← Chapters

လမ်းနှစ်သွယ်

Vol. 136 Ch. 1893

လမ်းနှစ်သွယ်

Vol. 136 Ch. 1893

ဟွင့်သွမ့်ချီပုလဲထဲတွင် မီးတောက်ထုတ်နိုင်နှုန်းက များစွာ ပိုမြန်သည်။ အပြင်ကထက် ဆယ်ဆပိုမြန်ပေသည်။ ကျန်းရီ၏ နဝမမြောက်ကြယ်စက်လုံးက ကြီးမားသဖြင့် မီးတောက်များကို ပမာဏအကန့်အသတ်မရှိ သိုလှောင်ထားနိုင်သည်။ သူ အထဲတွင် နာရီနှစ်ဆယ်ကျော် မီးတောက် ထုတ်လုပ်စုဆောင်းပြီးနောက် အပြင်ပြန်ထွက်လိုက်သည်။ ထို့နောက် ဟွင့်သွမ့်ချီပုလဲကို ပြန်သန့်စင်ကာ အေးစက်တုန်ယင်နေသည့် ထျန်းဖုန့်ဧကရာဇ်နှင့် နေရာချင်းလဲလိုက်ပေသည်။

ကျန်းရီသည် မီးတောက်များ ကုန်တော့မည့်အချိန်တွင် ထျန်းဖုန့်ဧကရာဇ်ကို အပြင်ပြန်ထုတ်၍ သူက အထဲပြန်ဝင်ကာ မီးတောက်များကို ထပ်မံ ထုတ်လုပ်စုဆောင်းလိုက်သည်။ ထိုနည်းလမ်းမှာ အလွန်ဘေးကင်းသည်။

နေ့တစ်ဝက် ကုန်သွားသည်အထိ မြေရိုင်းက အေးချမ်းနေဆဲပင်။ မူမမှန်သည့် အရာများ ဖြစ်မလာသေးပါ။ ထို့ကြောင့် ကျန်းရီ အတန်ငယ် စိတ်အေးလာသည်။ သူ ဤမြေရိုင်းထဲတွင် ဆယ်ရက်မှ လတစ်ဝက်လောက်အထိ ပုန်းနေနိုင်လျှင် ရှာဖွေမှုများမှာ အားနည်းသွားလောက်ပေပြီ။ ထိုအခါ သူ ထျန်းဖုန့်ဧကရာဇ်ကို ဆွဲခေါ်စေ၍ သို့မဟုတ် သူ့ကိုယ်သူ တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက်အဖြစ် ရုပ်ဖျက်၍ ကမ္ဘာဦးကောင်းကင်ဘုံသို့ ထွက်ပြေးနိုင်ပေလိမ့်မည်။

အိပ်မက်များမှာ လှပသော်လည်း လက်တွေ့က ရက်စက်ပေသည်။

ကျန်းရီသည် မီးတောက်များ ထပ်ထုတ်ရန် ဟွင့်သွမ့်ချီပုလဲထဲ ထပ်မံဝင်လိုက်သည်။ ပြီးနောက် အပြင်ပြန်ထွက်လာပြီး ထျန်းဖုန့်ဧကရာဇ်နှင့် နေရာချင်း လဲကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ လျှပ်စီးအနှစ်သာရကို ဆက်လေ့လာလိုက်၏။ ဆယ့်ခြောက်နာရီကြာပြီးနောက် အပြင်ဘက်တွင် တစ်စုံတစ်ခု ဖြစ်နေကြောင်း သူ သတိပြုမိလိုက်လေသည်။

ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းတွင် ကျန်းရီ၏ အာရုံများက စူးရှနေသည်။ မိုးမြေဝိညာဉ်စွမ်းအင် လှုပ်ရှားမှုက ပုံမှန်မဟုတ်ကြောင်း သူ ခံစားနေရသည်။ သို့သော် သူ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အာရုံမခံဝံ့ပေ။ ထို့ကြောင့် ထျန်းဖုန့်ဧကရာဇ်ကို အပြင်ထုတ်၍သာ နေရာချင်းလဲလိုက်ရသည်။ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မီးတောက်များ ရှိနေသည်။ သို့ဖြစ်ရာ ဂူထဲနှင့် ဂူပြင်မှ အပူချိန် ကွာခြားမှုက အလွန်ကြီးနေ၍ သူ့ကို အလွယ်တကူ ရှာတွေ့သွားနိုင်ပေသည်။

ကျန်းရီသည် ဟွင့်သွမ့်ချီပုလဲထဲ ရောက်သောအခါ စိတ်အေးနေသော ပုံစံဖြင့် ရီဖျောင်ဖျောင်တို့နှင့် စကားစမြည်ပြောနေသော်လည်း ရင်ထဲတွင် အလွန်လေးနေသည်။ သာမန် တမလွန်ဘုံမျိုးနွယ်ဝင်များက ဤကဲ့သို့သော မြေရိုင်းတစ်ခုအနီးသို့ ကပ်မလာနိုင်ပေ။ ထူးဆန်းသော လှုပ်ရှားမှုများ ရှိနေလျှင် စွမ်းအားကြီး တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက်က လာရောက်စုံစမ်းခြင်း သို့မဟုတ် မြေရိုင်းထဲတွင် စွမ်းအားကြီး ဖြစ်တည်မှုတစ်ခု ရှိနေခြင်းသာ ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ကောင်းသောအရာ မဟုတ်ပေ။

ရွှီး...

ငါးမိနစ်ကြာပြီးနောက် ကျန်းရီ အပြင် ပြန်ထွက်လိုက်၏။ ထျန်းဖုန့်ဧကရာဇ်က လေးနက်သော လေသံနှင့် အသံပို့လွှတ်လာသည်။

“သခင်... တစ်ခုခု မှားနေပြီ။ အစောကပဲ တမလွန်ဘုံဘုရင်တစ်ပါး လာရှာသွားတယ်။ ဒါပေမဲ့ သူက ထိပ်တန်းတမလွန်ဘုံဘုရင်တော့ မဟုတ်ဘူး။ သူ့ တမလွန်ဘုံအရှိန်အဝါက ဂူအောက်ခြေအထိ မရောက်နိုင်ဘူး။ အဲ့ဒါကြောင့် ကျုပ်ကို တွေ့မသွားတာ။ ဒါပေမဲ့ အဲ့တမလွန်ဘုံဘုရင်က အကြာကြီး အာရုံခံသွားတာ။ မင်တဲနှင့် ထိပ်တန်းတမလွန်ဘုံဘုရင်တွေမှာ စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်တစ်ခု ရှိလိမ့်မယ်လို့ ကျုပ် သံသယရှိတယ်။ သူတို့က ကျုပ်တို့ ဒီမှာရှိနေတယ်လို့ မသေချာပေမဲ့ ကျုပ်တို့က ဒီအနီးရာမှာပဲ ဆိုတာကိုတော့ သူတို့ သိနေကြတယ်”

ကျန်းရီ မျက်တောင်ပုတ်ခတ်လိုက်၏။ သူ တစ်ခဏမျှ တွေးတောပြီးမှ အသံပြန်ပို့လွှတ်လိုက်သည်။

“ကျွန်‌တော် အဲ့ဒါတွေ အရေးစိုက်မနေတော့ဘူး။ အရင်ဆုံး ခင်ဗျား အထဲဝင်ပြီး နားလိုက်ပါ။ ကောင်းချီးပဲဖြစ်ဖြစ်၊ ကျိန်စာပဲဖြစ်ဖြစ် ကျွန်တော်တို့ မရှောင်နိုင်ဘူး။ တကယ်လို့ တမလွန်ဘုံဘုရင်က ဒီနေရာကို ထပ်ပြီး လာရှာရင် ကျွန်တော်တို့အထင်က မှန်မှာပေါ့။ အဲ့ကျမှ ဘယ်လိုလုပ်မယ်ဆိုတာ စဉ်းစားကြမယ်”

ကျန်းရီသည် ဟွင့်သွမ့်ချီပုလဲကို ပြန်သန့်စင်မနေတော့ဘဲ ထျန်းဖုန့်ဧကရာဇ်ကို ‌ဆောင်းဥတုပုလဲထဲ ထည့်၍ လျှပ်စီးအနှစ်သာရကို ဆက်လေ့လာနေလိုက်သည်။

ကျန်းရီသည် လျှပ်စီးက မီးကိုဖန်တီးနိုင်သည့် အကြောင်းကို သိမြင်နားလည်နိုင်ရန် ကြိုးစားနေဆဲပင်။ ယခုတွင် ချီဟုန်က သူ့စွမ်းအင်းကို ပြန်ဖြည့်ရန် မီးအရင်းအမြစ် မရှိဘဲ အိပ်မောကျနေသည်။ အကယ်၍ ကျန်းရီသာ သုံးနှစ်အတွင်း မီးအရင်းအမြစ်ကို မထိန်းချုပ်နိုင်လျှင် သို့မဟုတ် နတ်ဆိုးချောက်နက်သို့ မပြန်နိုင်လျှင် ချီဟုန်၏ ဝိညာဉ်က ပျောက်ကွယ်သွားပေလိမ့်မည်။

မီးအရင်းအမြစ်က စွမ်းအားကြီးလွန်းသည်။ ကျန်းရီသာ မီးအရင်းအမြစ်ကို ထိန်းချုပ်နိုင်လျှင် ရှင်သန်နိုင်ခြေ ပိုများလာလောက်ပေသည်။

ပြီးခဲ့သော အ‌တောအတွင်း ကျန်းရီဿည် တစ်ရက်စာ လုံလောက်သော မီးတောက်များကို စုဆောင်းထားခဲ့သည်။ သူသည် တစ်ရက်ပြည့်မှ မီးတောက်များ ထပ်မံ ထုတ်လုပ်မည်ဖြစ်သည်။ ထို့ကြောင့် အတွေးရိုင်းများကို ဖယ်ရှားလိုက်ပြီး စိတ်ငြိမ်ငြိမ်ထားကာ စိတ်နှစ်၍ လေ့လာလိုက်သည်။ ထိုလျှပ်စီးအနှစ်သာရက သိမြင်နားလည်နိုင်ရန် အလွန်ခက်ခဲသည်။ ယခင်တွင် သူ တစ်နှစ်တိတိ လေ့လာခဲ့သော်လည်း မည်သည့်တိုးတက်မှုမှ မရှိခဲ့ပေ။ ယခုလည်း ကိုင်းခွဲလေးတစ်ခုကို လေ့လာနေသည်ပင် ယင်းက အလွန်ရှုပ်ထွေးသည်ဟု သူ ခံစားနေရပေသည်။

သို့သော် ကျန်းရီသည် သူလျှောက်နေသည့်လမ်းက မှန်ကန်ကြောင်းလည်း ခံစားနေရ၏။ လမ်းသာမှန်လျှင် အနှေးနှင့်အမြန် အထွတ်အထိပ်အဆင့်သို့ ရောက်သွားပေလိမ့်မည်။ အချိန်တစ်ခုသာ လိုခြင်းဖြစ်သည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာသည်။ မြေရိုင်းထဲတွင် လေအေးများ တဟူးဟူး တိုက်ခတ်နေသည်။ ရေခဲတောင်များကလည်း မိုင်ထောင်ချီ ရှည်လျားနေသည်။ သို့သော် ဂူတစ်လုံးထဲ၌ မီးတောက်များ ရှိနေ၏။ မီးတောက်များ ပတ်ပတ်လည်ရှိ ရေခဲများက ပျော်သွားလိုက်၊ ပြန်အေးခဲသွားလိုက်နှင့် ရှိနေသည်။ ထိုသံသရာက တစ်ကြော့ပြီးတစ်ကြော့ လည်နေသည်။ အကယ်၍ တမလွန်ဘုံအရှိန်အဝါသာ ဂူထဲဝင်လာလျှင် ယင်းအဖြစ်ကို အလွယ်တကူ အာရုံခံနိုင်ပေလိမ့်မည်။

နှစ်နာရီ၊ နာရီနှစ်ဆယ်... နာရီသုံးဆယ်...

ကျန်းရီ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာ၏။ သူ လျှပ်စီးက မီးကိုဖန်တီးနိုင်ခြင်းအကြောင်းကို အပြည့်အဝ နားလည်သွား၍ မျက်စိဖွင့်လိုက်ခြင်း မဟုတ်ပေ။ ဤမြေရိုင်းထဲရှိ မိုးမြေဝိညာဉ်စွမ်းအင် လှုပ်ရှားမှုတွင် ပြဿနာတစ်ခုရှိကြောင်း ခံစားလိုက်ရ၍သာ ဖြစ်သည်။

ကျန်းရီ၏ မျက်လုံးများ အေးစက်သွားသည်။ သူ့စိတ်ဓာတ်လည်း အောက်ခြေအထိ ကျဆင်းသွားသည်။ အဆိုးဆုံးရလဒ် ထွက်လာပေပြီ။ မင်တဲနှင့် ထိပ်တန်းတမလွန်ဘုံဘုရင်များတွင် သူတို့၏ တည်နေရာကို အကြမ်းဖျင်းသိနိုင်သည့် စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်တစ်ခု ရှိရပေမည်။ မဟုတ်လျှင် တမလွန်ဘုံဘုရင်များက ဤမြေရိုင်းကို အခါခါ လာရှာဖွေနေလိမ့်မည် မဟုတ်ချေ။

ကျန်းရီ သတိမလျော့ဝံ့ပေ။ သူ ထျန်းဖုန့်ဧကရာဇ်ကို အပြင်ထုတ်လိုက်၏။ ထျန်းဖုန့်ဧကရာဇ်က သူ့ကို ဟွင့်သွမ့်ချီပုလဲထဲ ထည့်လိုက်သည်။ ထို့နောက် သူ ရလဒ်ကို တိတ်တဆိတ် စောင့်နေလိုက်ပေသည်။

မျှော်လင့်ထားသကဲ့သို့ပင်... ‌

ငါးမိနစ်ကြာပြီးနောက် ထျန်းဖုန့်ဧကရာဇ်က အသံပို့လွှတ်လာ၏။ အခြားတမလွန်ဘုံဘုရင်တစ်ပါးက လာရှာဖွေပြန်ပြီ။ သို့သော် ထိုတမလွန်ဘုံဘုရင်၏ စွမ်းအားကလည်း သိပ်မမြင့်ပေ။ သူ့တမလွန်ဘုံအရှိန်အဝါက ဤဂူအထိ ရောက်မလာနိုင်ချေ။ ထို့ကြောင့် တမလွန်ဘုံဘုရင်သည် မည်သည့်မူမမှန်မှုကိုမှ မတွေ့လိုက်လောက်ပါ။ ကျန်းရီက အပြင်ဘက်တွင် မည်သည့် ခြေရာလက်ရာမှ မချန်ခဲ့သည် မဟုတ်ပါလား။

ကျန်းရီ ဟွင့်သွမ့်ချီပုလဲထဲတွင် မျက်နှာသေနှင့် ထိုင်နေ၏။ သူ မီးတောက်များကို ထုတ်လုပ်ရင်း လက်ရှိအခြေအနေကို အသည်းအသန် သုံးသပ်နေသည်။ မင်တဲတို့ထံတွင် သူတို့၏ တည်နေရာကို အကြမ်းဖျင်း သိနိုင်သော ဆန်းကြယ်စွမ်းရည်တစ်ခု ရှိကြောင်း သံသယဖြစ်စရာ မရှိတော့ပေ။ မဟုတ်လျှင် ရှာဖွေမှုများက အဝေးသို့ ရောက်သွားလောက်ပေပြီ။ အချိန်တိုအတွင်း ဤမြေရိုင်းသို့ တမလွန်ဘုံဘုရင်နှစ်ပါးက ရှေ့ဆင့်၊ နောက်ဆင့် လာမရှာသင့်ပေ။

မင်တဲတို့သည် ကျန်းရီတို့က ဤမြေရိုင်းထဲတွင် ရှိနေသည်ဟုတော့ သေချာမသိလောက်ပါ။ မဟုတ်လျှင် မင်တဲကိုယ်တိုင် ရောက်လာပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီထံတွင် အချိန်ရှိသေးသည်။ သို့သော် ထိုအချိန်က များစွာအသုံးဝင်မည့်ပုံ မပေါ်ပေ။ လက်ရှိတွင် သူတို့ အပြင်ထွက်၍ မရချေ။ အပြင်ဘက် နေရာအနှံ့တွင် တမလွန်ဘုံမျိုးနွယ်စစ်တပ်များ ရှိနေသည်။ မင်တဲကလည်း အနီးနားတွင် ရှိနေလောက်သည်။ အကယ်၍ သူတို့ အပြင်ထွက်သွားလျှင် မြန်မြန်သေရသည်သာ ရှိပေလိမ့်မည်။

တမလွန်ဘုံဘုရင်များက အနီးရှိ ဆန်းကြယ်နယ်မြေများထဲတွင် မည်သူကိုမှ ရှာမတွေ့ကြောင်း အတည်ပြုပြီးသည်နှင့် မင်တဲက သေချာပေါက် ဤမြေရိုင်းကို အာရုံစိုက်လာနိုင်သည်။ ထိုသို့ဖြစ်လာရန် အချိန်သိပ်မလိုလောက်တော့ပေ။ အလွန်ဆုံး ရှစ်ရက်မှ ဆယ်ရက်လောက်သာ ကြာပေလိမ့်မည်။ ထိုထက် ပိုစောလျှင်လည်း စောနိုင်သေးသည်။

ထိုရှစ်ရက်မှ ဆယ်ရက်အတွင်း ကျန်းရီက ဘာလုပ်နိုင်မည်နည်း။

ကျန်းရီ ပို၍ ပို၍ ရင်လေးလာ၏။ သို့သော် သူ လက်မလျှော့ပါ။ သူ သေခြင်း၊ ရှင်ခြင်းက အရေးမကြီးသော်လည်း ရီဖျောင်ဖျောင်၊ ဟယ်နုန်ယင်း၊ သိမ်းငှက်ဘုရင်လေးနှင့် ယွင်ပင်းတို့ သေ၍ မဖြစ်ပေ။ အမေနှင့်သားကလည်း ယခုမှ ပြန်ဆုံရုံ ရှိသေးသည်။ သူတို့ စကားပင် အေးအေးဆေးဆေး မပြောရသေးချေ။ ထို့ကြောင့် ကျန်းရီ ရီဖျောင်ဖျောင်တို့ကို သေခွင့်မပြုနိုင်ပါပေ။

‘ငါ ဘာလုပ်သင့်လဲ’

ကျန်းရီ၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်နေ၏။ ဤအခြေအနေမှ လွတ်မြောက်နိုင်မည့် နည်းလမ်းအမျိုးမျိုးကို သူ စဉ်းစားနေသည်။ သေရန် နီးလာလေ၊ ဦးနှောက်က ပိုလျင်မြန်စွာ အလုပ်လုပ်လာလေပင်။ တစ်နာရီအတွင်းမှာပင် သူ လမ်းနှစ်သွယ်ကို ဆုံးဖြတ်လိုက်သည်။

ဤအခြေအနေမှ လွတ်နိုင်မည့် လမ်းမှာ နှစ်လမ်းသာ ရှိသည်။

ပထမလမ်းမှာ အချိန်တိုအတွင်း သူ၏တိုက်ခိုက်စွမ်းအားကို မင်တဲနှင့် ယှဉ်နိုင်လောက်သည်အထိ တိုးမြှင့်ရန်ဖြစ်သည်။ ထိုသို့လုပ်နိုင်ရန်မှာလည်း တစ်နည်းသာရှိသည်။ သူ လျှပ်စီးက မီးကိုဖန်တီးနိုင်သည့်အကြောင်းကို သိမြင်နားလည်သွားအောင် ကြိုးစား၍ မီးအရင်းအမြစ်ကို ထိန်းချုပ်ရန်ပင်။ သူသာ မီးအရင်းအမြစ်ကို ထိန်းချုပ်နိုင်လျှင် မင်တဲကို ယှဉ်တိုက်နိုင်လောက်သည်။ သို့သော် နောက်ဆုံးရလဒ်က မည်သို့ ဖြစ်လာလိမ့်မည်ကို မည်သူမှ မသိပေ။ သူလည်း မီးအရင်းအမြစ်၏ စွမ်းအားကို မသိသည် မဟုတ်ပါလား။ ထို့ပြင် မင်တဲက မိုးပြာမဟာဧကရာဇ်နှင့်ပင် ယှဉ်နိုင်ပေသည်။

ဒုတိယလမ်းမှာမူ မင်တဲတို့ သူ့ကို ရှာမတွေ့အောင် ပုန်းနေရန်ဖြစ်သည်။ သို့သော် မင်တဲတို့ကို သူ့အား ရှာတွေ့မသွားစေလိုလျှင် သူ ရေခဲအမျိုးအစား အနှစ်သာရကို အချိန်တိုအတွင်း သိမြင်နားလည်အောင်လုပ်၍ ရေခဲအရင်းအမြစ်၏ နိမ့်သောအပူချိန်ကို တောင်ခံနိုင်အောင် လုပ်ရပေမည်။ ရေခဲအရင်းအမြစ်အနီးတွင် ပုန်းနေနိုင်မှ မင်တဲတို့က သူ့ကို မရှာနိုင်မည်ဖြစ်သည်။ ရေခဲအရင်းအမြစ်၏ အပူချိန်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် နိမ့်သည်။ မင်တဲ၏ တမလွန်ဘုံအရှိန်အဝါပင် ရေခဲအရင်းအမြစ်အနီး ရောက်မလာနိုင်လောက်ဟု ကျန်းရီ ခန့်မှန်းသည်။ သို့သော် ဤဂူထဲကိုမူ အလွယ်တကူ ရောက်လာနိုင်လောက်လေသည်။

စွမ်းအားကြီး ရေခဲဓာတ်အနှစ်သာရတစ်ခုကို ရှစ်ရက်မှ ဆယ်ရက်အတွင်း သိမြင်နားလည်လိုခြင်းမှာ အရူးတစ်ယောက်၏ အိပ်မက်ကဲ့သို့သာဖြစ်သည်။

‘အရင်ဆုံး မီးတောက်တွေကို လုံလုံလောက်လောက် ထုတ်လုပ်တာပေါ့။ ထျန်းဖုန့်ဧကရာဇ်ကို ခဏလောက် ဆက်တောင့်ခံခိုင်းထားလိုက်ဦးမယ်။ ငါ့မှာ မီးတောက်တွေ အလုံအလောက်ရှိမှ အပြင်ကိုသွားပြီး အဲ့အနှစ်သာရတွေကို သိမြင်နားလည်နိုင်ဖို့ အကောင်းဆုံး ကြိုးစားကြည့်ရမှာပဲ။ ငါ့သေရေးရှင်ရေးက အဲ့ရက်အနည်းငယ်အပေါ် မူတည်နေတယ်’

ကျန်းရီ စိတ်ဆုံးဖြတ်လိုက်သည်။ သူ ဟွင့်သွမ့်ချီပုလဲအတွင်းမှာ အကာအရံကို တိုက်ခိုက်၍ ထျန်းဖုန့်ဧကရာဇ်ထံ အသံပို့လွှတ်ကာ နေ့တစ်ဝက်မျှ ဆက်၍ တောင့်ခံထားရန် ပြောလိုက်၏။ သူ့တွင် မီးတောက်အလုံအလောက်ရှိသည်နှင့် သူ အပြင်ထွက်ကာ အနှစ်သာရများကို သိမြင်နားလည်နိုင်ရန် အကောင်းဆုံး ကြိုးစားမည်ဖြစ်သည်။

***

All Chapters