← Chapters

စတေးမှုနှင့် နိဗာန

Vol. 5 Ch. 58

စတေးမှုနှင့် နိဗာန

Vol. 5 Ch. 58

အခန်း (၅၈) : စတေးမှုနှင့် နိဗာန

ဝမ်ဝေ့က ဧကရာဇ်ငယ်တစ်ယောက်အနေနှင့် သူ့စွမ်းအားအသစ်ကို ချင့်ချိန်နေသည်။ သူက အနာဂတ် ကျင့်ကြံရေးလမ်းစဉ်အတွက် ဝှက်ဖဲတစ်ခု ထပ်ရလာကြောင်း သိလိုက်ရ၍ စိတ်လှုပ်ရှားမိသည်။

ဝမ်ဝေ့က သူ့ဆီရှိသမျှ ဝှက်ဖဲများအား လျို့ဝှက်ထားလေလေ အခြေအနေအမျိုးမျိုး၌ အသက်ရှင်နိုင်ခြေ ပိုများလေလေမှန်း သိထားလေသည်။ ကျင့်ကြံရေးလောကက ထူးဆန်းပြီး ရှုပ်ထွေးလေရာ လူတစ်ယောက်အနေနှင့် ရှုပ်ထွေးမှုအမျိုးမျိုး၌ အသက်ရှင်ကျန်ရစ်လိမ့်မည်ဟု မပြောနိုင်ပေ။ ဝမ်ဝေ့အနေနှင့် အတိတ်ဘဝတုန်းက  အခြေအနေအများစုပေါ် ကံပေါ်မှီခိုကြသည့် ကမ္ဘာကူးပြောင်းသူများကဲ့သို့ မဖြစ်ချင်ပေ။

ဝမ်ဝေ့က သူ့စွမ်းအားအသစ်ကြောင့် အာရုံများနေစဉ် ရုတ်ချည်းဆိုသလို နာကျင်မှုက သူ့ခန္ဓာ မည်သို့အခြေအနေ ဖြစ်နေကြောင်း အသိပြန်ဝင်လာစေသည်။ ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ သွေးနီရောင်ဆေးလုံးကို ထုတ်ကာ မျိုချလိုက်သည်။

ဤသွေးအားဖြည့်ဆေးလုံးက အဆင့်နိမ့် ဆေးလုံး ဖြစ်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းနှင့် အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့် ကျင့်ကြံသူများက ကုသဖို့အတွက် အသုံးပြုကြသည်။

ဝမ်ဝေ့က ဆေးအာနိသင်နည်းပါးမှုကို သတိပြုမိကာ မျက်မှောင်ကြုတ်လိုက်မိသည်။

ဒါက သူ သုံးဖူးတဲ့ ဆေးလုံးထဲ အဆင့်နိမ့်ဆုံးဆေးလုံး ဖြစ်နိုင်တယ် …

သို့သော် သူ့အတွက် တခြားရွေးချယ်စရာ မရှိပေ။ ဤသည်မှာ ဒီအထဲ ယူလာဖို့ ခွင့်ပြုထားသည့် အဆင့်မြင့်ဆုံး ဆေးလုံး ဖြစ်နေလေသည်။

ဤနှုန်းအရ သူ့ဒဏ်ရာများ ပြန်ကောင်းလာဖို့ နှစ်လတာ အချိန်ယူရလိမ့်မည်။ အရမ်းနှေးလွန်း၏။ လက်ရှိအနေအထားအရ သူ နောက်ထပ်ရန်သူနှင့် တွေ့လာလျှင် အန္တရာယ်ကြား ရောက်သွားနိုင်သည်။

ထို့နောက် ဝမ်ဝေ့က ကျိုးနေသော သူ့လက်ကို သစ်ကိုင်းဖြင့် တင်းတင်းစည်းထားလိုက်ပြီး သွေးအားဖြည့်ဆေးလုံးကို ထပ်သောက်လိုက်သည်။

သူက ကျီစုန့်ဘေးနား သွားကာ ကျောက်စိမ်း အဆောင်လက်ဖွဲ့ သုံးခုကို ထုတ်လိုက်သည်။ ပထမတစ်ခုက အိပ်ပျော်စေသည့် အဆောင်လက်ဖွဲ့ ဖြစ်ပြီး ကျီစုန့်အား နိုးထလာခြင်းမှ တားဆီးကာ အိပ်မောကျသွားစေလိမ့်မည်။

ဝမ်ဝေ့က ဒုတိယအဆောင်ကို ကျီစုန့်၏ နဖူး သို့မဟုတ် ဝိညာဉ် အနားယူရာ နိဝမ်ဆုံမှတ်ပေါ် တင်လိုက်သည်။ တတိယအဆောင်ကိုတော့ နှလုံးပေါ် တင်လိုက်သည်။ ထို့နောက် ဝမ်ဝေ့က မူလရင်းမြစ်ကို စွမ်းအားအဖြစ် ထုတ်ကာ အသက်သွင်းလိုက်သည်။

ဒုတိယအဆောင်က ကျီစုန့်၏ ဝိညာဉ်အစိတ်အပိုင်းတိုင်းကို စတင်စစ်ဆေးနေပြီး တတိယအဆောင်က သူ့ခန္ဓာကိုယ်၊ သွေး၊ အရည်ပြား၊ ကြွက်သားနှင့် ရိုးတွင်းခြင်ဆီအထိ စစ်ဆေးနေသည်။ ကျီစုန့်က စတင်မကျင့်ကြံရသေးသောကြောင့် နိဝမ်ဆုံမှတ်ကို မဖွင့်ရသေးပေ။ ထို့ကြောင့် သူက ဟန်လီထက် ပိုခံရသည်။

ဝမ်ဝေ့က ကျီစုန့်တစ်ယောက် မြေပေါ် လဲကျကာ ခန္ဓာကိုယ်အနှံ့၊ မျက်လုံးဖြစ်စေ၊ နှာခေါင်းဖြစ်စေ သို့မဟုတ် နားရွက်မှဖြစ်စေ သွေးများ စီးထွက်လာသည်ကို ကြည့်နေလိုက်သည်။

သူ့ခန္ဓာကိုယ်က ထူးထူးဆန်းဆန်း လိမ့်ဖယ်လာပြီးနောက် စတင်ငြီးငြူလာသည်။ သို့သော်လည်း ပထမအဆောင်က သူ့ကို အိပ်ပျော်အောင် ဆက်ထိန်းထားသည့်အတွက် သတိမေ့နေဆဲ ဖြစ်သည်။ ဤသည်က သူ့အတွက် ကောင်းလားဆိုးလား သူသာလျှင် သိပေမည်။

ဝမ်ဝေ့က တုံ့ပြန်မှုများစွာမရှိဘဲ ဆက်ကြည့်နေပြီး ရေရွတ်လိုက်သည်  “ ဧကရာဇ်လမ်းစဉ်က ရက်စက်တယ်။ တကယ်လို့ တစ်ရက်ကျ မင်း  အထွတ်အထိပ်ပုလ္လင်မှာ ထိုင်နိုင်ခဲ့ရင် ငါ့ကံတရားက မင်းရဲ့ သက်ညှာမှုအောက် ရောက်သွားလိမ့်မယ်။ အဲဒါကြောင့် ဘယ်လိုဖြစ်ဖြစ် ငါက နောက်ဆုံးအနိုင်ရရှိသူ ဖြစ်ရမယ် ”

မိနစ်ပိုင်းကြာမြင့်ပြီးနောက် နှလုံးထက်မှ အဆောင်က ကျီစုန့်ခန္ဓာကိုယ်မှ အနီတောက်တောက် သွေးတစ်စက်ကို ဆွဲယူလာသည်။ ဤသည်မှာ သူ့ပင်မရင်းမြစ် သွေးစက် ဖြစ်၏။

ဤသွေးစက်တွင် ခွန်အားစည်းမျဉ်း အပိုင်းအစ ပါဝင်နေသည်။ ထိုပထမသွေးစက် ထုတ်ယူပြီးသည်နှင့် သိပ်မကြာခင် ကျီစုန့် ခန္ဓာကိုယ်မှ ပိုထွက်လာည်။ သို့သော်လည်း သွေးငါးစက်မြောက်အပြီး ခြောက်စက်မြောက် ထွက်လာခါနီးတွင် ကျီစုန့် ခန္ဓာကိုယ်မှာ ရုတ်ချည်း မတည်မငြိမ် ဖြစ်လာပြီး ပျောက်ကွယ်သွားလေသည်။

“ လေဟာနယ်ဖြိုခွဲရေး အဆောင်လား” ဝမ်ဝေ့က တီးတိုးရေရွတ်လိုက်သည်။ သူက ကျီစုန့် ပျောက်ကွယ်သွားမှုကို မအံ့ဩမိပေ။ အကြောင်းမှာ အိမ်ရှေ့စံတွင်လည်း သူ့ခန္ဓာကိုယ်ပေါ် မှတ်သားထားသည့် အသက်ကယ်နည်းများရှိမည်ကို သိနေ၍ ဖြစ်သည်။

သူ့အာရုံကို ဖမ်းစားသွားသည်က အသုံးပြုခဲ့သည့် နည်းလမ်း ဖြစ်သည်။ အားကောင်းသည့် အင်အားစုများပင် သူတို့အဖွဲ့ဝင်ကို ကူးပြောင်းဖို့ လျို့ဝှက်နည်းစနစ်ကို ထုတ်သုံးကာ လျို့ဝှက်ကာ စိတ်ချရသည့် နေရာကို ရှာပြီး ကုသပေးကြသည်။ သို့သော်လည်း မဟာကျိုးတော်ဝင်တိုင်းပြည်က လေဟာနယ်ဖြိုခွဲရေး အဆောင်ကို အတင်းသုံးကာ ကျီစုန့်အား ဝိညာဉ်လမ်းစဉ်မှ ဆွဲထုတ်သွားခဲ့သည်။ ဤစစ်ဆေးမှုက သီးခြားနယ်မြေထဲ … ပြောရလျှင် ကောင်းကင်တာအို ဖန်တီးထားသည့် နယ်မြေထဲ ကျင်းပကြောင်း သိထားသင့်ပေသည်။

ဒီလိုလျို့ဝှက်နယ်မြေကို ချိုးဖောက်နိုင်ဖို့ လေဟာနယ်ဖြိုခွဲရေးအဆောင်က မည်မျှအားကောင်းကြောင်း သက်သေပြနေသည်။ ထို့အပြင် မဟာကျိုးတော်ဝင်တိုင်းပြည်က သူတို့အိမ်ရှေ့စံအပေါ် မည်မျှဂရုစိုက်ကာ အလေးထားကြောင်း မြင်တွေ့နိုင်ပေသည်။

ဝမ်ဝေ့က ကျောက်စိမ်းပုလင်းလေး ထုတ်ကာ သွေးစက်များကို သေချာသိမ်းဆည်းလိုက်သည်။ ထို့နောက် ကျန်ရှိနေသည့် အဆောင်လက်ဖွဲ့နှစ်ခုနှင့်အတူ ပုလင်းအား သိုလှောင်လက်စွပ်ထဲ ပြန်ထည့်ထားလိုက်သည်။ ထို့နောက် သူက ဆက်သွယ်ရေးအဆောင်ကို ထုတ်ကာ တစ်ယောက်ယောက်ဆီ လှမ်းဆက်သွယ်လိုက်သည်။

“ဟေး လီကျွင်း မင်း ဘယ်မှာလဲ ”

“ အစ်ကိုကြီးဝမ်ဝေ့ … နောက်ဆုံးတော့ နှစ်လကျော်ကြာပြီး ဆက်သွယ်လာပြီပဲ။ အခု ကျွန်တော်က အလယ်ပိုင်းနယ်မြေမှာပဲ ရှိသေးတယ် ”

“သိပ်မဝေးဘူး။ ငါ အခုဒဏ်ရာရထားတယ်။ မင်း ငါ့ကို လာခေါ်မှ ဖြစ်တော့မယ် ”

တစ်ဖက်မှ လီကျွင်းသည် အံ့ဩသွားလေသည်။ သူက သူ့အစ်ကိုကြီးသည် မည်မျှအားကောင်းကြောင်း သိထား၍ ဒဏ်ရာရထားသည်ဟု ပြောသောအခါ မည်သို့မအံ့ဩမိဘဲ နေမည်နည်း။ မည်သူကများ ဒီလိုလုပ်နိုင်ခဲ့သနည်း။

လီကျွင်းက ရုတ်ချည်းဆိုသလို တစ်ခုခုကို တွေးမိသွားပြီး  “အစ်ကိုကြီး လိုချင်တဲ့ ပစ္စည်းနဲ့ သတင်းအချက်အလက် ရလိုက်ပြီလား ”

“ အင်း … ငါ ရခဲ့ပြီ ”

“ ကောင်းတယ် ကောင်းတယ်။ အဲဆိုရင် ကျွန်တော်တို့ အစီအစဉ်က တစ်လှမ်းပိုနီးသွားတာပေါ့။ အစ်ကိုကြီး စိတ်မပူနဲ့။ ကျွန်တော် ခုနှစ်ရက် … သုံးရက်အတွင်း ရောက်အောင် လာခဲ့မယ်”

“ အဲဆို မင်းကို စောင့်နေမယ် ”

……………

ဝမ်ဝေ့က လီကျွင်း ရောက်လာတာကို စောင့်ဆိုင်းနေစဉ် အပြင်ဘက် သစ်ရွက်ကြွေမြို့အတွင်း မုန်တိုင်းကြီး ဖြစ်နေလေပြီ။

တည်းခိုဆောင်အတွင်း ပထမ မင်းသားကျီစု၊ နန်းစွန့်မင်းသား ကျီရှန့်နှင့် တော်ဝင်အစောင့်ခေါင်းဆောင် ကျိုးဖန်တို့က သီးသန့်အခန်းအတွင်း ထိုင်ကာ စားရင်းသောက်ရင်း စကားပြောနေကြသည်။

ရုတ်ချည်းဆိုသလို လေဟာနယ် မတည်မငြိမ် ဖြစ်လာကာ အခန်းထဲ လူတစ်ယောက် ပေါ်လာသည်။ ကျီရှန့်က အရင်ဦးစွာ သတိထားမိသူ ဖြစ်ပြီး အော်ပြောလိုက်သည်  “ ဘယ်သူက သတ္တိကောင်းနေတာလဲ ”

သို့သော်လည်း သိပ်မကြာခင် သွေးသံရဲရဲနှင့် သူ့တူလေးဖြစ်သူက လေဟာနယ်ဖြိုခွဲရေး အဆောင်ဖြင့် ရောက်လာကြောင်း တွေ့လိုက်ရသည်။ သူက အလျှင်စလို ပြေးသွားကာ အခြေအနေ စစ်ဆေးလိုက်သည်။ ထို့နောက် ကျီစုနှင့် ကျိုးဖန်တို့လည်း တစ်ခုခု သတိပြုမိကာ ချက်ချင်း လိုက်လာကြသည်။

နန်းစွန့်မင်းသား ကျီရှန့်က ကျီစုန့် ခန္ဓာကိုယ်ကို အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးလိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ့ဒဏ်ရာများ တည်ငြိမ်သွားစေရန် ဆေးလုံးတိုက်လိုက်သည်။

ကျီစုက အလျှင်စလို ပြေးလာကာ ကျီစုန့်ရှေ့ ဒူးထောက်ထိုင်လိုက်ပြီး  “ ညီတော်က ဘာဖြစ်သွားတာလဲ။ သူက ဘာလို့ ဒီလောက်ဒဏ်ရာရလာရတာလဲ”

ကျီရှန့်က အေးစက်စက် လူသတ်လိုစိတ်အပြည့်ဖြင့် ဖြေလိုက်သည် “ သူ့ဝိညာဉ်ကို အတင်းရှာဖွေစစ်ဆေးခံထားရတယ်။ ပြီးတော့ သူ့ပင်မရင်းမြစ် သွေးစက်ငါးစက်လောက် သူ့ဆီကနေ ထုတ်ယူခံထားရတယ်”

“ဘိုးလေး အဲဒါက ဘာကိုပြောချင်တာလဲ။ ညီတော်က ဘာဖြစ်သွားမှာလဲ ”

“ ပြောရရင် စုန့်အာက မသန်မစွမ်း ဖြစ်သွားပြီ။ အကြမ်းခံပုဆိန်ရုပ်ခန္ဓာကို မပြောနဲ့ဦး။ သူ့အတွက် ကျင့်ကြံဖို့တောင် ခက်ခဲလိမ့်မယ် ”

ကျီစုနှင့် ကျိုးဖန်တို့ နှစ်ယောက်လုံး ဒေါသထွက်လာကြသည်။ သူတို့အိမ်ရှေ့စံက ဝိညာဉ်လမ်းစဉ် စစ်ဆေးမှုတွင် ပါဝင်ရင်း ဒီလောက် ဒဏ်ရာပြင်းထန်သွားလိမ့်မည်ဟု မထင်ထားကြပေ။ သူ့လက်ရှိအခြေအနေအရ ဧကရာဇ်လမ်းစဉ် လျှောက်လှမ်းရမည့် သူ့အနာဂတ် ပျက်စီးသွားလေပြီ။

ကျီရှန့်က စတင်တွေးမိရင်း သူ့တူဖြစ်သူ၏ ဖျော့တော့လာသည့် အသားရောင်ကို ကြည့်ရင်း ဆုံးဖြတ်ချက် ချလိုက်သည်။

သူက လက်ဝေ့လိုက်ပြီးနောက် ကျီစုန့်ကို စွမ်းအားဖြင့် ရစ်ပတ်ရင်း အခန်းထဲမှ ပျောက်ကွယ်သွားသည်။ ဒီအခန်းထဲ သူ့တည်ရှိမှု ကျန်ခဲ့သည့် တစ်ခုတည်းသောအရာမှာ သူ့အသံသာ ဖြစ်၏။

“ငါ စုန့်အာကို အရှင့်ဆီ ပြန်ခေါ်သွားမယ် “

ကျီရှန့်က လေဟာနယ်ကို အလွယ်လေး ချိုးဖျက်နိုင်သည်။ သူ့အနားရှိ လေဟာနယ်က သူ့စိတ်ဆန္ဒအတိုင်း ကွေးညွှတ်သွားသည်။ မိနစ်ပိုင်းလေးအတွင်း သူက အသေးဆုံးအနေအထား ကမ္ဘာမြေလောက် အရွယ်အစားရှိ နယ်မြေများစွာ ဖြတ်သန်း၍ မဟာကျိုးတော်ဝင်တိုင်းပြည်ဆီ ပြန်ရောက်သွားသည်။

ကျီရှန့် မြို့ထဲ ကူးပြောင်းရောက်လာသည်နှင့် မြောက်များစွာသော အစီအရင်များက အသက်ဝင်လာကာ သူ့ကို ဝိုင်းလာကြသည်။ သင်္ကေတသောင်းချီ ဖြစ်ပေါ်လာကာ မြို့တစ်ခုလုံးနှင့် ကျီရှန့်ကို ဝိုင်းထားလိုက်ကြသည်။

ဘုရင် ကျီဝမ်က ပထမဆုံး သတိထားမိသူ ဖြစ်သည်။ သူ့အသံက မြို့တစ်ခုလုံး ကြားလောက်အောင်အထိ အော်ပြောလိုက်သည်။

“ဘယ်သူလဲ ”

သူ့အမှားသူ သိသွားသည့် ကျီရှန့်က သူ့အမှတ်အသားပြားဖြင့် အစီအရင်ထံ ဇစ်မြစ်ထုတ်ဖော်လိုက်ရသည်။ ထို့နောက် သူက နန်းတော်ထဲ ဝင်ကာ အရှင်ဘုရင်ဆီ အိမ်ရှေ့စံ၏ အခြေအနေကို အကြောင်းကြားလိုက်၏။

သူ့သားဖြစ်သူ၏ အခြေအနေကို ကြည့်ကာ ဘုရင် ကျီဝမ်အနားတွင် ကြောက်မက်ဖွယ် လူသတ်ငွေ့များအပြည့် ဖြစ်ပေါ်လာသည်။

သိပ်မကြာခင် သတ်ဖြတ်ငွေ့များက နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် မဟာကျိုးတော်ဝင်တိုင်းပြည်၏ ချီကံကောင်းမှု နဂါးက အုပ်ချုပ်သူ၏ သတ်ဖြတ်ငွေ့ကို ခံစားမိသည့်အလား ကောင်းကင်ဆီ ဟိန်းဟောက်လိုက်သည်။

ထို့နောက် ကျီဝမ်၏ သတ်ဖြတ်ငွေ့က တိုင်းပြည်တစ်ခုလုံး၏ ကံကောင်းမှုနှင့် ပေါင်းစပ်သွားသည်။ နေရာအနှံ့နှံ့ ရှိသော မဟာကျိုးတော်ဝင်တိုင်းပြည်၏ လူဦးရေ သန်းချီသော တိုင်းသူပြည်သားအားလုံး သတ်ဖြတ်ငွေ့ ဖုံးလွှမ်းသွားသည်ကို ခံစားလိုက်ရသည်။ သူတို့က ဖိအားပြင်းပြင်းကို ခံစားမိလိုက်ပြီး ချက်ချင်းဆိုသလို ဒူးထောက်လိုက်ကြရသည်။

သူတို့က သူတို့တိုင်းပြည်အရှင်သည် ဒေါသထွက်ကာ တစ်ယောက်ယောက်တော့ မဟာကျိုးတော်ဝင်တိုင်းပြည်၏ ဒေါသအောက် ရောက်တော့မည်မှန်း သိလိုက်ကြသည်။

အားလုံး ဒူးထောက်ကြခြင်းတော့ မဟုတ်ပေ။ သူတို့ပိုင်နက်အတွင်း နေထိုင်ကြသည့် မဟာကျိုးတိုင်းသူပြည်သားများ မဟုတ်သည့် တခြားသော ကျင့်ကြံသူများစွာလည်း ရှိနေကြသေးသည်။ သူတို့က မာနကြီးလေရာ မည်သို့တခြားကျင့်ကြံသူထံ ဦးညွှတ်မည်နည်း။ ထို့ကြောင့် သူတို့က ကျင့်ကြံဆင့်ဖြင့် ဖိအားကို ခုခံထားကြသည်။

ထိုစဉ် မဟာကျိုးတိုင်းပြည်၏ တော်ဝင်နန်းတော်ထဲ ဘုရင်ကျီဝမ်က ရုတ်ချည်း မေးလိုက်သည်  “ ဒါ တာအိုအခွင့်အလမ်းဂိုဏ်းလား ”

“ သူတို့ ဖြစ်ဖို့များတယ်” နန်းစွန့်မင်းသား ကျီရှန့်က ပြန်ဖြေလိုက်သည်။

“ သူတို့က ဧကရာဇ်တာအိုစစ်ပွဲ ဖြစ်ချင်နေတာလား။ ဒါကို သူတို့လိုချင်တယ်ဆိုရင်တော့ ငါကိုယ်တော် ဝမ်းမြောက်ဝမ်းသာ ပေးလိုက်မယ် ”

ကျီရှန့်၏မျက်နှာထားက ပျက်ယွင်းသွားကာ မြန်မြန် ပြောလိုက်သည်  “အရှင် စိတ်အေးအေးထားပါ။ အခုက အလျှင်စလို လုပ်ဖို့ အချိန်မဟုတ်ပါဘူး။ ပြီးတော့ အိမ်ရှေ့စံကို ကယ်ဖို့ မျှော်လင့်ချက် ရှိပါသေးတယ်”

ကျီဝမ်က ထိုစကားများကြားသည့်အခါ တည်ငြိမ်လာသလို စိတ်လှုပ်ရှားလာသည်  “ ဦးရီးတော် သေချာရဲ့လား။ စုန့်အာကို ငါကိုယ်တော် ဘယ်လိုကူညီပေးရမလဲ ”

ကျီရှန့်က သူ့တူမြေးဖြစ်သူကို ကြည့်ကာ ညင်ညင်သာသာ ပြုံးလိုက်သည်  “ ငါ လျို့ဝှက်နည်းစနစ်ကို သုံးပြီး ငါ့ကျင့်ကြံဆင့် အားလုံးကို စတေးပြီးတော့ စုန့်အာရဲ့ အခြေခံအုတ်မြစ်ကို ပြင်ပေးမယ်။ အဲဒီနည်းနဲ့ဆိုရင် စုန့်အာက ပြန်ကောင်းလာရုံတင် မကဘူး။ သူ့အခြေခံအုတ်မြစ်လည်း ပိုအားကောင်းလာလိမ့်မယ်။ သမိုင်းကြောင်းတစ်လျှောက် အားအကောင်းဆုံး အကြမ်းခံပုဆိန် ရုပ်ခန္ဓာပိုင်ရှင် ဖြစ်လာလိမ့်မယ် ”

ဘုရင် ကျီဝမ်၏ မျက်နှာထားက ချက်ချင်း မှုန်မှိုင်းလာသည်  “ဦးရီးတော် ဒီလိုလုပ်ရင် သေလိမ့်မယ် ”

“ ဟားဟား ကိစ္စမရှိပါဘူးကွာ။ ဒီလူအိုကြီးက အကြာကြီး နေခဲ့ပြီးပြီ။ အခု နောက်မျိုးဆက်အတွက် ချန်ထားပေးခဲ့ရမဲ့အချိန်ပဲ ”

ဘုရင် ကျီဝမ်က စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ တစ်ဖက်တွင် သူက သူ့သားကို ပြန်ကောင်းမွန်လာစေချင်သော်လည်း အခြားတစ်ဖက်တွင် မဟာကျိုးတိုင်းပြည်မှ အားကောင်းသည့် အုပ်ချုပ်သူအစစ်အမှန်တစ်ယောက် လျော့ကျမသွားလိုပေ။

အဆုံးသတ်၌ သူက သက်ပြင်းချကာ  “ အဲဆို ဦးရီးတော်ကိုပဲ ပုံအပ်ထားလိုက်ပါ့မယ် ”

အသက်ရှိုက်စာအပြီးတွင် ကျီရှန့်က သတိမေ့နေသည့် ကျီစုန့်နှင့်အတူ ပျောက်ကွယ်သွားပြီး တိုင်းပြည်အတွက် သူ့ဘဝ၏ နောက်ဆုံးကောင်းကျိုးကို သယ်ပိုးဖို့ ပြင်ဆင်လိုက်သည်။

All Chapters