသည်။ နောက်ပိုင်းနှစ်များတွင် ပိုင်ကလန်က တိမ်ဖြူမြို့ထဲတွင် ယွန်ကလန်ကို လွှမ်းမိုးထားနိုင် သော်လည်း ယွန်ကလန်ကလည်း အလွန် နိမ့်ကျသွားသည်တော့ မဟုတ်ပေ။ သူတို့က ထိပ်သီးကလန် တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ သို့သော် တိမ်ဖြူမြို့စား ကိုယ်တိုင်က ကောင်းကင်မြေရိုင်း အဆင့်တွင် အဆင့်လေးနေရာ၌ ရှိပြီး ပိုင်လွေလီက အဆင့်တစ်ဆယ် နေရာတွင်ရှိရာ ယွန်ကလန်က ပိုင်ကလန်အား ကျော်ဖြတ်နိုင်မည့် အခြေအနေ မရှိပေ။

ယွန်စီကား ယွန်ကလန်၏ မျိုးဆက်များထဲတွင် အတော်ဆုံးဖြစ်ကာ သူ၏တိုက်ခိုက်ရေး စွမ်းရည်က အလွန် အားကောင်းသည်။

ကျောင်းလီက ခွဲခွာခြင်းလမ်းမှ ထွက်ပေါ်လာကာ ကျောင်းကလန်ဝင် ဖြစ်သည်။ ကျောင်းကလန်က အာခီမီမြို့တွင် တည်ရှိကာ ကျောင်းကလန် ခေါင်းဆောင်ကလည်း ကောင်းကင်မြေရိုင်း အဆင့်ဝင်သူ ဖြစ်သည်။ ခွဲခွာခြင်းလမ်းမှ ထွက်ပေါ် လာသူများထဲတွင် ကျောင်းလီက အတော်ဆုံးဟု သတ်မှတ်ခံရကာ သူ၏စွမ်းရည်က တော်ဝင် မီးတောက်ဂိုဏ်းမှ စီကျိထက်ပင် အားကောင်းသည်ဟု ဆိုကြသည်။

သူတို့နှစ်ယောက် ရင်ဆိုင်တွေ့ခြင်းက လွန်စွာ ပြင်းထန်သော တိုက်ပွဲ ဖြစ်လာစေသည်။

ရီဖူရှင်းက လေ့ကျင့်သည်ကို ရပ်လိုက်ပြီးနောက် တိုက်ပွဲကွင်းပြင် နေရာကို ကြည့်သည်။ ဧရာမ ရွှေရောင်ဖိုအိုးကြီးများအား ကောင်းကင်တွင် တွေ့ရကာ ကြီးစွာသော ဖိအားနှင့် စွမ်းအားကို ထုတ်လွှတ်သည်။ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည်ကား အလယ်မှ ရွှေဖိုအိုးကြီးက အင်းကွက်ပုံစံဖြင့် နေရာယူကာ အရာခပ်သိမ်းကို ဖျက်ဆီးနိုင်စွမ်း အားပေးသည်။ ဗဟိုမှ ရွှေရောင်ဖိုအိုးကြီးကား ကျောင်းလီ၏ ဓမ္မဖြစ်သည်။ သက်စောင့်ဝိညာဉ်ဖြင့် ဝင်္ကပါ တည်ဆောင် နိုင်သည်ကား အလွန်အမင်း အားကောင်းနေပြီး ဖြစ်ကာ နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်ဟု ဆိုစမှတ်ပြုကြသည်။

တိမ်ဖြူမြို့မှ ယွန်စီကား အလွန်အမင်း အားကောင်းသော်လည်း တိုက်ပွဲ တစ်လျှောက်လုံး အဆက်မပြတ် ခုခံနေရကာ နောက်ဆုံး ရှုံးနိမ့်သွားခဲ့သည်။

“ကျောင်းလီက ခွဲခွာခြင်းလမ်းက အားအကောင်းဆုံး ဖြစ်နိုင်တယ်…” ရီဖူရှင်းက ပြောသည်။ ကျောင်းလီက တော်ဝင် မီးတောက်ဂိုဏ်းမှ စီကျိထက် အားကောင်းသည်ကို သူ ခံစား၍ ရသည်။

ဒုတိယ အကြိမ်တွင်လည်း လူနှစ်ယောက်က တစ်ချိန်တည်းမှာ ရှေ့ကို ထွက်လာကြသည်။ သူတို့ နှစ်ယောက်လုံးက ပြိုင်ဘက်ကို ကိုယ်တိုင် ရွေးချယ် လိုခဲ့ကြသော်လည်း မထင်မှတ်ဘဲ ပြိုင်တူ ထွက်မိကြသည်။ သူတို့ကား ဒီမွန်းနတ်ဘုရားကလန်မှ ချီမင်နှင့် ဒူဟောင်ကို သတ်ခဲ့သော အင်မော်တယ် ကျေးရွာမှ လူငယ်ဖြစ်သည်။

ထိုထူးဆန်းသော လူငယ်က ချီမင်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကာ နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရသည်။

ရီဖူရှင်း၏ မျက်လုံးက အရောင်လက် သွားသည်။ သူကလည်း ဖိအားကို ခံစားနေရကာ ဂျီယူ၊ ယူချင်းနှင့် တခြားလူများက မည်သည့်အချိန်တွင် တိုက်ခိုက်ရန် အကောင်းဆုံး ဖြစ်မည်ကို တွက်ချက် နေသည်။

လက်ကျန် တိုက်ပွဲများကား အလွန်အမင်း အန္တရာယ်များပေသည်။ တစ်ယောက်ချင်းစီတိုင်းက ကျော်ဖြတ်ရန် အလွန်ခက်ခဲသော ပြိုင်ဘက်များ ဖြစ်ကြ၏။ တတိယ တိုက်ပွဲတွင် ထိုက်ချွန်တောင်မှ ထိပ်သီးပါရမီရှင် တစ်ယောက်နှင့် အေးခဲလမ်းမှ ထူးဆန်းသော ဟောင်တစ်ယောက်တို့နှင့် ရင်ဆိုင်မိကြသည်။ သည်တိုက်ပွဲတွင် ဟောင်က အနိုင်ရခဲ့သည်။

လေးပွဲမြောက်တွင် ဟွာဂျီယူ ထွက်လာသည်။ သူမက သည်မတိုင်မီက တိုက်ခိုက်ခဲ့သော ယန်ချူနှင့် ရင်ဆိုင်မိသည်။

သည်တိုက်ပွဲတွင် ဟွာဂျီယူက အလွယ်တကူ လက်လျှော့ခြင်း မရှိဘဲ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးမှ ရှုံးနိမ့်ခဲ့သည်။ သူမက ထိပ်ဆုံးလေးဆယ် စာရင်းထဲအထိ ရောက်ခဲ့ပြီးမှ ကွင်းထဲမှ ထွက်ခဲ့ရသည်။

“မင်း ငါ့လက်အောက်မှာ လေ့ကျင့်ချင်လား…”

“ဟွာဂျီယူ… မင်းက ငါ့တပည့်လုပ်မလား…”

တော်ဝင်ကျဲ နန်းတော်မှ ပုဂ္ဂိုလ်ကြီးများက သူမအား ဖိတ်ခေါ်ခဲ့ကြသည်။ သို့သော်လည်း ဟွာဂျီယူက အနည်းငယ် ဦးညွှတ်ကာ တော်ဝင်ကျဲ နန်းတော်ဘက်ကို ပြောသည်… “ကျွန်မက သူသွားတဲ့ နေရာကို သွားမှာပါ… စီနီယာများက ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်…”

ပုဂ္ဂိုလ်များကြီးများ အားလုံးက ရယ်ရွှင်ဖွယ် အမူအရာများ ဖြစ်သွားကြသည်။ သည်မိန်းကလေး၏ ခေါင်းထဲတွင် ဘာတွေ ရှိသနည်း…။

ထို့နောက် ရီဖူရှင်းက လူအများအပြား၏ မနာလိုဝန်တို အကြည့်များကို ခံစားရတော့သည်။ သို့သော်လည်း ဟွာဂျီယူက နောက်ထပ် အဆင့်မတက်တော့သည့်အတွက် ရီဖူရှင်းကလည်း နောက်တစ်ဆင့် တက်ရောက်တော့မည် မဟုတ်ဟု အားလုံးက ခန့်မှန်းကြသည်။

ဟောင်ကျူဂီက ငါးပွဲမြောက်တွင် တိုက်ခိုက်ကာ ပြိုင်ဘက်ကို အနိုင်ယူခဲ့သည်။

ရွယ်ချွဲက ခြောက်ပွဲမြောက်တွင် တိုက်ခိုက်ကာ အလားတူ ပြိုင်ဘက်ကို အနိုင်ယူခဲ့သည်။

နောက်ပိုင်းပွဲများကို ဆက်လက် တိုက်ခိုက်ကြသည်။ တိုက်ပွဲ တစ်ပွဲစီတိုင်းက ခက်ခဲကြမ်းတမ်းကာ အသည်းအသန် တိုက်ခိုက်ကြရသည်။

မျက်လုံး တစ်မှိတ် အတွင်းတွင် ပွဲစဉ်တစ်ဝက်ခန့် ပြီးသွားကာ ဆယ်ယောက်က ထိပ်ဆုံး နှစ်ဆယ်စာရင်းထဲကို ဝင်ရောက်သွား၏။

တော်ဝင် မီးတောက်ဂိုဏ်းမှ စီကျိက ဆယ့်တစ်ပွဲမြောက် အတွက် ထွက်လာသည်။ သူက ပြိုင်ဘက်ကို ရွေးချယ်ရန် ရှားပါးသော အခွင့်အရေးကို ရသည်။ သူက ထက်မြက်သည့်တိုင် လက်ရှိ အခြေအနေတွင် ပြိုင်ဘက်ကို မိမိစိတ်ကြိုက် ရွေးချယ်ရခြင်းက အလွန်အမင်း အားသာချက် ရှိပေသည်။

စီကျိ၏မျက်လုံးက ရီဖူရှင်းထံကို ရောက်လာသည်။

“စီကျိကတော့ အခွင့်အရေးကို လက်လွတ်ခံမယ် မထင်ဘူး… ကြည့်ရတာ သူက ထိပ်ဆုံးအဆင့် နှစ်ဆယ်ထဲကို ဝင်တော့မယ် ထင်တယ်…” လူအများအပြားက မှတ်ချက်ချကြသည်။ သို့သော် ရီဖူရှင်းက ပိုင်ရီကို အနိုင်ရထားသည်ကို ထောက်ပါက စီကျိက ရီဖူရှင်းကို အလွယ်တကူ အနိုင်ရမည်တော့ မဟုတ်ပေ။

ရီဖူရှင်းက ရှေ့ကို လှမ်းတက် လိုက်သည်တွင် အလွန်အမင်း လင်းလက် တောက်ပသော အတောင်ပံများ ဖြစ်ပေါ်လာသည်။ လေဓာတ် သဘာဝများ ရစ်ပတ်ကာ ရီဖူရှင်းက လေထဲကို မြန်ဆန်စွာ တက်ရောက် သွားသည်။

သည်နည်းဖြင့် သူက တိုက်ပွဲထဲကို ဝင်ရောက်တော့မည်လား…။

အလွန်အမင်း ပူးပြင်း တောက်လောင်သော အနက်ရောင် မီးကြာပန်းတစ်ပွင့် စီကျိ၏ နောက်ကျောတွင် ဖြစ်ပေါ်လာကာ တိုက်ပွဲကွင်းပြင် တစ်ခုလုံး၏ အပူချိန်က အလွန်အမင်း မြင့်တက်သွားသည်။ စီကျိက လက်ဆန့်တန်းကာ ကောင်းကင်ထက်ကို မြှောက်လိုက်သည်တွင် မြေပြင်မှ အရာခပ်သိမ်းက လောင်ကျွမ်းရသည်။

ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် မီးတောက်အသိက ရီဖူရှင်း၏ စိတ်ထဲကို ဝင်ရောက်လာသည်။

“ဒါက တော်ဝင် မီးတောက်ဂိုဏ်းရဲ့ အဆင့်မြင့် နည်းစနစ်တစ်ခုပဲ… ကမ္ဘာ့လောင်မီး ကြာပန်းလို့ ခေါ်တယ်…” အကြီးအကဲ တစ်ယောက်က ပြောသည်။ သည်နည်းစနစ်ကား တော်ဝင် မီးတောက်ဂိုဏ်း၏ နာမည်ကျော် ပညာရပ်တစ်ခုဖြစ်ကာ အလွန်များပြားသော စိတ်ဝိညာဉ်အားကို အသုံးပြုရသည်။ သည်တိုက်ကွက်က အရာခပ်သိမ်းအား လောင်ကျွမ်းနိုင်စွမ်း ရှိကာ သည်တိုက်ကွက်ဖြင့် တစ်ချိန်က မြို့တစ်မြို့လုံးကိုပင် လောင်ကျွမ်း ပြာကျစေဖူးသည်။

စီကျိက ပွဲစသည်နှင့် ကမ္ဘာ့လောင်မီး ကြာပန်း တိုက်ကွက်ကို ထုတ်ကာ ရီဖူရှင်းကို သတ်ရန် ကြိုးစားသည်။

အနက်ရောင် မီးတောက်များက ကွင်းပြင်တစ်ခုလုံးကို လောင်ကျွမ်းနေသည်။ ကွင်းဘေးမှ လူများပင်လျှင် အပူဒဏ်ကို ခံစားကြရကာ မရေမတွက်နိုင်သော မီးတောက်များ ရစ်ပတ်နေသော ရီဖူရှင်းက မည်သို့ ဖြစ်နေမည်ကို အားလုံးက ခန့်မှန်း၍ ရသည်။

***

All Chapters